ဗြိတိန်နိုင်ငံက ဒီအချက်‌အလက်တွေကို နှစ် 50 တိုင်တိုင် ဖုံးအုပ်ထားတဲ့ အကြောင်းအရာတွေကို ဇာတ်ကားပြန်ရိုက်ထားတာမလို့ ဒီဇာတ်ကားက လူတိုင်း လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ဇာက်ကားလို့ထင်ပါတယ်။ဖြစ်ရပ်မှန်လည်းဖြစ်သလို ကျွန်တော်တို့အခု အသုံးပြုနေတဲ့ ကွန်ပြုတာ ဆိုတာကြီးပေါ်ပေါက်လာတဲ့ အကြောင်းဆိုရင်လည်းမမှားပါဘူး။
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ် ကို အခြေပြုထားပါတယ်။အဲ့အချိန်မှာ ဂျာမဏီ နဲ့ ဗြိတိန်တို့က စစ်ဖြစ်နေကြပါတယ်။ဗြိတိန်တို့က အနည်းနဲ့အများ စစ်ရှုံးနေပြီးတော့ သုံးစက္ကန့်တိုင်း စစ်သားတစ်ယောက် ‌ေ/သဆုံးတဲ့အထိဖြစ်ပါတယ်။ဂျာမဏီ ကို အသာစီးရစေတာကတော့ အနီဂမာ လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းစာ ပို့နည်းကြောင့်ဖြစ်ပါတယ်။အဲ့ လျှိ့ဝှက်စာကို ဘယ်နိုင်ငံကမှ ကြားဖြတ် မဖော်ထုတ်နိုင်ကြပါဘူး။အဓိက အကြောင်းအရင်းကတော့ ဖြစ်နိုင်ချေပေါင်း ၁၅၉ သန်းအထိရှိလို့ဖြစ်ပါတယ်။အဲ့တာအပြင်ကိုမှ ဂျာမဏီတို့က ည ၁၂ မှာ တစ်ခါ setting အသစ်ပြောင်းလဲတာကြောင့် ၁၂ နာရီအတွင်းမှာ ဖြစ်နိုင်ချေ ၁၅၉ သန်းထဲကနေ မဖော်ထုတ်နိုင်ကြပါဘူး။ဒါကြောင့် ဗြိတိန် အစိုးရက နိုင်ငံအတွင်းက သင်္ချာ ပညာရှင်တွေ၊အဲ့အပိုင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ရှာဖွေပါတော့တယ်။အဲ့လို ပညာရှင်ထဲမှာ အလန်းကျူရင်း လည်းပါ၀င်ပါတယ်။သူလည်း ရွေးချယ်ခံရပြီးတော့ အနီဂမာ ရဲ့ လျှို့ဝှက်စာကို ဖော်ထုတ်ဖို့‌တာ၀န်ကျလာပါတယ်။ဒါပေမယ့် အလန်းကျူးရင်းက သင်္ချာ မှာတော်သလောက် အပေါင်းအသင်းပိုင်းမှာ အတော်လေးညံ့ပါတယ်။အဖွဲ့‌နဲ့လုပ်တဲ့အခါမှာ သူ့အတွက် နှောက်နေစေတယ်လို့ပဲ ထင်နေတော့ အခြားသူတွေကလည်း သူ့ကို သိပ်မကြိုက်ကြပါဘူး။ဒီလိုနဲ့ သူက အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပါဖြစ်လာတော့ အရာအားလုံးက သူ့အပေါ်မူတည်လာပါတယ်။အလန်းကျူးရင်း က
အနီဂမာ ကို လူတွေ ဖော်ထုတ်နိုင်ဖို့ မဖြစ်နိုင်တာကြောင့် သူကိုယ်တိုင်တီထွင်စက်တစ်ခုတည်ထွင်ပြီး ဖော်ထုတ်ဖို့ စက်ကိုစက်နဲ့ပြန်အဖြေရှာဖို့ ကြိုးစားပါတော့တယ်။တကယ်တမ်းကြပြောသလောက် လွယ်မနေခဲ့ပါဘူး။သူ့စက်ရဲ့ ကုန်ကျစရိတ်တန်ဖိုးက အရမ်းများတာမလို့ အစိုးရဘက်က သိပ်မကြိုက်ကြပါဘူး။အစိုးရဘက်ကို သူ့စက်က ဘာမှလုပ်မပြနိုင်လို့ဆိုပြီး တစ်လပဲအချိန်ပေးပြီး အဲ့အချိန်ပြီးလို့မှ အနီဂမာ ရဲ့ လျှို့ဝှက်စာတစ်ခုလောက်ကို ဖော်ထုတ်မပြနိုင်ရင် အလန်းကျူးရှင်း တို့ တစ်ဖွဲ့လုံးကို ထုတ်ပစ်မယ်ဆိုပြီးဖြစ်လာပါတယ်။
“ အချို့လူတွေထင်တာက ငါတို့က ဂျာမာန်တွေနဲ့စစ်ဖြစ်နေတာပေါ့။တကယ်တော့ ငါတို့က အချိန်နဲ့စစ်ဖြစ်နေရတာ ”တဲ့
သူတို့အတွက် ပေးထားတဲ့ အချိန်တစ်လအတွင်း အလန်းကျူးရှင်းရဲ့ စက်က အလုပ်ဖြစ်သွားနိုင်မလား။အဲ့တာအပြင်ကိုမှ အလန်းကျူးရှင်းကို ဂျာမဏီရဲ့ သူလျှိုလို့ပါ စွတ်စွဲခံထားရပါသေးတယ်။နောက်ထပ် ဗြိတိန်က ထားပြစ်ထားတဲ့ အရာကိုလည်း အလန်းကျူးရှင်းစီမှာ ရှိနေပါသေးတယ်။အဲ့တာက ဘာဖြစ်မလဲ၊သူ့စက်ကရော အလုပ်ဖြစ်ပေါ့မလား၊သူလျှို စွတ်စွဲခံရတာကိုရော သူဘယ်လိုဖြေရှင်းမလဲ ဒါတွေကို တစ်စိမ့်စိမ့် ခံစားပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
ဖြစ်ရပ်မှန်တာကြောင့် ကြည့်ပြီးတဲ့အချိန် နောင်တရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဗဟုသုတ လည်းရသလို စိတ်ခွန်အားဖြစ်စေမယ်လို့လည်း ထင်တာကြောင့် "The Imitation Game" ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒီနေ့အတွက် မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image

