💁‍♀️သားသားမီးမီးများကို အပြင်စာမကျွေးချင်တဲ့ မေမေများအတွက် အာလူးကြော်လေးကြော်ကျွေးကြမယ်။
-----------------ပါဝင်ပစ္စည်းများ---------------
-ဆီ
-အာလူး 3 လုံး
-ငရုတ်ကောင်းမှုန့်အနည်းငယ်
-ဆားအနည်းငယ်
-ကြက်သားမှုန်းအနည်းငယ်
-ပြောင်းကော်မှုန့်ထမင်းစားဇွန်း 5 ဇွန်း
----------------------အာလူးကြော်ပြုလုပ်ပုံ-------------------
-အာလူးအခွံခွာကာ အနေတော်အတုံးလေးနဲ့ညီ‌အောင်တုံးပါ မီးဖိုပေါ်အိုးတင်ပြီး‌ရေအနည်းငယ်နှင့်လှီးထားသောအာလူးများကိုနူးသည်အထိပြုက်ပါ(‌ဇွန်းဖြင့်ချေလိုရသည်အထိပြုက်ပါ)
-အာလူးများနူးသွားလျှင် ဇလုံတစ်လုံးထဲကိုခပ်ထည့်ကာခရင်းနဲ့ချေရမှာဖြစ်ပါတယ်ရှင့်။
-အာလူးများကြေသွားလျှင် ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်သားမှုန့်များထည့်ကာ ‌ရောသမအောင်မွှေရမှာဖြစ်ပါတယ်။
-ပြီးလျှင်ပြောင်းကော်မှုန့်များထည့်ကာသမအောင်မွှေပေးပါ မွှေပြီးပါကအိတ်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲတွင်15မိနစ်နှပ်ထားပေးပါ။
-15မိနစ်ပြည့်လျှင်အိတ်ထဲမှထုတ်ကာ မိမိတို့လိုအပ်သလိုပုံဖော်ပြီး ဆီပူပူလေးထဲမှာရွှေဝါရောင်လေးသန်းတဲ့ထိကြော်ပေးပါ။
-ရွှေဝါရောင်သန်းလျှင် အိုးမှဆယ်ထုတ်ကာပန်းကန်ပြားလှလှလေးပေါ်တင်ပြီးသုံးဆောင်နိုင်ပါပြီရှင့်။
မိမိတို့ကြိုက်နှစ်သက်ရာအချဥ်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီရှင့်။

image

လိုချင်တာတွေ နဲ့ အကြွေးတွေများနေတော့
ကပ်တိုးလေးပဲ🙏
crd

image
15 w - Translate

နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ်။
အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။

15 w - Translate

{ နည်းစနစ်ကျ နဂါး‌မောက်‌စိုက်‌ပျိုးခြင်း }
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
( ဖတ်ကြည့်ပါ မဖတ်အားရင် ပြန်ရှယ်ထားပါ )
နဂါးမောက်သီးမှာ မြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ စျေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။
အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။
မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိ ရာ မျိုးစိန်အလိုက်မူရင်းဒေသ ကွဲပြားပါသည်။ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသော မျိုးများ၏ မူ ရင်ဒေသမှာ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်၀င် အပင်မျိုးဖြစ်သည်။
ပူနွေးသော ရာသီဥတု ကိုကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များ တွင်ကောင်းစွာဖြစ် ထွန်းသည်။
အနိမ့်ဆုံးအပူချိန်( -၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိပါသည်။ မြေအမျိုးအစား နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။
ရေစီးစိမ့်မှုကေင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။ အပင်အမျိုးအစား တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်၀င်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိသည်။ ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။
မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသောပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။
နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင် သမ်းသောအဝါရောင် ရှိသည်။ပွင့်ချပ် သည်နို့နှစ်ရောင်ဖြစ် သည်။
အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။
အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ကော့ပြန်နေသောအဖတ်များ ရှိသည်။ အတွင်းသား အရောင်အဖြူရောင် မျိုးနျင့်အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။
အစေ့မှာအမဲရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည် အသွေး တို့ကွာခြားနိုင်သည်။
သို့ဖြစ်၍ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင် ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။
ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။
စိုက်ပျိုးခြင်း
********
၁။ ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့)အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့်လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။
ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။
၂။ (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅)ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan,Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။
စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ရေ၀ပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေးရန်လိုပါသည်။
၃။ ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။
တစ်ကျင်းလျှင် ၂ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။
၄။ မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီးတိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။
၅။ ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊
အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင် ပါသည်။
သဘာဝမြေသြဇာရွက်ဖျန်းဆေးများ အသုံးပြုခြင်း စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေသြဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။
မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကိုအပင်ပတ်ပတ်လည်တွက် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက
မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်တက် လာမည်ဖြစ်သည်။
သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။
ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓါတ်မြေသြဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။
(၅) နှစ်သားကျော်ပါကNPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓါတ်မြေသြဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း(၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။

image

ဝက်ပဲငပိ ချက်နည်း...😋😋😋
================
ပါဝင်ပစ္စည်း 👩‍🍳
-ဝက်သား (သုံးထပ်သား) - ၃၀သါး
-ပဲငပိ - ၁၀သါး
-ကြက်သွန်နီ - 5 လုံး
-ကြက်သွန်ဖြူ + ဂျင်း - အနည်းငယ်
-ငရုတ်သီးစိမ်း (ကုလားအော်သီး) - အနည်းငယ်
ပြင်ဆင်ပုံ 👩‍🍳
ဝက်သားကို ရေစင်အောင်ဆေးပြီး ဆားဆနွင်းနယ်ပြီးပြုတ်ထားပေးပါရှင်။ပြုတ်တဲ့အချိန် အရမ်းမနူးအိသွားဖို့သတိပြုပေးပါ...
ကြက်သွန်ဖြူဂျင်းထောင်းထားပါ။ကြက်သွန်နီကိုလေးစိပ်ထိုးထားပါရှင်။(ပဲငပိက ကုန်စုံဆိုင်တွေမှာ တရုတ်ပဲငပိလို့ မေးဝယ်လို့ရပါတယ်...
၁၀သါးမှ ၅၀၀ကျပ်ဝန်းကျင်ပါ)။ကျက်ပြီးသော ဝက်သားများကို အနေတော်တုံးထားပေးပါရှင်။
ချက်နည်း 👩‍🍳
ပထမဆုံး ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ဂျင်းကို ဆီသတ်ပါရှင်။အရောင်တင်မှုန့်၊ဆနွင်းမှုန့်မထည့်ပါဘူးနော်....
ဆီသတ်မွှေးလာလျှင် ပဲငပိထည့်ပြီး ဆီထပ်သတ်ပါ ပြီးလျှင် တုံးထားတဲ့ဝက်သားထည့်ပါ...
ဆား / ငံပြာရည် လုံးဝ မထည့်ရပါ။ အချိုမှုန့် ထည့်လို့ရပါတယ် မေကတော့ အချိုမှုန့်မသုံးလို့ သကြားထည့်ပါတယ်။
ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါရှင်။ရေခမ်းခါနီး ကြက်သွန်နီ လေးစိပ်ထိုးထားတာလေးထည့်ပါရှင် ငရုတ်သီးစိမ်းခွဲထည့်ပါရှင် ကြက်သွန်နီ နူးလာရင် ကျက်ပါပြီ 😉
စားကောင်းအဆင်ပြေကြပါစေရှင် 🤗
(ကြက်သားကိုလဲ ထိုနည်းအတိုင်းချက်ပါ)

image
15 w - Translate

တနင်္လာ🌙 ဗုဒ္ဓဟူး 💫ကြာသာပတေး✨ တနင်္ဂနွေ 🌘
-အချိန်အကြာကြီး ကြိုးစားခဲ့ရသောအရာများ ဒီလမှာ သတင်းကောင်းကြားရလိမ့်မယ်။🌙
-အဆက်သွယ်ပြတ်နေတဲ့သူ၊အချိန်ကာလကြာရှည် စောင့်မျှော်နေတဲ့သူရှိပါက ရုတ်တရက်အဆက်သွယ်ပြန်ရပါလိမ့်မယ်။🌸
-ငွေကြေးကံမြင့်မားတယ် ထီ၊ချဲ၊2Dကံစမ်းသင့်ပါတယ်။သို့သော်ငွေတော့မမြဲပါ။🐚
-ချစ်သူရည်းစားရှိသူများ ယခုကာလ ကတောက်ကဆများရတတ်၊အခန့်မသင့်ရင်ပြတ်စဲရတတ်။🤍
-ကျန်းမာရေးကောင်းမွန်သူများချူချာသလိုနွမ်းနယ်သလိုခံစားရမယ်။အားကုန်နေသလိုဖြစ်မယ်။🐚🌸
-pressure တွေအရမ်းများနေသလို စိတ်မကြည်တာတွေ၊ခနခနစိတ်တိုလွယ်တာ အလိုမကျတာတွေ ဒီကာလအဖြစ်များပါမယ်။🌼🌻
-နာတာရှည်ရောဂါရှိသူများအနဲငယ် ပြန်လည်သက်သာနိုင်တယ်။💫🌙
-ထိခိုက်ဒဏ်ရာအသေးမွှားလေးတွေ ခပ်များများရတတ်တယ်။✨✨
-single လေးတွေဒီကာလ ချစ်သူရည်းစားရခဲ့ရင်မြဲဖို့မလွယ်။🌔🪐
-လုပ်ငန်းအသစ်မစတင်သင့်ပါ🐚💐

တချိုက ပန်းတွေကိုရတယ် ချစ်ခြင်းမေတ္တာအစစ်ကိုတော့ မရခဲ့ဘူး ။

တချိုကျ ပန်းတွေမရဖူးဘူး ။ ဒါပေမယ့် ချစ်ခြင်းမေတ္တာအစစ်ကိုတော့ ရခဲ့တယ် ။

တစ်ခါတစ်ခါမှာ ကမ္ဘာဟာ ထူးဆန်းစွာလွဲတယ်..

