18 w - Translate

Republicans on Capitol Hill reacted Monday to ABC News' exclusive reporting that Pres. Trump's administration is poised to accept a luxury jumbo jet as a gift from Qatar.
When asked about the price tag of the potential gift — an estimated $400 million — Sen. John Kennedy sidestepped the issue.
"I think we ought to follow the law, whatever that is," said the Louisiana Republican. "Well, France gave us the Statue of Liberty."
Read more: https://abcnews.visitlink.me/KMwo42

image
18 w - Translate

Several over-the-counter eye products used to treat dry and irritated eyes have been voluntarily recalled following an audit by the U.S. Food and Drug Administration.
AvKARE, a pharmaceutical distributor, issued a voluntary recall notice on its website, noting that the products are being recalled due to "manufacturing deviations" found during the FDA audit.
Read more: https://abcnews.visitlink.me/B5INwK

image

#နိုင်ငံတကာသတင်း
◼အပြန်အလှန်အခွန်များလျှော့ချရန် အမေရိကန်နှင့်တရုတ်သ‌ဘောတူ
ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံက ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ရန် ကြိုးစားနေကြစဉ် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စည်းကြပ် ထားသော အခွန်အကောက်များကို လောလောဆယ်လျှော့ချထားရန် သဘောတူညီလိုက်ကြကြောင်း အမေရိကန်နှင့် တရုတ်တို့က ယနေ့တွင် ပြောကြားကြသည်။
အရေးယူမှုများအား ရက် ၉၀ ကြာ ရပ်တန့်ထားရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်းနှင့် အခွန်များ ရာခိုင်နှုန်းတစ်ရာကျော် ကျဆင်းလာပြီး ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိမည်ဖြစ်ကြောင်း ဂျီနီဗာမြို့တွင် တရုတ်အရာရှိများနှင့် တွေ့ဆုံပြီးနောက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားသည်။
နှစ်ဖက်စလုံးကို ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအား ကောင်းမွန်စွာ ကိုယ်စားပြုခဲ့ကြကြောင်း နှင့် မျှခြေညီသော ကုန်သွယ်ရေးဖြစ်ရေးဆီသို့ အမေရိကန်က ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဘက်ဆန့်က ဆက်ပြောသည်။
ကွဲပြားခြားနားမှုများ ကျဉ်းမြောင်းအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း နှစ်ဖက်စလုံးက ကြွေးကြော်ခဲ့ကြသော သီတင်းပတ်ကုန် ဆွေးနွေးပွဲများအပြီးတွင် ဘက်ဆန့်က အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာနှင့်အတူ သတင်းသမားများအား တွေ့ဆုံခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာပြန်ရလာခဲ့ပြီး တစ်ကမ္ဘာလုံးအပေါ် ကြီးမြင့်သောအခွန်အတုပ်များကို ကြေညာခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် ကြီးလေးသော အခွန်များ စည်းကြပ်ခဲ့ပြီးနောက် ဂျီနီဗာအစည်းအဝေးသည် နှစ်ဖက် ထိပ်တန်းစီးပွားရေးအရာရှိကြီးများကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။
ဇန်နဝါရီလတွင် ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာပြီးနောက်ပိုင်း ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်တင်သွင်းသူများ ပေးရမည့်အခွန်အား ၁၄၅ ရာခိုင်နှုန်းအထိ ဆွဲတင်ခဲ့သည်။
တရုတ်ကလည်း အမေရိကန်လက်နက် နှင့် စားသုံးသူသုံးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာ၌ မရှိမဖြစ်လိုအပ်သော အချို့မြေရှားသတ္တုများတင်ပို့ခြင်းကို ရပ်တန့်ခြင်း၊ အမေရိကန်ထုတ်ကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း ချမှတ်ခြင်းများဖြင့် တန်ပြန်ခဲ့သည်။
ယင်းနှင့်အတူ တစ်နှစ်လျှင် ကန်ဒေါ်လာ ၆၀၀ ဘီလီယံ အထိ ရောက်ရှိခဲ့သော နှစ်ဖက်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ကာ ၊ ထောက်ပံ့‌ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ စီးပွား တန့် ငွေကြေးဖောင်းပွမှုအပေါ်စိုးရိမ်မှုများ ၊ အလုပ်သမားလျှော့ချခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
အမေရိကန်-တရုတ်ဆွေးနွေးပွဲများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားကျကပ်ကို ရှောင်လွှဲနိုင်မည်ဟူသော မျှော်လင့်ချက်များကို မြင့်တက်လာခဲ့ပြီးနောက် ငွေကြေးဈေးကွက်များလည်း အခြေအနေပြန်ကောင်းလာခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
18 w - Translate

