31 w - Translate - Youtube

I FINALLY FOUND PERFECT BUILD FOR GUSION 2025!! (must abuse this💀)

ကြက်ဉငရုတ်သီးစိမ်းဆော့

ကြက်ဉ(သို့)ဘဲဉကိုပြုတ်ပါ နှစ်ခြမ်းခွဲထား ငရုတ်သီးစိမ်းကြက်သွန်ဖြူနံနံပင်အမြစ်(သို့)အပင် သကြား ဟင်းခပ်မူန့်နဲနဲတို့ကိုထောင်း ညက်ရင် ငံပြာရည် သံပုရာရည်ထည့်မွှေ ကြက်ဉပြတ်သို့လောင်းချ ရပါပြီရှင်

image

တစ်မျိုးထဲနဲ့စားမြိန်စေမယ့် ဇရစ်ရိုးအစပ်ချက်

ဇရစ်ရိုးကို ကြော်တာအပြင်ဘယ်လိုချက်စားလို့ရသေးလဲဆိုတော့
ပုဇွန်ခြောက်အရသာချိုချို ငရုတ်သီးပူပူ နဲ့ အရည်စပ်စပ်လေး
အဲ့လိုလေး ချက်စားကြည့်ကြပါနော် 👇🏻



👆🏻 နှိပ်ပြီး ချက်နည်းအသေးစိတ်ကြည့်ရှုပါရန် ✨

31 w - Translate - Youtube

iPad Pro m4 😍 PUBG HANDCAM Smooth + 120 FPS 🔥 pubg test / Gameplay/ Best sensitivity