Dominic McLaughlin ရဲ့ Harry Potter First Look ဖြစ်ပါတယ်။

image

Superman (2025)

image

The Fantastic Four: First Steps ရဲ့ Video Clip အသစ်မှာ Galactus ဆိုတဲ့ Villain ကြီးက Reed Richards နဲ့ Sue Storm တို့ရဲ့ ကလေး Franklin ကို လိုချင်နေတယ်ဆိုတဲ့ အချက်ကိုပြသွားပါတယ်။
ဒီ Video ထဲမှာ Marvel ရဲ့ ပထမဆုံး Family အဖွဲ့ဖြစ်တဲ့ Fantastic Four က အာကာသခရီးက ပြန်လာပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှိနေတာကို ပြသွားပါတယ်။
သတင်းထောက်တစ်ယောက်က Reed ကို “Galactus ကို ဘယ်လိုအနိုင်ယူခဲ့လဲပြောပြပါဦး” လို့ မေးတယ်။ Ben Grimm က “အနိုင်မယူခဲ့ဘူး” လို့ ဖြေလိုက်ပါတယ်။
Johnny Storm ကတော့ “အနိုင်မယူရသေးဘူး၊ မဟုတ်သေးဘူးလေ” လို့ ပြောပါတယ်။ Reed က ကျွန်တော်တို့ ဆက်ပြီး “ညှိနှိုင်းကြည့်ခဲ့တယ်၊ ဒါပေမယ့် Galactus က ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးတယ်” လို့ ပြောပါတယ်။
သတင်းထောက်က “သူက ဘာလိုချင်တာလဲ” လို့ မေးတော့ Reed က “ကျွန်တော်တို့ရဲ့ကလေး” လို့ ဖြေလိုက်တာကိုပြသွားခဲ့ပါတယ်။
အရင်ထွက်ထားတဲ့ နမူနာဗီဒီယိုတွေအရ Sue Storm က Franklin ဆိုတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားတယ်ဆိုတာ ပြထားသွားခဲ့ပြီးပါပြီ။ ဒါပေမယ့် Franklin ရဲ့ စွမ်းအားတွေကို ဘယ်လောက်အထိ ကြီးလည်းဆိုတာကိုတော့ မပြသွားခဲ့ပါဘူး။
Comic အရကြည့်မယ်ဆိုရင်တော့ ဒီ Franklin ဆိုတဲ့ကလေးက မျိုးဗီဇပြောင်းလဲသွားမယ်သူဖြစ်ပြီး reality ကိုတောင်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိတဲ့ ကလေးဖြစ်တယ်လို့တော့သိထားပါတယ်။ ဒါ့ကြောင့် Galactus က ဒီကလေးကို လိုချင်နေပုံရပါတယ်။
ဒီရုပ်ရှင်ထဲမှာ Galactus အဖြစ် Ralph Ineson က သရုပ်ဆောင်ထားပြီး Silver Surfer အဖြစ် Julia Garner က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ WandaVision ကိုရိုက်ခဲ့တဲ့ Matt Shakman က ရိုက်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က Marvel Phase 6 ရဲ့ ပထမဆုံးထွက်မယ့်ဇာတ်ကားဖြစ်ပါတယ်။
The Fantastic Four: First Steps ကိုတော့ UK မှာ ဇူလိုင် ၂၄ ရက်၊ အမေရိကမှာ ဇူလိုင် ၂၅ ရက်နေ့တွေမှာ ရုံတင်သွားမှာဖြစ်ပါတယ်။

