Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
At least eight children at a church near Harvard University where a French youth choir was holding a concert suffered seizure-like symptoms and were taken to hospitals, officials said. The symptoms were not life-threatening.
The department's hazmat team “completed a thorough survey ... to ensure that no hazardous conditions were present,” a news release said. “Results were negative and the buildings were ventilated.”
Read more: https://abcnews.visitlink.me/GQ3wgP
◼ ဂါဇာ၌ ငတ်မွတ်မှု ပျံ့နှံ့နေသည့်အပေါ် အရေးယူလုပ်ဆောင်ရန် အကူအညီပေးရေးအဖွဲ့ပေါင်း ၁၀၀ ကျော်က တိုက်တွန်း
ဂါဇာဒေသ၌ အစာရေစာငတ်မွတ်မှုများ ပျံ့နှံ့နေသည့်အပေါ် အရေးယူလုပ်ဆောင်ရန် အများအားဖြင့် အကူအညီပေးရေး နှင့် အခွင့်အရေးအဖွဲ့များ ဖြစ်သော အဖွဲ့ပေါင်း တစ်ရာကျော်က အစိုးရများအား တိုက်တွန်းလိုက်ပြီး အမြဲတမ်းအပစ်အခတ်ရပ်စဲမှုချက်ချင်းဖော်ဆောင်ရေး ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဝင်ရောက်မှု အကန့်အသတ်များ အားလုံး ဖယ်ရှားရေးတို့ကိုလည်း ၎င်းတို့က တောင်းဆိုကြသည်။
ဂါဇာဒေသအပြင်နားမှာပင် စားနပ်ရိက္ခာ ၊ သန့်ရှင်းသော သောက်သုံးရေ နှင့် ဆေးဝါးပစ္စည်းတန်ပေါင်းများစွာ ရောက်ရှိနေသော်လည်း ယင်းပစ္စည်းများအား ဝေမျှခြင်း မလုပ်ရန် လူသားချင်းစာနာမှု အဖွဲ့များ တားမြစ်ခံထားရပြီး ဂါဇာဒေသထဲတွင် ငတ်မွတ်ခေါင်းပါးမှုများ ကျယ်ပြန့်နေကြောင်း နော်ဝေဒုက္ခသည်ကောင်စီ၊ နိုင်ငံတကာဒုက္ခသည်များအဖွဲ့ (Refugees International) နှင့် Mercy Corps တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၁၁ ဖွဲ့ လက်မှတ်ထိုးထားသော ထုတ်ပြန်ချက်က ဖော်ပြသည်။
အစ္စရေးအစိုးရ၏ စီးနင်းမှုက ဂါဇာမှ လူထုကို အငတ်ဘေးဆိုက်စေကြောင်း ၊ အကူ အညီ ပေးရေး လုပ်သားများလည်း အစားအသောက်ရရန် ဝင်တန်းစီနေရပြီး မိသားစုကို ကျွေးမွေးရေး အသက်နဲ့ ရင်းနေရကြောင်း နှင့် ကျန်လူများက ၎င်းတို့လုပ်ဖော်ကိုင်ဖက်များ ထိခိုက်ပျက်စီးနေသည်ကို မျက်စိရှေ့မှာပင် မြင်တွေ့နေရကြောင်း အဖွဲ့အစည်းများက ပြောကြားသည်။