#ပြည်တွင်းသတင်း
◼ငလျင်လှုပ်ခတ်ခြင်းကြောင့်ယာယီပိတ်ထားသည့် မန္တလေးပြည်သူ့ဆေးရုံရှိကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်
ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ယာယီပိတ်ထားရသည့်မန္တလေးပြည်သူ့ဆေးရုံရှိကိုးထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပြုပြင်ရေးအပိုင်းတွင်ပါဝင်ကူညီခဲ့သည့် ဧရာဝတီဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
အဆိုပါအထွေထွေရောဂါကု ကိုးထပ်ဆောင်ကို ဧရာဝတီဖောင်ဒေးရှင်းမှ အင်ဂျင်နီယာနှင့်ကျွမ်းကျင်လုပ်သား ၂၀၀ ကျော်တို့က သက်ဆိုင်ရာဆရာဝန်၊ ဆရာမများနှင့်အတူ ပြီးခဲ့သည့်ဧပြီ ၃၀ ရက်မှ စတင်ကာ အပျက်အစီးများရှင်းလင်းခြင်း၊ ပျက်စီးခဲ့သည့်အစိတ်အပိုင်းများပြုပြင်မွမ်းမံခြင်း၊ လိုအပ်သည့် အဲယားကွန်းများဖြည့်စွက်တပ်ဆင်ခြင်း၊ M&E လုပ်ငန်းများစစ်ဆေးပြုပြင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကိုတာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်၊ ငလျင်လှုပ်ခတ်သည့်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံရှိ ၁၀ ထပ်ဆောင်၊ ကိုးထပ်ဆောင်၊ ရှစ်ထပ်ဆောင်၊ သုံးထပ်ဆောင် စသည့်အထပ်မြင့်အဆောက်အဦများမှလူနာများကို ဆေးရုံရှေ့ကွက်လပ်များရှိကားပါကင်များသို့ ယာယီပြောင်းရွှေ့ခဲ့ရကြောင်း၊ ယင်းနောက် လူနာများအားသက်ဆိုင်ရာလူနာဆောင်များသို့ပြန်ပို့ရာတွင် ထိခိုက်ပျက်စီးမှုမရှိသည့် တစ်ထပ်ဆောင်၊ နှစ်ထပ်ဆောင်နှင့် သုံးထပ်ဆောင်များသို့ပြောင်းရွှေ့ကုသပေးခဲ့ရကြောင်း၊ ထပ်မံရောက်ရှိလာသည့် ငလျင်ဒဏ်သင့်လူနာများကိုလည်း အရေးပေါ်ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီးက သတင်းမီဒီယာတစ်ခုနှင့်အင်တာဗျူးတွင်ဖြေကြားခဲ့သည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ဧရာဝတီဖောင်ဒေးရှင်း/FB