31 w - Translate - Youtube

🥵 NEW BEST AGRESSIVE RUSH GAMEPLAY with/ MUMMY Set 🔥 Pubg Mobile

31 w - Translate - Youtube



ယနေ့အထိကောင်းနေဆဲ Heat

တစ်ဖက်သက် အချစ် ဆိုတာ ဘယ်လိုမျိုးလဲ ၊ ကိုယ်ချစ်တဲ့သူက ပြန်မချစ်တာတောင် ကိုယ်က သူအတွက် ဘာမဆို ပေးဆပ်နိုင်တဲ့ အချစ်မျိုးလား။
ဒီနေ့တော့ ထိုင်း အချစ်ကားလေး တစ်ကားလေးမိတ်ဆက်ပေးပါမယ်။အောက်ဆုံးမှာ ဇာတ်ကားနာမည် နှင့် လင့်ပါပါတယ်နော်။
ကုမ္ပဏီ တစ်ခုမှာ သူတို့ အကူအညီလိုတဲ့ အချိန်ကလွဲပြီး ဘယ်သူမှ သူရှိမှန်းတောင် သတိမထားမိတဲ့ အိုင်တီ ဌာန က ဒင်ချိုင် ဆာ၀ပဲဒါးနော့၊ ဘယ်သူမှလည်း သူ့ကို အပေါင်းအသင်းမလုပ်တဲ့အပြင် သူ့ကိုလည်း ကုမ္ပဏီ လုံခြုံရေးကတောင် နှစ်အတော်ကြာလုပ်လာတဲ့ သူ့ကို မမှတ်မိပါဘူး။ဒီတော့ သူ့ဘ၀က ဘယ်သူ့ကမှ အပေါင်းအသင်းမလုပ်၊သူ့ပုံစံနဲ့လည်း ရည်းစားရဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ တစ်နေ့နဲ့တစ်နေ့က မိတ္တူကူးထားသလို ထပ်တူ‌ကြနေပါတယ်။
တစ်ရက်မှာ မားကတ်တင်းပိုင်းက ကွန်ပျူတာ တစ်လုံး အဆင်မပြေလို့ ဒင်ချိုင်ကို သွားကြည့်ခိုင်းပါတယ်။အဆင်မပြေဖြစ်နေတာကတော့ "နူဝီ ပါစာပါရာ ဝါတာနာ" ဆိုတဲ့ကောင်မလေးရဲ့ ကွန်ပျူတာပါ။ဒင်ချိိုင် ပြင်ပေးနေတုန်း နူဝီကတော့ သူ့ပုံစံအတိုင်းပဲ ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြီး ပြောသလို ဒင်ချိုင်ကို ပြောလိုက်တာဆိုပေမယ့် ဒင်ချိုင်အတွက်ကတော့ သူ့နာမည်ကို သတိထားမိလိုက်တာတင် နူ၀ီကို ချစ်မိသွားပါတယ်။ဒင်ချိုင်က အဲ့နေ့စပြီး နူဝီ ကားပါကင် ရှာရတာ မကြာအောင် မနက်အစောကြီးထပြီး ကားပါကင်ယူပေးထားပါတယ်။ပြီးတော့ သူကြိုက်တဲ့ ရှေ့ခေတ်သီချင်းတွေကို နူဝီမသိအောင် နူဝီ ကွန်ပျူတာထဲ ထည့်ပေးပါတယ်။ပြီးတော့ နူဝီ ဆော့နေကြ ဂိမ်းကိုလည်း သူ့ မသိအောင် ဝင်ပြီး ကူဆော့ပေးထားပါတယ်။ဒါတွေအကုန်လုံး လုပ်နေပေးတာကို နူဝီကတော့ မသိပါဘူး။
တကယ်တမ်း နူဝီက ကုမ္ပဏီက သူဌေးနဲ့ ချစ်ကြိုက်နေကြတာဖြစ်ပြီးတော့ သူဌေးမှာလည်း မိန်းမနဲ့ ကလေးရှိပါတယ်။မြန်မာတွေပြောသလိုဆိုရင် နူဝီက တိတ်တိတ်ပုန်း ချစ်သူဖြစ်နေတာပေါ့။နူဝီက သူ့သူဌေးမှာ မိန်းမရော ကလေးရောရှိတာသိပေမယ့် သူဌေးက နူဝီနဲ့ လက်ထပ်ဖို့ ကွဲရှင်းပေးမယ်ဆိုပြီး ပြောထားတော့ စောင့်နေတာမျိုးဖြစ်ပါတယ်။ဒါတွေကို ဒင်ချိုင်က သိနေပေမယ့်လည်း သူကတော့ နူဝီကို