37 w - Translate - Youtube

ရမ်ဘိုလာပြီရုပ်ရှင်ဇာတ်ကားကြီး (Official Trailer)

37 w - Translate - Youtube

ပြဿနာ ရုပ်ရှင်

37 w - Translate - Youtube

အင်္ဂလိပ်ကြက်ဖဘိုကြက်ဖရုပ်ရှင်ဇာတ်ကားကြီး (Official Trailer)

37 w - Translate - Youtube

OFFICIAL TRAILER | နှလုံးသားအတ္ထုပ္ပတ္တိ | The Biography Of Heart | Aye Chan Maung , Chuu Sitt Han

37 w - Translate - Youtube

" အစ်မကြီး အမိအရာ " ရုပ်ရှင်ဇာတ်လမ်းတို | FIRST LOOK TEASER


Street Food in Pyin Oo Lwin / ပြင်ဦးလွင်မြို့ သို့ အလည်တစ်ခေါက်

37 w - Translate - Youtube

LARVA FULL EPISODE: SONGKRAN 2025 💦🌊🎉 COMEDY VIDEO 2025 |CARTOON BOX TOP 55|TRY NOT TO LAUGH

37 w - Translate

သိုင်းလောကကတိစကား အတွဲ ၂
Word of Honor

Ep 11
1080p
https://t.me/SoulAnimedoM40/5261
720p
https://t.me/SoulAnimedoM40/5262
480p
https://t.me/SoulAnimedoM40/5263

ဇာတ်ကားသီးသန့်ချန်နယ်
https://t.me/WordofHonorSK

image

ဘာအလုပ်လုပ်လဲဆို
Full time တောက်တိုမရ

image
37 w - Translate

🍂"ကြေးစည်” ဘာကြောင့်တီးရသလဲ❗

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ဟာ ရှမ်းပြည်နယ်,သံလွင်မြစ် အရှေ့ခြမ်း” “သုဝဏ္ဏသျှမ်တောင်”မှ “ကန့်ဘလူမြို့နယ်၊”နတ်တလူတောရ”သို့ “(၁၉၉၇)ခုနှစ်၊ဇွန်လ”ထဲမှာ ပြောင်းကြွသီတင်းသုံးတော်မူခဲ့ပါတယ်။
“နတ်တလူတောရ”ဟာ “ကန့်ဘလူမြို့နယ်”ထဲမှာ ပါဝင်ပေမယ့် “ဇီးကုန်း၊ထန်းတပင်မြို့”များနဲ့ ပိုနီးပါတယ်။ “ရွှေဘိုမြို့” ကြီးက တစ်ဆင့်သွားရင်လည်း သွားရလွယ်ပါတယ်။
“နတ်တလူတောရ”ဟာ ဆရာတော်ဘုရားကြီးရဲ့ ဖွားရာဇာတိ “မင်းကုန်းရွာ” ရဲ့အရှေ့ဘက် နှစ်မိုင်ကျော်လောက်မှာ ရှိပါတယ်။ ဇာတိမြေဆီ ပြန်ကြွသာသနာပြုတယ် လို့ဆိုနိုင်ပါတယ်။
ဆရာတော်ဘုရားကြီးဟာ ရောက်လေရာ တောရများမှာ ဆွမ်းခံတဲ့အကျင့် ရှိခဲ့တဲ့အတိုင်း “နတ်တလူတောရ”သို့ ကြွရောက်စဉ်မှာပင် ပတ်ဝန်းကျင်ဂေါစဂါမ်ရွာများမှာ ဆွမ်းခံကြွတော်မူ ပါတယ်။
ဆရာတော်ဘုရားကြီး နတ်တလူတောရကို ပြောင်းကြွလာတဲ့ သတင်းကြားတာနဲ့ ရပ်ဝေးက လိုက်လာတဲ့ တပည့်သာဝကတွေလည်း ဆရာတော်ဘုရားကြီး ချွေးမတိတ်မီ အလုအယက် ဖူးမြော်ကြပါတယ်။
ဆရာတော်ဘုရားကြီးက မေတ္တာပြုံးဖြင့် အားလုံးကို နှုတ်ဆက်ပြောဟောနေစဉ်…
“ဆရာတော်ဘုရား… ဆွမ်းခံကြွတာ ဘာလိုပါသေးလဲ ဘုရား “
“တပည့်တော်တို့က ခုမှ ဆရာတော့်နောက်လိုက်ရတာဆိုတော့ ဘာလိုလို့ လိုမှန်း မသိသေးလို့ပါဘုရား”-လို့ ဒေသခံလူကြီးတစ်ဦး က မေးလျှောက်ပါတယ်။
သူမေးတာက စိတ်ဝင်စားစရာကောင်းပါတယ်။
“လိုတာပေါ့ဗျ။ ကြေးစည် လိုတယ်၊ ကြေးစည်”
ဆရာတော်ဘုရား အမိန့်ရှိမှ ရပ်ထဲရွာထဲ ရဟန်းသံဃာနဲ့ ကိုရင်ကလေးတွေ ဆွမ်းခံကြွလာစဉ် ကြားရလေ့ရှိတဲ့ “ကြေးစည်သံတလွင်လွင်”ကို အောက်မေ့မိနေပါတယ်။
ပြီးတော့ ကုသိုလ်ကောင်းမှုပြုပြီးတိုင်း “ကြေးစည်” တီးပြီး မေတ္တာပို့ အမျှဝေလေ့ရှိတာကိုလည်း သတိရလာပါတယ်။
“ဘာဖြစ်လို့ “ကြေးစည်”လိုတာလဲဗျ။
“ကုသိုလ်ကောင်းမှု”တွေပြုပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ”
“ဆရာတော်”အမေးရှိလိုက်ပေပြီ။
ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ “ဆရာတော် ဘုရားကြီး”က –
“ကြေးစည် သံကြားရင် စိတ် ထဲ အေး မသွားဘူးလား။
ရဟန်းသံဃာ တွေ ဖူး လိုက်ရရင်ကော အေး မသွားဘူးလား။
တရားနာ လိုက်ရတော့လည်း အေး မသွားဘူးလား။
“ကြေးစည်”ဆိုတာ အေးတာ ကို ကိုယ်စားပြုတာ… “ကိလေသာအပူမီး”တွေ ဝိုင်းနေတဲ့ လူ တွေကိုအအေးဓါတ်၊ အငြိမ်းဓါတ်၊ နိဗ္ဗာနဓါတ်ကြီး သတိရအောင် နှိုးဆော်လိုက်တာ။
ပြီးတော့ “ကြေး”ဆိုတဲ့ သတ္တုကအလွန်အေးတာ။ ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ “ကြေး”ဖြစ်လာတာ။
ဒါကြောင့် ကြေးစည်သံများ မကြားလိုက်နဲ့….. တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓါတ်ရိုက်တာ၊ဓါတ်ကူးတာပေါ့”-လို့ ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။
“ကြေးစည်သံကြားရင် ခွေး ဘာကြောင့်အူရသလဲ” ဆရာတော်ဘုရားကြီးက ဆက်ပြီးတော့ မေးပြန်ပါတယ်။
“ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး, ခွေးတွေက ဘာလို့ အူရတာတုန်းဗျာ…”
ကျွန်တော်တို့ မဖြေနိုင်ကြပါ။ “ကြေးစည်-က “အအေး”၊ “ခွေး”က “အပူ”ဗျ။
“ခွေး”များ ဘယ်လောက် ပူတုန်းဆိုရင် ခွေးသားစားမိသူဟာ ပူလွန်းလို့ ရေချိုး ရေစိမ် လုပ်နေရဆိုပဲဗျ…”
“မှန်ပါဘုရား”
“အလွန်ပူတဲ့ ခွေး ဟာအလွန်အေး တဲ့ ကြေးစည်သံကြားတော့ ခံစားမှု တစ်မျိုး ဖြစ်ပေါ်လာပြီး အူတော့တာပါပဲဗျာ…”
ဆရာတော်ဘုရား ရှင်းပြတာကို ပရိသတ်ဘဝင်ကျသွားပါတယ်။
ဒါလည်း အပူ နဲ့ အအေး ဓါတ်ချင်း ထိခတ်တုံ့ပြန်မှုတစ်မျိုးလို့နားလည် မှတ်သားခဲ့ရပါတယ်။🙏🙏🙏🙏🙏

ကြေးစည်တီးခြင်း၏အကျိုး
¤●¤●¤●¤●¤●¤●¤●¤●¤

ဘုရားရှိခိုးပြီးတိုင်းကြေးစည်တီးပြီး အမျှပေးဝေပါ
ဘာဖြစ်လို့လဲဆိုတော့ ကြေးစည်ဆိုတာ သူတော်ကောင်းတို့၏နားတွင် အေးမြသောအသံရှိ၏ နာနာဘာဝတို့၏နားတွင်ပူလောင်သောအသံရှိ၏
ကောင်းသောသူတို့သည်သာဓုခေါ် ပြီး မကောင်းသောသူတို့သည် အဝေးသို့ပြေး၏ ကြေးစည်သည် အအေးဓာတ်ကိုပေးသဖြင့် ကိလေသာအပူကိုငြိမ်းစေပါတယ် ။
မိမိမှာကံဆိုးနေပြီ ၊ ကံညံ့နေပြီထင်လျှင်တော့ပို၍တီးသင့်ပါသည် ။ ဒီလိုတီးခြင်းဟာကိုယ့်ကို မကောင်းကြံမယ့်သူတွေကို ဝေးကွာသွားစေပါတယ် ။ အမျှဝေရာတွင်လည်း လူ၏အသံအားဖြင့် အမျှဝေသည့်အခါ အဝေးသို့မရောက်နိုင်ပါဘူး ။ ကြေးစည်ကသာအဝေးသို့ ပဲ့တင်သံဖြင့်သွားနိုင်ပါတယ် ။
အဝေးတွင်ရှိသော နတ်လူတို့ကြားနိုင်သလို သာဓုလည်းခေါ်နိုင်တယ်။ ကြေးစည်တီးပြီးမေတ္တာပို့အမျှဝေလျှင် ပို၍ထိရောက်ပါသည် ။ ထို့ကြောင့်ဘုရားရှိခိုးပြီးတိုင်းကြေးစည်တီး၍အမျှဝေပါရန် မေတ္တာဖြင့်ထပ်ဆင့်မျှဝေလိုက်ပါတယ်။

#ကြေးစည်