🌿 ပေါင်ခြံ/ပေါင်တွင်းသား နာကျင်ကို'က်ခဲခြင်း၊ ခြေထောက် ကြွက်သားတောင့်တင်းပြီး လှုပ်ရှားရခက်ခဲခြင်းများ ခံစားနေရပါသလား...??

ဒီလိုလက္ခဏာတွေဟာ အောက်ပါအချက်တွေကြောင့် ဖြစ်တတ်ပါတယ်-
* ကြွက်သားရောင်ရမ်းခြင်း
* အရွတ်တောင့်တင်းခြင်း
* သွေးလည်ပတ်မှု မကောင်းခြင်း
* သို့မဟုတ် မြန်မာ့ရိုးရာဆေးပညာအရ အကြောတက်ခြင်း
တို့ကြောင့် ဖြစ်ပါတယ်

အိမ်မှာ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ သဘာဝဆေးနည်းလေးတွေကို စမ်းကြည့်လိုက်ပါ။ ပေါင်ခြံနာကျင်မှုကို သက်သာစေပြီး အကြောဖြေလျှော့ပေးနိုင်ပါတယ်။ 👇

🍵 အကြောဖြေလက်ဖက်ရည် ပြုလုပ်နည်း.....။
ပါဝင်ပစ္စည်းများ......
* ချင်း (ဂျင်း) ပါးပါးလှီးထား ၅ ပြား
* စပါးလင် ၂ ပင် (ထုပြီးသား)
* ရှောက်နူရွက် ၃ ရွက်
* ပူဒီနာရွက် ၅-၇ ရွက်
* ရေ ၂ ခွက်

ပြုလုပ်နည်း.......
၁။ ရေနဲ့ ဆေးဖက်ဝင်အပင်တွေကို ပွက်ပွက်ဆူအောင် တည်ပါ။
၂။ ၁၀-၁၅ မိနစ်ခန့် မီးမျှဉ်းမျှဉ်းနဲ့ ဆက်တည်ပါ။
၃။ အရည်စစ်ပြီး နွေးနွေးလေးကို တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။

✅ အကျိုးကျေးဇူးများ........
* ချင်း (ဂျင်း)- လေပူကို ထုတ်ပေးတယ်၊ ရောင်ရမ်းမှုကို
လျှော့ချပေးတယ်။
* စပါးလင်- သွေးလည်ပတ်မှုကို ကောင်းစေတယ်။
* ရှောက်နူရွက်- ကြွက်သားတင်းမာမှုကို လျှော့ချတယ်။
* ပူဒီနာ- အကြောဖြေ၊ နာကျင်မှုသက်သာစေတယ်။

🧘‍♂️ အကြောဖြေ ယောဂကျင့်စဉ်- လိပ်ပြာပုံစံ
ခြေဖဝါးနှစ်ဖက်ကို ထိကပ်ပြီး ထိုင်ပါ။ ဒူးနှစ်ဖက်ကို ဘေးဘက်သို့ ဖွင့်ပါ။
၎င်းသည် ပေါင်ခြံကို ဆန့်ထုတ်ပေးပြီး တင်းမာနေသော အကြောများကို ပြေလျော့စေသည်။

image
29 ပတ် - ဘာသာပြန်ပါ။

မြန်မာဆန်ဆန်ဟင်းပွဲလေးတစ်ပွဲချက်ပါအုံးမယ်။

ငါးဘတ်ခေါင်းနှင့်မန်ကျည်းစိမ်းရည်အချဉ်ချက်
•••••••••••••••••••••••••••••••••••••••••••

ငါးဘတ်ခေါင်းကြီးကြီး...........၂ခု
ကြက်သွန်နီ......................၁လုံး
ကြက်သွန်ဖြူ......................၅တက်
ကိုင်းခရမ်းချဉ်သီးမှည့်............ ၃လုံး
မန်ကျည်းသီးစိမ်းရင့်ရင့်..........၅တောင့်
နံနံပင်.............................၁စည်း
ငရုတ်သီးစိမ်း....................၅တောင့်
ကုလားအော်သီး(ခ)အာဝါးသီး.၃တောင့်

ပထမဆုံးအသားပါအောင်ခုတ်ထားတဲ့ငါးဘတ်ခေါင်းနှစ်ခုကိုရေဆေးသန့်စင်ပြီးထက်ခြမ်းပိုင်းပါ။

ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာနယ်ပြီးနှပ်ထားပေးပါ။

ထိုစဉ်အချိန်အတွင်းမန်ကျည်းသီးစိမ်းကိုရေအနည်းငယ်နှင့်ပျော်အောင်ပြုတ်ပေးပြီးအရည်လေးကိုသာစစ်ယူထားပါ။

ကြက်သွန်နီနှင့်ကြက်သွန်ဖြူ ကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။

