ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သံသရာ ဆိုတာကလဲ မေ့လျော့ခြင်းဆိုတဲ့ ဘဝမြူလွှမ်းမြဲဓမ္မတာ မဟုတ်လား ။ မေ့လျော့ခြင်းဆိုတာကလဲ တစ်ခါတလေတော့ ကောင်းလိမ့်မယ်ထင်ပါရဲ့ ။ ဥပဒါနပစ္စယာ ဘဝေါ လို့ ဆိုထားတယ်မဟုတ်လား မစွဲလမ်းအပ်တဲ့ ဥပဒါန်တွေကို စွဲလမ်းနေမဲ့အစား မေ့ပစ်လိုက်ခြင်းဟာ ကောင်းပါတယ်လေ ။
ချစ်မေတ္တာနဲ့ တည်ဆောက်ထားတဲ့ လောကကြီးထဲမှာ
ချစ်ခြင်းသဒ္ဒါနှင့် ဂရုဏာဗြဟ္မစိုရ်တရားဟာ စိတ်နာသူတွေ အထင်မှားသလောက် မခေါင်းပါးပါဘူးလေ ။
#မိုးညအိပ်မက်ဖြူ #တက္ကသိုလ်ဘုန်းနိုင်
၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်မှာ အသက် ၄၁ နှစ်အရွယ် ရဲအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ Issac Espinosa (အိုက်ဇက် အက်စ်ပီနိုဆာ) ဟာ သူ့ရဲ့ အိမ်ရှေ့မှာ မိသားစုနဲ့အတူထိုင်နေတုန်း ရုတ်တရက် ကျည်ဆံတစ်တောင့်က လာမှန်ခဲ့ပါတယ်
ဒီကျည်ဆံဟာ ဘယ်ကနေဘယ်လိုလာမှန်းမသိဘဲ Espinosa ရဲ့ ရင်ဘတ်ကို တည့်တည့်လာမှန်ခဲ့တာ ဖြစ်ပါတယ် ကံကောင်းစွာနဲ့ဘဲ အဲ့ဒီအချိန်မှာ သူဝတ်ဆင်ထားတဲ့ အမေရိကန်ဒေါ်လာ ၂၅၀ ခန့် တန်ဖိုးရှိတဲ့ လက်ဝါးကပ်တိုင်ရွှေဆွဲကြိုးက ကျည်ဆံကို တားဆီးပေးလိုက်ပါတယ်
ကျည်ဆံဟာ သူ့ရဲ့ရင်ဘတ်ပေါ်မှာရှိတဲ့ ဆွဲကြိုးက လက်ဝါးကပ်တိုင်ကို ထိမှန်ခဲ့ပြီး အရေပြားထဲကို ထွင်းဖောက်ဝင်ရောက်မသွားခဲ့ပါဘူး Espinosa ရဲ့ ရင်ဘတ်မှာတော့သေးငယ်ပြီး နီရဲနေတဲ့ ဒဏ်ရာလေးတစ်ခုဘဲကျန်ရစ်ခဲ့ကာ အသက်အန္တရာယ်မရှိခဲ့ပါဘူး
ဒီဖြစ်ရပ်အပြီးမှာ Espinosa ဟာ ဘုရားသခင်က သူ့ကို ကာကွယ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ် သူ့မိခင်ကလည်း ဒီဆွဲကြိုးဟာ သူ့သားရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး သူ့သားမှာ ဘုရားသခင်ပေးတဲ့ အသက်သာရှိတော့တယ်လို့ ပြောဆိုခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
No Time to Spy: A Loud House Movie (2024)
IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖိုရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖိုရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တိုဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖိုရာအကြောင်းဖန်လာပါတော့တယ်။
💧🌜ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🌜💧ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1971