ချစ်နေတုန်းပါပဲ။နောက်တော့ ကုမ္ပဏီက အပျော်ခရီးထွက်တဲ့ အနေနဲ့ နူဝီသွားချင်နေတဲ့ ဂျပန်နိုင်ငံက Hokkaido ကို သူဌေးကကုမ္ပဏီ ကလူတွေအကုန်လုံးကို လိုက်ပို့ပါတယ်။ကုမ္ပဏီ သူဌေး နှင့် နူ၀ီတို့က Hokkaido က နှင်းပွဲတော်ကို အတူတူကြည့်ဖို့အတွက် လာခဲ့ကြ‌တာပေါ့။ဒါပေမယ့် ဖြစ်ချင်‌တော့ Hokkaido ကို ကုမ္ပဏီသူဌေး မိန်းမက လိုက်လာပါတယ်။ပြီးတော့ သူတို့က သက်သက် တိုကျို ကို ထပ်သွားကြပါတယ်။ဒါတွေက မြင်နေရတဲ့ နူဝီကတော့ သူဌေးကို စိတ်တိုပြီး ကုမ္ပဏီက အပျော်ခရီးအပြီး ပြန်ပို့တာကို မလိုက်ဘဲနဲ့ တစ်ယောက်တည်း နေခဲ့ပြီး ကောင်းကောင်းမစီးတတ်ဘဲတဲ့ နှင်းလျှောကိုစီးပါတော့တယ်။သူ့ရဲ့ အသေးအမွှားလေးတွေကအစ ဂရုစိုက်နေတဲ့ ဒင်ချိုင်ကတော့ နူဝီ အပြန်ပါမလာတာကို သိပြီး သူပါနေခဲ့ပါတယ်။ပြီးတော့ နူဝီ နှင်းလျှောစီးတဲ့နေရာကို လိုက်ရှာပါတော့တယ်။
ဒင်ချိုင် လည်း နူဝီ ကို အသည်းအသန်ရှင်ရင်း နှင်းထဲမှာ ရှာတွေ့တော့ ဆေးရုံတင်လိုက်ရပြီး သူ့မှာ ယာယီအတိတ်မေ့ရောဂါ ဖြစ်သွားပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ ဆေးရုံမှာ ‌နိုးနိုးချင်း ပထမတစ်ရက်မှာ လုံးလုံး‌အတိတ်မေ့သွားတာမျိုးမဟုတ်ဘဲ ရှေ့4၊5နှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိပါဘူး။ဒင်ချိုင် ကိုလည်းမမှတ်မိပါဘူး။ ဒါပေမယ့် အဲ့လိုမေ့တာက တစ်ရက်ပဲ ကြာမှာဖြစ်ပြီးတော့ နောက် တစ်ရက်နေရင်တော့ အကုန်လုံးကို ပြန်မှတ်မိသွားမှာ ဖြစ်ပေမယ့် ရှေ့အတိတ်မေ့တဲ့ ‌တစ်ရက်ကိုတော့ မမှတ်မိ‌တော့ပါဘူး။
ဒီလို အတိတ်မေ့နေတဲ့ နူဝီ နှင့် တစ်ဖက်သက်ချစ်‌နေတဲ့ ဒင်ချိုင်။သူတို့နှစ်ယောက်တည်း ရှိနေတဲ့ Hokkaido မှာ ဘယ်လိုရှေ့ဆက်ကြမလဲ။ဒီလို အတိတ်မေ့နေတဲ့ တစ်ရက်လေးအတွင်းမှာ နူဝီ အချစ်တွေကို ဒင်ချိုင် ရရှိသွားမလား ဆိုတာကတော့ ဇာတ်ကားလေးကိုကြည့်ရင်း ရင်ခုန်လိုက်ပေါ့နော်။
“ငါတို့ တစ်ခုခုကို အရမ်း ချစ်မြတ်နိုးတဲ့အခါမှာ ငါတို့အကြောင်းပြချက်တွေမလိုဘူး။
အချစ်က ငါတို့ကို မိုက်မဲတဲ့ အရာတွေ လုပ်ရဲဖို့အတွက် သတ္တိတွေပေးလာတယ်”တဲ့
ဇာတ်ကားလေးကို ကြည့်လိုက်ရင် ကျွန်တော်ရေးပြထားတဲ့ ခက်စုတ်စုတ် ဇာတ်ညွှန်းထက် အများကြီးပိုကောင်းတယ်ဆိုတာ သိရမှာမလို့ "One Day" ဆိုတဲ့ ထိုင်းအချစ်ကားလေးကို ကျွန်တော်တို့ DHMM တို့ ဒီနေ့အတွက် ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image