ကိုင်းခရမ်းချဉ်သီးမှည့် ကိုလေးစိတ်လှီးပါ။ငရုတ်သီးစိမ်းတွေကိုအညှာခြွေပြီးနံနံပင်တွေကိုသန့်စင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်တို့နှင့်ဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ကိုင်းခရမ်းချဉ်သီးတွေထည့်ပါ။(ကိုင်းခရမ်းချဉ်သီးတွေကိုကြေအောင်မမွှေရ)

ခရမ်းချဉ်သီးတွေအနည်းငယ်မွှေးလာပြီဆိုတာနှင့်အရသာနယ်ထားတဲ့ငါးဘတ်ခေါင်းနှင့်ငရုတ်သီးစိမ်းတွေကိုထည့်ပါ။

လုံးတဲ့ပုံစံဖြင့်သမသွားအောင်(၃)မိနစ်ခန့်ဖြည်းညင်းစွာမွှေပေးပါ။

ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

စစ်ထားတဲ့မန်ကျည်းသီးအစိမ်းရည်လေးကိုဘေးပတ်လည်ကနေလောင်းထည့်ပေးပါ။

မန်ကျည်းရည်ထည့်ပြီးချိန်ကစပြီးမီးရှိန်လျှော့ချပါ။အဖုံးပိတ်ထားပါ။(လုံးဝမမွှေရပါ)

(၁၀)မိနစ်ခန့်ထိုပုံစံဖြင့်နှပ်ချက်ထားပြီးမှအဖုံးဖွင့်ကာနံနံပင်တွေအုပ်ပေးပါ။

ထမင်းပူပူလေးမှာ ချို ၊ချဉ်လေးဆမ်း၊နှပ်ပြီးအချဉ်ရည်ပြည့်ဝနေတဲ့ငရုတ်သီးစိမ်းလေးတွေနဲ့နယ်ဖတ်စားရင်တော့ဖြင့်ထမင်းမြိန်စေအုံးမှာပါ။

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
============================
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
--------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌‌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
------------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။

29 ပတ် - ဘာသာပြန်ပါ။

ဘဝဆိုတာ
အရူးမောင်းတဲ့ လေယဥ်ပျံကိုစီးလာရတာဘဲ
ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေဖို့
စဥ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။

- သုခမိန်လှိုင်

အဲ့လောက်ကြီးကျ...

image
29 ပတ် - ဘာသာပြန်ပါ။ - Youtube

Unexpected Laugh with these Funny Dogs - Best Funniest Dog Videos of The Year

29 ပတ် - ဘာသာပြန်ပါ။

မခွဲနိုင်ဘူးလို့ဆွဲထားတဲ့လက်တွေကိုမှ
အတင်းခွာချရတာ
ရယ်စရာဟုတ်မနေခဲ့ဘူး။

ငါလည်း ထပ်တူထပ်မျှ နာရ၊ ကျင်ရပါ ယုံ။
ငါ့အတွက် ရွတ်ပြဖူးတဲ့
ကဗျာလေးကို သတိရ၊
ငါ့အတွက် ရည်စူးရေးခဲ့ဖူးတဲ့
စာလေးကို သတိရ။

တစ်နေ့ကျ မင်းနားထဲမှာ
ငါ့အသံကို ဖမ်းမိတဲ့အခါ
ဒီနေရာမှာ အတူရပ်ခဲ့ဖူးတာ အမှတ်ရ။

ပုံမပေါ်ခဲ့တဲ့ အိပ်မက်တွေကလွဲရင်
ဒီလိုဆုံခဲ့ဖူးတယ်ဆိုတာ
တကယ့်အဖြစ်အပျက်ပါ။

- အိခိုင်မွန်

29 ပတ် - ဘာသာပြန်ပါ။

နေပြည်တော်ကောင်စီနယ်မြေ သာဝတ္ထိမြို့တွင် ရေကြီး

မိုးသည်းထန်စွာ ရွာသွန်းချိန် ပေါင်းလောင်းဆည် ရေလွှတ်လိုက်တာကြောင့် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဇူလိုင် ၁၂ ရက်ကစပြီး ရေကြီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“နေပြည်တော်မှာ မိုးအရမ်းရွာပြီဆို ဆည်ရေလွှတ်တဲ့ ပြဿနာက အတော်ဆိုးတာ ဆည်ရေလွှတ်ရင် အနိမ့်ပိုင်းကလူတွေ အတော်ဒုက္ခရောက်တာ။ ငလျင်ဒဏ်ခံရတာ မကြာသေးဘူး။ ရေဘေးထပ်သင့်တယ်။ ဌာနဆိုင်ရာရုံးတွေရော ရေပြည့်နေပြီ။ ကျောင်းတွေကို ခဏပိတ်ထားတယ်။”