Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
EXCLUSIVE: "My attitude is always, we will succeed. We will win"
House Majority Whip Tom Emmer tells ABC News how the GOP succeeded in their mission to deliver Pres. Trump's 'Big Beautiful Bill.'
Several hidden Republican holdouts refusing to vote meant Emmer estimates his team stretched more than 40 hours without sleep in the days before the bill survived.
ပြည်ပလုပ်သားစေလွှတ်မှုကို သက်တမ်းပြည့် ပြန်ရောက်အရေအတွက်နှင့် နှိုင်းယှဉ်စေလွတ်နေ
ရန်ကုန်၊ ဇူလိုင် ၂၂
ပြည်ပကို အသစ်စေလွှတ်ရမယ့် လုပ်သားအရေအတွက်ကို ပြည်ပမှ အလုပ်လုပ်ကိုင်ပြီး သက်တမ်းပြည့်လို့ ပြန်လည်ရောက်ရှိလာတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ပြီး စေလွှတ်နေကြောင်း အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) က တာဝန်ရှိသူတွေနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးရင်း အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
ပြည်တွင်းလုပ်သားရှားပါးမှု၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်တာလို့လည်း ၎င်းက ဆိုပါတယ်။
အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေ စေလွှတ်ရာမှာ လုပ်ခလစာ အကျိုးခံစားခွင့် များပြားတဲ့ နိုင်ငံတွေကို စေလွှတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြဖို့ နစကဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံတွေကို မြန်မာလုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် (SOP)များနဲ့အညီ စိစစ်ခွင့်ပြု စေလွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။
MOEAA ကိုလည်း အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတ်မှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ် (SOP) တွေနဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
နစကအနေနဲ့ အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားပါတယ်။
ဒါ့အပြင် လာအိုနဲ့ တခြားသော နိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
စစ်ပွဲအတွင်းပျက်စီးသွားသည့် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား အီရန်ပြန်လည်အစားထိုး
********************
(နိုင်ငံတကာ) ဇူလိုင် ၂၂
အီရန်နိုင်ငံသည် အစ္စရေးနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်းပျက်စီးသွားသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ပြန်လည်အစားထိုးတပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတစ်ခု က ဖော်ပြသည်။
အီရန်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အစ္စရေးနိုင်ငံနှင့်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲ အတွင်း ပျက်စီးသွားခြင်း ဖြစ်သည်။
အဆိုပါစစ်ပွဲအတွင်း အစ္စရေးလေတပ်မတော်သည် အီရန်၏ဝေဟင်အတွင်း လွှမ်းမိုးထားနိုင်ခဲ့ပြီး အီရန်နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်များအား အထိနာစေခဲ့ကြောင်း သိရသည်။
သို့သော် အစ္စရေးလေတပ်မတော်၏တိုက်ခိုက်မှုအတွင်း အီရန်၏လေကြောင်းကာကွယ်ရေးစနစ်အချို့ ပျက်စီးသွား ခဲ့သော်လည်း အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ကြိုတင်ပြင်ဆင်ထားသည့် လက်နက်စနစ်များဖြင့် ပြန်လည်အစားထိုး ၍ နိုင်ငံ၏ဝေဟင်ကာကွယ်ရေးကို ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အစ္စရေးနိုင်ငံနှင့် စစ်မက်မဖြစ်ပွားမီ အီရန်နိုင်ငံတွင် ရုရှားနိုင်ငံလုပ် S-300 အမျိုးအစား လေကြောင်း ကာကွယ်ရေးစနစ်အပြင် ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းဒုံးစနစ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ပြီးခဲ့သည့်လ အတွင်းက ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် အစ္စရေးလေတပ်မတော် က အီရန်ပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ တိုက်ခိုက်ခဲ့ပြီး အီရန်တပ်မတော်ကမူ ၎င်းတို့၏ရာပေါင်းများစွာသော ဒုံးကျည်များဖြင့်အစ္စရေးပိုင်နက်အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Straight Time သတင်းဌာန ဖော်ပြချက်အရ သိရသည်။
e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ်မရှိသော ဝါဒဖြန့်မှုများသာဖြစ်သည်ဟု လဝကထုတ်ပြန်
********************
(ပြည်တွင်း) ဇူလိုင် ၂၂
e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ်မရှိသော ဝါဒဖြန့်မှုများသာဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
e-ID စနစ်နှင့်ပတ်သက်၍ အချို့သောလူမှုကွန်ရက်စာမျက်နှာများတွင် “ e-ID စနစ်သည် ပြည်သူများကို စောင့်ကြည့်ရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မဟုတ်မမှန် ဝါဒဖြန့်ချိလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ် မရှိသော ဝါဒဖြန့်မှုများသာဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
e-ID စနစ်၏ အဓိကရည်ရွယ်ချက်မှာ အချိန်/နေရာမရွေး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် သက်သေခံနိုင်သည့် Digital Platform တစ်ခုအဖြစ် ဆောင်ရွက်ပေး ရန်အတွက်ဖြစ်ကြောင်း၊ e-ID စနစ်၏ အဓိကလုပ်ဆောင်ချက်မှာ လူပုဂ္ဂိုလ်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာစီမံခန့်ခွဲနိုင်ရန်နှင့် နိုင်ငံသားများ၏ အထောက်အထားကို မှန်ကန်တိကျစွာ အတည်ပြုပေးနိုင်ရန်အတွက်ဖြစ်ပြီး ဥပမာအားဖြင့်၊ ဘဏ်တွင် ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ရာတွင်ဖြစ်စေ၊ အစိုးရဝန်ဆောင်မှုများ ရယူရာတွင်ဖြစ်စေ၊ သို့မဟုတ် မဲပေးရာတွင် ဖြစ်စေ မိမိ၏ အထောက်အထားကို Online/Offline စနစ်များဖြင့် လွယ်ကူလျင်မြန်စွာ သက်သေပြနိုင်ပြီး၊ မိမိမည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် အာမခံနိုင်စေရန် ရည်ရွယ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
e-ID စနစ်ဆိုသည်မှာ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ ကျား/မ စသည့် Demographic အချက်အလက်များနှင့် Biometrics အချက်အလက်များဖြစ်သည့် လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်၊ မျက်နှာသွင်ပြင်တို့ကို ကောက်ယူ ပေါင်းစပ်၍ ဂဏန်း ၁၀ လုံး ပါဝင်သည့် Unique Identification (UID) နံပါတ်ထုတ်ပေးသည့်စနစ်တစ်ခုဖြစ်ကာ လူတစ်ဦးလျှင် UID နံပါတ် တစ်ခုသာရရှိမည်ဖြစ်ပြီး ၎င်းနံပါတ်သည် ဘဝတစ်သက်တာလုံးအတွက် အသုံးပြုရမည့် နံပါတ်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။