အေးစက်သွားတဲ့ကော်ဖီတစ်ခွက်မှာ

ရှိထိုက်တာထက် ခါးသီးမှုတို့ကကြီးစိုးလာတယ်

‌ပြေးလွင့်သွားတဲ့ တိမ်တွေနောက်မှာတော့

စူးရှလွန်းတဲ့ နေရောင်က
ကိုယ်ချင်းမစာ အလင်းထိုးနေရဲ့

ရာသီအထပ်ထပ် ကူးပြောင်းခဲ့ပေမဲ့

မကူးပြောင်းနိုင်ရက်တာတော့

တစ်ယောက်သောသူအပေါ်အမြစ်တွယ်ခဲ့တဲ့ မြတ်နိုးယုယမှုတွေပေါ့

သူမရဲ့အပြုံးတွေအောက်က
နောက်ကျောကိုထိုးမယ့်ဓါးတွေ
အသင့်ရှိနေတော့လည်း
ကျွန်တော့်နောက်ကျောကိုပဲ ခံနိုင်အောင်
လေ့ကျင့်ပေးထားရတော့မှာပေါ့လေ။

- ဟေဇယ်

နေကြာပန်းတွေရဲ့ အဓိပ္ပါယ်က
"မင်းကိုပျော်ရွင်စေချင်တယ်..''တဲ့

အများကြီးမဟုတ်တောင်မှ
ကိုယ်တက်နိုင်သလောက်
မင်းကိုပျော်ရွှင်စေချင်တယ် 💛🌻💨

ငါ့နေရာနဲ့ပဲငါတန်ပါတယ်
စက်ဘီးစီးနေကြတဲ့လူတွေထဲ
ငါလမ်းလျှောက်ပြိုင်ခဲ့တာပေါ့
ပြိုင်ပွဲမှားခဲ့တယ် ငါရှုံးတယ်။.     

ဘဝတကွေ့ ကြုံရ ဆုံရ
သံသရာတစ်ပတ် ပြည့်ပြန်တော့
ခွဲရ လွမ်းရ
အခိုက်အတန့်တွေဟာ
တထစ်ချ ပုံသေကမ္ဘာထဲရောက်နေသလို
ဒီလူကို ချစ်တယ်ပြောခဲ့ပြီး
နောက်လူကိုလည်း
ထပ်ပြီး ချစ်တယ် ပြော‌နေဦးမှာပဲ
ဘာထူးလို့လဲ ။

ကျနော့်မှာ အိပ်မက်လေး တစ်ခုရှိတယ်၊

တစ်နေ့ နယ်မြို့တောင်ပေါ်ရွာလေး

တစ်ရွာမှာ အခြေချမယ်၊

ခြံလေး တစ်ခြံပိုင်ဆိုင်ဖို့ ကြိုးစားမယ်။

ပြီးရင် အသီးအနှံလေးတွေ စိုက်မယ်၊

ကျနော်ချစ်ရတဲ့သူနဲ့ နေဝင်ချိန်ကို

အတူတူ ကြည့်မယ်၊ ကျနော်နေချင်တဲ့

အေးချမ်းတဲ့ ဘဝလေးဆိုတာ ဒါပါပဲ ။

#crd

ညို.........
ညို့ရဲ့ ကျွန်မကို
ပေးခဲ့ဖူးတဲ့အချစ်တွေကလေ
ညို့အမျိုးသမီးလေးအရမ်းမြတ်နိုးတဲ့
သက်တန့်လေးလိုပဲ
အတုအယောင်ပေမဲ့
ကျွန်မကိုပျော်ရွှင်ကျေနပ်စေခဲ့တယ်
အဲ့ဒီအချစ်ရဲ့ တည်ရှိမှုလေးကတင်
ကျွန်မဘဝကိုအလင်းပေးနိုင်ခဲ့တယ်
ညို့ရဲ့ သက်တန့်လိုအချစ်ကတောင်
ကျွန်မကိုဒီလောက်ပြောင်းလဲစေခဲ့တယ်နော်
ညို့အမျိုးသမီးလေးကလေ
ကျွန်မခိုးယူချင်မိတဲ့ကံတရားနဲ့မွေးဖွားလာခဲ့တယ်ထင်ပါရဲ့။

- ဟေဇယ်

မင်းကခွင့်မလွတ်နိုင်တာ
ငါကလက်မလွတ်နိုင်တာ
ကမ္ဘာမှာဘယ်တုန်းက
မလွဲခဲ့ဘူးလို့လဲ
အမြဲတန်းကွဲခဲ့တယ်
အမြဲတန်းလွဲခဲ့တယ်...။

တစ်ယောက်ကို တစ်ယောက်

သတိတရရှိနေသေးတယ်ဆိုရင်

ငါတို့လမ်းခွဲခဲ့တာ မဟုတ်ဘူး

လမ်းလွဲခဲ့တာ...။

နာကျင်မှုဆိုတာကို နာကျင်နေတဲ့
လူတွေပဲနားလည်နိုင်တာကိုယ့်လူရဲ့၊

ငါတို့တွေရဲ့ဒုက္ခဆိုတာလည်း
တစ်ချို့လူတွေအတွက်ပျော်စရာ
ဟာသတစ်ပုဒ်ဖြစ်သွားတာပဲ ။