အိုးကပ်ဖက်ထုပ်♡
Pan fried Dumplings (Guo Tie)
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။Dimsumတွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။နှစ်သက်ရာအသားဖြင့်ပြုလုပ်နိုင်ပြီးအဓိကမှာအပြင်အခွံသားဖြစ်ပါတယ်။ဖက်ထုပ်ပြုလုပ်နည်းအမျိုးမျိုးရှိတဲ့အပေါ်မှာဖက်ရွက်မှာလည်းလုပ်နည်းကွဲပြားမှုများရှိပါတယ်။အိုးကပ်ဖက်ထုပ်ပြုလုပ်ရန်သင့်တော်သောဖက်ပြုလုပ်နည်းမျှဝေပေးလိုက်ပါတယ်။
အိုးကပ်ဖက်ထုပ်ရွက်ပြုလုပ်ပုံ
*****************
(၂၅ခုစာ)
ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ရေဆူ - ၁၂၀ ml
ဆီ - တစ်ဇွန်း စားပွဲဇွန်း
ဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျုံ)
ပြင်ဆင်ပြုလုပ်ပုံ
*******
1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။
2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။
3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။
4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့့်ပါ။
5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
❀ အများအပြားထပ်မထားရကပ်သွားတတ်သည်။
ပါဝင်ပစ္စည်း
*****
ဖတ်ထုပ်ရွက် - ၂၅ရွက်
ကြက်သား - ၁၅၀ ဂရမ်
မုန်ညင်းဖြူ - ၄ရွက်
ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်
ဆား - တစ်ဇွန်း (လ္ဘက်ဇွန်း)
သကြား- ဇွန်းတဝက်
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ဂျင်း - သေးသေးစိတ် တစ်ဇွန်း
နှမ်းဆီမွေး - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
*******
1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။
2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။
(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)
3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။
4.အားလုံးထုပ်ပြီးသွားပါကရေနွေးအိုးတလုံးတည်ထားပါ။
5.ဆူပွက်ပါကထုပ်ထားသောဖက်ထုပ်လေးများကိုထည့်ပြီးတမိနစ်ခွဲခန့်ပြုတ်ပြီးဆယ်ယူရေစစ်ထားပါ။
6.အိုးကပ်ဖက်ထုပ်ပြုလုပ်ရန်အိုးမကပ်သောဒယ်တွင်ဆီအနည်းငယ်ထည့်ပြီးအပူပေးပါ။
7.ပြုတ်ထားသောဖက်ထုပ်လေးများကိုစီထည့်ပေးကာအနေတော်မီးဖြင့်ကြော်ပေးပါ။ရေတဇွန်းထည့်ပေးပြီးရေခမ်းဆီပြန်အနည်းငယ်ရွှေရောင်သမ်းလာပါကပန်းကန်တွင်ပြောင်းထည့်ကာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀ အိုးကပ်ဖက်ထုပ်ပြုလုပ်ရာတွင်နည်းနှစ်နည်းဖြင့်ပြုလုပ်နိုင်ပါတယ်။ရေနွေးတွင်မပြုတ်ဘဲအစိမ်းကိုတိုက်ရိုက်အိုးတွင်စီထည့်ပြီးပြုတ်ကြော်ပုံစံလည်းပြုလုပ်နိုင်ပါတယ်။ရေနွေးဖြင့်ပြုတ်ပြီးလုပ်သောနည်းမှာပိုနူးညံ့ပါတယ် ။
အချဉ်ပြုလုပ်နည်း
*********
အချဉ်ရည်(ပန်းသီး) - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - ၂ဇွန်း
ရေ - ၃ဇွန်း
သကြား - တစ်ဇွန်း
ဂျင်း - လက်နှစ်ဆစ်(အမျှင်)
နံနံပင် - နှစ်ပင်
နှမ်းလှော်ထောင်း - တစ်ဇွန်း
ပါဝင်ပစ္စည်းများအားလုံးကိုရောစပ်ပြီးအပေါ့အငံပြုပြင်ပြီးတွဲဖက်တည်ခင်းနိုင်ပါပြီ။
#မြိန်မြိန်
#crd

image
18 w - Translate

Mavka The Forest Song (2023)

