37 w - Translate

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့မှာထုတ်ပြန်မယ်

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၂၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို သက်ဆိုင်ရာမြို့နယ်က စာစစ်ဌာနကျောင်းတွေမှာပါ ဖော်ပြကြေငြာထားမှာဖြစ် တယ်လို့သိရပါတယ်။
ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေ အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုထားပါတယ်။
အောင်စာရင်းထွက်ရှိမယ့်အပေါ် စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသူတယောက်က " ခုပြောမှ အောင်စာရင်းထွက်မယ့်ရက်ကိုသိတာပါ။ဂုဏ်ထူးထက် အောင်ဖို့ပဲအရင်ဆုံး မှန်းပါတယ်။နောက်တခါထပ်လည်းမတက်ချင်ဘူး မဖြေချင်တော့ဘူး။ဆရာမကတော့အခြေအနေကောင်းတယ်ပြောထားလို့ စိတ်အေးပေမယ့် ရင်ခုန်တာပေါ့။" လို့ ပြောပါတယ်။
အောင်စာရင်းထုတ်ပြန်တဲ့အခါ မတ်လအတွင်းကဖြေဆိုခဲ့တဲ့ စာဖြေလွှာတွေနဲ့အတူ ငလျင်ကြောင့် မီးလောင်ပျက်စီးသွားခဲ့ရလို့ပြန်လည်ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်း ၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့နေပြည်တော်က ကျောင်းသားကျောင်းသူတွေရဲ့အောင်စာရင်းကိုပါ တပါတည်းထုတ်ပြန်ပေးသွားမှာ​ဖြစ်ကြောင်း ဝန်ကြီးဌာနဘက်က အသိပေးထားပါတယ်။
၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲက စနစ်သစ်နဲ့ဖြေဆိုရတဲ့ ဒုတိယကြိမ်မြောက် စာမေးပွဲ ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးပြီး ပြန်လည်ဖြေဆိုခဲ့ရတဲ့ ကျောင်းသားကျောင်းသူ ပေါင်းက ၆၀၀၀၀ ကျော်ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ်နဲ့ပထမဆုံးအကြိမ် ဖြေဆိုရတာဖြစ်ပြီး စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။

