ရှမ်းပြည်နယ်တောင်ပိုင်းက
ရွာငံလမ်းတဲ့လေ🏞️
လှတယ်ဆိုတာထက်ပို၍လှသော ရွာငံလမ်း🛤️

image

ရှမ်းပြည်နယ်တောင်ပိုင်းက
ရွာငံလမ်းတဲ့လေ🏞️
လှတယ်ဆိုတာထက်ပို၍လှသော ရွာငံလမ်း🛤️

image

ရှမ်းပြည်နယ်တောင်ပိုင်းက
ရွာငံလမ်းတဲ့လေ🏞️
လှတယ်ဆိုတာထက်ပို၍လှသော ရွာငံလမ်း🛤️

imageimage
+4
37 w - Translate

◼ DJ violet တောင်းပန်လျှောက်ထားမှု လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဆရာတော်များခံဝန် ထိုးရန် မဟန ညွှန်ကြား
DJ Voilet ၏တောင်းပန်လျှောက်ထားမှုအား လက်ခံခွင့်လွှတ်ကြောင်းလက်မှတ်ရေးထိုးခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဆရာတော်များခံဝန်ထိုးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
DJ Voilet ၏တောင်းပန်လျှောက်ထားမှုနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဥက္ကဌ အပါအဝင် အဖွဲ့ဝင်ဆရာတော်ငါးပါးက ရဟန်းရှင်လူပြည်သူများကိုယ်စားခွင့်လွှတ်ကြောင်းရေးသားကာ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပထမအစည်းအဝေးတွင်ဆွေး‌နွေးခဲ့ပြီး ဆုံးဖြတ်ချက်များကို သံဃနာယကအဖွဲ့ခွဲ အဆင့်ဆင့်ထံ ညွှန်ကြားချက်များပေးပို့လာကြောင်း မန္တလေးတိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်ထံမှသိရသည်။
“မဟနကစာပို့လာတော့ တိုင်းတွေပြည်နယ်တွေမြို့နယ်တွေအကုန်လုံးကို ဖြန့်တာပေါ့။ သူတို့ကနေပြီး ဝန်ခံကတိလာပြီးတော့လက်မှတ်ထိုးရင် လက်မခံကြဖို့လေ။ သူတို့အရပ်ဘက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမှာဆိုတဲ့သဘောပါ” ဟု မန္တလေးတိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသဝသီရိက စံတော်ချိန်ဒစ်ဂျစ်တယ်သို့မိန့်ကြားသည်။
ယင်းသို့လက်ခံဆောင်ရွက်ပေးခြင်းသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃာ့နာယကလက်စွဲတို့နှင့်လည်း ညီညွတ်မှုမရှိကြောင်း မဟနကဆိုသည်။
“သာသနာညှိုးနွမ်းစေမှုတွေကို ဘယ်လိုအရေးယူမယ် ညာလိုအရေးယူမယ်လို့တော့ အဲဒီစာထဲမှာမပါဘူး။ အရပ်ဘက်ဆိုင်ရာဥပဒေအရသာလုပ်ရမယ်။ သံဃနာယကဆရာတော်တွေကမလုပ်ရဘူးလို့ပါတယ်” ဟု မန္တလေးတိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ဝါသဝသီရိက မိန့်ကြား သည်။
ဗုဒ္ဓဘာသာအပေါ်ပိုမိုရိုင်းပြသော အလားတူအပြုအမူများတိုးပွားဆောင်ရွက်လာနိုင်သဖြင့် ထိရောက်စွာဟန့်တားရန် အရေးတကြီးလိုအပ်ပြီး DJ Voilet ၏ ဝန်ချတောင်းပန်မှုကို မြို့နယ်အဆင့် သံဃနာယကအဖွဲ့က နိုင်ငံတဝန်းရဟန်းရှင်လူပြည်သူတို့၏ ကိုယ်စားခွင့်လွှတ်ကြောင်းလက်မှတ်ရေးထိုးမှုသည်လျော်ကန်သင့်မြတ်မှုမရှိဟု မဟနအဖွဲ့ကတိုင်းနှင့်ပြည်နယ် သံဃနာယကအဖွဲ့များထံပေးပို့သည့် ညွှန်ကြားစာတွင်ဖော်ပြထားသည်။
မဟနကပေးပို့သည့် ညွှန်ကြားစာတွင် သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်ခဲ့သူများက ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူအသုံးချလာနိုင်သည့် ဖြစ်စဉ်များပေါ်ပေါက်လာနိုင်သောကြောင့် လက်ခံခွင့်လွှတ်ပေးခြင်းမျိုးမရှိစေရေး ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ရန်ဖော်ပြထားသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကလပ်တစ်ခု၌ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”သီချင်းကို DJ တီးခတ်၍ ကခုန်သည့်ရုပ်သံဖိုင် လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် တီးခတ်ခဲ့သူ DJ Voilet နှင့်ကလပ်ပိုင်ရှင်အပါအဝင်လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)အရ အမှုဖွင့်အရေးယူထားကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများက စက်တင်ဘာ ၁၃ ရက်ကထုတ်ပြန်ထားသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း