ဒီတစ်ခေါက်မှာတော့ The Forest Song ဆိုတဲ့ပြဇာတ်လေးကိုအခြေခံပြီးတင်ဆက်ထားတဲ့ "Mavka The Forest Song"ဆိုတဲ့ကာတွန်းကားလေးကို
အပန်းပြေကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်းအရာလေးကတော့ မာဗကာဟာ တောထဲကအစောင့်အရှောက်နတ်မိမယ်လေးဖြစ်ပြီးတော့အရမ်းကိုရိုးအလွန်းပြီး
စိတ်ကောင်းရှိတဲ့သူလည်းဖြစ်၊ ကြင်နာတတ်တဲ့သူလည်းဖြစ်ပါတယ် မာဗကာတိုရဲ့တောကို တစ်ချိန်တုန်းကလောဘစိတ်မွှန်နေတဲ့လူသားတွေ
တိုက်ခိုက်ပြီးအန္တရာယ်ဖြစ်ခဲ့ဖူးတာကြောင့် လူသားတွေကို လုံးဝတားမြစ်ခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်ပါတယ် လူးကတ်စ်ကတော့ ဂီတကိုချစ်မြတ်နိုးတဲ့
လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ နာမကျန်းဖြစ်နေတဲ့ဦးလေးဖြစ်သူကို ဆေးကုဖိုအတွက်ငွေလိုနေတဲ့သူပါ

ဒီလိုနဲ့တစ်ရက်မှာတော့မြိုထဲကိုလူချမ်းသာအမျိုးသမီးတစ်ယောက်ရောက်လာပြီးတော့ ဒီတောထဲကိုသွားပြီး သူရှာခိုင်းတဲ့သစ်ပင်ကိုရှာနိုင်ရင်ငွေတွေအများကြီးပေးမယ်လို ကမ်းလှမ်းလာပါတယ် ငွေလိုနေတဲ့လူးကတ်စ်တစ်ယောက်ဘယ်လိုဆက်သွားမလဲဆိုတာကြည့်ရှူ့ကြည့်လိုက်ပါအုံးနော်....
#crd

image
18 w - Translate

ခုရက်ပိုင်းနေကောင်း:လာပြီမို့ပိန်သွားပြီးပိုလှလာတဲ့ ချစ်သက် 💛
ချစ်သက်ကတော့ သူ့ထုံးစံအတိုင်းပန်းမြင်ရင်မနေနိုင်ဘူးနော် စက္ကူပန်းလေးတွေကြားလှနေတာ

image

ကျိုက်ထီးရိုးဘုရားပွဲမှ ပြန်လာသည့် Light Truck ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိရာ (၁၂) ဦး ဒဏ်ရာရ

ဇန်နဝါရီ ၈

ကျိုက်ထီးရိုးဘုရားပွဲမှ ပြန်လာသည့် Light Truck ယာဉ်တစ်စီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံပန်းခြံအနီး၊ ခရေပင်လမ်းမပေါ်တွင်အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိရာ (၁၂) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက် နေ့လည် ၃ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံပန်းခြံအနီး၊ ခရေပင်လမ်းမပေါ်တွင် Light Truck ယာဉ် ၁ စီးသည်အရှိန်လွန်၍ လမ်းဘေးသစ်ပင်အားတိုက်မိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ Yangon Rescue Organization (YRO) ၏ အဖွဲ့ဝင်” မြသီတာ-လူ မှုကူညီရေးအသင်း(မင်္ဂလာဒုံ)၊ မာတာ- လူမှုကူညီရေးအသင်း(မင်္ဂလာဒုံ)”တို့မှ စေတနာ့ဝန်ထမ်းများနှင့်အတူ ကြယ်စင်မေတ္တာ-လူမှုကူညီရေးအသင်း (ဓညင်းကုန်း) တို့မှ လာရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုးဘုရားကနေပြန်လာတဲ့ကား။ သစ်ပင်တိုက်မိတာ။ ယာဉ်လည်းပျက်စီးသွားတယ်” လို့ မြေပြင်အား သွားရောက်ကူညီသည့် Yangon Rescue Organization(YRO) အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုယာဉ်တိုက်မှုကြောင့် အမျိုးသား ၅ ဦး၊အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
+4
18 w - Translate

