14 ပတ် - ဘာသာပြန်ပါ။

Junction City ရောက်ရင် ဒီလိုမျိုး
ပီကင်းဘဲကင် စားဖို့ ဟောင်ကောင်စတိုင် လက်ရာနဲ့ “
“ Hong Kong paradise
🥰“ ဒီဆိုင်က ဘဲကင်အရသာကို Singapore မှာ စားဖူးတဲ့သူတွေဆို ပိုပြီးသိပြီး ကြိုက်ကြမှာ..

ဒီဆိုင်လေးကိုက junction City ကို ဖြတ်သွားဖြတ်လာ အမြဲသတိထားမိတယ် ၊၊
😘 “ ဆိုင်ထိုင်ရတာ Comfortable ဖြစ်ပြီး ကျနော်တို့လို ရုံးသမားနဲ့ ဧည့်သည်ကို ဟောင်ကောင်အစားအစာ နေ့လည်စာ ကျွေးချင်တဲ့လူတွေအတွက် ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်ဗျ ။
“ ဒီဆိုင်ကိုသွားစားမယ်ဆိုရင် အကြံပေးချင်တာက
#ဒီဆိုင်လေးကို သဘောကျရတဲ့အချက်က
⭕️ ပီကင်းဘဲကင်ကို ဝယ်စားတိုင်း စားမရတဲ့ အရိုးတွေကအစ waste မဖြစ်တာပါ ။
🥰ဒီဆိုင်ရဲ့ Style က ပီကင်းဘဲကင်မှာရင် အဓိကအနေနဲ့ ..
🔺- အရိုး နဲ့ အသားတွေကိုသေချာခွဲသားပြီး ဘဲကင်ကအသားကို ပါးပါးလေးလှီးထားတဲ့ ဘဲကင်အသားလွှာလေးတွေက တစ်ခွက်
🔺- ဘဲကင်ကို Pancake ခေါ် ဂျုံပြားပေါ်တွင်တင်ပြီး သခွားသီး၊ ကြက်သွန်မိတ် နှင့် ဆော့စ် နဲ့ လိတ်ကာ အသင့်သုံးဆောင်နိုင်ရန် ပြင်ဆင်တာက တစ်ခွက် စုစုပေါင်းအဓိက ဟင်းပွဲ ၂ ခုပါပြီး
ဘဲကင် ပိုနေတဲ့ဟာတွေကို
😋 - ထမင်းကြော်ထဲ ထည့်မလား
😋- ခေါက်ဆွဲကြော်ထဲ ထည့်မလား
😋- ဂျင်းမွှေးနဲ့ ကျွတ်ကျွတ်လေးကြော်စားမလား
😋- ကြံမဆိုင် ဟင်းရည်လေးဘဲ သောက်လား ဆိုပြီး ၄ မျိုး ရွေးချယ်လို့ရပါတယ် ..
( “ တစ်ဝက်ဆိုရင်တော့ ၄ မျိုးထဲက
တစ်မျိုးပဲရွေးလို့ရမှာဖြစ်ပြီး တစ်ကောင်လုံးဝယ်ရင်တော့ ကြိုက်ရာ ၂ မျိုး ရွေးလို့ရပါတယ် …
ပီကင်ဘဲကင်ကို တစ်ဝက်နဲ့ အပြည့်ဆိုပြီး ရွေးချယ်စားသုံးနိုင်ပြီး
➡️တစ်ဝက်ကတော့ …၃၈၀၀၀ ကျပ်
➡️တစ်ကောင်ဆိုရင်တော့ ….၇၀၀၀၀ ကျပ်ပါ ။
ဒီဆိုင်က ပီကင်းဘဲကင် အပြင် ဆန်ပြုပ်
၊ ထမင်းနဲ့တွဲစားဖို့ဆို Ma Po Tofu နဲ့ Dim Sum နဲ့
မာလာပုဇွန်လေးတွေက လူကြိုက်များကြပါတယ်
😋 လူများများနဲ့ သွားစားမယ်ဆိုရင်တော့
ဟင်းပွဲ ၁၂ မျိုးပါပြီး လူ ၈ ယောက်စားလို့ရတဲ့
💥Dinner Set တွေလဲ ရှိသေးတယ်ဗျ …
သွားမယ်ဆိုရင်တော့ …
🏡 ဆိုင်နာမည် -Hong Kong Paradise
⏰ ဆိုင်ဖွင့်ချိန် - 90 AM to 8:30 PM
📍 လိပ်စာ - 09259516215 / Junction City, Level 3 မှာပါ
#foodinyangon 🩷
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )

image