အစ္စရေးအစိုးရ၏ အလုံးစုံစီးနင်းမှုနှင့်အတူ ချမှတ်ထားသော ကန့်သတ်ချက်များ၊ နှောင့်နှေးမှုများ နှင့် အစိတ်စိတ်အမြွာမြွာ ပိုင်းခြားထားခြင်းများက ဝရုန်းသုန်းကားမှုများ၊ ငတ်မွတ်ခေါင်းပါးမှု နှင့် သေဆုံးမှုများ ဖြစ်စေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ဗျူရိုကရက်နှင့်အုပ်ချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားရေး၊ ကုန်းမြေနယ်စပ်အားလုံးကို ဖွင့်ထားရေး၊ ဂါဇာမှလူတိုင်းအားလက်လှမ်းမီအောင် လုပ်ပေးရေး၊ စစ်ဘက်ကထိန်းချုပ်သော ပစ္စည်းဝေမျှမှုများအား ပယ်ချပြီး ကုလသမဂ္ဂဦးဆောင်သော လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ခြင်းစနစ်ကို ပြန်လည် ထားရှိရေးအား အစိုးရအဖွဲ့များက တောင်းဆိုကြရန် ယင်းအဖွဲ့များက တိုက်တွန်းထားကြသည်။
အစ္စရေးအစိုးရ၏ စီးနင်းချုပ်ကိုင်မှု အဆုံးသတ်သွားစေရန် လက်နက်ခဲယမ်းများ ပေးပို့မှုများ ရပ်တန့်ခြင်းကဲ့သို့ ခိုင်မာသောအစီအစဉ်များအား အစိုးရအဖွဲ့များက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် က ဆက်လက်ပြောကြားသည်။
ဂါဇာသို့ ဝင်ရောက်သော ထောက်ပံ့ရေးပစ္စည်းအားလုံးကို ထိန်းချုပ်နေသော အစ္စရေးအစိုးရကမူ စားနပ်ရိက္ခာမလုံလောက်ခြင်းအတွက် ၎င်းတို့တွင် တာဝန်ရှိသည် ဆိုခြင်းကို ငြင်းဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စားနပ်ရိက္ခာရရှိရန် ကြိုးစားရင်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပြီး အများအားဖြင့် ဂါဇာလူသားချင်းစာနာထောက်ထားရေး ဖောင်ဒေးရှင်း က ဖွင့်လှစ်ထားသည့် ရိက္ခာဝေမျှရေးစင်တာများအနီး အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးကြရခြင်းဖြစ်သည်။
အမေရိကန်ကထောက်ခံသော ယင်းအဖွဲ့ကိုလည်း ဘက်မလိုက်ဘဲနေရန် ပျက် ကွက်ခြင်းအတွက် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာထောက်ထားမှု အ ဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
◼ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ်ကိုအမေရိကန်အာကာသတပ်ဖွဲ့ဗိုလ်ချုပ်ကြီး ကြီးကြပ်မည်
ရွှေကွန်ချာ (Golden Dome) ဟု သိရှိကြသော သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားဒုံးကျည်ကာကွယ်ရေးစနစ်ကို ဗိုလ်ချုပ်ကြီး မိုက် ဂရက်လင်းက ဦးဆောင်သွားရေးအမေရိကန်အထက်လွှတ်တော် က ယမန်နေ့တွင် အတည်ပြုလိုက်သည်။
နည်းပညာမြင့် ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်ရန် စက်မှုလုပ်ငန်းများ၊ အဆင့်မြင့်ပညာရေးဌာနများ၊ အမျိုးသားလက်တွေ့စမ်းသပ်ဌာနများ အပြင် အခြားသော အစိုးရအေဂျင်စီများနှင့်ပါတွဲဖက်လုပ်ဆောင်ရမည့် အမေရိကအတွက်ရွှေကွန်ချာရုံးအား ဦးဆောင်ခွင့်ရရေး နောက်ဆုံးအတားအဆီးကို ဗိုလ်ချုပ်ကြီး ဂရက်လင်းက ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် က ကြေညာခဲ့သည်။