"ဘာယူရမလည်း တွေးနေတဲ့ မျက်လုံးတွေက...
ဘာပေးရမလဲ တွေးနေတဲ့ နှလုံးသားကို
မမြင်တတ်ကြဘူး။"
#စာတို

ချန်ခဲ့သူလဲ ကမ္ဘာတွေပျက်...
ကျန်ခဲ့သူလဲ ကမ္ဘာတွေပျက်...
ငါတို့ရဲ့ သောက်တစ်လွဲ ရေစက်။
#စာရယ်ကဗျာရယ်

18 w - Translate

#ဘိုင်ရာဗာမင်းသားရဲ့အဖေမင်းသားကြီးရဲ့ရှယ်ကြမ်းတဲ့ကား
Wal...tair Vee...ray...ya [ 2023 ]

ဒီတစ်ခေါက်မှာတော့ ဇာတ်ကြမ်းကားကောင်းလေးဖြစ်တဲ့ အိန္ဒိယကားလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့

ဆော်လမွန်ဆီဇာဆိုတဲ့မူးယစ်ရာဇာတစ်ယောက်ဟာသူ့ကိုဖမ်းထားတဲ့ရဲစခန်းကနေ ရဲအရာရှိအားလုံးကို
သတ်ဖြတ်ပြီးထွက်သွားတာကြောင့်
စခန်းမှူးစေသူပသီက လက်စားချေချင်နေပါတယ်

ဒါပေမယ့် ဆော်လမွန်ရဲ့နောက်မှာ သူ့အစ်ကို မိုက်ကယ်ဆီဇာက ထောက်ပံ့ပေးထားတဲ့အတွက် သာမန်စခန်းမှူးတစ်ယောက်က ဖမ်းနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး

အဲဒါကြောင့် လူမိုက်တွေတောင်ကြောက်ရတဲ့သူဖြစ်တဲ့ ဝါတီဗီရာရာကို အလုပ်အပ်လိုက်ပါတယ်

ဆော်လမွန်တို့ညီအစ်ကိုကို ဖမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ရဲတွေကတောင်သတ်မှတ်ထားတဲ့အလုပ်ကြီးကို
လူမိုက်တစ်ယောက်ဖြစ်တဲ့ ဗီရာရာကဖမ်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

#crd

image

fashion

ပန်းဘဲတန်းမှာ ရွှေဆိုင်ဓားပြတိုက်ခံရလို့ ငွေသိန်း ၅၀၀နဲ့အတူ ရွှေပိဿာချီပြီးပါသွား

ဇန်နဝါရီ ၈

ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်ဘလောက်၊ အမှတ်(၁၁၀)ပထမထပ်မှာဖွင့်ထားတဲ့ " ရွှေချစ်သူ" ရွှေဆိုင်မှာ ဒီနေ့ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက ဆိုင်အတွင်းဝင်ရောက်ဓားပြတိုက် လုယက်ခံခဲ့ရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လုယက်ခံရမှုဖြစ်စဥ်ကြောင့် ငွေသားသိန်း၅၀၀ အပါအဝင် ရွှေထည်ပစ္စည်း ပိဿာနဲ့ချီပြီး လုယက်ခံလိုက်ရကြောင်း ကနဦးသတင်းအရသိရပြီး လုယက်ခံရတဲ့ပစ္စည်းအရေအတွက်နဲ့တန်ဖိုးအတိအကျကိုစစ်ဆး တွက်ချက်နေဆဲဖြစ်တယ်လို့သိရပါတယ်။

