◼ ဂျပန်နိုင်ငံတစ်ဝန်း ရာသီဥတုအပူချိန်သတိပေးချက်များ ထုတ်ပြန်
ဂျပန်နိုင်ငံမှလူအများအပြားသည် ယနေ့တွင်ပြင်းထန်သောအပူချိန်မြင့်တက်မှုကိုခံစားနေရပြီး နေရာအများအပြားတွင် အန္တရာယ်ရှိသောအဆင့်အထိ အပူချိန်မြင့်တက်လျက်ရှိကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားပြီး တစ်ချိန်တည်းတွင် နေရာကွက်၍ မိုးကြီးနိုင်သည့်သတိပေးချက်များလည်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံအနောက်ပိုင်းနှင့်အရှေ့ပိုင်းတွင် လွှမ်းခြုံထားသော လေဖိအားများရပ်ဝန်းတစ်ခုကြောင့် အပူချိန်များမြင့်တက်နေကြောင်း ဂျပန်မိုးလေဝသဌာနကပြောသည်။
ဖူကူရှီးမားဒေသမှ အိုကီနာဝါဒေသအထိ နိုင်ငံ၏စီရင်စုပေါင်း ၄၇ ခုအနက် စီရင်စု ၃၇ ခုတွင် အပူကြောင့်လေဖြတ်နိုင်သော အန္တရာယ်သတိပေးချက်များထုတ်ပြန်ထားကြောင်း ဂျပန် အန်အိတ်ချ်ကေ သတင်းက ဖော်ပြသည်။
တိုကျိုမြို့ထဲနှင့် အနီးဝန်းကျင် ကန်တိုဒေသကုန်းတွင်းပိုင်းဧရိယာအများအပြားတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်နီးပါးအထိရောက်ရှိခဲ့ကြောင်းသိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီအထိ ဂန်မာစီရင်စု၊ ကာယုဒေသတွင် ၃၉ ဒသမ ၄ ဆဲလ်စီးယက်စ်၊ ဆိုင်တမ စီရင်စုရှိ ဟာတိုယာမာ‌ဒေသတွင် ၃၉ ဒသမ ၂ ဆဲလ်စီးယက်စ်၊ အီဘာရာကီစီရင်စုမှ ကာဂိုဒေသတွင် ၃၈ ဒသမ ၉ ဆဲလ်စီးယက်စ် အထိ အသီးသီးရောက်ရှိခဲ့သည်။
အပူလျှပ်ခြင်းအားကာကွယ်ရန် လေအေးပေးစက်များကို သင့်တင့်လျှောက်ပတ်စွာ အသုံးပြုရန်၊ အရည်များများ သောက်သုံးရန်၊ ဆားကိုမကြာခဏစားသုံးပေးရန် တာဝန်ရှိသူများက ပြည်သူလူထုအား အကြံပြုထားသည်။
လေဖိအားများရပ်ဝန်းအစွန်နားတွင်လိုက်ပါလာသော ပူနွေးစွတ်စိုသောလေထုကြောင့် လေထုမငြိမ်မသက်ဖြစ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုမျှော်လင့်ထားကြသည်။
ယင်းဖြစ်စဉ်နှင့်အတူ တိုဟူကုမှကျူးရှူးဒေသအထိ ကျယ်ပြန်သောဧရိယာအတွင်း နေရာကွက်၍မိုးသည်းထန်မှုများ၊ မိုးကြိုးများကျရောက်စေနိုင်ကြောင်းသိရသည်။
ယင်းသို့နေရာကွက်၍မိုးကြီးမှုများဖြစ်ပေါ်ခဲ့ပါက မြေပြိုခြင်းများ၊ အနိမ့်ပိုင်းတွင်ရေကြီးခြင်းများ၊ မြစ်ရေတက်ခြင်းများကိုသတိပြုကြရန် အာဏာပိုင်များကပြည်သူများအားသတိပေးထားသည်။ ထို့ပြင် လျှပ်စီးလက်၍မိုးကြိုးပစ်နိုင်သည့်အန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြုရန်လည်း အသိပေးထုတ်ပြန်ထားသည်။
NHK
#နိုင်ငံတကာသတင်း