ရွှေကွန်ချာ ဒုံးကျည်ဒိုင်းစနစ်သည် အစ္စရေးတို့၏ သံကွန်ချာစနစ်နှင့် ဆင်တူပြီး ရုရှား၊ တရုတ်၊ အီရန် နှင့် မြောက်ကိုရီးယားတို့ထံမှ ခြိမ်းခြောက်မှုများမှ အမေရိကန်၏ ကာကွယ်ရေးကို ခေတ်မီလာစေရန် ရည်ရွယ်ထားသည်။
အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်အား ပဲ့ထိန်းဒုံးကျည်များ၊ အသံထက်မြန်ဒုံးကျည်များ နှင့် အခြားအဆင့်မြင့်ဒုံးကျည်များ ၊ ကြီးမားသောအတိုင်းအတာဖြင့် တိုက်ခိုက်မှုများမှ ကာကွယ်ရန် ပုံဖော် ထားကြောင်း သိရသည်။
ဂရက်လင်းသည် အာကာသတပ်ဖွဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ကာ လက်ရှိတွင် စစ်ဘက်ဆိုင်ရာ အာ ကာသ လုပ် ငန်းများ၏ ဒုတိယအကြီးအကဲဖြစ်သည်။
မတ်လက အမေရိကန်လွှတ်တော်၌ ထွက်ဆိုချက်ပေးရာတွင် ရွှေကွန်ချာစနစ် ဖန်တီးရမည့် ရှုပ်ထွေးမှုအား ဒုတိယကမ္ဘာစစ်ခေတ်က အမေရိကန်၏ ပထမဆုံး နျူကလီးယားဗုံးထွက်ပေါ်လာစေခဲ့သော မန်ဟက် တန် ပရောဂျက် နှင့် ဗိုလ်ချုပ်ကြီး ဂရက်လင်းက နှိုင်းယှဉ်ပြောကြားခဲ့သည်။
“ဒါဟာ နည်းပညာကြောင့် ရှုပ်ထွေးတာမဟုတ်ပါဘူး။ ပါဝင်ပတ်သက်ရမယ့် အဖွဲ့အစည်းတွေနဲ့ အစိုးရအေဂျင် စီအရေအတွက်ကြောင့် ရှုပ်ထွေးတာဖြစ်ပါတယ်” ဟု အထက်လွှတ်တော် လက်နက် ကိုင်လုပ် ငန်းများ ဆပ်ကော်မတီအား ဗိုလ်ချုပ်ကြီးက ပြောကြားသည်။
ရွှေကွန်ချာစနစ်အား တည်ဆောက်ရာတွင် အစိုးရအေဂျင်စီ အများအပြားနှင့် ပုဂ္ဂလိကလုပ်ငန်း အများအပြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဖွဲ့အစည်းများ၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် အပြုအမူမှာ စီမံကိန်း၏ အကြီးမားဆုံး စိန်ခေါ်မှုများဖြစ်ကြောင်း ၊ သို့သော်လည်း လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီး အရင်းအမြစ်စုံလင်သော အေဂျင်စီကို မူဝါဒ ချမှတ်သူများကလည်း အပြည့်အဝ ထောက်ခံမည်ဆိုပါက ယင်းအခက်အခဲများကို ကျော် လွှားသွား နိုင်ကြောင်း ဗိုလ်ချုပ်ကြီး ဂရက်လင်းက ဆက်ပြောသည်။
ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးဒိုင်းစနစ် သည် ကန်ဒေါ်လာ ၁၇၅ ဘီလီယံကုန်ကျမည်ဟု မျှော်လင့်ထားကြပြီး ၎င်း၏သမ္မတသက်တမ်းကုန်းဆုံးချိန်တွင် ယင်းစနစ်အပြည့်အဝလည်ပတ်နေမည်ဟု သမ္မတ ထရန့်က ယခင်က ပြောကြားခဲ့သည်။
သတင်း-ရဲမင်း
သတင်း-UPI
#နိုင်ငံတကာသတင်း
◼ မြို့လေးမြို့၌မြစ်ရေကြီးနိုင်ခြင်းကြောင့် ရေကြီးရေလျှံခြင်းများသတိပြုရန်မိုးဇလထုတ်ပြန်
မြန်မာနိုင်ငံ၏မြို့လေးမြို့ရှိ မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနေသောကြောင့်အနိမ့်ပိုင်းနေထိုင်သူများနှင့် မြစ်ကမ်းဘေးနေထိုင်းသူများ အထူးသတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်ထားသည်။
ဝီဖာမုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး မဒေါက်၊ ငါးသိုင်းချောင်း၊ ရွှေကျင်နှင့် မြဝတီမြို့များရှိမြစ်ရေများမှာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေကြောင်းသိရသည်။
လက်ရှိအချိန်ထိစစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ငဝန်းမြစ်ရေသည် ငါးသိုင်းချောင်းမြို့၏စိုးရိမ်ရေမှတ်အထက်သုံးလက်မကျော်ရောက်ရှိနေကြောင်း၊ ရွှေကျင်မြစ်ရေမှာ ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အောက်တစ်ပေကျော်နှင့် သောင်ရင်းမြစ်ရေမှာလည်း မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်ပေဝက်ကျော်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ထက် လေးပေခန့်အထိရောက်ရှိလာနိုင်ကြောင်း မိုးဇလကအသိပေးထုတ်ပြန်ထားသည်။
အဆိုပါဒေသများရှိ မြစ်ကမ်းဘေးနှင့်အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံခြင်းများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလကအသိပေးထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း
☘️ #နံနက်ခင်းအသိပေးတရားတော်များ(၁၉)☘️
.
🔹 တခါတလေ စိတ်ကငြိမ်းချမ်းလာရင်
ဘာကြောင့်လဲ မေးရင်
မသိဘူးတဲ့။ သူ့အလိုလိုတဲ့။
သူ့အလိုလို ဆိုတာ
ဗုဒ္ဓဘာသာမှာ မရှိပါဘူး။
#အကြောင်းအကျိုးကင်းတာမရှိပါဘူး။
ဖြစ်သမျှ အကုန်လုံး အကြောင်းရှိပါတယ်။
#နှလုံးသွင်းမှန်နေလို့_သတိစွဲမြဲနေလို့
#သတိထားနေလို့_အားထုတ်နေလို့၊
ဒါကြောင့် … ဒီလိုဖြစ်တယ်၊
ပြောနိုင်ပါတယ်၊ ပြောနိုင်ရမယ်။
ရွှေဥမင် ဆရာတော်ကြီးဆို
ဒါပဲ သူက တရားစစ်တာ၊၊
ဘာလဲ ဘာကြောင့်လဲ
မသိဘူး၊ မသိရင် သွားပြန်ရှာ အဲလိုပဲ၊
#အကြောင်းကို_စုံစမ်းခိုင်းတယ်၊
#အကြောင်းသိတာ_ဉာဏ်တဲ့။
ဒါကြောင့်
အသေးအဖွဲ ကိစ္စလေးတွေကစ
စိတ်ဝင်စားရမယ်။
အာရုံတွေကို သိတယ်၊ ခံစားတယ်၊
ဘယ်လိုဖြစ်နေလဲ။
အဲလို များများသိလာမှ
အကြောင်းအကျိုးတွေ ပေါ်လာပါလိမ့်မယ်၊၊
#စိတ်ကိုမသိရင်
#အကြောင်းကိုမသိတာများတယ်၊
အာရုံဘက်ချည်းပဲ ကျနေတဲ့သူက
အကြောင်း အကျိုးသိနိုင်ဖို့
မလုံလောက်ပါဘူး။
ဉာ ဏ် က
လုပ်တယ် လုပ်တယ်၊
ရွေ့တယ် ရွေ့တယ်လို့
မှတ်နေရုံနဲ့ မပြီးပါဘူး။
ဘာလို့လဲ မေးကြည့်ပါ၊
ဘာဖြစ်လို့ သွားတာလဲ၊
တော်ကြာ ထိုင်ချင်လာပြီ၊
ဘာဖြစ်လို့ ထိုင်ချင်တာလဲ၊
အကြောင်းရှိပါတယ်၊
အဲဒီအကြောင်းတွေ သိတာနဲ့ ဉာဏ်ပဲ၊
စုံစမ်းရင် သိပါတယ်။
ဘာဖြစ်လို့ အင်္ကျီလက်ရှည် ဝတ်တာလဲ၊
ဘာဖြစ်လို့ အနွေးထည် ဝတ်တာလဲ၊
အကြောင်းမရှိဘဲ ဝတ်မလား၊
ဘာဖြစ်လို့ အင်္ကျီတွေချွတ်တာလဲ၊
#အဲဒီမှာ
#စိတ်တွေကအများကြီးဖြစ်နေတာ၊၊
ထိုင်တယ် ထိုင်တယ်၊
သွားတယ် သွားတယ်...
