Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Over 1,000 firefighters continue to battle a wildfire in California that has scorched nearly 67,000 acres, prompted evacuation orders and caused three injuries, according to officials.
The Gifford Fire, which began on Friday afternoon, is situated within the Los Padres National Forest in Solvang, California, impacting those within Santa Barbara and San Luis Obispo counties, officials said. As of Monday, the fire has engulfed 65,062 acres and is only 3% contained, according to Cal Fire.
Read more: https://abcnews.visitlink.me/p9Gnf3
◼ တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့်အိန္ဒိယရေတပ် ပထမဆုံး ပူးတွဲ ခုတ်မောင်း
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် က နယူးဒေလီသို့ နိုင်ငံတော် အလည်အပတ်ခရီးထွက်ခွာသွားချိန်မှာပင် ဖိလစ်ပိုင်နှင့် အိန္ဒိယရေတပ်တို့က တောင်တရုတ်ပင်လယ်တွင် ပူးတွဲ ခုတ်မောင်းခဲ့ကြကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားသည်။
အဆိုပါရေလမ်းကြောင်းတွင် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်ကြောင်း ကျယ်ပြန့်သော ပြောဆိုမှု များကို တန်ပြန်ရန် စာချုပ်မဟာမိတ် အမေရိကန်အပြင်၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ကနေဒါ နှင့် ပူးတွဲခုတ်မောင်းသွားလာမှုများ အပါအဝင် နိုင်ငံရပ်ခြားရေတပ်များနှင့် ပူးပေါင်းလှုပ်ရှားမှုများကို ဖိလစ်ပိုင်က ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှ စတင်လုပ်ဆောင်ခဲ့သည်။
ယမန်နေ့က စတင်ခဲ့သည့် နှစ်ရက်ကြာပူးတွဲခုတ်မောင်းသွားလာမှု စိတ်ကူးကို မတ်လက ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယစစ်ဘက်အကြီးအကဲ နှင့် တွေ့ဆုံချိန်က ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်အတွင်းမှာပင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်အကြီးအကဲ ရိုမီရို ဘရောင်နာက ပြောကြားသည်။
“ မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ကျွန်တော်တို့ မကြုံခဲ့ပါဘူး။ ဒါပေမယ့်လည်း မျှော်လင့်ထားသလိုပဲ ကျွန်တော်တို့ကို နောက်ယောင်ခံခဲ့တဲ့ သူတွေရှိပါတယ်။” ဟု တရုတ် အား နာမည်တပ်ခြင်းမရှိဘဲ ဘရောင်နာက သတင်းထောက်များအား ပြောကြားသည်။
နယ်မြေဒေသနှင့် ရေကြောင်းအငြင်းပွားမှုများအား တိုက်ရိုက်ပတ်သက်သော နိုင်ငံများကြားတွင်သာ ဖြေရှင်းသင့်ကြောင်းနှင့် ကြားနိုင်ငံများ မပါဝင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားသည်။
နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးတွဲ ခုတ်မောင်းသွားလာမှုတွင် အိန္ဒိယနိုင်ငံမှ ပဲ့ထိန်း ဒုံးကျည် တပ်သင်္ဘောတစ်စီး၊ ရေနံတင်သင်္ဘောတစ်စီး နှင့် စစ်ရေယာဉ်တစ်စီး ပါဝင်ခဲ့ကာ ဖိလစ်ပိုင်ရေတပ် မှ ဖရီးဂိတ်နှစ်စီးနှင့် အခြား စစ်ရေယာဉ်နှစ်စီး ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းပူးတွဲ လေ့ကျင့်မှုသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်၏ ငါးရက်ကြာအိန္ဒိယခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။ ရေကြောင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုအပြင် ကာကွယ်ရေး၊ ဆေးဝါးလုပ်ငန်း ၊ စိုက်ပျိုးရေးလုပ်ငန်း တို့တွင်လည်း အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း မားကို့စ်က ပြောသည်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ ပင်လယ်ပြင် စီးပွားရေးဇုန်များလည်း ပါဝင်သော တောင်တရုတ်ပင်လယ်တစ်ခုနီးပါးအား တရုတ် က သူပိုင်အဖြစ် ပြောဆိုနေသည်။
တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှု ပြောဆိုခြင်းများမှာ နိုင်ငံတကာဥပဒေအခြေခံမရှိကြောင်း ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေးတရားရုံး တစ်ရုံးက ဆုံးဖြတ်ထားသော်လည်း တရုတ်က ပယ်ချထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◼ အမေရိကန်အထူးကိုယ်စားလှယ် ဝစ်ကော့ဖ် ယခုသီတင်းပတ်တွင် ရုရှားသွားမည်ဟု ထရန့်အတည်ပြု
အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်သည် ယခုသီတင်းပတ်အတွင်း ရုရှားသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အတည်ပြုလိုက်ပြီး ယင်းမှာ မော်စကိုအပေါ်သို့ တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု ၎င်းခြိမ်းခြောက်ထားသော နောက်ဆုံးရက် မတိုင်မီကာလဖြစ်သည်။
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် နှင့် အွန်လိုင်းအငြင်းပွားမှု ဖြစ်ပွားပြီးနောက် နေရာယူထားရန် ၎င်းအမိန့်ပေးထားသော နျူကလီးယား ရေငုပ်သင်္ဘောနှစ်စီးလည်း ဒေသတွင်း၌ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ထရန့် က သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ပြောကြားသည်။
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ခြေလှမ်းများအား စတင်လုပ်ဆောင်ရန် နှင့် သို့မဟုတ်ပါက လာ မည့် သီတင်းပတ်ကုန်၌ အတိအကျဖော်ပြမထားသော တားဆီးပိတ်ဆို့မှု အသစ်များရင်ဆိုင်ရမည်ဟု ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားစဉ် အဆိုပါနျူကလီးယားဟန်ရေးပြမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အိမ်ခြံမြေ လုပ်ငန်းရှင်နှင့် အထူးကိုယ်စားလှယ် ကိုယ်စားလှယ် ဝစ်ကော့ဖ်သည် ယခုသီတင်းပတ်အတွင်း ဗုဒ္ဓဟူး သို့မဟုတ် ကြာသပတေးနေ့တွင် ရုရှားသို့ သွားမည်ဖြစ်ကြောင်း ရီပက်ဘလေကန်ခေါင်းဆောင် ထရန့်က ပြောကြားသည်။
ကရင်မလင်နှင့် ဆက်ဆံရေးအား ပြန်လည်ပြင်ဆင်ရန် ဒေါ်နယ်ထရန့်၏ ကြိုးပမ်းမှုများ ရပ်တန့်မသွားခင်က အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်သည် မော်စကိုသို့ ကြိမ်ဖန်များစွာ သွားရောက်၍ ရုရှားခေါင်းဆောင်အား တွေ့ဆုံခဲ့သည်။
ဝစ်ကော့ဖ်က မော်စကိုသို့ မည်သို့သော သတင်းစကားဆောင်ကြဉ်သွားမည်နည်း ၊ တားဆီးမှုများ ရှောင်လွှဲနိုင်ရန် ရုရှားအနေဖြင့် လုပ်ဆောင်နိုင်တာ ရှိပါသလားဟု သတင်းထောက်များက မေးမြန်းရာတွင် ထရန့်က “ သူတို့လုပ်နိုင်တာရှိပါတယ်။ လူတွေ သေဆုံးနေတဲ့ နေရာမှာ သဘောတူညီချက် ရယူလိုက်ဖို့ပါ။” ဟု ထရန့် က ပြန်ကြားခဲ့သည်။
အရေးယူမှု အသစ်များထဲတွင် ရုရှားနိုင်ငံမှ ရေနံများ ဆက်လက်ဝယ်ယူနေသော တရုတ် နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများထံမှ လာရောက်သော ကုန်ပစ္စည်းများအပေါ် ကြီးလေးသော တစ်ဆင့်ခံအခွန်များ ချမှတ်ခြင်းလည်း ပါဝင်နိုင်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယင်းမှာ ရုရှားကို အကြပ်ရိုက်သွားစေနိုင်သော်လည်း နိုင်ငံတကာကုန်သွယ်ရေးတွင်လည်း ပြတ်တောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု အေအက်ဖ်ပီသတင်းက ဆိုသည်။