image
37 w - Translate

◼ ချင်းမိုင်မြို့အနီး ဘတ် ၁၀၀၀ တန်ငွေစက္ကူအတုများ ပျံ့နှံဟုဆို၊ မြန်မာများငွေလွှဲပြောင်းယူချိန် သတိပြုရန်လို
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အနီးတဝိုက်တွင် ဘတ် ၁၀၀၀ တန် ငွေစက္ကူအတုများ ပျံ့နှံနေသောကြောင့် မြန်မာများငွေလွှဲပြောင်းယူချိန်တွင် သတိပြုရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ၌အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများကပြောသည်။
ချင်းမိုင်မြို့အနီးတစ်ဝိုက်တွင် ဘတ် ၁၀၀၀ တန် ငွေစက္ကူအတုများပျံ့နှံ့နေကြောင်း ထိုင်းသတင်း မီဒီယာများတွင်ဖော်ပြထားပြီး ချင်းမိုင်မြို့အနီးတဝိုက် နေထိုင်ကြသည့်မြန်မာများ ငွေကြေးဆုံးရှုံးမှု မဖြစ်စေရန် ကြိုတင်သတိထားသင့်ကြောင်း၊ ငွေအလွှဲအပြောင်းပြုလုပ်ရာတွင် စစ်ဆေးပြီးမှယူဆောင်ရန် အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။
"ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နဲ့အနီးတစ်ဝိုက်မှာ ဘတ် ၁၀၀၀ တန်ငွေစက္ကူအတုတွေ ပျံ့နှံ့နေတယ် ဆိုတာ ထိုင်းသတင်းဌာနတွေကဖော်ပြနေတာတွေ့ရတယ်။ အဲဒီအနီးမှာနေထိုင်လုပ်ကိုင်းနေတဲ့ ကိုယ့်နိုင်ငံ သားတွေ ငွေကြေးဆုံးရှုံးမှုမရှိအောင် ကျွန်တော်တို့ဘက်ကသတိပေးတဲ့အနေနဲ့ ငွေသားလက်ခံတဲ့ နေရာမှာ စစ်ဆေးပြီးမှလက်ခံကြဖို့သူတို့ကိုအသိပေးထားပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိတွင်ထိုင်းနိုင်ငံရှိဘဏ်များအား ကျားဖြန့်နှိမ်နင်းရန်ဟုဆိုကာ ပိတ်သိမ်းထားပြီးနောက် ငွေအသုံးပြုသူများမှာ QR Code စကန်ဖတ်ခြင်း၊ ဘဏ်သို့ငွေအပ်ခြင်းများမှတစ်ဆင့်ငွေလွှဲခြင်းထက် ငွေသားအားပိုမိုအသုံးပြုလာကြခြင်းကြောင့် မသမာသူများကငွေစက္ကူအတုများဖြန့်ကာ အများပြည်သူအား လှည့်ဖျားခြင်းဖြစ်ကြေင်း ထိုင်းသတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image
37 w - Translate

