ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
>> မသိဘဲစားနေကြတာမကြည့်ရက်တော့လို့ **
>> တင်ပြလိုက်ရခြင်းဖြစ်ပါတယ်...! **
[ချင်းသို့မဟုတ်ဂျင်းမစားသင့်သူများ
ဖတ်ချိန်တမိနစ်]
* ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။
* အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ဂျင်းစားသုံးမှုကိုလုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။
(၁) သတေ:ခဲဆေ:သောက်သုံးနေရသူတွေ
ဂျင်းကသွေ:ကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေ:မတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေ:ခဲ ဆေ:သောက်သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အချို့သောဖြစ်ရပ်တွေမှာ ဂျင်းကဆေ:အာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။
(၂) ဆီးချိုဆေ: မှီဝဲနေရသူတွေ
ဂျင်းက သွေ:တွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေ:သောက်သုံးနေရသူတွေအနေနဲ့ ဆေ:အာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး။
သွေ:ချိုတအားကျဆင်းသွားနိုင်တာကြောင့်လည်း ဂျင်းစားသုံးမှုကိုရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။
(၃)ဆေ:ကျဆေ:သောက်နေရသူတွေ
သွေ:တိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေ:တွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး။
ဂျင်းကသွေ:တိုးကျဆေ:အချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။
ဂျင်းနဲ့ သွေ:တိုးကျဆေ:တို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။
နောက်ဆက်တွဲဝေဒနာတွေ ကိုတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။
နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်
(၄)သည်းခြေကျောက်တည်နေသူတွေ
သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။
သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။
ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။
သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။
(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့်သလားဆိုတာကို သိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။
လေ့လာမှုတော်တော်များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိ*င်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
ဂျင်းက သွေ:ထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။
Windows စနစ်ကို စတင်ဖွင့်တဲ့အခါ အတက်မြန်စေဖို့ အောက်ပါနည်းလမ်းများး
1. Startup Program တွေကိုလျှော့ချပါ။
Windows စတင်တဲ့အခါ Background မှာ အလိုအလျောက်ဖွင့်တဲ့ Program တွေကို ပိတ်ပါ။
#ဘယ်လိုလုပ်မလဲ?🤔
- Task Manager ကိုဖွင့်ပါ → Ctrl + Shift + Esc (သို့) Ctrl + Alt + Del နှိပ်ပြီး Task Manager ကိုရွေးပါ။
- Startup Tab ကိုနှိပ်ပါ။
- မလိုအပ်တဲ့ Program တွေကို Right-click နှိပ် → Disable လုပ်ပါ။
(ဥပမာ - Spotify, Skype, Adobe Reader စသည်တို့ကို Disable လုပ်နိုင်ပါတယ်)
2. Fast Startup ကိုဖွင့်ပါ။
Windows မှာ Fast Startup ဆိုတဲ့ Feature ပါပါတယ်။ ဒါက Shutdown လုပ်တဲ့အခါ System Information တွေကို Save ထားပြီး နောက်တစ်ခါ ပြန်ဖွင့်ရင် ပိုမြန်ဆန်စေပါတယ်။
#ဘယ်လိုဖွင့်မလဲ?🤔
- Control Panel ကိုဖွင့်ပါ → Power Options ကိုနှိပ်ပါ။
- Choose what the power buttons do ကိုနှိပ်ပါ။
- Change settings that are currently unavailable ကိုနှိပ်ပါ။
- Turn on fast startup (recommended) ကို အမှန်ခြစ်ပါ → Save changes နှိပ်ပါ။
3. Disk Cleanup လုပ်ပါ။
တခါတလေ Temporary Files တွေက Startup ကိုနှေးစေပါတယ်။ Disk Cleanup လုပ်ပြီး ဖိုင်အပိုတွေကိုဖျက်ပါ။
#ဘယ်လိုလုပ်မလဲ?🤔
- File Explorer ဖွင့်ပါ → This PC ကိုနှိပ်ပါ။
- C: Drive ကို Right-click နှိပ် → Properties ကိုနှိပ်ပါ။
- Disk Cleanup ကိုနှိပ်ပါ → Temporary files, Recycle Bin စတာတွေကိုရွေးပြီး OK နှိပ်ပါ။
4. SSD သုံးပါ (Optional)
အကယ်၍ သင့်မှာ HDD (Hard Disk) သုံးထားရင် SSD (Solid State Drive) ကိုပြောင်းသုံးပါ။ SSD က HDD ထက် 10x ပိုမြန်ပြီး Windows Boot Time ကိုသိသိသာသာတိုစေပါတယ်။
5. Windows Services တွေကိုစစ်ဆေးပါ 🔍
တချို့ Background Services တွေက Startup ကိုနှေးစေနိုင်ပါတယ်။
#ဘယ်လိုစစ်မလဲ?🤔
- Run Box ဖွင့်ပါ (Win + R) → msconfig ရိုက်ပြီး Enter နှိပ်ပါ။
- Services Tab ကိုနှိပ်ပါ → Hide all Microsoft services ကိုအမှန်ခြစ်ပါ။
- မလိုအပ်တဲ့ Services တွေကို Disable လုပ်ပါ။
6. BIOS/UEFI မှာ Fast Boot ဖွင့်ပါ။
- ကွန်ပျူတာကို Restart လုပ်ပါ → BIOS/UEFI ထဲဝင်ပါ (ဖွင့်စဉ် F2, F12, Del နှိပ်ပါ)။
- Boot Options မှာ Fast Boot ကိုဖွင့်ပါ။
- Save & Exit လုပ်ပါ။
7. Windows Update & Driver တွေကိုနောက်ဆုံးဗားရှင်းအဖြစ်ထားပါ။
- Outdated Drivers တွေက Performance ကိုထိခိုက်စေနိုင်ပါတယ်။
- Device Manager ဖွင့်ပါ → Driver တွေကို Update လုပ်ပါ။
📌နိဂုံး
အထက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပါက Windows Boot Time သိသိသာသာ မြန်ဆန်လာပါလိမ့်မယ်။ အထူးသဖြင့် Startup Programs နဲ့ Fast Startup ကို ပြုပြင်ခြင်းက အကျိုးသက်ရောက်မှုအရှိဆုံးဖြစ်ပါတယ်။
အကယ်၍ Laptop/PC က အနှေးစိတ်ဖြစ်နေသေးရင် RAM တိုးဖို့ ဒါမှမဟုတ် SSD အစားထိုးဖို့ စဉ်းစားသင့်ပါတယ်။ 😊
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