ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“Squid Game” ရဲ့ ဖန်တီးသူက Season 3 ရဲ့ အဆုံးသတ်ကို အမေရိကန် spinoff တစ်ခုအတွက် ရည်ရွယ်ပြီး ရေးထားတာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
"ကျွန်တော်က အဲဒီဇာတ်ဝင်ခန်းကို ရှိုးအတွက် ထိရောက်တဲ့ အဆုံးသတ်ဖြစ်စေချင်လို့ ရေးခဲ့တာပါ၊ တခြားဘာ အတွက်မှ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး " လို့ပြောလာပါတယ်။
Privacy · Terms · Advertising · Ad choices · Cookies · · Meta © 2025
Posts
The Standard Time Daily
22m ·
#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ပါရာဂွေးလူငယ်ခံစစ်ကစားသမား ဒီယေဂိုလီယွန်ကို မန်ယူအသင်း အပြီးသတ်ခေါ်ယူ… See more
The Standard Time Daily
1h ·
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်ဝမ်ရေလက်ကြား၌ တတိယမြောက်လေကြောင်းလမ်းခွဲသစ် တရုတ်ဖွင့်လှစ်
တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားဒေသ၌ အမ်- ၅၀၃ လေကြောင်းလမ်း၏ လမ်းခွဲ သစ်တစ်ခုကို ထပ်မံဖွင့်လှစ်ထားကြောင်း ဇူလိုင် ၆ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
တရုတ်အစိုးရက ထပ်မံဖွင့်လှစ်လိုက်သော အမ်-၅ဝ၃ လေကြောင်းလမ်း လမ်းခွဲသစ်သည်တရုတ်နိုင်ငံနှင့် တရုတ်(တိုင်ပေ) တို့ကို ပိုင်းခြားပေးထားသော တရားမဝင်နယ်စပ်မျဉ်း၏ အနောက်ဘက်တွင် တည်ရှိကြောင်းသိရသည်။
ထိုင်ဝမ်ရေလက်ကြားပောင်၌ တရုတ်နိုင်ငံက လေကြောင်းလမ်းသစ်ထပ်မံဖွင့်လှစ်မှုကို ထိုင်ဝမ်ရေလက်ကြား တည်ဆဲအခြေအနေကို ပြောင်းလဲရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သော တစ်ဖက်သတ်လုပ်ရပ်ဖြစ်ကြောင်း တရုတ်(တိုင်ပေ) တာဝန်ရှိသူများက ဝေဖန်ထားသည်။
တရုတ်နိုင်ငံက ဇူလိုင် ၆ ရက်တွင် ဖွင့်လှစ်ခဲ့သော ဒဗလျူ - ၁၂၁ အမည်ရှိ လမ်းခွဲသစ်သည် အမ် - ၅၀၃ လေကြောင်းလမ်း၏ တတိယမြောက် လေကြောင်းလမ်းခွဲသစ် ဖြစ်သည်။
တရုတ်နိုင်ငံသည် အမ်-၅၀၃ လေကြောင်းလမ်းတွင် ဒဗလျူ -၁၂၂၊ ဒဗလျူ - ၁၂၃ နှင့် ဒဗလျူ - ၁၂၁ အမည်ရှိ လမ်းခွဲသစ်များကို ဖွင့်လှစ်ထားသည်။
တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ပြည်မကြီးအချုပ်အခြာပိုင်နယ်မြေအဖြစ် မှတ်ယူထားပြီး ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စစ်ရေးအရရော သံတမန်ရေးအရပါ ဖိအားပေးလျက်ရှိသည်။
ရိုတ်တာ
Ballerina ကိုညကကြည့်မိတော့ Action ပိုင်းတွေမှာ တော်တော်လေးမိုက်တာတွေ့ရပါတယ်။
ဒီဇာတ်လမ်းက John Wick: Chapter 3 Parabellum နဲ့ Chapter 4 ကြားကာလမှာ ဖြစ်ပျက်သွားတဲ့ ဇာတ်လမ်းတစ်ခုပါ။
ဇာတ်လမ်းက Eve Macarro ဆိုတဲ့ ကလေးဟာ သူ့အဖေ သတ်ဖြတ်ခံရပြီးနောက် Ruska Roma ဆိုတဲ့ လူသတ်သမားတွေ လေ့ကျင့်ပေးတဲ့ အဖွဲ့ထဲ ဝင်ရောက်ပြီး သူ့အဖေအတွက် လက်စားချေဖို့ ကြိုးစားပါတယ်။ ဒီဇာတ်ကားမှာ Keanu Reeves, Ian McShane, Anjelica Huston နဲ့ Lance Reddick တို့လည်း ပါဝင်ထားပါတယ်။
ဒီဇာတ်လမ်း အားသာချက်က အက်ရှင်ခန်းတွေလို့ပြောရမယ်။ ဒီရုပ်ရှင်ဟာ John Wick ရဲ့ ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ ဓားသုံးတိုက်ခိုက်တာတွေ၊ ထိုးတာ ကျိတ်တာတွေကို ရှယ်သုံးထားပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပါလာတဲ့ မီးသေနတ်နဲ့ တိုက်ခိုက်တဲ့ခန်းတွေ၊ လက်ပစ်ဗုံးတွေ သုံးထားတဲ့ ခန်းတွေက တော်တော်လေးမိုက်ပါတယ်။
