ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပေါင်မုန့်အုန်းနို့ဆမ်း_(အုန်းနို့_သာကူ)
☃☃☃ငယ်စဥ်ဘဝ သတိရမိ😍
ငယ်ငယ်က အရမ်းကြိုက် ခဏခဏစား စားမဝတဲ့
မုန့်လေးပါ...
ပါဝင်ပစ္စည်းများ
အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)
သကြား - (၁၀ကျပ်သား)
ပေါင်မုန့် - (၁ထုပ်)
ဆား အနည်းငယ်
ရေ အနည်းငယ်
ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့😍
ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်
သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)
ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။
သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။
အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။
ထို့နောက်ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။
😍ဒါဆိုအရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်😍
အရမ်းလဲမခက် ပါဝင်ပစ္စည်းတွေလဲနည်းတယ်ဆိုတော့အခုပဲလုပ်စားလိုက်ရအောင်နော်
*******
နောက်တနည်း
ပါဝင်ပစ္စည်းများ
သာဂူ – ရေနွေးကြမ်းပန်းကန် ၁/၂ စာ
ကြိုက်နှစ်သက်ရာပေါင်မုန့်
စပျစ်သီးခြောက်
အုန္းနို့ – ၁ ဘူး
ဆား – အနည်းငယ်
သကြား – ထမင်းစားဇွန်း ၂ ဇွန်း
(အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)
ပြုလုပ်နည်း
၁။ အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။
၂။ သာဂူကို အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ
၁ နာရီခန့် ထည့်ပါ။
၃။ ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။
ပေါင်မုန့် Sandwich လုပ်နည်း
😍😍😍😍😍
ဖတ်ညွှန်းပြိုင်ပွဲ By Wun Zin 📚
စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါရှင့် ။
စာဖတ်သန်တဲ့ သူငယ်ချင်းတို့ အားလုံး လက်မလွှတ်သင့်တဲ့ ပေါ့ပေါ့ပါးပါး ပွဲလေး တစ်ခုအကြောင်း လက်တို့ချင်လို့ Bookie ဒီစာလေးကို ရေးလိုက်ပါတယ်နော် 💗။
Wun Zin ဆိုတဲ့ Myanmar Ebook store လေးနဲ့တော့ ဒီက စာဖတ်သူတို့ အားလုံး ရင်းနှီးကြမယ်လို့ ထင်ပါတယ်နော် ။ ဒီမှာဆိုရင် သုတရသ စာအုပ်အစုံကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူ၊ ငှါးရမ်း ဖတ်ရှုလို့ရတဲ့ application လေးပဲဖြစ်ပါတယ်ရှင့်။
( ဒီ link လေးမှာ ထပ်ရှင်းပြထားပါတယ်ရှင့် : https://www.facebook.com/share..../p/1GyRNNvJue/?mibex )
ဒါဆို သတင်းကောင်းက?
သတင်းကောင်းဆိုတာလေးကတော့ ဒီဝန်ဇင်း နဲ့ ရေးမယ် ( Yay Ml Page ) လေးကနေ ပူးပေါင်းပြီး
"ဖတ်ညွှန်းပြိုင်ပွဲ"
ဆိုတဲ့ စာအုပ် အညွှန်းပြိုင်ပွဲ လေးပဲဖြစ်ပါတယ်ရှင့်။ ကိုယ်ဖတ်ပြီးသားထဲက မည်သည့်စာအုပ်မဆို ညွှန်းပေးလို့ရပါသည် တဲ့ ရှင်။ ပြိုင်ပွဲအကြောင်းလေး အသေးစိတ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင့်။
📚 ပြိုင်ပွဲကာလ : ၂၀.၈.၂၀၂၅ - ၃၁.၈.၂၀၂၅
📚 Review ပို့ရန် : https://forms.gle/EETyL3A3d4PT57WY8
ရွေးချယ်မဲ့ ဆု ၊ စည်းမျဉ်းများကို လည်း တင်ထားပါပြီရှင့်။ ဒါတွေကိုတော့ အောက်က link လေးမှာ ဖတ်ရှုပေးပါနော် ။
📍ဆုလက်ဆောင် : https://m.facebook.com/story.p....hp?story_fbid=125028
📍စည်းမျဉ်းများ : https://m.facebook.com/story.p....hp?story_fbid=125275
📍ပြိုင်ပွဲ : https://www.facebook.com/share..../p/1Arhu6eSWX/?mibex
ပြိုင်ပွဲ ဆိုပေမဲ့ ယှဉ်ပြိုင်ခြင်း ဆိုတာထက် စာဖတ်သူတို့ရဲ့ ကလောင်စွမ်းတွေ၊ ခံစားချက်တွေ ၊ စေတနာတို့တွေ ပေါင်းစည်းပြီး ထွက်ပေါ် လာတဲ့ အဖိုးတန် အညွှန်းစာလေးတစ်ဆောင် တစ်စုံတစ်ယောက်ဆီ ရောက်သွားတယ် ဆိုတာလေးက အဓိပ္ပာယ် အရှိဆုံးပါပဲရှင့်။
ဒါ့ကြောင့် သူငယ်ချင်းတို့နဲ့လည်း သိပ်မစိမ်းမဲ့ ဟောဒီ "ဖတ်ညွှန်း ပြိုင်ပွဲ" လေးကို ဝင်ရောက် ပါဝင်ပြီး မြန်မာ့ စာပေလောကလေးကို လှုပ်ခတ်ဖို့ တိုက်တွန်းရင်း Bookie စာလေးကို အဆုံးသတ်ပါစေရှင့် 💗☀️
ဒါနဲ့ ဒီနေ့တင် ၂၄ ရက်နေ့ ရောက်ရှိလို့လာပါပြီနော် 😁 ရေးဖို့ ၆ ရက် အချိန်ရှိပါသေးတယ်ရှင့် ။
သာယာသောနေ့လေး တစ်နေ့ ပိုင်ဆိုင်ကြပါစေကြောင်း ☀️📚
* This is just a sharing post *
#newsfeed
နီကိုပက်ဇ်အတွက် စပါးအသင်းရဲ့ ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းမှုကို ကိုမိုအသင်း ငြင်းပယ်
စီးရီးအေကလပ် ကိုမိုအသင်းဟာ အာဂျင်တီးနားကွင်းလယ်တိုက်စစ်ကစားသမား နီကိုပက်ဇ်အတွက် စပါးအသင်းရဲ့ ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ကိုမိုအသင်းဟာ နီကိုပက်ဇ်(၂၀ နှစ်)ကို ၂၀၂၄ နွေရာသီမှာ ရီးယဲလ်အသင်းဆီကနေ ယူရို(၆)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
နီကိုပက်ဇ်ဟာ ပထမဆုံးရာသီမှာပဲ ကိုမိုအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို တနင်္ဂနွေနေ့က လာဇီယိုကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲမှာလည်း ဖရီးကစ်ကနေ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့ပါတယ်။
ကွင်းလယ်ကို အားဖြည့်ဖို့ ကြိုးပမ်းနေတဲ့ စပါးအသင်းက နီကိုပက်ဇ်ကို ယူရိုသန်း(၄၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး တတိယအကြိမ်မှာ ယူရိုသန်း(၇၀)အထိ မြင့်တက်လာခဲ့ပေမဲ့ ကိုမိုအသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက နီကိုပက်ဇ်ကို ရောင်းထုတ်ခဲ့ချိန်မှာ ၂၀၂၆ ဒါမှမဟုတ် ၂၀၂၇ နွေရာသီမှာ ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ရယူထားကြောင်း သိရပြီး နီကိုပက်ဇ်ကလည်း ရီးယဲလ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
Photos: X