44 w - Translate

👉Click here: https://movie.freshnews96.com/12326/
🌙 Hotel Del Luna: Season 2 – Official Trailer (2024)
Starring: IU & Kim Soo-hyun
⭐ Rating: 9.2/10

"🌌 Some souls never leave… and some hearts never forget."

The doors of Hotel Del Luna reopen under a new moon, where the line between the living and the dead blurs once more. After centuries of waiting, Jang Man-wol (IU) returns—but she is not the same. The hotel is now under the watch of a mysterious new manager, portrayed by Kim Soo-hyun, whose connection to Man-wol is deeper than even he remembers. 🌕👁️🕯️

As restless spirits check in with unfinished stories, and ancient curses awaken, the two must navigate love, fate, and the painful weight of memories that span lifetimes. Each room holds a secret, every ghost a message—and time is running out.

With stunning cinematography, haunting romance, and a score that lingers like a whisper, Hotel Del Luna Season 2 is a spellbinding return to the hotel where healing and heartbreak go hand in hand. 🕊️✨

🎥 Love doesn’t end at goodbye… it begins again at the moonlight’s edge.
🏨 Coming 2024 – Where every soul has a story.

image
44 w - Translate - Youtube

Tea Time | Mr Bean

44 w - Translate - Youtube

Underwater World 8K ULTRA HD – Marine Life, Sea Animals and Coral Reef

◼ အပစ်ရပ်ဆက်ချိုးဖောက်နေပါကပိုမိုပြတ်သားသောတုံ့ပြန်မှုရှိလာနိုင်ကြောင်းကမ္ဘောဒီးယားကိုထိုင်းစစ်တပ်သတိပေး
အငြင်းပွားနေသော နယ်စပ်တစ်လျှောက် နေရာသုံးနေရာ၌ ကမ္ဘောဒီးယားဘက် က ယနေ့တွင် အ ပစ် အ ခတ် ရပ်စဲမှုကို ချိုးဖောက်ခဲ့ကြောင်း ထိုင်းစစ်ဘက် က စွပ်စွဲလိုက်ပြီး ယင်းသို့ ဆက်ဖြစ်နေပါက ၎င်းတို့ဘက်မှ ပို မို ပြတ်သားသော တုံ့ပြန်မှု ထွက်ပေါ်လာစေနိုင်ကြောင်းလည်း သတိ ပေးပြောကြားသည်။
မလေးရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်စလုံးက သဘောတူညီခဲ့ကာ တနင်္လာည သန်းခေါင်တွင်အ သက် ဝင်ခဲ့သော အပစ်အခတ်ရပ်စဲမှု နှစ်ရက်မပြည့်မီမှာပင် ယင်းစွပ်စွဲချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အိမ်နီးချင်းနှစ်နိုင်ငံကြား ဆယ်နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ကာ ငါးရက်ကြာမြင့်ခဲ့ပြီး လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံ၍၊ အရပ်သား သုံးသိန်းခန့် အိုးအိမ်စွန့်ခွာ ထွက် ပြေး ခဲ့ ရသော တိုက်ခိုက်မှုများအား အဆုံးသတ်ရန် အဆိုပါအပစ်အခတ် ရပ်စဲမှုက ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားမြောက်ပိုင်းနယ်စပ် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကက်ပြည်နယ် မှ စခန်းများကို ကမ္ဘော ဒီးယားတပ်ဖွဲ့များက ယနေ့ ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်ဘက် က ပြောကြားသည်။
“ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ လောင်ချာတွေ အသုံးပြုခဲ့ပါပြီး ထိုင်းဘက်ကလည်း ကိုယ့် ကိုယ်ကိုယ်ကာကွယ်တဲ့ အနေနဲ့ တုံပြန်ခဲ့ပါတယ်” ဟု ထိုင်းစစ်ဘက်ပြောခွင့်ရသူ ဗိုလ်ချုပ် ဝင်းထိုင်းဆူဝါရီ က သ တင်းထောက်များအား ပြောကြားသည်။
“ဒါဟာ သဘောတူညီချက် ရပြီးကတည်းကဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး သဘောတူညီချက်တွေကို အလေးမထားဘဲ စစ်ရှိန်လျော့ပါးရေးကြိုးပမ်းမှုတွေကို ဖျက်ဆီးတဲ့ နှစ်နိုင်ငံကြားယုံကြည်မှုလျော့ကျစေတဲ့ အပြု အ မူကို ထင်ဟပ်နေပါတယ်။” ဟု ထိုင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ က ဆက်ပြော သည်။
ယင်းစွပ်စွဲချက်များကို ကမ္ဘောဒီးယားက ပယ်ချလိုက်ကာ ၎င်းတို့ဘက်က အပစ်အခတ်ရပ်စဲရေးကို ပိုင်း ဖြတ် ထားပြီး လေ့လာသူများထားရှိရန် တောင်းဆိုခဲ့သည်။
“ အပစ်ရပ်စဲမှု စွပ်စွဲချက်တွေဟာ မှားယွင်းပြီး အထိအခိုက်မခံတဲ့ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို လမ်းလွဲထိခိုက်စေနိုင်တာကြောင့်က မ္ဘောဒီးယားကအခိုင်အမာပယ်ချပါတယ်။”ဟုကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနပြော ရေးဆိုခွင့်ရှိသူချွန်ဆွန်ရီ က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားကာ စောင့် ကြည့်ရေးယန္တရားတစ်ခုနှင့် အမှီအခိုကင်းသောစောင့်ကြည့်မှုကို ကမ္ဘောဒီးယားအစိုးရက ထောက်ခံကြောင်းလည်း ဆက်ပြောသည်။
တပ်ဖွဲ့များ ရွှေ့ပြောင်းမှုကို ရပ်တန့်ရန် သဘောတူထားသည့် အပစ်အခတ်ရပ်စဲမှုသည် ဩဂုတ်‌ ၄ ရက်တွင် ကာ ကွယ်ရေးဝန်ကြီးများ ကမ္ဘောဒီးယားတွင် တွေ့ဆုံရေးအပါအဝင် စစ်ဘက်အဆင့်မြင့်အရာရှိများ အစည်း အ ဝေး များအတွက်ပါ လမ်းခင်းပေးထားသည်။
လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှု သတင်းများ မကြားရသော်လည်း မည်သည့်ဘက်ကမှ တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းသည့် သတင်းများလည်း မကြားရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
နှစ်ဖက် အပစ်မရပ်ခဲ့ပါက ၎င်းတို့နှစ်နိုင်ငံနှင့် အခွန်ဆွေးနွေးမှုများ ဆက်လုပ်မည်မဟုတ်ကြောင်း အမေရိ ကန် သမ္မတ ဒေါ်နယ်ထရန့် က အပစ်ရပ်ရေးဆွေးနွေးပွဲ မတိုင်ခင်က သတိပေးပြောကြားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း