" ဆိုင်ကပထမထပ်မှာ ဖွင်ထားတာဆိုတော့အပေါ်မှာဖြစ်နေတာ အောက်ထပ်ကမသိရဘူး။ အောက်ထပ်ဖြစ်နေရင်တော့ဆိုင်တွင်းဆိုတော့ချက်ခြင်းသိဖို့ခက်တယ်။အခုလည်းသူတို့ဓားပြတိုက်ခံရပြီးတော့ပြောကြဆိုကြတော့မှသိကြတာ။ပြောတာတော့ ခုနပြောသလိုသိန်း၅၀၀ လည်းပါသွားတယ်။ ရွှေတွေလည်းပါသွားပေမယ့် တန်ဖိုးအတိကျတော့ သူတို့လည်းသေချာတွက်ပြီးမှသိမှာလေ ။ လုတာကတော့ သုံးယောက်ဝင်လုသွားတာပြောတယ်။" လို့ ရွှေဆိုင်အနီးနေထိုင်တဲ့ဒေသခံကပြောပါတယ်။

ဖြစ်စဥ်ကတော့ မနက် ၉ နာရီကျော်လောက် ရွှေဆိုင်ဖွင့်ချိန်မှာ အမျိုးသားသုံးယောက် ဆိုင်အတွင်းရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာရွှေထည်နဲ့ငွေသားကို လုယက်ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။

ရွှေဆိုင်လုယက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် တွေရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်ကာ လုယက်သူတွေကိုဖမ်းဆီးရမိရေး လုပ်ဆောင်နေပေမယ့် ခုထိတော့မမိသေးဘူးလို့သိရပါတယ်။

အောက်တိုဘာလတုန်းကလည်းရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ကား လုယက်ခံရပြီး ကားပေါ်ပါလာတဲ့ရွှေပိဿာချိန် ငါး ပိဿာ ပါသွားတယ်လို့ သိရပါတယ် ။

မေလတုန်းကလည်း တာမွေမြို့ နယ်က TK ရွှေဆိုင် ဓားပြတိုက် လုယက်ခံရပြီး ရွှေထည်ပစ္စည်း ၁၉ ကျပ်သားနဲ့ငွေသိန်း ၆၅၀ ကျော်ပါသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ထဲက ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေ ၃ ပိဿာကျော် လုယက်ယူဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ ကလည်း ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင် "ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီးကျပ်သိန်းပေါင်းသောင်းချီတန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေပါသွားတယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ယနေ့ ရွှေစျေး၊ ဒေါ်လာစျေး၊ ဘတ်စျေး အားလုံး ပြန်စတက်ပြီ
(ဇန်နဝါရီလ ၈ ရက်၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ်)
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4490 – 4560
စင်ကာပူဒေါ်လာ 3250 – 3310
ဥရောပယူရို 4620 – 4720
ဂျပန်ယန်း 28.22 – 28.78
တောင်ကိုရီးယားဝမ် 3.07 – 3.13
‌အိန္ဒိယရူပီး 52.02 – 53.05
ယူအေအီး 1215 - 1240
မလေးရှားရင်းဂစ် 992 – 1012
တရုတ်ယွမ် 609 – 621
ထိုင်းဘတ် 129.03 – 131.58
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,350,000
ဝယ်စျေး 6,300,000
၁၅ ပဲရည်
ရောင်းစျေး 5,970,000
ဝယ်စျေး 5,920,000
မှတ်ချက် - အထက်ပါ စုစည်းတင်ပြထားသော နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် အချိန်နှင့် တပြေးညီ အပြောင်းအလဲ ရှိနိုင်ပါသည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
#crd

image