ဒီလောက်နဲ့ မရပါဘူး၊
သွားမှန်းလဲ သိရမယ်၊
လုပ်မှန်းလဲ သိရမယ်၊
ပထမမှာတော့ လုပ် လုပ်မှန်းသိ၊
ကိုင် ကိုင်မှန်းသိ၊ ထားရင် ထားမှန်းသိ။
ပစ္စည်းတစ်ခု
ဒီနေရာ ဘာဖြစ်လို့ ထားတာလဲ၊
အဲလိုဆို
#သတိဉာဏ်ဦးစီးလာပါတယ်၊
မဟုတ်ရင် မောဟနဲ့ပဲ
ဖြစ်ချင်သလိုဖြစ်၊ ထားချင်သလို ထား
ဖြစ်ချင်သလို ဖြစ်တာပေါ့။
ပစ္စည်းတွေဆိုရင်
စားပွဲ အစွန်းမှာ ထားမလား၊
အလယ်မှာ ထားမလား၊
ဘယ်နေရာထားရင် ကောင်းမလဲ၊
#အဲဒါ_ဉာဏ်နဲ့လုပ်တယ် ခေါ်တယ်။
#သမ္ပဇညဆိုတာ ဒါကိုပြောတာ။
အကျိုးရှိ မရှိ၊ သင့်တော် မတော်၊
သတိစွဲမြဲလာတဲ့သူ ဒါ ပါကို ပါရမယ်။
တကယ် တရားအားထုတ်နေတဲ့သူ
သတိ စွဲမြဲလာပြီ ဆိုရင်
ဒါ လိုက်ကို လိုက်လာရမယ်။
အခုက သိတာပဲ၊
တရားလျှောက်တဲ့အခါ
သိတာချည်းပဲ ပြောနေတယ်၊
သတိထားရင် သိတာပေါ့၊
ခန္ဓာမှာ ဖြစ်တာတွေ သိ၊
စိတ်မှာဖြစ်တာတွေ သိ၊
တဖြည်းဖြည်း
#အာရုံကိုသိတာထက်
#ခုဏကသဘောတရားတွေကိုသိဖို့
#ပိုအရေးကြီးပါတယ်။
.
.