image
44 w - Translate

◼ ညောင်ဦးရှိ Denko ဆီဆိုင်ဓားပြတိုက်သူများထဲမှနှစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးမိဟုဆို
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ Denko ဆီဆိုင်ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူများထဲမှနှစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက ကယနေ့(ဇူလိုင် ၃၀ ရက်)တွင် ထုတ်ပြန်သည်။
ယခုလဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီးညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးရှိ DENKO စက်သုံးဆီဆိုင်သို့ အမည်မသိအမျိုးသားခြောက်ဦး (စိစစ်ဆဲ)မှ ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်းလေးလုံး၊ ရွှေနားကပ်နှစ်ရံ၊ ဆိုင်ကယ်နှစ်စီး၊ ဆီရောင်းချရငွေငါးသိန်းကျပ်ကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ထို့နောက် ဆီဆိုင်မန်နေဂျာဖြစ်သူ အသက်(၄၀)အရွယ်ရှိ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်းနှင့် ဒုမန်နေဂျာဖြစ်သူ အသက်(၄၂)နှစ်အရွယ်ရှိ ဦးဆန်းလွင်ဦးတို့နှစ်ဦးအား ဆီဖြည့်ရန်ရောက်ရှိနေသည့် အသက် (၃၈)နှစ်အရွယ်ရှိ ဦးစန်းယု၏ HONDA Fit အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် စက်သုံးဆီဆိုင်၏ အနောက် တောင်ဘက်ငါးမိုင်ခန့်အကွာ ကန်ပေါက်(အရှေ့) ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် တွင် ကျူးလွန်သူဟုယူဆရသူများအနက် လေးဦး(စိစစ်ဆဲ)မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတို့အနက်နှစ်ဦးအား MA-13 သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် ကျည်အိမ်တစ်ခု၊ MA- 1 သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် ကျည်အိမ် တစ်ခုတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသူများကို ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့်လှစ်ထားပြီး ၎င်းတို့နှစ်ဦးအား ကယ်တင်နိုင်ရန်နှင့်ပါရှိသွားသည့်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစက ကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image
44 w - Translate