image
18 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနာဘူရီတွင်တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စန်းခလာဘူရီတွင် မေ ၁၁ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
နယ်စပ်ဒေသမှ တရားမဝင်ဖြတ်ကျော်မှုများရှိကြောင်း သတင်းများရရှိပြီးနောက် Surasee Task Force နှင့် နယ်စပ်လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ်ဂါမြို့နယ်ခွဲ ဘန်ဒေါင်းစက်အနီးတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတရားဝင်မှတ်ပုံတင် စာရွက်စာတမ်းများ မပါရှိကြောင်းသိရသည်။
လုံခြုံရေးအဖွဲ့စစ်ဆေးမှုများအရ မြန်မာ ၂၂ ဦးသည် စစ်ဆေးရေးဂိတ်များကိုရှောင်ရှားရန်အတွက် မြန်မာနိုင်ငံဘုရားသုံးဆူမှ မော်တော်ဆိုင်ကယ်များဖြင့် တောလမ်းကြောင်းများအတိုင်း ခရီးနှင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်လက် သယ်ယူပို့ဆောင်ပေးမည့်လှေကို စောင့်ဆိုင်းနေကြောင်း၊ ကန်ချနာဘူရီနှင့် စမွတ်ဆာခွန်တို့တွင် အလုပ်လုပ်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း၊ ပွဲစားများရောက်ရှိချိန်တွင် ဘတ်ငွေ ၁၅ဝဝဝ မှ ၂ဝဝဝဝ အထိပေးရန် သဘောတူထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၂၂ ဦးကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စန်းခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး တရားမဝင် ဝင်ရောက်မှုကို ကူညီဆောင်ရွက်ပေးသူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဗန်ကောက်ပို့စ်

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကာတာ၏ ဘိုးအင်း ၇၄၇-၈ လက်ဆောင်ကို လက်ခံရယူရန် ဒေါ်နယ်ထရန့်စီစဉ်ထား
ကာတာစော်ဘွား မိသားစုကလက်ဆောင်အဖြစ် ပေးအပ်မည့် ဘိုး အင်း-၇၄၇-၈ အမျိုးအစား လေယာဉ်သစ်တစ်စင်းကိုလက်ခံရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း မေ ၁၁ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင် အဆိုပါ ဘိုးအင်းလေ ယာဉ်ကို အမေရိကန်သမ္မတများအသုံးပြုသည့် အဲဖို့စ်ဝမ်းသမ္မတစီး လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။
ယင်းလေယာဉ်ကို အဲဖို့စ်ဝမ်းလေယာဉ်အဖြစ် အသုံးပြုပြီးပါက သမ္မတ ဒေါ်နယ်ထရန့်ရာထူးမှ အနားယူပြီးနောက်ပိုင်းတွင် ၎င်း၏ သမ္မတစာကြည့်တိုက်အတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင်ဘိုးအင်းလေယာဉ်သည် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိရာ အမေရိကန်အစိုးရ လက်ခံရရှိခဲ့ဖူးသမျှ လက်ဆောင်များအနက် အဖိုးအထိုက်တန်ဆုံး လက်ဆောင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ယခုသီတင်းပတ်အတွင်း ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ကာတာဘုရင့်မိသားစုကလက်ဆောင်ပေးမည့် ဘိုးအင်း-၇၄၇-၈ လေယာဉ်ကို ကာတာနိုင်ငံ၌ သမ္မတဒေါ်နယ်ထရန့် ရောက်ရှိနေချိန်တွင် လွှဲပြောင်းပေးအပ်ခြင်း၊ လက်ခံရယူခြင်းများ ပြုလုပ်ဦးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူးကို ပထမ အကြိမ်ရယူထားစဉ်ကာလအတွင်း အဲဖို့စ်ဝမ်းလေယာဉ်များအဖြစ် အသုံးပြုမည့်ဘိုးအင်း-၇၄၇-၈ လေယာဉ်သစ်နှစ်စင်း လွှဲပြောင်းပေးအပ်မှုလုပ်ငန်း နှောင့်နှေးကြန့်ကြာမှုအတွက် စိတ်ပျက်ကြောင်း ပြသခဲ့ဖူးသူဖြစ်သည်။
ရိုက်တာ

image

( ပါချုပ်ဆရာတော်ကြီးသြဝါဒ )
လောကကြီးမှာအကောင်းဆုံးဖြစ်စေတာလည်းပဲကိုယ်နဲ့သာသက်ဆိုင်တယ်။
အညံ့ဆုံးဖြစ်သွားတလည်းပဲကိုယ်နဲ့သာသက်ဆိုင်တယ်။
လောကကြီးကိုလက်မြှောက်ပြီးတော့အရှုံးပေးရမှာမဟုတ်ဘူး။မြတ်စွာဘုရားကဆုံးမထားတယ်။
သူများကိုနိုင်တာမကောင်းဘူး၊ကိုယ့်ကိုယ်ကိုနိုင်တာကောင်းတယ်။
သူများကိုအနိုင်မယူချင်ပါနဲ့။သူများနိုင်တာဟာအနိုင်ကျင့်ရာရောက်တယ်။
သူများအနိုင်ယူချင်တဲ့သူတွေဟာခဏတော့ကောင်းနိုင်တယ်။
နောက်ကျတော့ဒုက္ခရောက်သွားတာပဲနော်။
ဘယ်အရာမှမမြဲဘူးလို့နှလုံးသွင်းထားရင်ဝမ်းသာစရာလည်းမရှိသလို၊ဝမ်းနည်းစရာလည်းမရှိဘူး။
သိမ်းပိုက်ဆုပ်ကိုင်သူတွေကြားထဲမှာစွန်လွတ်နိုင်သူ၊မျှဝေနိုင်သူဖြစ်ပါစေ။
မှားမိုက်ဆိုးတေနေသူကြားထဲမှာထိမ်းချုပ်စောင့်စည်းနိုင်သူဖြစ်ပါစေ။
ပေါ့ပျက်ပူမြိုတ်သူတွေကြားထဲမှာရင်ကျက်အေးချမ်းနိုင်သူဖြစ်ပါစေ။
စွဲငြိနှေင့်ဖွဲ့သူတွေကြားထဲမှာလွတ်လပ်ဆုံးသူဖြစ်ကြပါစေ။

image

မဂ်လာ ရိုသောနံနက်ခင်းလေးပါသူငယ်ချင်းတို့ရေ

မင်္ဂလာရှိသောနံနက်ခင်းလေးပါ
💐🙏🙏🙏🙏🙏💐
အားလုံးသောဝေနေယျသတ္တဝါအပေါင်း
ဘေးအပေါင်း ရန်အပေါင်းမှကင်းဝေး၍
မိမိတို့ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ
ပြည့်ဝနိုင်ကြပါစေ🙏🙏

image
18 w - Translate

"ပူတင်က တူရကီဆွေးနွေးပွဲမှာ ယူကရိန်းရဲ့ အညံ့ခံမှုကို တောင်းဆိုမည် "

The Timesသတင်းစာက​​မေလ၁၅ရက်တူရကီနိုင်ငံတွင်ရုရှားသမ္မတပူတင်နှင့်ဇလင်စကီးတို၏​တွေ့ဆုံ​ဆွေး​နွေးပွဲ၌​ရုရှားသည်အောက်ပါအချက်များကို​တောင်းဆိုလိမ့်မည်ဟု​ရေးသားထားသည်။
- ယူကရိန်းအစိုးရ အပြောင်းအလဲလုပ်ရန်
- နေတိုးအဖွဲဝင် မဖြစ်ရေး ကတိပြုချက်
- ခရိုင်းမီးယား၊ ခေရ်ဆွန်၊ ဇာပိုရိုဇီးယေးနှင့် အရှေ့ပိုင်းဒေသ ၂ခု အပါအဝင် နယ်မြေများ လွှပေးရန်
သတင်းစာက ဖော်ပြချက်အရ ရုရှားက ဤအချက်များကို တင်းတင်းကျပ်ကျပ် တောင်းဆိုနေပါသည်။
ယူကရိန်းဘက်မှ ဤအချက်များကို လက်ခံနိုင်ဖွယ်မရှိဟု ခန့်မှန်းရသည်။
- ဆွေးနွေးပွဲရလဒ်သည် စစ်ရေးအခြေအနေပေါ် တိုက်ရိုက်မူတည်နေသည်။

NOM