8 w - Translate

၁၉၉၆ ခုနှစ်၊ မေလမှာ ဘီလျံနာသူဌေးကြီး ဆာကာရှင်လီ (Sir Ka-shing Li) ရဲ့ အကြီးဆုံးသား ဗစ်တာလီဇာကွိုင် (Victor Li Tzar-kuoi) ကို ဟောင်ကောင်ဂိုဏ်းစတားတစ်ဦးဖြစ်သူ ချောင်တီ-ကောင် (Cheung Tze-keung)က ပြန်ပေးဆွဲခဲ့ပါတယ် ပြန်ပေးဆွဲသမားဟာ သူ့သားကို ပြန်ရွေးဖို့အတွက် ငွေကြေးတောင်းခံခဲ့ပြီး သူဌေးကြီးရဲ့အိမ်ဆီ လူကိုယ်တိုင်သွားကာ ငွေတွေယူခဲ့ပါတယ်
တောင်းခံတဲ့ ငွေပမာဏဟာ အဲ့ဒီအချိန်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါးရှိတဲ့ ဟောင်ကောင်ဒေါ်လာ ၁ ဘီလီယံဖြစ်ပြီး အံ့အားသင့်စရာကောင်းလောက်အောင် များပြားတဲ့ပမာဏဖြစ်ခဲ့ပါတယ် ဒီငွေပမာဏကို ပေးချေခဲ့ပြီးနောက် ဗစ်တာလီကို ဘေးကင်းစွာ ပြန်လွှတ်ပေးခဲ့ပါတယ်
ဒိထက်ပို အံ့ဩဖို့ကောင်းတာက ငွေတွေ ရပြီးနောက် ချောင်တီ-ကောင် ဟာ သူဌေးကြီး လီ ကို ပြန်လည်ဖုန်းဆက်ခဲ့ပြီး အဲဒီငွေတွေကို ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာ အကြံဉာဏ်တောင်းခဲ့ပါတယ် သူဌေးကြီးကလည်း ဒီငွေတွေကို သေချာကိုင်တွယ်ဖို့နဲ့ တရုတ်ပြည်မကြီးမှာ ကောင်းမွန်တဲ့လုပ်ငန်းလုပ်ဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်
အဲဒီနောက် မကြာခင်မှာဘဲ ချောင်တီ-ကောင် ကိုဖမ်းမိခဲ့ပြီး ေxသဒဏ်ချမှတ်ခံခဲ့ရကာ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကွပ်မျက်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image