◼ ရေကြီးနေသဖြင့် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ်(၁)တံတား သွားလာ၍မရဖြစ်
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးအမှတ်(၁) တံတားမှာ ပိတ်ထားခြင်းမရှိသော်လည်း မြဝတီမြို့ပေါ်တွင် ရေကြီးရေလျှံနေခြင်းကြောင့် သွားလာကူးလူး၍မရဖြစ်နေကြောင်း မြဝတီမြို့ရှိ ဒေသခံများထံမှ သိရသည်။
"မြဝတီ-မဲဆောက်တံတားကမပိတ်ပါဘူး။ ရေကြီးနေလို့သွားမရလို့ မသွားကြတာ။ လူကတော့သွားလို့ရတယ်။ မြန်မာဘက်ခြမ်းမှာတံတားထိပ်ထိ လှေလေးတွေ ဘောလေးတွေနဲ့ပို့ဆောင်ပေးနေတယ်။ ပြီးတော့တံတားပေါ်မှာလည်း ဒေသခံတွေကသူတို့ရဲ့ကားတွေကို ရေဘေးလွတ်အောင်ဆိုပြီး တံတားပေါ်သွားထားကြတော့ တံတားပေါ်မှာကားပိတ်သလိုမျိုးဖြစ်နေတယ်။ အမှန်တော့ တံတားပေါ် မှာရှိနေတဲ့ကားတွေက အကုန်ရပ်ထားတာ။ ရေပြန်ကျတာနဲ့ပိုင်ရှင်တွေကလာပြန်ယူကြတာပါ" ဟု မြဝတီမြို့ရှိဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင်သောင်ရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် မြဝတီမြို့ရှိအနိမ့်ပိုင်ရပ်ကွက်များဖြစ်သည့် အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) တို့တွင် ယနေ့(ဇူလိုင် ၃၀ ရက်) နံနက်ပိုင်မှစတင်ကာ ရေဝင်ရောက် မှုများရှိပြီး အမြင့်ပိုင်းဖြစ်သည့်မြဝတီမြို့လယ်၊ ချစ်ကြည်ရေးတံတားအရှေ့၊ ရွှေမြင်းဝန်စေတီရှေ့ စသည့်နေရာများမှာလည်း ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။
အလာတူမြဝတီ - မဲဆောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း “လူကတော့ရတယ် ခင်ဗျ။ မြန်မာဘက်ခြမ်းမှာ လှေလေးတွေဘောလေးတွေနဲ့ပို့ဆောင်ပေးပါတယ်။ ညွှန်ကြားချက်အရ လို့သိရပါတယ်။ ရေကအခုတော့ကျစပြုလာပါပြီ။ ရေကျလို့ကားသွားရရင်တော့ တံတားပြန်ဖွင့်မှာပါ။ ထိုင်းဘက်ကတံတားအောက်ပိတ်ပါတယ်" ဟု ပြောသည်။
မြဝတီမြို့တွင်ယနေ့မွန်လွဲ ၁ နာရီခွဲခန့်မှစတင်ပြီးရေများပြန်လည်းကျဆင်းလျက်ရှိကြောင်းနှင့် အနိမ့်ပိုင်းရပ်ကွက်မှရေဘေးသင့်ဒေသခံများမှာ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဘီဝမ်း
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် မော်လ်တာအသိအမှတ်ပြုမည်
ယခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိ . အမှတ်ပြုရန် မော်လ်တာနိုင်ငံက စီစဉ်ထားကြောင်း ဇူလိုင် ၂၉ ရက် သတင်းများတွင် ရေးသားတင်ပြ ထားသည်။
မော်လ်တာနိုင်ငံအနေဖြင့် ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း ကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြု ကြေညာမည်ဖြစ်ကြောင်း မော်လ်တာဝန်ကြီးချုပ် ရောဘတ်အဘီလာက အတည်ပြုပြောကြားခဲ့သည်။
ပါလက်စတိုင်းကိုလွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ်ကီရာစတမ်မာက ကြေညာခဲ့ပြီး နာရီ အနည်းငယ်အကြာမှာပင် မော်လ်တာနိုင်ငံ၏ အလားတူကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
မော်လ်တာနိုင်ငံနှင့် ဗြိတိန်နိုင်ငံကဲ့သို့ပင် ပြင်သစ်နိုင်ငံကလည်း ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း သိရသည်။
မြေထဲပင်လယ်ဒေသတွင်တည်ရှိသော ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မော်လ်တာနိုင်ငံသည် သမိုင်းကြောင်းအရ ပါလက်စတိုင်း လွတ်လပ်ရေးကို အားပေးထောက်ခံသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်။
အိုင်ယာလန်၊ နော်ဝေနှင့် စပိန်နိုင်ငံတို့သည်လည်း ယခုနှစ် မေလအတွင်း ပါလက်စတိုင်းဒေသကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။
ဂါဇာစစ်ပွဲကိုအဆုံးသတ်ရန် အစ္စရေးကို နိုင်ငံတကာက ဖိအားပေးနေချိန်တွင် ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် မော်လ်တာနိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။
ရိုက်တာ

image

မိုးစက်တွေ...
မိုးစက်တွေ မိုးကောင်ကင်ကနေ
မြေပြင်ပေါ်ကို တစ်စက်ချင်း..
တစ်စက်ချင်းစီ...
ကျဆင်းလာပြီ။

ငှက်ကလေးတွေ...
သူတို့လဲ မိုးခိုလို့
တေးဆိုကာနေကြပြီ။

ငါးထပ်ကြီးဘုရားရဲ့
ဆောင်းတန်း တလျှောက်
မရောက်ဖူးပေမဲ့
ရောက်ဖူးနေတယ်လို့...
ခံစားရတဲ့ ခံစားချက်တစ်ခု

ဘုရားကို ရိုရိုသေသေ
မရှိခိုးဖူးတဲ့ကောင်
တစ်ခါမှ ဆုတောင်းမှု
မပြုဖူးတဲ့ကောင်...

ခုတော့ တင်္နဂနွေနာမ်ထောင့်မှာ
တင်္နဂနွေသမီးလေး...
ကိုယ်ကျန်းမာပါစေ...
စိတ်ချမ်းသာပါစေ...
သွားလေရာခရီးတိုင်း..
ဘေးအန္တရာယ်ကင်းပါစေ...။

ဆုသာတောင်းနေခဲ့တာ
မိုးစက်တွေ မြေပြင်ပေါ်ကို
ကျတဲ့ အသံ ဆူဆူညံညံတွေကြောင့်
ကျွန်တော့်ဆုတောင်းသံကို
ကြားရမည့်သူမည်ကား...
ရှိပါ့မလားနော်...

-သူရိန်
ဒေဝီဆီသို့ ရုတ်ချည်းပေးပို့သည့် စာတစ်စောင်

44 w - Translate

သရဲအခြော-က်ခံရရင် မကြောက်ပါနဲ့။ တစ်ချိန်ကျ ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ်🫰🏻

