အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ အသန်မာဆုံးပဲ ။ အဲဒီလို အမှီအခိုကင်းအောင် ပြုစုပျိုးထောင်ခံခဲ့ရ ၊ နေထိုင်လာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ရှိနေတဲ့အတွက် အားငယ်စိတ်ဆိုတာ နည်းတယ် ။
“ငါ့ဘဝမှာ သူမရှိရင် မဖြစ်ဘူး” ဆိုတာမျိုးထက် ၊ သူ ရှိတုန်းမှာ အကောင်းဆုံးဖြတ်သန်းမယ် ၊ သူ မရှိတော့ဘူးဆိုရင်လည်း“ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ အကောင်းဆုံး ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့ သန်မာနေတာမျိုး ဖြစ်တယ် ။
တကယ်လို့သာ ကိုယ့်ဘက်က ဘာဆိုဘာမှ မသိနားမလည်တာမျိုး ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဘက်အပေါ်လိုတာထက် ပိုပြီး မှီခိုလာရတာတွေ ရှိတတ်တယ် ။ အဲဒီလို မှီခိုလာရတဲ့အခါမှာ သူ မရှိရင် ကိုယ်တစ်ယောက်တည်း ဘယ်လိုမှ ရပ်တည်လို့ မဖြစ်နိုင်ဘူး ။ ဘာမှမလုပ်တတ်
မကိုင်တတ်ဘူး ဆိုတာမျိုး ဖြစ်လာတတ်တယ် ။
ဒါတွေကြောင့်ပဲ အပေါ်ဆုံးမှာ ပြောခဲ့သလို အမျိုးသမီးတွေ အနေနဲ့ “ အိမ်ထောင်ပြုတာဟာ မှီခိုဖို့ ” ဆိုတဲ့ အတွေးမျိုးကို လျှော့ပါ ။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အားကိုးပါ ။ အမြဲတမ်း ကိုယ့်အနားမှာ ရှိနေမယ့်သူက ကိုယ်ကိုယ်တိုင်ပါပဲ ။ ကိုယ့်အိမ်ထောင်ဘက်ကို အရမ်းမှီခိုနေရတာမျိုးထက် ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ပြီး ကိုယ့်ဝင်ငွေကိုယ် ရှာသုံးနိုင်တဲ့အခါ ကိုယ့်ဘဝကို ကိုယ်ပိုင်လာတယ် ။
အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ အသန်မာဆုံးပါပဲ ။ ဒါကြောင့် အမျိုးသမီးတစ်ယောက်အနေနဲ့ အမှီအခိုကင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ပါလို့ အကြံပြု တိုက်တွန်းချင်ပါတယ် ။
#ဉာဏ

image