အမေရိကန်နိုင်ငံ ကန်တပ်ကီပြည်နယ်က ခြံပိုင်ရှင် Jeff Permar ဟာ သူ့ရဲ့ ခြံထဲမှာ ခြံထွက်သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ သခွားသီးနဲ့ မုန်လာဥနီတွေ ထူးဆန်းစွာ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပါတယ်
ဒါကြောင့် သူဟာ ခြံထဲကိုခိုးဝင်တဲ့ လူ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ကို ဖမ်းမိဖို့အတွက် ကင်မရာကို တပ်ဆင်ခဲ့ပါတယ်
ကင်မရာရဲ့ မှတ်တမ်းကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ မမျှော်လင့်ဘဲ ဝဖြိုးနေတဲ့မြေကြွက်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ် ပိုပြီး အံ့အားသင့်စရာကောင်းတာက အဲဒီမြေကြွက်လေးဟာ ကင်မရာရှေ့မှာကို အေးအေးဆေးဆေးနဲ့ ပုံစံအမျိုးမျိုးပြပြီး ဟင်းသီးဟင်းရွက်တွေကို စားသောက်နေတာဘဲဖြစ်ပါတယ်
သူ့ရဲ့ ပုံစံက ခိုးစားနေတဲ့ ပုစံလိုမဟုတ်ဘဲ သာမန်အတိုင်း အေးအေးဆေးဆေး ကင်မရာရှေ့မှာ စားနေသလိုဖြစ်တာကြောင့် Permar ဟာ သူ့ကို Chunk လို့ နာမည်ပေးခဲ့ပါတယ်
Permar ဟာ ဒီမြေကြွက်လေးကို ဖမ်းဆီးခဲ့ခြင်းမပြုလုပ်ဘဲ သူ့ရဲ့ YouTube Channel မှာ "Chunk the Groundhog"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုတွေကို တင်ခဲ့ပါတယ် ဒီဗီဒီယိုတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်
Chunk ရဲ့ နာမည်ကြီးမှုကြောင့် Permar ဟာ သူ့ရဲ့ YouTube Channel မှာ ဗီဒီယိုတွေ ဆက်လက်တင်ခဲ့ပြီး သီးနှံတွေ ဆုံးရှုံးရပေမယ့် ဒီဗီဒီယိုတွေကနေ ရရှိတဲ့ ဝင်ငွေနဲ့ ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

ငါ - ဟော.‌ပေါ့လေးသွားစာ:ရင်ကောင်းမလား

image
37 w - Translate

မျော်နေတဲ့ကား ကြည့်လို့ရပါပြီ 🥰 နီကျား အတွဲ ၂ (၂၀၂၅) #fblink
မြန်မာစာတန်းထိုး အကြည်နဲ့ရပြီ❤️
အခု 2025 မှာ အရမ်းရေပန်းစားနေပြီး အတွဲ တစ်တုန်းက‌‌ထက် ကြည့်ရှုသူ များပြားနေကာ အောင်မြင်မှုတွေ တသီတစ်တန်းကြီးရရှိထားတဲ့ နီကျား Animation Sequel လေး 💜
ဇာတ်လမ်းအကျဉ်း
ကပ်ဘေးအန္တရာယ်ကြီးပြီးနောက်မှာ Ne Zha နဲ့ Ao Bing တို့ရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းထားနိုင်ပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေက မကြာမီ ပျက်သုဥ်းသွားတော့မှာပါ
ကောင်းကင်နတ်မင်းကြီးရဲ့ တပည့်ဖြစ်သူ Tai Yi ဟာ ခုနစ်ရောင်ခြယ်ကြာပန်းနဲ့ သူတို့နှစ်ဦးကို ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်
Ne Zha နဲ့ Ao Bing တို့ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာဦးမလဲ ?
နောက်ထပ်တပည့်တစ်ဦးဖြစ်တဲ့ သစ္စာဖောက် Shen Gong Bao ဟာ ဖမ်းဆီးထားတဲ့ နဂါးမင်းလေးပါးကို လွှတ်ပေးလိုက်ပါတယ်
ဒီလိုနဲ့ အရှေ့ပင်လယ်နဂါးမင်း Ao Guang ဟာ လူသားအသွင်ပုံစံနဲ့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပြီး "ငါသာတိုက်ပွဲစရင် ချန်တန်ဂိတ်ကို ကြက်ငှက်မကျန် ဖျက်ဆီးပစ်မယ်" လို့ ကြိမ်းဝါးခဲ့ပါတယ်
ဒီတစ်ကြိမ်မှာတော့ Ne Zha ဟာ ချန်ထန်ဂိတ်ကို ကာကွယ်ဖို့ ပင်လယ်နဂါးမင်းလေးပါးနဲ့ ဘယ်လို အပြင်းအထန် တိုက်ခိုက်ရမလဲဆိုတာ ...

