43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

image
43 w - Translate

Tattoo ideas

imageimage
+5
43 w - Translate

◼ တာချီလိတ်၌ မိန်းကလေး အလောင်းတစ်လောင်း တွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အသက်(၈) နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့(ဩဂုတ် ၄ ရက်) က မိုင်းဖုန်း(ခ)နန်းမလွှတ်ရွာမဲခေါင်မြစ်အတွင်းတွေ့ရှိခဲ့ ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံးသူမှာ ဟောင်လိတ်ဝမ်ဟောင်ရပ်ကွက်တွင် မိခင်နှင့်အတူနေထိုင်သူဖြစ်ပြီး ဇူလိုင် ၃၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင်မိခင်ဖြစ်သူအဝတ်လျှော်နေချိန် နေအိမ်မှကစားရန်ထွက်သွားခဲ့ပြီး ညနေအထိ ပြန်လည်းရောက်လာခြင်းမရှိသောကြောင့် မိခင်ဖြစ်သူမှရှာဖွေပေးရန် အကူညီတောင်းခံထားသူဖြစ် ကြောင်း အဆိုပါလူမှုကူညီရေးအသင်းထံမှသိရသည်။
"ကလေး dead body တစ်ခုတွေ့ထားပါတယ်။ လာရောက် ကူညီပေးပါဆိုပြီး ကျွန်မတို့အသင်းဆီ ဖုန်းဆက်လာပါတယ်။ ဒါကြောင့်သွားရောက်ကူညီခဲ့ရာသေဆုံးနေတဲ့ကလေးမှာ ဇူလိုင် ၃၀ ရက်မှာ မိခင်ဖြစ်သူက အသင်းကိုဓာတ်ပုံနဲ့အတူလာပြီးကူညီရှာဖွေပေးဖို့ အကူညီတောင်းခံထားတဲ့သမီးလေး မငြိမ်းနှင်းနွယ်ဖြစ်နေကြောင်းစိတ်မကောင်းစွာဖြင့်သိရှိခဲ့ရပါတယ်" ဟု ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းကလေးသေဆုံးမှုနှင့်ပတ်သက်ပြီး ပျောက်ဆုံးနေသည့်မိန်းကလေးနေအိမ်သို့အဝင်အထွက်ရှိပြီး သံသယရှိသူဟုယူဆရသူအမျိုးသားတစ်ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းမှ စစ်ဆေးမှုများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှု အမေရိကန် တာဝန်ယူရမည်ဟု အီရန်ဆို
အမေရိကန်နှင့် အနာဂတ်ဆွေးနွေးညှိနှိုင်းမှုများတွင် အီရန် နျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုအတွက် အမေရိကန် အနေဖြင့် တာဝန်ယူရမည်ဟု အီရန်က ဩဂုတ် ၄ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး တိုက်ရိုက်ဆွေးနွေးပွဲများ ပြုလုပ်ရန် ပယ်ချလိုက်သည်။
အမေရိကန်သည် ဇွန် ၂၂ ရက်တွင် အီရန်၏ အဓိကနျူကလီးယား စက်ရုံများကို တိုက်ခိုက်ခြင်းဖြင့် အစ္စရေးက စတင်ခဲ့သော စစ်ပွဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရာ အီရန်နှင့်နျူကလီးယား ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းခဲ့သည်။
မည်သည့် ဆွေးနွေးညှိနှိုင်းမှုတွင်မဆို အီရန်၏ငြိမ်းချမ်းရေး အလို့ငှာ လုပ်ဆောင်မည့် နျူကလီးယားစက်ရုံများကို စစ်ရေးကျူးကျော်မှုပြုခဲ့သည့်အတွက် အမေရိကန်က တာဝန်ခံရေးနှင့် လျော်ကြေးတောင်းဆိုရေး အကြောင်းအရာများကို ဆွေးနွေးမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
အီရန်နှင့် အမေရိကန် တိုက်ရိုက်ဆွေးနွေးမည့်ကိစ္စကိုမူ ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပယ်ချထားသည်။ ဇွန်လအလယ်ပိုင်းတွင် အစ္စရေးသည် အီရန်၏ နျူကလီးယားနှင့် စစ်ရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားသည့်မကြုံစဖူးတိုက်ခိုက်မှုကို စတင်ခဲ့ပြီး ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့များသည် အီရန်၏အဓိက နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုများကြောင့် ဧပြီလ တွင် စတင်ခဲ့သည့် နျူကလီးယား ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် အီရန်သည် နိုင်ငံတကာ အဏုမြူစွမ်း အင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ပြီး နျူကလီးယားစက်ရုံများကို စစ်ရေးတိုက်ခိုက်မှုများမှ ကာကွယ်ပေးရန် အာမခံချက်များတောင်းဆိုခဲ့သည်။
စီအင်န်အေ

image