image

Sydney Sweeney နဲ့ Ana de Armas တို့ကို The Wrap Magazine နဲ့ အင်တာဗျူးမှာတွေ့ရစဥ်

image

HBO ရဲ့ Harry Potter reboot ဇာတ်လမ်းတွဲက Hagrid ရဲ့ first look ဓာတ်ပုံအားတွေ့ရစဉ်။
Harry Potter Reboot မှာ သရုပ်ဆောင် Nick Frost က Harry Potter saga ရဲ့ အရေးပါတဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Hagrid အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။
Photo - HBO

image

The Odyssey ရိုက်ကွင်းဟာ တစ်သက်မှာတခါသာ ​ကြုံရတဲ့​အလုပ်မျိုးလို့ Tom Holland ပြော
ဇူလိုင် ၁၅ရက်၊ ၂၀၂၅။
မင်းသား Tom Holland ဟာ ဒါရိုက်တာ Christopher Nolan ရဲ့ ရုပ်ရှင်အသစ် The Odyssey မှာ ပါဝင်သရုပ်ဆောင်ခဲ့ရတာဟာ (The Job of a Lifetime ) 'တသက်မှာတခါသာကြုံရတဲ့အလုပ်မျိုး' ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူဟာ မကြာသေးခင်က GQ Sports နဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက ဒီရုပ်ရှင်ကိုရိုက်ကူးရတာဟာ သူ့ရဲ့ အကောင်းဆုံးအတွေ့အကြုံဖြစ်ခဲ့ပြီး၊ ရုပ်ရှင်ဟာလည်း အရင်ကမမြင်ဖူးတဲ့ ပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Tom Holland ဟာ Odysseus ရဲ့သား Telemachus အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး၊ Odysseus အဖြစ် Matt Damon က ပါဝင်ထားပါတယ်။
Tom Holland က Matt Damon နဲ့ Anne Hathaway တို့လို သူလေးစားရတဲ့ သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာမိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

image

ames Gunn က ပြောတယ်၊ ‘Supergirl’ ဟာ ‘Superman’ ပြီးရင် နောက်ထွက်မယ့် DCU ရုပ်ရှင်တွေထဲမှာ အမိုက်ဆုံးပဲတဲ့။
“တခြားရုပ်ရှင်တွေလည်း ဇာတ်ညွှန်းရေးထားပြီးပြီ၊ ဒါပေမယ့် ဒီတစ်ခုလောက် ကောင်းတာ မရှိဘူး။” လို့ပြောလာပါတယ်။

image

200 Chickens Sold Out Every Day?! Crispy Fried Chicken in Large Cauldrons - Korean street food

Korean street food