image
48 w - Translate

◾တာချီလိတ်၌တင်ကျန်နေသည့်နုန်းများထဲမှ လူသေအလောင်းတွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ခဲ့သည့် မကာဟိုခမ်းရပ်ကွက်တွင် ယမန်နေ့(သြဂုတ် ၂၃ ရက်) မွန်းလွဲ ၂ နာရီခန့်ကနုန်းများထဲမှလူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဦးလှမိုးလူမှုကူညီရေးအသင်းထံမှသိရသည်။
မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း ဟုန်တက်ခန်းမဘေး၌ ရေကျသွားချိန်တွင် တင်ကျန်နေသောနုန်းများထဲမှ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး ဦးလှမိုးလူမှုကူညီအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
“အတိကျပြောရတာတော့ခက်ပါတယ်။ ပြောစကားတွေကတော့ သေဆုံးသူကအရက်သောက်ထားလို့ ရေစီးထဲဖြတ်ကူးချိန်မျောပါပြီး နုန်းနွံနေရာမှာပြန်မထနိုင်ဘဲ နစ်မြုပ်သေဆုံးတယ်လို့ပြောတာပဲ” ဟု ဦးလှမိုးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်တာချီလိတ်ရေကြီးမှုမှာ ယမန်နေ့(သြဂုတ် ၂၃ ရက်) တွင် (၁၂)ကြိမ်မြောက်ရေကြီးခြင်းဖြစ်ပြီး လူသေဆုံးမှုမှာ ယခုနှစ်အတွင်းပထမဆုံးသေဆုံးသူဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဦးလှမိုးလူမှုကူညီရေးအသင်း
#ပြည်တွင်းသတင်း

image
48 w - Translate

💅

image

image

ပြင်ဦးလွင် View Point
နှင့် ဒုတ္ထဝတီ​မြစ်

Credit

image

image

image
48 w - Translate

ထီးတစ်လက်ကို
နှစ်ယောက်ဆောင်းရတဲ့အခါ
တစ်ယောက်တည်း လုံနေလို့ မရဘူး။
နည်းတူ တစ်ယောက်တည်းလည်း
အစိုခံ အပူခံလို့ မဖြစ်ဘူး။

ကိုယ့်ဘက်က ပေးဆပ်တဲ့အခါ
တစ်ဖက်ကလည်း ပေးဆပ်ချင်စိတ် ရှိရမယ်။
ဒါကိုမှ မေတ္တာမျှတယ်လို့ ခေါ်တယ်။

#1918a

၀င်ကြေးအခမဲ့နဲ့ ရန်ကုန်နားက သဘာ၀ အရသာ အပြည့် ခံစားနိုင်တဲ့ နိဗ္ဗာန်ဘုံငယ်လေး ☘️

လှိုင်သာယာ ဘုရင့်နောင်တံတားအဆင်း FMI City ထဲမှာ ရှိတာပါ​နော် 🤗

FMI City ထဲကို ၀င်လို့ရတဲ့ ဂိတ်ပေါက် သုံးခု ရှိပြီး Main ဂိတ်ပေါက်ကနေ တည့်တည့်၀င်လာတဲ့ လမ်းဆုံးတာနဲ့ ရောက်ပါပြီ​နော် ☺️

အဓိက‌‌ကတော့ ရေကူးကန်ဖွင့်ထားတာ ဖြစ်ပြီး ဘေးနားမှာတော့ ဧရာမ အလန်းစား အကင်နဲ့ ဘီယာဆိုင်ကြီးရှိပါတယ် 🍺

ရေကူးကန်လက်မှတ်က လူကြီး 7000 ကျပ် နဲ့ လေး‌ပေအောက် က‌‌လေးဆိုရင် 4000 ကျပ်ပါ

တခြားဘာတွေရှိသေးလဲ မေးရင်

✨ LaoTian Hot Plate BBQ 🍜🍻
✨ C Mart 🛒
✨Indoor Plant Shop 🪴
✨စားပွဲတင် တင်းနစ်ခုံ 🏓
✨ဘိလိယက် 🎱
✨ကျယ်ပြန့်တဲ့ မိုးလုံလေလုံ Public Hall Area 🏛️
✨Instagram Spot 🛖
✨ကလေးကစားကွင်း 🛝
✨သဘာ၀လျှောက်လမ်းများ🌳
✨အုန်းပင်တန်း🌴
✨မြက်ခင်းစိမ်းပြင်ကျယ်🍃
✨Hikari Pre School 💒
✨ GXL Mart 🏪
✨သွားဆေးခန်း 🏥