ပန်းတွေရော ချစ်ခြင်းမေတ္တာစစ်ကိုပါ တစ်ပြိုင်ထဲရရှိတဲ့ မိန်းကလေးဆိုရင်တော့ သူမအတွက်ပျော်ရွှင်မှုတွေဟာ လုံလောက်တာထက် ပိုနေတော့မှာပဲ ။

image
15 w - Translate

လောကကို အလည်လာကြသူ
အချင်းချင်း သိပ်လည်း
မာန်မတက်ပါနဲ့ ပြန်ရက်က
ဘယ်သူမှ ကြိုမသိလို့ပါ

image

#ပျားရည်ကြက်သွန်ဖြူ
ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများ
ကြက်သွန်ဖြူရော ပျားရည်တို့က ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက သွေးစီးဆင်းမှုအားကိုလည်း ကောင်းစေပါတယ်။ ကြက်သွန်ဖြူက အစာအိမ်ထဲမှာရှိတဲ့ အစာခြေရေတွေ ကောင်းကောင်းမွန်မွန်ထွက်ရှိအောင် ကူညီပေးပါတယ်။
အဲ့ဒီအပြင် သူ့မှာ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။
သွေးအတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး သွေးကြောတွေထူပြီး မာနေတာတွေကို သက်သာစေကာ သွေးကို ကောင်းကောင်းမွန်မွန် စီးဆင်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
အသားအရေကို ကောင်းမွန်စေ
ကြက်သွန်ဖြူမှာ ဆဲလ်တွေကို အားကောင်းစေတဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။ ဒီ ဓာတ်တွေက အသားအရေကို ချောမွေ့၊ နူးညံ့ပြီး ၀က်ခြံကင်းစင်တဲ့ အသားအရေကို ရစေပါတယ်။
ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ ကျန်းမာတဲ့ အသားအရေကို ရစေပါတယ်။
ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်မှုကနေ ကာကွယ်ပေးပါတယ်။
ပျားရည်
ကိုယ်အလေးချိန်ကို ကျဆင်းစေ
ပျားရည်မှာ အချိုဓာတ်တွေပါဝင်ပေမယ့် ပျားရည်နဲ့ ကြက်သွန်ဖြူတို့ကို အစာအိမ်ထဲမှာ အစာမရှိခင်ထားရင် အစာစားချင်စိတ်ကို လျော့ချပေးပါတယ်။
အစာစားချင်စိတ်ကို လျော့ချပေးတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။
ယောင်ယမ်းတာတွေကို ကျစေ
ခန္ဓာကိုယ်မှာ နာကျင်၊ ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဖျားချင်ချင်ဖြစ်တဲ့အချိန်တွေမှာလည်း သောက်သုံးသင့်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ ၁၂ မွှာ
ပျားရည် ၁ ခွက် (၃၃၅ ဂရမ်)
ရေခရား ၁ ခွက်
ပြုလုပ်နည်း
ကြက်သွန်ဖြူတွေကို ကြိတ်တာဖြစ်ဖြစ် ပါးပါးလှီးတာဖြစ်ဖြစ်လုပ်လိုက်ပါ။
ပျားရည်ကို ရေခရားထဲထည့်ပါ။
ကြက်သွန်ဖြူနဲ့ ရောပါ။
ပြီးရင် ရေခရားကို အဖုံးနဲ့ပိတ်ပြီး ၁ ပတ်လောက် မှောင်တဲ့နေရာမှာ ထားလိုက်ပါ။
မနက်မိုးလင်းရင် ဘာမှမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည် ရောထားတဲ့ အရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက် နေ့တိုင်းပုံမှန်စားပေးပါ။

image
15 w - Translate

- အဆီဖု,ဝက်ခြံလည်း ရှိတယ် Skin Tone လည်း တက်ချင်တယ် ဆိုရင် ဒီ Ampoule လေး ရွေးပါရှင်
- မျက်နှာ အသားညစ်ပြီး မကြည်လင်ဘူး ဆိုရင်
ဒီ Ampoule လေးသာသုံး
- ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ် , အမဲစက် , တင်းတိပ်တွေကိုလည်း တစ်ဖြည်းဖြည်း ပါးစေတယ်
- Niacinamide ပါလို့ အဆီပြန် သက်သာပြီး ချွေးပေါက် ကျဉ်းစေပါတယ်
- Skin Tone လည်း တက်ချင်တယ် Vitamin Cနဲ့လည်း မတည့်ဘူးဆို ဒီ Ampoule လေး အရမ်းအဆင်ပြေသော
Instock
50ml - 41000k
100ml - 53000k

image