ဗုံးတွေကိုလည်ပင်းမှာပတ်ပြီး ခွဲချလိုက်တဲ့အခန်းဆို လုံးဝ ကျွတ်ဆင်ကြီးပါ။ မီးသေနတ်နဲ့ ရမ်းနေတာကြီးကလည်း အထာကျတယ်လို့တော့ပြောလို့ရပါတယ်။
နောက်တစ်ချက်က Ballerina မှာ John Wick တုန်းကမသိလိုက်ရတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို အတွင်းကျကျပြသွားခဲ့ပါတယ်။
အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းပါတယ်။ Eve ရဲ့ အဖေအတွက် လက်စားချေတဲ့ ဇာတ်လမ်းဟာ John Wick ရဲ့ ခွေးလေးအတွက် လက်စားချေတဲ့ ဇာတ်လမ်းနဲ့ ဆင်တူပြီး ဆန်းသစ်မှု သိပ်မရှိဘူးလို့မြင်မိပါတယ်။
နောက်ပြီး ဇာတ်လမ်းက John Wick လောင်းရိပ်အောက်က မလွတ်တာကိုလည်းပြသွားပြီး John Wick ပါမှ ပြီးမယ့် ပုံလိုမျိုးဖန်တီးထားပါတယ်။ ပြောရရင်တော့ ကိုယ်ပိုင်ဟန်မရှိတဲ့ ဇာတ်လမ်းလို့ပြောရပါမယ်။
ဇာတ်လမ်းရဲ့ ပထမပိုင်းက အရမ််းကိုနှေးလွန်းတာကလည်း ပြောစရာပါပဲ။ Eve ရဲ့ နောက်ခံဇာတ်လမ်း တည်ဆောက်မှုနဲ့ Ruska Roma ရဲ့ လေ့ကျင့်ရေးပိုင်းတွေက အက်ရှင်ခန်းတွေထက် ပိုကြာရှည်နေတာကြောင့် နည်းနည်း စိတ်မရှည်ချင်ဘူးလို့ခံစားရတယ်။
နောက်ပြီး Norman Reedus ရဲ့ Daniel Pine ကလည်း ဒီဇာတ်လမ်းမှာ ပါတယ်သာ ပြောထားတာ တော်တော်လေးပုတ်နေပါတယ်။
ဆိုတော့ ဇာတ်လမ်းက Action ပိုင်းတွေကြီးပဲသီးသန့်ကြိုက်တဲ့သူဆိုရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် ဇာတ်လမ်းကို ခံစားတဲ့သူဆိုရင်တော့ ရိုးရှင်းတဲ့ဇာတ်လမ်းမှန်း ခံစားမိမှာပါ။
Rating အနေနဲ့ သတ်မှတ်ရမယ်ဆိုရင်တော့ 6.8/10 လောက်တော့ ပေးရပါမယ်။ တခြားကတော့ သိပ်ပြီး အပစ်ပြောစရာမရှိသလို စိတ်ဝင်စားဖို့ကောင်းလို့ မကြည့်ရသေးရင် ကြည့်ဖို့ အကြံပေးပါတယ်။
Dr Doom သရုပ်ဆောင် Julian McMahon ကွယ်လွန်
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၄။
နာမည်ကျော် TV ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Nip/Tuck နဲ့ FBI: Most Wanted တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Julian McMahon ဟာ အသက် ၅၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သူ့ရဲ့ ကွယ်လွန်မှုကို သူ့ရဲ့မန်နေဂျာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ McMahon ဟာ Nip/Tuck ဇာတ်လမ်းတွဲက Dr. Christian Troy၊ Charmed ဇာတ်လမ်းတွဲက Cole Turner အပြင် ၂၀၀၅ နဲ့ ၂၀၀၇ Fantastic Four ရုပ်ရှင်တွေက Doctor Doom အဖြစ် လူသိများသူ ဖြစ်ပါတယ်။
McMahon ဟာ မကြာသေးခင်ကအထိ CBS ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ FBI: Most Wanted မှာ အဓိကဇာတ်ကောင် Jess LaCroix အဖြစ် ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဇာတ်လမ်းတွဲကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်ကိုလည်း ဇာတ်လမ်းထဲမှာ သေဆုံးသွားတဲ့ပုံစံနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
သူ ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။