‘THE FANTASTIC FOUR’ ကတော့ Rotten Tomatoes မှာ 88% နဲ့ပွဲထွက်လာပါတယ်။
ဇာတ်ကားရဲ့ ပထမပိုင်းကို ကြည့်ရသလောက်တော့ တော်တော်လေးကြည့်လို့ကောင်းတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ ရုံတင်မှာမဟုတ်ပါဘူး။

image

All of Us Are D@ad Season 2 လာမည်။
Zombie စီးရီးဖြစ်တဲ့ All of Us Are Dead ရဲ့ Season 2 ကိုလည်း Netflix က တရားဝင်ကြေညာခဲ့ပါတယ်။ ပထမ season မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျောင်းသားတွေဟာ zombie ကမ္ဘာမှာ ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပြီး၊ ပိုမိုကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Yoon Chan-young, Park Ji-hu, Lomon နဲ့ Cho Yi-hyun တို့လို မူလသရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး၊ Season 2 မှာ ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။
အသစ်ပါဝင်လာသူတွေကတော့ တိုက်ခိုက်ရေးမှာကျွမ်းကျင်ပြီး ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းတွေနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားကြီးသုံးဦးအဖြစ် Lee Min-jae, Kim Si-eun နဲ့ Yoon Ga-i တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကို ပိုပြီးတင်းမာမှုတွေနဲ့ ပြည့်စုံစေမယ့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ (National Intelligence Service) ရဲ့ အဖွဲ့ခေါင်းဆောင် Han Du-seok အဖြစ် Roh Jae-won ကလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Season 2 ကို ၂၀၂၆ ခုနှစ်မှာ ပြသနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Mr.Wilddog ရေးသည်။

image

Evil Dead Burn ကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

image

Zack Snyder ကိုအလုပ်ထုတ်အပြီး Justice league 2017 ကို Reshoot ပြန်လုပ်တဲ့အချိန် Mission Impossible Fallout ရုပ်ရှင်အတွက် နှုတ်ခမ်းမွှေး အရှည်ထားထားရတဲ့ Henry Cavil အတွက်အခက်အခဲတခုဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ Joss Whedon ကြီးက နှုတ်ခမ်းမွှေးကို CGI နဲ့ဖြုတ်မယ်ကွာ။ ဝင်သာ ရိုက် ဆိုတာနဲ့ လူတိုင်းမုန်းတဲ့ Justice league 2017 ထဲက Cgi Superman ကြီး ဖြစ်လာပါတယ်။
ပုံကတော့ ရိုက်ကွင်းက နှုတ်ခမ်းမွှေးနဲ့ Henry Cavil ပါ

image

AVENGERS: DOOMSDAY မှာ Chris Hemsworth ရဲ့ Thor က ဒုတိယခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်သွားပါမယ်။
ပထမ ခေါင်းဆောင်မင်းသားကတော့ Pedro Pascal ရဲ့ Reed Richards ဖြစ်ပါတယ်။

image

Stranger Things Season 5 မှာ Eddie ပြန်ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
သူ့ဇာတ်ကောင်ပြန်လာမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မေးတဲ့အခါ Joseph Quinn က အခုလို ပြောခဲ့ပါတယ်။
“ဘာမဆို အခွင့်အလမ်းရှိတာပဲ၊ မဟုတ်လား။ ဘာမှ မဖြစ်နိုင်တာ မရှိဘူး။” လို့ပြန်ဖြေခဲ့ပါတယ်။

image



ဝက်စတူးချက်နည်း။#ဟင်းချက်နည်းများ။



ကြာဇံဆီချက် လုပ်နည်း Myanmar Garlic Rice Noodle



(ဝက်ကုန်းဘောင်ကြီးကြော်)Pork Kung Poa



#ဝက်နံရိုးမီးတောက်ချက်နည်း #werteaဝါးတီး