"မင်းတို့ရဲ့ မိသားစုကို ကယ်တင်ချင်ရင် မင်းတို့ ကိုယ်တိုင်လည်း တိုက်ပွဲ၀င်ရမယ်"
၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုကြီးကို အခြေခံပြီး ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Pual Rusesabagina လို့အမည်ရတဲ့ ဟိုတယ်မန်နေဂျာတစ်ဦးဟာ သူ့ရဲ့ဇနီး၊ မိသားစုနဲ့ ဒုက္ခသည် ၁,၂၀၀ ကျော်ကို အကာအကွယ်ပေးဖို့အတွက် သူ့ရဲ့ဟိုတယ်ကို ခိုလှုံရာနေရာအဖြစ် ပြောင်းလဲပြီး ဘယ်လိုကယ်ဆယ်ခဲ့လဲဆိုတာကို ရိုက်ကူးတင်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်ရပုံတွေကို ပိုင်နိုင်စွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

image

ဒီရက်ပိုင်း အထက်တန်း အချစ်ရုပ်ရှင်လေးတွေပဲ ဓာတ်ကျနေတာမလို့ ဒီနေ့အတွက်လည်း ထိုင်းအချစ်ကားလေးတစ်ခုကိုပြောပြချင်ပါတယ်။မင်းသားက Mario Maurer ဖြစ်ပြီးတော့ မင်းသမီးကတော့ FriendZone ဇာတ်ကားထဲက Pimchanok Luevisadpaibul ဖြစ်ပါတယ်။ဒါကြောင့်မလို့ ကြည့်ကောင်းတာထက်ပိုတဲ့ အချစ်ရုပ်ရှင်လေးတစ်ခုပါ။
Nam ဆိုတဲ့ကောင်မလေးက အသားခပ်မဲမဲ၊ရုပ်ရည်သိပ်မရှိတဲ့ အထက်တန်းကျောင်းသူလေးပေါ့။သူသဘောကျနေတဲ့ ကောင်လေးကတော့ Shone လို့ခေါ်ပြီး ရုပ်လည်းချော ဘောလုံးသမားလည်းဖြစ်တော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ စီနီယာ အကိုကြီးဖြစ်ပါတယ်။Nam က Shone ကို တစ်ဖက်သက် ကြိတ်သဘောကျနေတာဖြစ်ပြီး Shone သိသွားမှာလည်း တအားကြောက်တဲ့သူဖြစ်ပါတယ်။Nam ရဲ့သူငယ်ချင်းတွေက Shone ပြန်သဘောကျလာဖို့ အမျိုးမျိုး ကူညီ‌ပင်မယ့်လည်း Nam ကတော့ တစ်လွဲတွေလုပ်ပြီးရင်းလုပ်နေပါတယ်။နောက်ပြီး ကျောင်းက ဘယ်သူမှ အဖွဲ့မ၀င်တဲ့ ပြဇာတ် အဖွဲ့ကို Nam တို့သူငယ်တစ်ခုဖွဲ့က မ၀င်ချင်ဘဲ ၀င်လိုက်ရပါတယ်။ဒါပေမယ့်လည်း ပြဇတ် အတွက် ပြင်ပြင်ဆင်ဆင်လေး ၀တ်လိုက်တော့ Nam က ကြည့်လို့လှသွားပါတယ်။Shone ရဲ့ သူငယ်တန်းတုန်းက သူငယ်ချင်း Top က သူ့အဖေ ကိစ္စတွေကြောင့် Shone တို့ကျောင်းကိုခန ပြောင်းလာပါတယ်။Top ကလည်း ရုပ်ချောတာမလို့ ကျောင်းက ကျောင်းသူလေးတွေရဲ့ အသဲစွဲလေး ဖြစ်နေပြန်ပါတယ်။Top ကတော့ ပြင်ပြင်ဆင်ဆင်နဲ့ လှနေတဲ့ Nam ကိုပဲ သဘောကျပါတယ်။Top က Nam ကိုဖွင့်ပြောတော့ Nam ကလည်း အဖြေတောင်ပြန်မပေးဘဲ တွဲဖြစ်သွားသွားပါတယ်။Nam သဘောကျတာက Shone ကို ဒါပေမယ့် Nam ကိုသဘောကျနေတာက Shone ရဲ့ သူငယ်ချင်း Top။ ဒီလိုမျိုး သုံးပွင့်ဆိုင် အချစ်တွေကြားမှာ Shone ကရော Nam သူ့ကိုသဘောကျနေတာ သတိမထားမိဘူးလား၊ နောက်ဆုံး အထက်တန်းပြီးတဲ့အခါ သူတို့ သုံးယောက် ဘယ်လိုတွေဖြစ်သွားမလဲဆို ကြည့်ရှုရမှာဖြစ်ပါတယ်။
တကယ်ဆို ဒီဇာတ်ကားက ဇာတ်ညွှန်းမကြည့်ဘဲနဲ့တောင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုလို့မြင်မိပါတယ်။အတော်လေး ရင်ခုန်ဖို့ကောင်းပြီးတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်နေရတဲ့ ခံစားချက်ကို ခံစားရစေမှာဖြစ်ပါတယ်။ဒါကြောင့် "Crazy Little Things Call Love"ဆိုတဲ့ ထိုင်းအထက်တန်း အချစ်ကားကောင်းလေးတစ်ကားကို ကြည့်ရှုဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။