ဝါရှင်တန်ထံမှ ဖိအားများရှိနေသော်လည်း ရုရှားက ၎င်းတို့အနီးမှ အနောက်တိုင်းလိုလားသော အိမ်နီးချင်းအား ဆက်လက်၍ စစ်ဆင်နွှဲနေသည်။
ရုရှားက ငြိမ်းချမ်းရေးကို လိုလားပါကြောင်း သို့သော်လည်း သုံးနှစ်ခွဲနီးပါး ကြာမြင့်လာပြီဖြစ်သောစစ်ပွဲအား အဆုံးသတ်ရေးအတွက် ၎င်း၏ တောင်းဆိုချက်များမှာ မပြောင်းလဲဘဲ နဂိုအတိုင်းပင်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့က ပြောကြားသည်။
“နှစ်နိုင်ငံစလုံးရဲ့လုံခြုံရေးသေချာစေမယ့်၊ ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးကို စိတ်ကျေနပ်စေမယ့် ခိုင်မာတဲ့အုတ်မြစ်တွေအပေါ် အခြေခံထားတဲ့ တည်ငြိမ်ပြီး တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို မိမိတို့ လိုအပ်ပါတယ်။” ပူတင်က သတင်းထောက်များအား ပြောကြားသည်။
ရုရှားတို့ဖက် က တောင်းဆိုထားသော အချက်များမှာလည်း အတူတူပင်ဖြစ်ကြောင်း ပူတင်က ဆက်ပြောသည်။
မော်စကိုက တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသလေးခုအား ယူကရိန်းကစွန့်လွှတ်ရန် ရုရှားက မကြာခဏပြောဆိုလေ့ရှိပြီး ယင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ယူကရိန်းဖက် က တုံ့ပြန်ပြောကြားသည်။
ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ထဲ ဝင်ရောက်မည့် ရည်မှန်းချက်ကို စွှန့်လွှတ်ရန် လည်း မော်စကိုက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် ရွှေ့ပြောင်းလုပ်သား ၄၆ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ရက်ခ်ရှိ ဖျော်ဖြေရေးကလပ်နှစ်ခုကို ဩဂုတ် ၃ ရက် နံနက် ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၁၇ ဦးအပါအဝင် ၄၆ ဦးကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘန်ရက်ခ်ရဲစခန်း ဆိုင်ဘာရဲတပ်ဖွဲ့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ပါဝင်သည့်ပူးပေါင်းတပ်ဖွဲ့သည် ဘန်ရက်ခ်ရှိမြန်မာ ကလပ်နှစ်ခုအား တရားမဝင်ဖွင့်လှစ်ထားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အချိန်ပိုဖွင့်လှစ်မှုများကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း စမွတ်ဆာခွန်ခရိုင် ထာချင်မြို့ရှိ မြန်မာအသိုင်း အဝိုင်းများ၏ ဖျော်ဖြေရေးနေရာများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေခဲ့သည်။ ထို့နောက် ဘန်ရက်ခ်ခရိုင်ရှိ မြန်မာအလုပ်သမားများစုဝေးရာ ဖျော်ဖြေရေးနေရာများကို အသေးစိတ်စုံစမ်းခဲ့ပြီးနောက် ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
ဘန်ရက်ခ်ရှိ Phaan(ဖာအံ) ကလပ်တွင် အီလက်ထရွန်နစ်စီးကရက် ၂၄ ခု၊ ဆေးခြောက် ၁၅ လိပ်နှင့် မြန်မာဆေးလိပ် ရှစ်လိပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလုပ်ရှင်အမည်နှင့် အလုပ်နေရာကို ၁၅ ရက်အတွင်း မှတ်ပုံတင်ရုံးသို့ အကြောင်းကြားရန် ပျက်ကွက်မှုဖြင့် လူ ၁၃ ဦး၊ နေထိုင်ခွင့်ကာလ ကျော်လွန်နေသူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင်တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်လာသူတစ်ဦးနှင့် ကလပ်ပိုင် ရှင်ကို လိုင်စင်မရှိဘဲဖွင့်လှစ်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒုတိယကလပ်ဖြစ်သည့် Skybar တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ ဦးကို တွေ့ရှိကာ ဖမ်းဆီးခဲ့ပြီး မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပါ။
ဖျော်ဖြေရေးကလပ်နှစ်ခုမှ ဖမ်းဆီးခဲ့သူများကို ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ထားသည်။