MTV တို့ Vlog တို့လည်း လာလာရိုက်ကြပါတယ်​နော် 😜

Instagram Spot တွေလည်း အများကြီးရှိတာ‌မို့ ကိုယ့် Skill ကောင်းရင် ကောင်းသလို Photo လှလှလေးတွေလည်း အများကြီး စိတ်တိုင်းကျ ရိုက်လို့ရမှာသေချာပါတယ်​နော် 📸

𝐅.𝐌.𝐈 𝐒𝐰𝐢𝐦𝐦𝐢𝐧𝐠 𝐏𝐨𝐨𝐥, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
☎️𝐏𝐡𝐨𝐧𝐞-𝟎𝟗𝟖𝟖𝟕𝟕𝟕𝟗𝟎𝟑𝟎

#သွားမယ်&တည်းမယ်
#myanmartravel

image
image
image
image
image

ကြက်ဥကို ဒီလိုကြော် စားကောင်းတယ် 😋
ကြက်ဥကြော် ငရုတ်သီးဆော့စ်ဆမ်း လုပ်နည်း

​ဘာလို့အခုမှ သိရတာလဲ။ ကြက်ဥကို ဒီလိုလုပ်စားရင် တကယ်ကောင်းတယ်နော်။ ပြုလုပ်နည်းကတော့ 👇

* ​ကြက်ဥ ၇ လုံးကိုပြုတ်ပါ။
* ကြက်ဥပြုတ်ကို အခွံနွှာပြီး ကြော်ပါ။

​ကြက်ဥကြော်နည်း.......
အကြော်မှုန့် ၁ ဇွန်းကို ဆီပူပူထဲ ထည့်ဖျော်ပြီး ကြက်ဥပြုတ်ကို ထည့်ကြော်ပါ။ ဒီလိုကြော်ရင် ကြော်ရလွယ်ပြီး ဆီလည်းမပူပါဘူး။ ရွှေဝါရောင်လှလှလေးလည်း ထွက်လာပါတယ်။
​ကြက်ဥအအေးခံပြီးတာနဲ့ ထက်ခြမ်းခြမ်းကာ ပန်းကန်ထဲ လှလှပပစီပါ။

​ဆော့စ်လုပ်နည်း........

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပါ။
ဆော့စ်လုပ်မယ့်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။
ပြီးရင် ကြက်သွန်ဖြူနုပ်နုပ်စင်း ၁ ဇွန်းထည့်ကာ မွှေးလာအောင် ဆီသတ်ပါ။
အစိမ်းရောင်နှင့် အနီရောင်ငရုတ်သီး ၁၀ တောင့်ကို လှီးထည့်ကာ အတူတူမွှေပါ။
ရေ ၂၀၀ မီလီလီတာထည့်ပါ။
ခရုဆီ ၁ ဇွန်း
ပဲငံပြာရည်အဖြူ ၁ ဇွန်း
ထန်းလျက် ၂ ဇွန်း
မန်ကျည်းမှည့်အနှစ် ၂ ဇွန်း
ငံပြာရည် ၁/၂ ဇွန်း
ဟင်းခတ်မှုန့် ၁/၂ ဇွန်း
ဆော့စ်ပျစ်လာသည်အထိ မွှေပေးပါ။
နံနံပင် ၂ ပင်ကိုလှီးထည့်ပါ။

ပူပူနွေးနွေး ဆော့စ်ပျစ်ပျစ်လေးရပြီဆိုတာနဲ့ ကြက်ဥထက်ခြမ်းခြမ်းကြော်ထားတာပေါ်ကို ဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

MON SOUNG
#ကြက်ဥကြော်
#ငရုပ်သီးနှစ်ကြက်ဥကြော်
#monsoung
#crd_to_owner_with_respect

image