Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်မှာ ပြင်းအား ၉.၁ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ် ဒီငလျင်ကြောင့် မစ်ယာဂီ (Miyagi) ခရိုင်၊ မီနမ်နီဆန်ရီကု (Minamisanriku)မြို့က ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန မှာ အလုပ်လုပ်နေတဲ့ မီကီအန်ဒို (Miki Ando) ဟာ လူတွေကို အန္တရာယ်ကနေ ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက်မှာ အားလုံးအတွက် ကြိုတင်သတိပေးတဲ့ ဆူနာမီသတိပေးချက် ထုတ်ပြန်ဖို့ တာဝန်က အရေးကြီးလာပါတယ် မီကီ ဟာ အဲဒီအသံလွှင့်စက်ရုံမှာဘဲဆက်ရှိနေပြီး မိုင်ယာဂီပြည်နယ်က လူပေါင်း ၁၇,၀၀၀ ကျော်ကို ဆူနာမီလှိုင်းလုံးတွေ လာနေပြီဖြစ်ကြောင်း သတိပေးချက်တွေကို အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့ပါတယ်
သူမဟာ လူတွေကို အမြန်ဆုံး အမြင့်ပိုင်းနေရာတွေဆီကို ထွက်ပြေးဖို့ အသံချဲ့စက်နဲ့ ဆက်တိုက်အော်ဟစ် သတိပေးခဲ့ပါတယ် နောက်ဆုံးမှာတော့ ဆူနာမီလှိုင်းကြီးဟာ မြို့ကို ဝင်ရောက်လာပြီး အဆောက်အဦတွေကို လွှမ်းမိုးခဲ့ပါတယ် မီကီ ဟာ အဲဒီအဖြစ်အပျက်တွေဖြစ်နေချိန်မှာတောင် သူမရဲ့လုပ်ငန်းခွင်မှာ ဆက်ရှိနေပြီး အသံလွှင့်စက်နဲ့ ဆက်လက်သတိပေးနေခဲ့ပါတယ် စိတ်မကောင်းစွာဘဲသူမဟာ နောက်ဆုံးမှာတော့ ဆူနာမီလှိုင်းအောက်မှာ နစ်မြုပ်ပျောက်ဆုံးသွားခဲ့ရပါတယ်
မီကီရဲ့ အသက်စွန့်လုပ်ရပ်ကြောင့် ထောင်နဲ့ချီတဲ့ မြို့ခံလူအများစုဟာ ဘေးလွတ်ရာကို အချိန်မီရွေ့ပြောင်းနိုင်ခဲ့ကြပါတယ် မီကီရဲ့ ရုပ်အလောင်းကိုတော့ ဆူနာမီဖြစ်ပြီး တစ်လအကြာမှတွေ့ရှိခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts