၂၀၁၃ ခုနှစ်တုန်းက Pennsylvania မှ ခရစ်ရေနောလ်ဒ် (Chris Reynolds) အမည်ရ အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် တစ်မိနစ်ကျော်လောက်ဖြစ်သွားဖူးပါတယ်
ဘာကြောင့်လဲဆိုတော့ PayPal ကုမ္ပဏီက သူ့ရဲ့အကောင့်ထဲကို ဒေါ်လာ ၉၂ quadrillion ကို မှားယွင်းစွာလွဲပြောင်းပေးလိုက်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်
ဒီပမာဏဟာ ကမ္ဘာတစ်ဝန်းက Global GDP တန်ဖိုးထက်တောင် များပြားပါတယ် Market Realist သတင်းအရ ရေနောလ်ဒ် ဟာ ယခင်က PayPal ကနေ ဒေါ်လာ ၁,၀၀၀ လောက်သာ ရရှိဖူးသူဖြစ်ပြီး သူရဲ့ PayPal စာရင်းရှင်းတမ်းကို စစ်ဆေးကြည့်တဲ့အခါမှာ ဒီလောက်များပြားတဲ့မာဏကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်
ဒီအမှား ကို PayPal က ချက်ချင်းဘဲ ပြင်ဆင်ခဲ့ပြီ မှားယွင်းကြောင်း ဝန်ခံတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ် သတင်းတွေအရ PayPal ဟာ သူတို့ရဲ့ မှားယွင်းမှုအတွက် စေတနာထားတဲ့အနေနဲ့ ရေနောလ်ဒ် ရွေးချယ်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို ငွေအချို့လှူဒါန်းပေးဖို့ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်
ရေနောလ်ဒ်ကတော့ ဒီလိုငွေမှားလွဲတာကို တွေ့လိုက်ရတဲ့အခါ "ဒါဟာ တစ်စုံတစ်ယောက်ရဲ့ တစ်ခုပါဘဲလို့ တွေးခဲ့ပြီး သူဟာ ချမ်းသာတဲ့သူတစ်ယောက်လို ခံစားရတာ တစ်မိနစ်ကျော်လောက်ဘဲ ကြာခဲ့ပါတယ်" လို့ နောက်ပိုင်းမှာ ရယ်မောပြီး ပြောခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts