တစ်ခွန်းဆိုတစ်ခွန်း ထိမိနေအောင်ပြောလိုက်မှ အားရတာ ☺️
#kpopformyanmar #kfm #lowlife
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ခွန်းဆိုတစ်ခွန်း ထိမိနေအောင်ပြောလိုက်မှ အားရတာ ☺️
#kpopformyanmar #kfm #lowlife
#ကင်ချီဟင်းရည်
လိုအပ်သောပစ္စည်း
°°°°°°°°°°°°°°°°
ငါးနီခြောက်
ကြက်သွန်နီ ကြက်သွန်မြိတ်
ကင်ချီ
ကိုရီးယားငရုတ်အနှစ်
ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့်
ငရုတ်သီး ပဲပြား
ချက်နည်း
°°°°°°°°°
ငါးနီတူခြောက်ကိုမိနစ် ၃၀ခန့်ပြုတ်ထားပေးပါ။
ငါးနီတူခြောက်ကိုဆယ်ပြီး အရည်ဘဲယူသုံးရမယ်နော်။
ကိုရီးယားငရုတ်အနှစ်ထဲသို့ ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့် ထည့်ပြီးမွှေထား အနှစ်စပ်ထားပေးရမယ်။
ငါးနီတူခြောက်ပြုတ်ရေထဲကိုကင်ဂျီ ကြက်သွန်နီ စပ်ထားသောအနှစ် ကြက်သွန်နီ ထည့်ပြီးပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ ဆူလာပြီဆို ကြက်သွန်မြိတ် လှီးထားသောငရုတ်သီးနဲ့ပဲပြားကိုထည့်ပြီး အရသာရှိသောကင်ချီဟင်းရည်ရပါပြီ။
❇️ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI): အကြောင်းအရာ၊ ကုသနည်းနှင့် ကာကွယ်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection - UTI) သည် ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်း ဝင်ရောက်ပေါက်ဖွားခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်သည်။
အမျိုးသမီးများတွင် အဖြစ်များပြီး (အမျိုးသားများထက် ၄ ဆပိုများ) ၊ ဆီးအိမ်နှင့် ဆီးစွန့်ပြွန်ကဲ့သို့ အောက်ပိုင်းဆီးလမ်းကြောင်း ပိုးဝင်မှုမှ စတင်ကာ ကျောက်ကပ်အထိ ပြင်းထန်စွာ ထိခိုက်နိုင်သည်။ မကုသဘဲထားပါက ကျောက်ကပ်ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်းအထိ ဖြစ်စေနိုင်သဖြင့် အချိန်မီကုသရန် အရေးကြီးသည် ။
---
၁။ UTI အမျိုးအစားများ
- အောက်ပိုင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Lower UTI)
- ဆီးအိမ်ရောင်ခြင်း (Cystitis): အဖြစ်အများဆုံးဖြစ်ပြီး *E. coli* ပိုးကြောင့် ၈၀% ဖြစ်တတ်သည် ။
- ဆီးစွန့်ပြွန်ရောင်ခြင်း (Urethritis): လိင်မှတဆင့် ကူးစက်သော ဂနိုရီးယား၊ ကလာမိုင်ဒီးယားပိုးများကြောင့် ဖြစ်နိုင်သည်။
- အပေါ်ပိုင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Upper UTI)
- ကျောက်ကပ်ရောင်ခြင်း (Pyelonephritis): ချမ်းတုန်ဖျားခြင်း၊ ခါးနာခြင်းကဲ့သို့ ပြင်းထန် လက္ခဏာများ ပြသည်။
- ဆီးကျိတ်ရောင်ခြင်း (Prostatitis): အမျိုးသားများတွင် ဆီးစွန့်ပြွန်ပိတ်ဆို့ခြင်း၊ ဖျားခြင်းတို့ ဖြစ်စေနိုင်သည်။
---
၂။ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် အန္တရာယ်အချက်များ
- ပိုးမွှားများ: *E. coli* ပိုးက အဓိကဖြစ်စေပြီး၊ *Klebsiella*၊ *Proteus*၊ *Staphylococcus* တို့ကလည်း ဖြစ်စေနိုင်သည် ။
- အန္တရာယ်မြင့်စေသော အချက်များ:
- အမျိုးသမီးများ: ဆီးစွန့်ပြွန်တိုခြင်း၊ စအိုဝနှင့်နီးခြင်းတို့ကြောင့် ပိုးဝင်လွယ်သည် ။
- ရေနည်းခြင်း၊ ဆီးအောင့်ထားခြင်း: ဆီးအိမ်ထဲတွင် ပိုးပေါက်ဖွားမှုကို အားပေးသည် ။
- ဆီးကျိတ်ကြီးခြင်း၊ ဆီးကျောက်တည်ခြင်း: ဆီးလမ်းကြောင်းပိတ်ဆို့မှုကို ဖြစ်စေသည် ။
- ဟော်မုန်းအပြောင်းအလဲ၊ သွေးဆုံးအမျိုးသမီးများတွင် အီစထရိုဂျင်ကျဆင်းခြင်းက ပိုးဝင်စေနိုင် ။
---
၃။ လက္ခဏာများ
- အောက်ပိုင်း UTI (Lower UTI):
- ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ကျဉ်ခြင်း။
- ဆီးမကြာခဏ သွားလိုစိတ်ဖြစ်ခြင်း (သို့သော် ဆီးနည်းနည်းသာထွက်ခြင်း)။
- ဆီးထဲသွေးပါခြင်း၊ ဆီးနံ့ဆိုးခြင်း၊ ဆီးအိမ်နာကျင်ခြင်း ။
- အပေါ်ပိုင်း UTI (Upper UTI):
- ချမ်းတုန်ဖျားခြင်း (၃၈.၅°C အထက်)၊ ခါးနာခြင်း (ကျောက်ကပ်နေရာ)။
- ပျို့အန်ခြင်း၊ အားနည်းခြင်း၊ သတိလစ်ခြင်း ။
---
၄။ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုနည်းလမ်းများ
- ရောဂါရှာဖွေစစ်ဆေးခြင်း:
၁။ ဆီးစစ်ခြင်း (Urinalysis): သွေးဆဲလ်များ၊ ပြည်တည်နာ၊ နိုက်ထရိတ်ပါဝင်မှုကို စစ်ဆေးခြင်း ။
၂။ ဆီးပိုးမွေးခြင်း (Urine Culture): ပိုးအမျိုးအစားနှင့် ဆေးတိုက်နိုင်မှုကို သတ်မှတ်ရန်။
၃။ အာထရာဆောင်း/CT Scan: ကျောက်ကပ် ပြဿနာ ရှိမရှိ စစ်ဆေးခြင်း။
- ကုသမှုနည်းလမ်းများ၊
- ပိုးသတ်ဆေးများ
- သာမန် UTI: Nitrofurantoin, Trimethoprim-Sulfamethoxazole (၃-၇ ရက်) ။
- ပြင်းထန် UTI: Ciprofloxacin, Ceftriaxone (IV) (၁၀-၁၄ ရက်) ။
- အိမ်တွင်းကုထုံးများ၊
- ရေများများသောက်ခြင်း (တနေ့ အနည်းဆုံး ၂ လီတာ)။
- ခရန်ဘယ်ရီဖျော်ရည်: ပိုးကပ်ခြင်းကို ကာကွယ်နိုင် ။
- ကော်ဖီ၊ အရက်၊ အပူအစပ်ရှောင်ခြင်း။
- ပြင်းထန်လျှင်: ဆေးရုံတင်ကာ IV ပိုးသတ် ဆေး၊ ဆီးပိုက်ထည့်ကုသခြင်း ။
---
၅။ ကာကွယ်ခြင်းနည်းလမ်းများ
၁။ ရေများများသောက်ပါ: ဆီးအိမ်ထဲမှ ပိုးများကို ဆေးကြောရန် ။
၂။ ဆီးမအောင့်ထားပါနှင့်: ပိုးပေါက်ဖွားမှု မြန်စေသည် ။
၃။ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ: ပိုးများ ပြင်ပသို့ စွန့်ထုတ်ရန် ။
၄။ မိန်းမကိုယ်သန့်ရှင်းရေး: ရှေ့မှ နောက်သို့သာ သုတ်ပါ (စအိုမှ ပိုးများ ဆီးလမ်းကြောင်းထဲ မဝင်စေရန်) ။
၅။ ချည်သားအတွင်းခံဝတ်ဆင်ပါ၊ လေဝင်လေထွက်ကောင်းစေပြီး ပိုးပေါက်နှုန်း လျော့ကျစေသည် ။
---
၆။ နိဂုံး
UTI သည် အဖြစ်များသော်လည်း စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။
လက္ခဏာစောစောပေါ်လျှင် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို တားဆီးနိုင်သည် ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သောကြောင့် ရေများများ သောက်ခြင်း၊ ကိုယ်ကျင့်သန့်ရှင်းခြင်းတို့ကို အလေးထား ကျင့်သုံးသင့်ပါသည်။
မကောင်းမှုဆိုတာ ရောင်ပြန်ဟပ်တယ်
-------------------------
သူတပါးကို ချောက်တွန်းဖို့မကြိုးစားပါနဲ့
တနေ့ သင်ကိုယ်တိုင်
အဲ့ဒီချောက်ထဲကို ကျတတ်တယ်
သူတပါးကို လိမ်ဖို့ မကြိုးစားပါနဲ့
သင်ကိုယ်တိုင်လည်း
အလိမ်ခံရနိုင်တယ်ဆိုတာ မမေ့ပါနဲ့
သူတပါးကို ကဲ့ရဲ့ဖို့ မကြိုးစားပါနဲ့
သင်လည်း တစ်နေ့ အခြားသူတွေရဲ့
လက်ညှိုးထိုးတာ ခံရနိုင်တယ်
သူတပါးကို နိမ့်ချဖို့ မကြိုးစားပါနဲ့
ဘဝဆိုတာ အမြဲတမ်း
အမြင့်မှာ ရှိနေနိုင်မှာ မဟုတ်ဘူး
သူများကို ဒုက္ခပေးပြီဲး
ကိုယ်ပျော်ရမယ် မထင်နဲ့
ခဏတော့ သင်ပျော်ကောင်း ပျော်ပါလိမ့်မယ်
ဒါပေမယ့် အလှည့်ရောက်လို့ ပြန်ပေးဆပ်ရရင်
အတိုးရော အရင်းရော ဆိုတာမျိုး ကြုံလာတတ်တယ်။
ဒါကြောင့် မည်သူ့ကိုမှ
မကောင်းတဲ့ အကြံအစည်၊ အပြုအမူတွေကို
မလုပ်မိဖိုနဲ့
စိတ်ထားလေးကို ဖြူစင်အောင် ထားဖို့က
ဘဝမှာ သိပ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်.....။
ရှန်ဟိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနှစ်သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း၊ လေယာဉ်ခရီးစဉ် ရာပေါင်များစွာ ဖျက်သိမ်းထားရ
ပေကျင်း၊ ဇူလိုင်-၃၀-၂၀၂၅
ရတီ (VOM)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း ကိုမေ ဝင်ရောက်တိုက်ခတ်ဖို့ ချဉ်းကပ်လာနေတာကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံအရှေ့ပိုင်းမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်ထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာဖျက်သိမ်းထားပြီး ကူတို့သင်္ဘော ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။
Zhejiang ပြည်နယ်က Zhoushan ဆိပ်ကမ်းမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရုရှားအရှေ့ဖျားမှာ ပြင်းထန်ငလျင်ကြောင့် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်လိုက်တယ်။ ဒီအခြေအနေက တရုတ်ကမ်းခြေတလျှောက် မျှော်မှန်းထားတာထက် ပိုကြီးမားတဲ့ မုန်တိုင်းဒီလှိုင်းတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိလာတယ်။
ရှန်ဟိုင်းမြို့မှာ ဖယ်ရီဝန်ဆောင်မှုအားလုံးကို ဗုဒ္ဓဟူးနေ့မနက်ကတည်းက ရပ်နားထားပြီး မော်တော်ယာဉ်မောင်းတွေကို အမြန်လမ်းမပေါ်မှာ တစ်နာရီ ၆၀ ကီလိုမီတာအောက်သာ မောင်းဖို့ ညွှန်ကြားထားတယ်။
ရှန်ဟိုင်းဒစ်စနီလန်းနဲ့ လီဂိုလန်းပန်းခြံတွေကတော့ ဖွင့်ထားဆဲဖြစ်ပေမယ့် လီဂိုလန်းမှာ နေရာအချို့နဲ့ ဖျော်ဖြေရေးတွေကို မိုးလေဝသအခြေအနေကြောင့် ယာယီရပ်နားထားတယ်လို့ ပန်းခြံက ထုတ်ပြန်ထားတယ်။
မိုးလေဝသ ပညာရှင်တွေက Zhoushan နဲ့အနီးတစ်ဝိုက်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသအာဏာပိုင်တွေက ကြိုတင်ကာကွယ်ရေးအစီအမံတွေကို ဆက်လက်ဆောင်ရွက်နေပြီး မုန်တိုင်းအခြေအနေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
Ref:CNA
Photo:Reuters