Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပါ့ပေါင်းချိုင် (၈ မျိုး မုန်ညှင်းချဉ်)
ပါ့ပေါင်းချိုင် ဆိုတာ တရုတ်အခေါ်ပါ။
ဒါမျိုး ပါ့ပေါင်းချိုင်က ဘယ်သူမှမရောင်းဘူး။
စားချင်ရင် ကိုယ့်ဘာသာ လုပ်မှ စားရမယ်။
အဆင့်အနေနဲ့ သတ်မှတ်ရမယ်ဆိုရင်
မုန်ညင်းချဉ်မှာ ပထမတန်းစားပေါ့။
ကျမတို့ ငယ်ငယ်တုန်းကတော့
စျေးမှာရောင်းတယ်။ ရေနွေးကြမ်းခွက်
သေးသေးလေး ၁ ခွက်ကို ၅၀၀ ကျပ် ပေးရတယ်။
၀ယ်စားရင် ရိုးရိုးမုန်ညှင်းချဉ်ထက်
စျေးပိုကြီးပါတယ်။ ခုနေရောင်းရင်တော့
တော်တော်ဈေးကြီးမှာ။
ပြုလုပ်နည်းကတော့ မုန်ညင်းချဉ်ပြုလုပ်နည်းအတိုင်းပါပဲ။ ပါ၀င်ပစ္စည်းတွေပဲ ပိုလာတယ်။
#ပါ၀င်ပစ္စည်း
1) မုန်ညင်း
2) ဥနီ
3) ဂျူးမြစ်
4) အောဆွန်း
5) မှိုတုံတုံ
6) မုန်လာပန်း
7) ပဲပိုးတီ
😎 ရွှေပဲသီး
9) ဆား
1 ငြုတ်သီးမှုန့်
11) နံနံစေ့မှုန့်
12) စမှုံစပါးစေ့မှုန့်
13) ကြံသကာ or သကြား
14) အရက်
#ပြုလုပ်ပုံ
မုန်ညင်းကို နွမ်းသွားအောင်နေလှန်းပါ။
နွမ်းသွားလျင် လိုသလိုလှီးဖြတ် ဆားနဲ့နှယ်ပြီး ရေသေချာဆေး ရေစစ်ထားပါ။
ကျန်သည့်ပါ၀င်ပစ္စည်း အသီးအရွက်များကိုလဲ
ရေသေချာဆေးပြီး လိုသလိုလှီးဖြတ်ကာ
နွမ်းသွားအောင် နေ ၁ ရက်လောက်လှန်းပါ။
နွမ်းသွားလျှင် ပါ၀င်ပစ္စည်းထဲ လိုအပ်သည့်
ဆား၊ ငရုတ်သီးမှုန့်နဲ့ အမွှေးအကြိုင်များ
လိုသလိုထည့်ကာ သမအောင်နှယ်ပြီး
ဗူးထဲ သိပ်ထည့်ထားလိုက်ပါ။
တစ်လလောက်ဆိုရင် စားလို့ရပါပြီ။
ရိုးရိုးမုန်ညင်းချဉ် ချဉ်နည်းလဲ ဒီအဆာပလာပဲနော်
ဆင်ဆင်ချင်ချင် ပြောကြ!လုပ်ကြ!
ဘုန်းကြီးတစ်ပါးကို အထင်ကြီးကြည်ညိုမိရင်
“ဒီဘုန်းကြီးသာ သံဃာအစစ်၊
တခြားဘုန်းကြီးတွေ အလကား”
ဆိုတဲ့စကားမျိုးပြောတတ်ကြတယ်။
‘တခြားဘုန်းကြီး
ဘယ်လောက်များများကို ဖူးမြင်တွေ့ဆုံလေ့လာကြည့်ဖူးသလဲ’ဆိုတော့ ပါးစပ်တွေပိတ်လို့။
ကိုယ်အထင်ကြီးထားတဲ့ ဘုန်းကြီးတစ်ပါးနှစ်ပါး
မကြည်ညိုနိုင်ကြဘူးဆိုတော့
“ဘုန်းကြီးတွေအားလုံးအလကားပဲ”
ဆိုပြီး ဝါးလုံးသိမ်းပြစ်မှားကြပြန်ရော။
သူတို့သတ်မှတ်တဲ့’တခြား ဘုန်းကြီး’များက
သူတိုတွေကြည်ညိုသူကြောင့်ရော၊မကြည်ညိုသူကြောင့်ရော
ပြစ်မှားစော်ကားခံနေရတယ်။
သီလဝန္တပုဂ္ဂိုလ်
ဘယ်လောက်များအထိ ပြစ်မှားမိသွားသလဲဆိုတာ
စဉ်းစားကြည့်ကြ!
🗣️’ဝစီဘေဒ ထိတိုင်းရှ’တဲ့၊ ဆင်ဆင်ချင်ချင် ပြောကြ! လုပ်ကြ!
(အံ၊၂၊၂၃၆၊ပုဂ္ဂလပ္ပသာဒသုတ်လဲရှု)
ဓမ္မဘေရီဆရာတော်ဘုရားကြီး