image
37 w - Translate

ရန်ကုန်မှာ ကွမ်းရွက် တပိဿာ ကျပ် သုံးသောင်းအထိ ဈေးတက်လာ
ဇူလိုင် ၂၃ - ၂၀၂၅

ရန်ကုန်မှာ ကွမ်းရွက်အချော တပိဿာကို ကျပ် သုံးသောင်းဝန်းကျင်အထိ ဈေးတက်လာပြီး ကွမ်းရောင်းချသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းက ရန်ကုန်မြို့မှာ ကွမ်းရွက် အချောဈေးနှုန်း တပိဿာ ကျပ် ၇၀၀၀ ကနေ တသောင်းနှစ်ထောင် ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် သုံးသောင်းအထိ ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့ သီရိမင်္ဂလာဈေးသစ်က ကွမ်းရွက်ဒိုင်တွေဆီက သိရပါတယ်။
“ဧရာဝတီတိုင်းဘက်ကနေ ကွမ်းအဝင် နည်းသွားလို့ ဈေးက ထိုးတက်သွားတာပါ။ အဲဒီဘက်မှာ ရေကြီးနေလို့ ကွမ်းခင်းတွေ ပျက်စီးကုန်တယ် ကြားတယ်။ တခြား ကွမ်းထွက်တဲ့ ဒေသတွေကလည်း နယ်မြေမအေးချမ်းတော့ ကွမ်းအစိုက်နည်းပြီး အထွက်နှုန်းလည်း နည်းသွားတယ်။ ဒါကြောင့် ဧရာဝတီတိုင်းဘက်က ထွက်တဲ့ကွမ်းကိုပဲ အဓိက အားထားနေရတာ။ ပြီးတော့ တချို့ကုန်သည်တွေကလည်း နယ်ဘက်အထိ ဆင်းပြီး သွားဝယ်ရတော့ ကုန်စည် သယ်ဆောင်ခတွေ မြင့်တက်လာတာရယ်ကြောင့် အခုလို ဈေးတွေ တအားတက်ကုန်တာ” လို့ ပြောပါတယ်။
အခုလို ကွမ်းရွက်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ကွမ်းယာ ရောင်းချသူတွေ အနေနဲ့ ပုံမှန်ရောင်းချနေတဲ့ ကွမ်းရွက်တွေရဲ့ အရည်အသွေးထက် အဆင့်နိမ့်တဲ့ ကွမ်းရွက်တွေကို ဝယ်ယူပြီး လက်ရှိရောင်းချနေတဲ့ ဈေးနှုန်းနဲ့ အယာရေအတိုင်း ဆက်လက် ရောင်းချကြတယ်လို့ ကွမ်းရောင်းချနေသူတွေက ပြောပါတယ်။
“အရင်က ကျပ် ၅၀၀ ဖိုးဆို ရှစ်ယာရောင်းတယ်။ ကိုယ်တွေကတော့ အယာ အများကြီး မလျှော့ချင်တော့ ကွမ်းကြမ်းတို့ ပယ်ကွမ်းတို့ ဝယ်ပြီးရောင်းတယ်။ အခုတော့ ၅၀၀ ဖိုးကို ခုနစ်ယာရောင်းနေတယ်။ ကွမ်းကောင်းနဲ့ ရောင်းတဲ့သူတွေကတော့ တယာကို ကျပ် ၁၀၀ နှုန်းနဲ့ ရောင်းနေကြပြီ။ ကိုယ်‌ရောင်းတာက အခြေခံလူတန်းစားတွေချည်းပဲ ရှိတဲ့ နေရာဆိုတော့ အယာ အရေအတွက်ကို လျှော့လို့မရဘူး။ ကွမ်းကိုပဲ အရည်အသွေးနိမ့်တာဝယ်ပြီး ရောင်းနေရတာပေါ့” လို့ မြောက်ဒဂုံမြို့နယ်က ကွမ်းရောင်းနေသူတယောက်က ပြောပါတယ်။
ကွမ်းအကြမ်း တပိဿာ ဈေးကလည်း အရင်က ကျပ် ၅၀၀၀
- ၆၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ တပိဿာ တသောင်းတထောင်ဝန်းကျင်အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက စတင်ပြီး ဧရာဝတီတိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပန်းတနော်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့် စတဲ့ မြို့နယ်တွေက မြေနိမ့်ပိုင်း နေရာတွေမှာ စိုက်ပျိုးထားတဲ့ ကွမ်းခြံတွေ ပိုးကျပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ကွမ်းတွေကို အဓိကအားဖြင့် ရန်ကုန်၊ မော်လမြိုင်၊ မကွေး၊ ပဲခူး ဈေးကွက်တွေကို ဖြန့်ဖြူး ရောင်းချကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာတော့ ကွမ်းအနည်းငယ်သာ ထွက်ရှိနေပြီး မြစ်ရေကြီးချိန်ဖြစ်တာကြောင့် ကွမ်းစိုက်တောင်သူတွေ နည်းပါးနေသလို သွင်းအားစု စရိတ် မတတ်နိုင်တာကြောင့်လည်း ကွမ်းပြန်မစိုက်နိုင်သူတွေ များလာတယ်လို့ ကွမ်းစိုက် တောင်သူတွေက ပြောပါတယ်။
“သွင်းအားစုစရိတ်တွေက ကြီးနေတော့ ရေကျချိန်စောင့်ပြီး ပြန်စိုက်ဆိုလည်း စိုက်နိုင်ကြတော့မှာ မဟုတ်ဘူး။ စိုက်လည်း ရှုံးဦးမှာ။ ရေအခြေအနေကလည်း ဘာမှန်းမသိသေးဘူး။ အရင်းအနှီးကလည်း ကြီးတယ်။ အလုပ်သမား ငှားရမ်းစရိတ်ကလည်း ကြီးတယ်။ အခု စိုက်ထားတာလေးတွေတောင် ရေဝင်ပြီး ပုပ်တာက ပုပ်၊ ပိုးကျတာက ကျဆိုတော့ အကုန် အရှုံးချည်းပဲ။ အဲဒီတော့ အများစုကတော့ ကွမ်းရွက်တောင် မခူးကြတော့ဘဲ ဒီတိုင်း ပစ်ထားလိုက်ကြပြီ” လို့ ကွမ်းစိုက် တောင်သူတယောက်က ပြောပါတယ်။
လက်ရှိ စိုက်ပျိုးနေတဲ့ ကွမ်းအမျိုးအစားတွေမှာ ဗမာမျိုး (နယ်ခံ) နဲ့ ထိုင်ဝမ်မျိုး နှစ်မျိုးရှိကာ များသောအားဖြင့် နယ်ခံ ဗမာကွမ်းမျိုးက စျေးပိုရပြီး ကွမ်းအရွက်ဝိုင်းနဲ့ အရွက်ချွန်း ဆိုပြီးလည်း ထပ်မံ ကွဲပြားကာ အရွက်ချွန်း အမျိုးအစားက စျေးပိုရတယ်လို့ ဆိုပါတယ်။
ကွမ်းရွက်စိုက်ပျိုးဖို့ ကွမ်းခြံတခြံရဲ့ ရင်းနှီးငွေဟာ အနည်းဆုံး ကျပ်ငွေ သိန်း ၃၀ ဝန်းကျင်ရှိပြီး စိုက်ပျိုးစရိတ်အပြင် မြေဩဇာခ၊ ရေတင်ခအပြင် ကွမ်းရွက်ပင်တွေကို ပြုစုဖို့ လူငှားရမ်းခပါ ကုန်ကျတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မြေဩဇာစျေးနှုန်းမှာလည်း တပြည်ကို ကျပ် တသောင်းသုံးထောင် ပေးဝယ်ရပြီး ဒေသတွင်း လုပ်သားရှားပါးလာမှုကြောင့် လူငှားရမ်းခမှာလည်း တရက်လုပ်ခ ကျပ် ၇၀၀၀ ကနေ ၉၀၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။
“အလုပ်သမားက ရှားတော့ ကိုယ်လိုချင်တိုင်းလည်း လူမရဘူး။ အဲဒီတော့ ဈေးတွေ အပြိုင်အဆိုင် ပိုပေးပြီး သူ့ထက်ငါဦးအောင် အလုပ်သမား ငှားကြရသေးတယ်။ ဒါလည်း သဘာဝဘေးကြောင့် တွက်ခြေမကိုက်ပြန်ဘူး။ ရေတအားဝသွားရင် (ရေများသွားရင်) ကွမ်းခြံက ပျက်တာပဲ။ အခုနောက်ပိုင်းဆို ကွမ်းစိုက်စားမယ့်သူတောင် နည်းလာပြီ” လို့ ပုသိမ်မြို့နယ်မှ ကွမ်းစိုက်ပျိုးသူ တယောက်က ပြောပါတယ်။
ကွမ်းပင်ဟာ ရေမကြိုက်တဲ့ အမျိုးအစားဖြစ်တာကြောင့် နွေရာသီမှာ တပတ်ကို ရေ နှစ်ခါ၊ ဆောင်းရာသီဆို တခါ၊ မိုးရာသီမှာတော့ ရာသီဥတုပေါ် မူတည်ပြီး ရေသွင်းပေးရသလို ရေမများအောင်လည်း အထူး သတိထားရတယ်လို့ ကွမ်းစိုက်တောင်သူတွေဆီက သိရပါတယ်။

