လျှပ်စစ်မီးတိုင်မှ ဝိုင်ယာကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီး
*************************
(မှုခင်း) စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ စက်တင်ဘာ ၂၂ ရက်နေ့က လျှပ်စစ်မီးတိုင်မှ ဝိုင်ယာကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကသာမြို့နယ်၊ ပိတောက်ရွှေဝါလမ်းအရောက်၌ ဆာလာအိတ် သယ်ဆောင်၍ လမ်းလျှောက်လာသူ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာနေ တင်စိုးဝင်း(ခ)မင်းသား၊ ၃၅ နှစ်အား ၎င်းသယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ အရှည် ၄၂ ပေခန့်ရှိ ဝိုင်ယာကြိုး ခွေများ တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ လျှပ်စစ်မီးတိုင်မှ ဖြတ်တောက်ခိုးယူလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တင်စိုးဝင်း(ခ)မင်းသားအား ကသာမြို့မရဲစခန်း(ပ)၃၅/ ၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။