image
44 w - Translate

Gym Outfit ကို ဘယ်လို ရွေးချယ်မလဲ?🎽🩱
Workout လုပ်မယ်လို့ စဥ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက Gym ဝတ်စုံ ဝယ်ရမယ်ဆိုတာပါပဲ။ Gym ဆော့ဖို့ အတွက် ကိုယ်ဝတ်မယ့် အဝတ်အစားကလည်း တစ်ထောင့် တစ်နေရာက အရေးကြီးပါတယ်။
Gym စဆော့တဲ့ အချိန်ကနေ အခုအထိ Sports Bra တွေ Legging တွေ အများကြီး ဝယ်ဖူး ဝတ်ကြည့်ဖူးပါတယ်။ International နာမည်ကြီး Brand တွေကနေ စလို့ Local Brand, China Brand, Export ဆိုင်တွေထိရော အစုံပါပဲ။Gym Outfit ဝယ်တော့မယ်ဆို
🔺အများကြီး ဝယ်ဖို့ မလိုပါဘူး။ အနည်းဆုံး Sport Bra နဲ့ Leggings ၂ ထည် စီ ရှိတယ်ဆိုရင်တောင် ရပါပြီ။
🔺စျေးကြီးတာ စျေးသက်သာတာနဲ့ မဆိုင်ဘဲ သုံးထားတဲ့ Materials, ချုပ်ရိုးချုပ်သား, Cutting တွေကို ကြည့်ပြီး ရွေးသင့်ပါတယ်။
🔺အမျိုးအစားကောင်းတဲ့ outfit တွေက ကျယ်သွားတာ ကျဥ်းသွားတာတွေ မရှိဘဲ တစ်ခါဝယ်ပြီး အကြာကြီး ခံလို့ ပိုပြီးလည်း တွက်ချေကိုက်ပါတယ်။
🔺ကိုယ်နဲ့ သေချာ fit ဖြစ်ပြီး သက်တောင့် သက်သာရှိတဲ့ Size ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။
1️⃣Comfort & Confidence
Quality ကောင်းတဲ့ Gym Outfit ကို ဝတ်ဆင်တဲ့ အခါ ခန္ဓာကိုယ်ပေါ်မှာရော စိတ်ထဲမှာရော သက်တောင့်သက်တောင့် သက်သာရှိတာက ပထမဆုံး ဦးစားပေးအချက်ပါ။
ကိုယ်နဲ့ Size ကွက်တိ ဖြစ်တဲ့ အပြင် ကိုယ့် Body ကို ပိုပြီး ချပ်ရပ်စေတဲ့ Design မျိုး၊ စိတ်သွားတိုင်းကိုယ်ပါ ဘယ် Workout ပဲ လုပ်လုပ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် outfit ဖြစ်သင့်တယ်။ ခန္ဓာကိုယ်ပေါ်မှာ တစ်ထပ်တည်း ကပ်နေပေမယ့် တင်းကြပ်နေတာမျိုးလည်း မဟုတ်ဘဲ ကိုယ်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ရတယ်ဆိုရင် ဒါ အကောင်းဆုံး Gym outfit ပါပဲ။
2️⃣Squat Proof, Sweat-proof, Heat-Proof
ဒါကလည်း အရေးကြီးပါတယ်။ workout လုပ်တဲ့အခါ ချွေးထွက်မယ် Body Heat ထွက်မယ်။ ဒါပုံမှန်ပါပဲ။ Gym outfit တွေဟာ ချွေး/ရေ စိုသွားတဲ့အခါ လျင်လျင်မြန်မြန် ခြောက်သွေ့စေပြီးတော့ Body Heat ကိုလည်း သိမ်းမထားတဲ့ Fabric Material မျိုး ဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပူတဲ့ အတွက် ဒီအချက်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ မဟုတ်ရင် Body Heat တွေ အရမ်းတက်လာပြီး Shock ရတာမျိုး၊ ချွေးတွေ အမြန်မခြောက်တဲ့ အခါ ချွေးနဲ့ ပြန်အအေးပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ပြီးတော့ အသားမပါးတာမျိုးဖြစ်မှ Squat Proof ဖြစ်တာပါ။ Sqaut လုပ်တဲ့ အခါ အထဲက ကုန်းရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အခါ Squat Proof မဖြစ်ရင် Legging က အရမ်းပါးနေရင် အထဲက အတွင်းခံအရောင် ဒါမှမဟုတ် အသားကို မြင်နေရမှာပါ။
3️⃣Sport Bra Impact
ကိုယ်က Yoga ဆော့မှာလား Weight Training တွေ ဆော့မှာလား Jogging , Cardio လုပ်မှာလားပေါ်မူတည်ပြီး Sport Bra ကို ရွေးချယ်ရပါမယ်။ အရမ်း လှုပ်ရှားရတာတွေ မပါတဲ့ Workout ဆိုရင် Low - medium impacted ရှိတဲ့ Sport Bra ကို ဝတ်လို့ ရပါတယ်။ သူက ဝတ်ရတာ ပို သက်တောင့်သက်သာရှိတယ်။ ဒါမှမဟုတ် ကိုယ်က ကြိုးခုန်မယ် cardio တွေ လုပ်မယ် ပြေးမယ်၊ Training ကြမ်းကြမ်းတွေ လုပ်မယ်ဆိုရင်တော့ High Impacted Sport Bra နဲ့ ထိန်းပြီး ဝတ်မှ ရင်ဘတ်ပျော့တွဲကျတာတွေ ရင်ဘတ် အရမ်းလှုပ်တာတွေ မဖြစ်မှာပါ။
Gym ဝတ်စုံကို စျေးသက်သာတာ Design လှတာနဲ့တင် မမှာဖို့ သတိပေးချင်ပါတယ်။
Aria နဲ့ Eindra တို့လည်း Gym ဆော့တဲ့ခါ ကိုယ်အတွက်လုံးဝ Comfy ဖြစ်မယ့် Outfit မျိုးသေချာလေး ရွေးဝယ်ပြီး ကစားတယ်။ ဒါမှ workout လုပ်တဲ့အခါ စိတ်အနှောင့်ယှက်မဖြစ်ဘဲ သေချာလေး အာရုံစိုက်ပြီး လုပ်နိုင်တယ်။ မဟုတ်ရင် ဘောင်းဘီ လျောကျသွားလို့ ဆွဲတင်လိုက်၊ Sport Bra က ချောင်နေလို့ ကြိုးခုန်တာတို့ ပြေးတာတို့ လုပ်လို့မရလိုက်နဲ့ ဖြစ်တတ်လို့။ 😩😩
Gym outfit ဝယ်မယ်ဆိုရင် Aria နဲ့ Eindra တို့ အကြံပေးတဲ့ အချက်လေးတွေကို ထည့်သွင်းစဥ်းစားပြီး မှာနော်။ Invest in Good outfit and increase the efficiency of your gym sesh ✨💕
#credit #ironvibes

image