Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သံလမ်းမှတ်တိုင်အနီးမှာ ယာဉ်သုံးစီးဆင့်တိုက် တစ်ဦးသေဆုံး
ဇူလိုက်လ ၇ ရက်
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ သစ္စာလမ်းထောင့် သံလမ်းမှတ်တိုင်အနီးမှာ ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့ မနက် ၈နာရီ ၄၅မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
Alphard အဖြူရောင် ယာဉ်တစ်စီးဟာ အခြားကားနှစ်စီးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အရှိန်မများဘူး Alphard ယာဉ်မောင်းက ယာဉ်တိုက်မှု မဖြစ်ခင်ကတည်းက ရောဂါအခံနဲ့ ဆုံးသွားပြီး ဝင်တိုက်မိတာဖြစ်နိုင်တယ်၊ ကြီးကြီးမားမား ထိခိုက်မိတာ မရှိကြပါဘူး”လို့ အဲဒီအကြောင်း သိရှိထားသူ တိုက်ကြေကားGroup နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကို မိုးစေတနာ ပရဟိအသင်း (ရန်ကုန်)က သွားရောက် ကူညီပေးခဲ့ပြီး အသက်ဆုံးပါးသွားသူ Alphard ယာဉ်မောင်းကို စံပြဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မိုးစေတနာပရဟိတအသင်း
credit
တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၀
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ(၇၆)ရှိ သန်းထွေးအောင်(ခ)ခေါကြီး ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရှာဖွေရာ ၎င်းနှင့်အတူ မချောချောဦး(ခ)မစု နှင့် အောင်နိုင်ထွန်းဦး တို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။