image

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၃-၇-၂၀၂၅ ရက်နေ့ ၀၇:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.....

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနီလာမြို့တော်တွင် ရေကြီးမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်နှင့်အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ​ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း သောင်းချီရွှေ့ပြောင်းခံခဲ့ရကာ လူနှစ်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများကဇူလိုင် ၂၂ ရက်တွင် ပြောသည်။
မနီလာနှင့်အနီးရှိခရိုင်များတွင် ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ထားရပြီး ညလုံးပေါက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မာရီကီနာမြစ်ရေလျှံခဲ့သည်။ မြစ်ကမ်းဘေးတွင် နေထိုင်ကြသည့် လူဦးရေ ၂၃ဝဝဝ ကျော်ကို ညအတွင်းမှာပင်ကျောင်းများ၊ ကျေးရွာအဆောက်အအုံများနှင့် အကာအရံရှိသည့် နေရာများသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
ကေဇွန်နှင့် ကာလူကန်မြို့များတွင်လူဦးရေ ၂၅ဝဝဝ ကို အခြားနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ရွှေ့ပြောင်းရသူအများစုသည် မြစ်ထဲစီးဝင်သည့်ချောင်းဘေးရှိမြေနိမ့်ဒေသတွင် နေထိုင်သူများဖြစ်သည်ဟု ကယ်ဆယ်ရေးသမားများကပြောသည်။
မြစ်ရေသည် အမြင့် ၁၈ မီတာအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ကာလူကန်မြို့တွင် သက်ကြီးအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ယာဉ်မောင်းသည် တံတားတစ်ခုကိုဖြတ်ကူးရန် ကြိုးစားနေစဉ် ရေမျောပါ ပျောက်ဆုံးသွားခဲ့သည်ဟု အရေးပေါ်လုပ်ငန်းဌာနက ပြောသည်။ မော်တော်ယာဉ်ကိုယမန်နေ့ညက ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း နှစ်ဦးစလုံးကို ရှာမတွေ့သေးပေ။
မိုးသည်းထန်မှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင်လည်း လူသုံးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေသည်ဟု အမျိုးသား ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ် မုန်တိုင်းနှင့်ဆိုင်ကလုန်း အနည်းဆုံး ၂၀ ကြိမ်ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။
ဘီဘီစီ

image
37 w - Translate

ဒီလိုမျိုးနေရာမှာ အေးအေးချမ်းချမ်းနေချင်တယ်🏡🍀

image
37 w - Translate - Youtube

ဗိုလ်ကာတွန်း #ခေတ်ဟောင်းရုပ်ရှင်

37 w - Translate - Youtube

ဗိုလ်အောင်ဒင် #ခေတ်ဟောင်းရုပ်ရှင်

37 w - Translate

UNESCO မှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ဆုံးဖြတ်

UNESCOသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် မကိုက်ညီသော အစီအစဉ်များကို ထောက်ခံနေခြင်းကြောင့် UNESCO မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ရန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော် ဒုတိယပြန်ကြားရေးအတွင်းဝန် အန်နာ ကယ်လီက ပြောသည်။

ကယ်လီက "သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုကို UNESCO ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘာလို့လဲဆိုတော့ UNESCO က နိုးကြားလာမှု၊ ကွဲပြားမှုတွေရှိတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ခံနေတာက နိုဝင်ဘာလမှာ အမေရိကန်တွေ မဲပေးခဲ့တဲ့ မူဝါဒတွေနဲ့ လုံးဝကို ဆန့်ကျင်နေလို့ပါပဲ" ဟု New York Post သို့ မှတ်ချက်ပြုပြောကြားခဲ့သည်။

"နိုင်ငံ၏ နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်မှုအားလုံးသည် ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိစေရန်"ထရမ့်အစိုးရအဖွဲ့က အာရုံစိုက်ခဲ့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ UNESCO သည် ၎င်း၏ အမှုဆောင်ဘုတ်အဖွဲ့ကို အသုံးပြု၍ "အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များ" ကို မြှင့်တင်ခဲ့ကြောင်း၊ ၎င်းတွင် "ဂျူးဘာသာဝင်တို့၏ ဘုရားဖူးရာနေရာများကို 'ပါလက်စတိုင်း ကမ္ဘာ့အမွေအနှစ်' နေရာများအဖြစ် သတ်မှတ်ခြင်း" များ ပါဝင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

