တစ်..ကပြန်စလို့မရပေမဲ့
အသစ်ကတော့ပြန်စလို့ရတယ်...။
ဘယ်ဆက်ဆံရေးမှာမဆို
မနွေးထွေးဘူးလို့ထင်ရင်
မပတ်သက်နဲ့...
ခပ်ပြတ်ပြတ်ပဲလှည့်ထွက်လိုက်။
ကိုယ်ဖော်ရွေသလောက်
ကိုယ့်အပေါ်မဖော်ရွေရင်
မပတ်သက်နဲ့...တန်ဖိုးပျက်တယ်။
ကိုယ့်ကိုတန်ဖိုးမထား
မမြတ်နိုး..မလေးစားတဲ့
လောင်းရိပ်အောက်မှာ
ကျုံလှီနေစရာမလိုဘူး..။
တစ်ကပြန်စလို့မရရင်နေ
အသစ်ကပြန်စလို့ရတယ်ဆိုတာကိုမမေ့နဲ့။
ကိုယ်ခေါ်မှခေါ်တတ်တဲ့
ဆက်ဆံရေးတွေရှိတယ်။
မပတ်သက်နဲ့...။
ကိုယ့်အတွက်ထည့်တွက်တာပါဆိုပြီး
သူတို့အတွက်သူတို့ငဲ့ကွက်နေတဲ့သူမျိုးတွေနဲ့
ခပ်ကင်းကင်းသာနေလိုက်..။
တလောကလုံးမှာ..အမိအဖကလွဲရင်
သင့်ကိုချစ်တယ်ခင်တယ်ဆိုတာ
အတုအယောင်တွေချည်းပဲ။
မအားဘူးထင်လို့
မခေါ်တာပါဆိုတဲ့သူတွေအတွက်
အားနေရင်တောင်ဘယ်တော့မှ
မအားသလိုပဲနေပေးလိုက်...။
အချစ်မခံရရင်နေ
အပြစ်လည်းမခံနဲ့...
စွန့်ပစ်လိုက်သူကကိုယ်ပဲဖြစ်ပါစေ..။
အရာအားလုံးနဲ့
ခပ်ကင်းကင်းသာနေ
ဒီလို,..နေလိုက်တဲ့အတွက်..
လွတ်လပ်တဲ့သူဖြစ်သွားတယ်။
#crd_to_owner_with_respectcrd
