23 w - Translate

ထိုင်းကပြန်ပို့မည့်ရှေးဟောင်းပစ္စည်းများစရိတ်ကိုကမ္ဘောဒီးယားကျခံမည်


ထိုင်းနိုင်ငံက ပြန်လည်ပို့ပေးမည့် ရှေးဟောင်းပစ္စည်း အခု ၂၀ အတွက် သယ်ယူပို့ဆောင်စရိတ်ကို ကမ္ဘောဒီးယားနိုင်ငံက ကျခံသွားလိုကြောင်း ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး Phoeurng Sackona က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် ရှေးဟောင်ပစ္စည်းများ သယ်ပို့ခကို ကျခံမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးက ထိုင်းယဉ်ကျေးမှုဝန်ကြီးအသစ်ဖြစ်သော ပေတုံတန် ရှင်နာဝပ်ထရာထံ ပေးပို့သော စာတွင် ပြောကြားထားသည်။ ထိုကိစ္စအတွက် ထိုင်းအစိုးရ၏ အစီအစဉ်ကို စောင့်ဆိုင်းစရာမလိုအပ်ကြောင်းကို တနင်္လာနေ့တွင် ထုတ်ဝေသည့် Agent Kampuchea Press မှ အချက်အလက်များကို ကိုးကား၍ ခမာတိုင်းမ်စ်က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဝန်ကြီးချုပ်ရာထူးတာဝန်မှ ဆိုင်းငံ့ခံလိုက်ရသော မစ္စပေတုံတန်သည် ဘတ်ဂျက်အကန့်အသတ်ရှိမှုအရ ရှေးဟောင်းပစ္စည်းများကို ပြန်လည်ပေးပို့ခြင်းကို ရပ်ဆိုင်းထားရန် သောကြာနေ့တွင် ဆုံးဖြတ်ခဲ့သည်။

အိမ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးတင်းမာနေစဉ် သူ ယဉ်ကျေးမှုဝန်ကြီးတာဝန်ယူခဲ့ပြီးနောက် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။

“ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ နောက်ထပ် ပြန်လည်သုံးသပ်သွားဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အကြံပြုထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသို့ ရှေးဟောင်းပစ္စည်းများ လွှဲပြောင်းပေးအပ်ရန် ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံက သဘောတူညီထား‌ေသာ အချက်ကို ထိုင်းနိုင်ငံက လိုက်နာစေလိုသည်ဟု ကမ္ဘောဒီးယားဝန်ကြီးက ပြောကြားလိုက်သည်။

နှစ်နိုင်ငံသည် ရှေးဟောင်းပစ္စည်း အခု ၂၀ ကို လွှဲပြောင်းခြင်း အခမ်းအနားကို ယခုလအတွင်း ပြုလုပ်ရန်နှင့် သြဂုတ်လတွင် ပစ္စည်းများ ကိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ် ကို စတင်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ ၄င်းအစီအစဉ်ကို အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

image
23 w - Translate

Sunflowers & stargazer tattoo designs 😍🫰
For you ❤️

imageimage
+5
23 w - Translate

ယခုနှစ် ဒူးရင်းသီးများအသီးလှိုင်ပြီး အရောင်းအဝယ်ကောင်းမွန်နေ

ယခုနှစ်တွင် ဈေးကွက်အတွင်း၌ ယမန်နှစ်ထက် ဒူးရင်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဒူး‌ရင်းသီးရောင်းဝယ်သူများ၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်တွင် အသီးများလှိုင်လှိုင်ပေါ်ထွက်ပြီး ဈေးကောင်းရရှိသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်သည် အကုန်အကျပိုများကြောင်း သိရသည်။

" ဒီနှစ်ကတော့ အရင်နှစ်ကထက် အရောင်းအဝယ်ပိုကောင်းတယ်။ အသီးတွေလည်းကောင်းတယ်။ ဒီနှစ်ကပေါပေါစားရတာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာတစ်ခုပဲ" ဟု ကိုသန့်ဇင်နှင့်ညီကိုများဒူးရင်း‌သီးရောင်းဝယ်ရေးမှ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဒူးရင်းသီးဈေးနှုန်းမှာ အနိမ့်ဆုံး ၃,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိရှိပြီး ငွေကျပ် ၅၀,၀၀၀ ဖြင့် ဒူးရင်းသီးဘူဖေးစားသုံးနိုင်ကြောင်းလည်း သိရသည်။

" ဒူးရင်းသီးဘူဖေးကတော့ အသီးကားဝင်တဲ့နေ့ဆိုရင် ရတယ်။ ၅၀,၀၀၀ နဲ့အဝစား။ တနေ့ကို တစ်စီးတော့ ဝင်တယ်" ဟု အဆိုပါပွဲရုံမှ ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးသည့်အပြင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ထို့ပြင်ရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။

image