သူမသည် အဆိုပါအဖွဲ့အစည်းအား တရုတ်လိုလားသော အမြင်များရှိကြောင်း စွပ်စွဲခဲ့ပြီး UNESCO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Xing Qu သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ၎င်းမှာ "တရုတ်နိုင်ငံသည် UNESCO အပေါ် ၎င်း၏သြဇာအာဏာကို အသုံးပြု၍ ဘေဂျင်း၏အကျိုးစီးပွားအတွက် အထောက်အကူပြုသော ကမ္ဘာလုံးဆိုင်ရာစံနှုန်းများကို မြှင့်တင်ခဲ့သည်" ဟု သူမက ယုံကြည်ကြောင်းဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထရမ့်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA) တို့မှ အမေရိကန်ကို နုတ်ထွက်ရန်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်ခေါင်းဆောင်သည် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အစဥ်အလာရှိသော်လည်း ကြီးမားသောကိစ္စများကို အကောင်အထည်မဖော်နိုင်ခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် UNESCO မှ နုတ်ထွက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ အလွန်အမင်း နိုင်ငံရေးအရ အသုံးချခံရခြင်းနှင့် ရန်ပုံငွေများကို စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကို ကိုးကား၍ ၁၉၈၄ ခုနှစ်တွင် သမ္မတ ရော်နယ် ရေဂင်၏ အစိုးရအဖွဲ့က နုတ်ထွက်ခဲ့သည်။

ထို့နောက် အမေရိကန်သည် UNESCO နှင့် ၂၀၀၃ ခုနှစ်တွင် ပြန်လည်ပူးပေါင်းခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် UNESCO ၏ ကြွေးမြီတိုးလာခြင်း၊ များစွာသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်ခြင်းနှင့် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုများ ဆက်လက်ရှိနေခြင်းတို့ကို စိုးရိမ်ကြောင်း ဖော်ပြကာ ထပ်မံနုတ်ထွက်ခဲ့ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၂၃ ခုနှစ်တွင် အဆိုပါအဖွဲ့အစည်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

image
37 w - Translate - Youtube

အပယ်ရတနာ HD စဆုံး

37 w - Translate

📣 သင့်ခွေလေးတွေ အမွေးကျွတ်သက်သာအောင်အတတ်နိုင်ဆုံး ဘယ်လိုမျိုးလုပ်ပေးလို့ရလဲ။

ကာကွယ်ဖို့ဆိုရင်ဖြစ်ရတဲ့ အကြောင်းအရင်းကိုသိဖို့လိုပါတယ်။

📌 ခွေးလေးတွေအမွှေးကျွတ်ရတာဟာအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။

➡️ ရာသီအလိုက်ကျွတ်တာ၊

➡️ မျိုးရိုးကြောင့်ကျွတ်တာ၊

➡️ ကျန်းမာရေးကြောင့်ကျွတ်တာ။

ဘယ်လိုမျိုးဖြေရှင်းကြမလဲ❓

✅ တစ်ပတ်လျှင် ၃-၄ ကြိမ် အမွှေးများကို ပုံမှန်ဖြီးပေးပါ။

✅ ၄-၈ ပတ်တစ်ကြိမ် သူတို့အတွက် သီးသန့်ထုတ်ဆပ်ပြာဖြင့် ရေချိုးသန့်စင်ပေးပါ။

✅ Omega-3 & Omega-6 ကြွယ်ဝသော အစားအစာများကို အာဟာရပြည့်ဝအောင် ကျွေးပါ။ အသားဓာတ်များသောအစာများ ရွေးချယ်ကျွေးမွေးပါ။

✅ ရေသန့်သန့်ကို များများတိုက်ပါ။ သူတို့ရဲ့ နေရာထိုင်ခင်းတွေကို သန့်ရှင်းစွာထားပေးပါ။ ဆ

✅ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် ပုံမှန်ပြသပြီး သန်း၊ ဟော်မုန်းမညီမျှခြင်း၊ အရေပြားရောဂါများ ရှိမရှိ စစ်ဆေးပါ။

🔺ပုံမှန်အမွှေးကျွတ်ခြင်းကို အထက်ပါအကြံပြုချက်များနဲ့ ထိန်းသိမ်းနိုင်ပေမယ့်

ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အစုအပြုံလိုက်အမွှေးကျွတ်ခြင်း၊ အရေးပြား နီမြန်းရောင်ရမ်းပြီးအမွှေးကျွတ်ခြင်း၊ အသားအရေများခြောက်သွေ့ပြီးအမွှေးကျွတ်ခြင်းတို့ကဲ့သို့ ပုံမှန်မဟုတ်ပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ပါ။