image

ကျွန်တော်တို့ ဘ၀မှာ ပျော်ရွှင်မှုကို လိုချင်ကြပေမယ့် တကယ်တမ်း ၀မ်းနည်းမှု၊ကြောက်ရွံ့မှု၊ဒေါသတွေဟာ သူနေရာနဲ့သူ အရေးပါပါတယ်။အမြဲတမ်း ၀မ်းနည်းမှုကို ဖုံးကွယ်ရင်း ပျော်‌ရွှင်အောင်နေလို့ရပေမယ့်လည်း ကိုယ်အဆင်မပြေတာတွေကို ၀မ်းနည်းပြီးဖွင့်ဟ‌လိုက်မှ ပျော်ရွှင်မှု အစစ်အမှန်ကို ရနိုင်မှာပါ။
ဒီရုပ်ရှင်လေးမှာဆိုရင်လည်း လူတွေရဲ့ စိတ်တွေက သက်ရှိလေးတွေ ဖြစ်ပြီး Riley ရဲ့ ကလေးအရွယ် စိတ်ထဲမှာလည်း ပျော်ရွှင်ခြင်းရယ်၊၀မ်းနည်းခြင်းရယ်၊စိတ်တိုခြင်းရယ်၊ရွံ့ရှာခြင်းရယ်နှင့် စိုးရိမ်ခြင်း ဆိုတဲ့သက်ရှိစိတ်လေးတွေရှိပါတယ်။အဓိက Riley ကို ပျော်ရွှင်ခြင်းကပဲ Riley ပျော်ရွှင်အောင်လုပ်ပေးရင်း သူတို့မိသားစု‌နဲ့လည်း ပျော်ရွှင်စရာအမှတ်တရ ‌လေးတွေ ဖန်တီးပေးပြီး အရာရာအဆင်ပြေနေပါတယ်။Riley ရဲ့ အသက် ၁၁ နှစ်မှာတော့ Riley တို့ မိသားစုဟာ အိမ်ပြောင်းသွားခဲ့ပြီး အိမ်သစ်က အိမ်ဟောင်းလောက် နေလို့အဆင်မပြေတာကြောင့် Riley ရဲ့စိတ်ထဲက ၀မ်းနည်းခြင်းဟာလည်း နေရာယူလာပါတယ်။ဒါပေမယ့်လည်း ပျော်ရွှင်ခြင်းကပဲ Riley ၀မ်းမနည်းအောင် မျိုးစုံ လုပ်ပေးရင်း ၀မ်းနည်းခြင်းကို ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်။နောက်တော့ ၀မ်းနည်းခြင်း နှင့် ပျော်ရွှင်ခြင်းတို့ Riley ရဲ့ ငယ်ငယ်က အမှတ်တရ ဖန်လုံးလေးတွေကို လုကြရင်း ပြွန်တစ်ခုကနေ ၀မ်းနည်းခြင်းရော ပျော်ရွှင်ခြင်းပါ Riley ရဲ့ ကြာရှည်မှတ်ညာဏ်ထိမ်းသိမ်းရာကိုရောက်သွားကြပါတယ်။ပျော်ရွှင်ခြင်းရော ၀မ်းနည်းခြင်းရော မရှိတော့တဲ့ Riley ရဲ့ခေါင်းထဲမှာ ‌ဒေါသထွက်ခြင်းက နေရာယူလာပါတယ်။ထိန်းချုပ်စခန်းမှာ ပျော်ရွှင်မှု မရှိတာကြောင့် Riley လည်း ပျော်ရွှင်မှုပျောက်ဆုံးလာရင်း Riley ငယ်ငယ်က အမှတ်တရတွေပါ ပျောက်စီးလာတဲ့အခါ ပျော်ရွှင်ခြင်း နှင့် ၀မ်းနည်းခြင်းတို့ ထိန်းချုပ်စခန်းကို ပြန်သွားကြဖို့ ကြိုးစားပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။ထိန်းချုပ်စခန်းကို ပြန်ရောက်ဖို့ ကြိုးစားရင်း လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေအပြင် ၀မ်းနည်းခြင်း ဆိုတာကလည်း လူတစ်ယောက်မှာ လိုအပ်တဲ့ စိတ်တစ်ခုဆိုတာကို အလှပဆုံပုံဖော်ထားပါတယ်။
ဒီရုပ်ရှင်ကို ကလေးတွေအတွက်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ကလေးတွေအတွက်တော့ ကြည့်ပျော်လောက်ပဲ နားလည်‌နိုင်ပေမယ့် လူကြီးတွေအတွက် တွေးစရာတွေ အများကြီး ကျန်ခဲ့မယ်ဆိုတာအသေအချာပါပဲ။ဒါကြောင့် "Inside Out (2015)" ဆိုတဲ့ ကာတွန်းကားလေးတွေကို ကြည့်ကိုကြည့်သင့်တာမလို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image