Organizational Management Style ၉မျိုး
လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ရဲ့ အ​ခြေ​အ​နေ industry natureကွာခြားမှုအ​ပေါ်မှုတည်ကာ ပုံမှာပြထားသလို စီမံခန့်ခွဲမှု management style ၉မျိုးရှိပါတယ်။ဒါ​တွေကဘာ​တွေလဲဆို​တော့
(1) Autocratic management style
(2) Persuasive management style
(3) Paternalistic management style
(4) Democratic management style
(5) Consultative management style
(6) Transformationl management style
(7) Laissez- Faire management style
(😎 Visionary management style
(9) Delegative management style တို့ဖြစ်ပါတယ်။
(1) Autocratic management style က ဘယ်လိုပုံစံမျိုးလဲဆို​တော့ ဗဟိုကပဲဆုံးဖြတ်ချက်ချတဲ့ ပုံစံမျိုးဖြစ်ပါတယ် ဥပမာ သူ​ဌေးဖြစ်​စေ ၊ MD ၊ GM ၊ Managerကဖြစ်​စေ သူကပဲ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုပြီးပဲ ဆုံးဖြတ်ချက်ချ​လေ့​ရှိပါတယ်။အဓိကအားဖြစ် Top- down approach အထက်က ​အောက်ကိုသွားတဲ့ ပုံစံမျိုးဖြစ်က လက်​အောက်က သူ​တွေရဲ့ သ​​ဘောထား ဆန္ဒ​တွေကို ​မေးမြန်းထည့်သွင်းစဥ်းစားခြင်း လုပ်မည်မဟုတ်ပါဘူး။
ဒီmanagement styleပုံစံရဲ့ အားသာချက်က ဆုံးဖြတ်ချက်ချမှတ်တာမြန်စန်ပြီး အချိန်ကုန်သက်သာ​စေကာ အလုပ်မြန်မြန်ပြီးဖို့အတွက် decisionမြန်တဲ့ အားသာချက်ရှိပါတယ်။လုပ်ငန်းမှာအ​ရေး​ပေါ်အ​ခြေအ​နေ​တွေ အခက်အခဲအကျက်အတည်းကာလမျိုး​တွေ လက်​အောက်ကသူ​တွေ အ​တွေ့အကြုံနည်းပါး​နေတဲ့အချိန်မျိုး​တွေမှာ ထိ​ရောက်ပါတယ်။အားနည်းချက်က​တော့ လက်​အောက်ကသူ​တွေရဲ့ အ​တွေးအမြင် ခံစားချက် အကြံဥာဏ်​တွေကို နားမ​ထောင်တာ​ကြောင့် ​အောက်ကသူ​တွေရဲ့ စိတ်လိုလက်ရလိုလိုချင်ချင် လုပ်ကိုင်လိုစိတ်ကို နည်းပါတက်ပါတယ်။
(2) Persuasive management style ဟာ Autocraticအမျိုးအစားတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်​တွေကို အ​ပေါ်ကပဲ ချမှတ်တာဖြစ်ပါတယ် ဒါ​ပေမယ့် ကွာခြားချက်က decisionဆုံဖြတ်တဲ့သူဟာ သူဘာ​ကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတဲ့​နောက်ကွယ်က အ​ကြောင်းတရားlogicကို လက်​အောက်ကသူ​တွေကို ​သေချာရှင်းပြ​ပြောဆိုပါတယ် ဒီလို​ပြောဆိုတာဟာ လက်​အောက်ကသူ​တွေ သ​ဘောတူမတူကို ​မေးတာမဟုတ်ပဲ ရိုးရိုးရှင်းပြတဲ့သ​ဘောသာဖြစ်ပါတယ် ​အောက်ကသူ​တွေက သ​ဘောမတူလို့မရပါဘူး။
ဒီstyle ရဲ့အားသာချက်က autocraticလို decisionမြန်ပြီး အလုပ်မြန်​စေကာ ​​​​နောက် ပြန်လည်ရှုင်းပြတဲ့အတွက် ​အောက်ကသူ​တွေကို ဘယ်လိုမျိုးlogic​တွေနဲ့ စဥ်းစားဆုံးဖြတ်သလဲဆိုတာကို နားလည်သိရှိ​စေပြီး အ​တွေ့အကြုံ ဗဟုသု​တွေရ​စေမှာဖြစ်ပါတယ်။အားနည်းချက် ​အောက်ကသူ​တွေ ရဲ့သ​ဘောထားကို ထည့်သွင်းမစဥ်းစားတာဖြစ်ပါတာ​ကြောင့် ဝန်ထမ်း​တွေပါဝင်ချင်စိတ် ​လျော့နည်းနိုင်ပါတယ်။
(3) Paternalistic management styleဟာလည်း autocratic ပုံစံမျိုးဖြစ်ပါ တမှုထူးခြားတာက paternalistic stlyeမှာက လက်​အောက်ငယ်သားတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့သူဟာ ယုံကြည်မှု​ကောင်းစွာရှိထားပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိကာ ဆုံးဖြတ်ချက်ချတဲ့သူဟာ လက်​အောက်ကသူ​တွေရဲ့ ​ပြောစကားအကြံဥာဏ်​တွေကို အကုန်နား​ထောင်း​ပေးပါတယ် ဒါ​ပေမယ့် ဆုံးဖြတ်ချက်ချတဲ့အခါမှာ​တော့ ဆုံးဖြတ်သူဟာ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ တဖက်သက်ဆုံးဖြတ်တာမျိုးဖြစ်ပါတယ် ​အောက်ကသူ​တွေကလည်း ထိုဆုံးဖြတ်အ​ပေါ်အမြင်တူ​ပေမယ့် ယုံကြည့်လက်ခံကြတဲ့ သ​ဘောဖြစ်ပါတယ်။အားသာချက်က ဆုံးဖြတ်ချက်​တွေမြန်စန်ပြီး ​အောက်ကသူ​တွေပါ လိုက်လုပ်တဲ့ အ​နေအထားဖြစ်ပါတယ်။ အားနည်းချက်က ဆုံးဖြတ်သူနဲ့ ​အောက်ကသူ​တွေ အယုံအကြည်ပျက်တဲ့အခါ ဆန့်ကျင်မှု​တွေဖြစ်လာနိုင်ပါတယ်။
(4) Democratic management styleက​တော့ ဆုံးဖြတ်ချက် decision​တွေချတဲ့အခါ ဆုံးဖြတ်သူနဲ့ ​အောက်ကသူ​တွေ ​သေချာ​ဆွေး​နွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်​တွေချမှတ်ကြ​လေ့ရှိပါတယ်။ အားသာချက်က ​team တစ်ခုလုံးအားလုံးပါဝင်ကာ စည်းစည်းရုံးရုံးcommitment ရှိရှိလုပ်​​ဆောင်ကြတာဖြစ်ပြီး အားနည်းချက်က ဆုံးဖြတ်ချက်ချတဲ့အခါ အချိန်ကြာခြင်း မပြီးပြတ်ခြင်းတို့​ကြောင့် လုပ်ငန်း​လုပ်စရာရှိတာ​တွေ အချိန်​နှောင်​နှေးတာ​တွေ အခွင့်အလမ်း​တွေ လက်လွှတ်ဆုံးရှုံး​တာ​တွေဖြစ်တက်ပါတယ်။
(5) Consultative management styleက​တော့ democraticအမျိုးအစားဖြစ်ပြီး decisionချတဲ့အခါ လက်​အောက်ကသူ​တွေရဲ့ အ​တွေးအမြင်သ​ဘောထား​တွေကို ထည့်စဥ်းစားပြီးချ​​လေ့ရှိပါတယ် ဒါ့အပြင် လက်​အောက်ကသူ​​တွေရဲ့ အ​ခြေအ​နေ​တွေကို အမြဲfeedback​ပေးကာ သူတို့ပိုပြီးတိုးတက်လာ​အောင် အတိုင်ပင်ခံသ​​ဘောမျိုးလုပ်​ပေးပါတယ်။အားသာချက်က​တော့ အထက်​အောက် အရမ်းယုံကြည်မှု​တွေရှိ​စေမှာ ဖြစ်ပြီး အားနည်းချက်က​​​​တော့ ဆုံးဖြတ်ချက်​တွေချတဲ့အခါ အရမ်း​နှောင်​နှေးတက်ပါတယ်။
(6) Transformationl management styleက​တော့ ​နောက်ထပ် democraticပုံစံတစ်မျိုးဖြစ်ကာ ဆုံဖြတ်တဲ့သူက လက်​အောက်ကသူ​တွေကို ပိုပြီး ideaထွက်​အောင် innovation​တွေရှိ​အောင် problem solvingပို​ကောင်း​အောင် cultureဖန်တီး​ပေးပြီး ဆုံးဖြတ်ချက်​တွေချက်တဲ့အခါ အတူတကွ ပွင်းပွင့်လင်းလင်းစိတ်ထဲရှိသလို idea​တွေဖလှယ်​ဆွေး​နွေးကြပြီး ဆုံးဖြတ်ကြပါတယ်။အားသာချက်က​တော့ လုပ်ငန်းအတွင်း creativeနဲ့ innovation​တွေရှိကာ professional career developmentဖြစ်ကြပါတယ် အားနည်းချက်က ဆုံးဖြတ်ချက်​တွေချတဲ့အခါ အချိန်ကြံကြာမှု​တွေရှိပါတယ်။
(7) Laissez- Faire management styleက ဦး​​ဆောင်ဆုံးဖြတ်တဲ့သူ​တွေဟာ သူ​တို့ကိုယ်တိုင် မဆုံးဖြတ်​တော့ပဲ ​အောက်က teamကသူ​တွေကိုပဲ လွတ်လွတ်လက်လက်ဆုံးဖြတ်လုပ်ကိုင်ခွင့် autonomyကို​ပေးထားတဲ့ styleဖြစ်ပါတယ် ​အောက်ကသူ​တွေက မိမိရဲ့အရည်အချင်​တွေကိုပြသခွင့်ရပြီး အ​ရေးကြီးမှသာ ​အ​ပေါ်ကသူ​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးကြပါတယ်။အားသာချက် idea အသစ်အစမ်း​တွေရရှိပြီး အားနည်းချက်မှာ ​အောက်ကသူ​တွေ အ​တွေ့အကြုံနည်းရင် မလုပ်တက်မကိုင်တင်အ​နေအထားမျိုး​တွေ မှားလုပ်တာ​တွေဖြစ်တက်ပါတယ်။

image