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်နိုင်ငံရေးပါတီတစ်ခု အေအိုင်ဆော့ဖ်ဝဲကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်မည်
ဂျပန်နိုင်ငံမှ နိုင်ငံရေးပါတီသစ်တစ်ခုသည် စတင်တည်ထောင်သူပါတီခေါင်းဆောင်နုတ်ထွက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်သစ်အဖြစ် လူ့ဉာဏ်ရည်တုနည်းပညာ(အေအိုင်) ဆော့ဖ်ဝဲတစ်ခုကိုတင်မြှောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ် အမည်ရှိအဆိုပါနိုင်ငံရေးပါတီသည် ဂျပန်နိုင်ငံအနောက်ပိုင်းမြို့ငယ်တစ်မြို့မှ မြို့တော်ဝန်ဟောင်း ရှင်ဂျီအီရှီမာရုက ယခုနှစ်ဇန်နဝါရီလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုနှစ်အတွင်းကျင်းပခဲ့သော ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာတစ်နေရာမှမရဘဲ အရေးနိမ့်ခဲ့ပြီးနောက် ရှင်ဂျီအီရှီမာရုသည် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့သည်။
သို့ဖြစ်ရာ ရှင်ဂျီအီရှီမာရု၏ နေရာတွင် ပါတီခေါင်းဆောင်သစ်အဖြစ် အေအိုင်ဆော့ဖ်ဝဲတစ်မျိုးကို ထားရှိမည်ဖြစ်ကြောင်း ပြန်လည်မွေးဖွားခြင်း လမ်းစဉ်ပါတီတာဝန်ရှိသူများက ပြောကြားထားသည်။
ပါတီခေါင်းဆောင်သစ် အေအိုင်ဆော့ဖ်ဝဲနှင့် ပတ်သက်၍ မည် သည့်အချိန်တွင် မည်သို့အကောင်အထည်ဖော်မည်ဆိုသော အချက်အပါအဝင် အသေးစိတ်အချက်အလက်များကို ပြန်လည်မွေးဖွားခြင်းလမ်းညွှန်ပါတီက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ပါတီခေါင်းဆောင် အေအိုင်ဆော့ဖ်ဝဲအနေ ဖြင့် ပါတီဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကိုင်တွယ်မည်မဟုတ်ဘဲ ပါတီတွင်းဆုံးဖြတ်ချက်များ ချမှတ်ရေးကိုအဓိကတာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ပါတီသည် မီဒီယာများ၏ အာရုံစိုက်မှုရရှိထားသော်လည်း ယခုနှစ်ဇွန်လအတွင်း ကျင်းပခဲ့သော ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်လောင်း ၁ဝ ဦး ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁ဝ ဦးစလုံး အရေးနိမ့်ခဲ့ရသည်။
ပုံစာ - အေအိုင်စနစ်ကို ပါတီခေါင်းဆောင်အဖြစ် ထားမည့်အစီအစဉ်ကို ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားစဉ်။
ဂျပန်တိုင်းမ်

image
37 w - Translate

ပင်ပန်းလားလို့ မေးရင်
အရမ်းကို ပင်ပန်းနေပါပြီ
ဒါပေမယ့် . . . . မနားရဲသေးဘူး
ကိုယ်လုပ်မှ ကိုယ်စားရတဲ့ ဘ၀လေ ။
အနောက်ကို လှည့်ကြည့်လို့လဲ
​ကျောထောက်နောက်ခံ ရယ်လို့ မရှိပါဘူး
ကျွန်မအပေါ် မျှော်လင့်ချက်တွေနဲ့
အားကိုးတကြီး ကြည့်နေရှာတဲ့
မျက်လုံးတွေပဲ တွေ့တယ်
ကျွန်မဘယ်သူ့ကိုမှလဲ အားမကိုးရဲဘူး
ကျွန်မ မိန်းမသားတစ်ယောက်ပါ
သို့သော် . . . . .
ဘယ်ပခုံးမှ မလိုအပ်ဘူး
ကျွန်မ ခြေထောက်ပေါ် ကျွန်မရပ်ဖို့
အတတ်နိုင်ဆုံးကြိုးစားတယ် ။

Credit