. [ ဆရာတော်အရှင်တေဇနိယ(ရွှေဥမင်)
“နံနက်ခင်းအသိပေးတရားတော်များ”မှ
ပူဇော်ပါသည်]
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုရီးယား၌ ကုန်ထုတ်လုပ်ငန်းအတွက် EPS စနစ်ဖြင့် မြန်မာလုပ်သား ၄၀၀၀ ကျော် လျှောက်ထားခွင့်ရရှိထား
ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းအတွက် EPS စနစ်ဖြင့် မြန်မာလုပ်သား ၄ဝဝဝ ကျော် အလုပ်လျှောက်ထားခွင့်ရရှိထားကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ သိရသည်။
ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းအတွက် EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ်အောင်စာရင်းတွင် ပါရှိသူများလျှောက်ထားနိုင်မည်ဖြစ်ပြီး ကိုရီးယားနိုင်ငံကုန်ထုတ်လုပ်ငန်း အလုပ်လုပ်ခွင့်အတွက် အလုပ်လျှောက်လွှာ လျှောက်ထားခွင့်ရှိသူ ၄၂၄၉ ဦးရှိကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ၏ EPS စနစ်ဖြင့် အလုပ်ခေါ်ယူမှုစနစ်သည် အလုပ်ရှင်ကလည်းကောင်း၏ဆန္ဒအရ အလုပ်သမားများကို စိတ်ကြိုက်ရွေးချယ်ခေါ်ယူသောစနစ်ဖြစ်ပြီး တစ်ဦးတစ်ယောက်အား ရွေးချယ်ပေးရန်တောင်းဆို၍ မရကြောင်းသိရသည်။
EPS-TOPIK၊ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ်အောင်စာရင်းတွင် ပါရှိသူများကို အလုပ်လျှောက်လွှာထုတ်ပေးခြင်း၊ လက်ခံခြင်းများအား ခုံနံပါတ်အလိုက်၊ သတ်မှတ်ထားသည့်နေ့ရက်အလိုက် စတင်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။
“ဘုန်းဘုန်းက မဟာစည်မှာ ရက် (၂ဝ) လောက်ပဲ အားထုတ်ဖူးပါတယ်။ မဟာစည် ရက်-(၂၀) က တရားထူးမရခဲ့ပေမယ့် စာပေတွေမှာ ရုပ်နာမ်တရားတို့၊ ခန္ဓာငါးပါးတို့၊ ဝိပဿနာတို့ ဘာတို့ ပွင့်လင်းသွားတယ်။ နားလည်သွားတယ်။ ကောင်း ကောင်းကြီး သိမြင်သွားတယ်။ နဂိုကဆို နားမလည်ဘူး။ စာကြည့်ပေမယ့် နားမလည်ဘူး။ အခုကတော့ အဋ္ဌကထာ၊ ဋီကာတွေ ကြည့်လိုက်ရင် တအား သဘော ပေါက်တာ၊ တအားနားလည်သွားတယ်”
"ကိုယ်က စာအခံရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ ပိုပြီးတော့ အသုံးကျသွားတယ်။ စာတွေထဲမှာ မရှင်းနိုင်တာတွေကို ရှင်းနိုင်သွားတယ်။ အဋ္ဌကထာ,ဋီကာတွေကို ဝိပဿနာနဲ့ ပတ်သက်ရင် နားလည်သွားတယ်။ တအားသိသွားတယ်။ တအားပြောလို့ရသွားတယ်။ ဘယ်လိုဆိုတာကို ကိုယ်ကစာသိနဲ့ ကောင်းကောင်းသိနေတော့ ဆက်စပ်ပြီး ရသွားတယ်။ ဒါကြောင့်မို့ စာသိက အင်မတန် အရေးကြီးတယ်။
တရားသိ၊ ဘာဝနာအသိလို့ ဆိုပေမယ့်လည်း စာသိကလည်း အင်မတန် အရေးကြီးတယ်။ စာသိ သဘောပေါက်ထားတာကိုက တော်တော်ကောင်းတယ်။
"တရားဆိုလို့ရှိရင် တော်တော်များများ သဘောမပေါက်ကြတာတွေ ရှိတယ်။ မမှတ်ရဘူးလို့ ထင်တာမျိုးတွေ ရှိကြတယ်။ စာထဲမှာ ရေးထားတာ ရှင်းရှင်းလေးပဲ။"
"ပြီးတော့ တရားအားထုတ်နေရင် မတွေးရဘူး။ ဘာမျှမတွေးရဘူးလို့ ပြောတာတွေကလည်း တကယ်ကတော့ မမှန်ဘူးပေါ့နော်။ သမ္မာသင်္ကပ္ပဆိုတာ ရှိရမယ်ပေါ့။ နောက်ပိုင်းတော့ ကိုယ့်ဟာကိုယ် တော်တော်သဘောပေါက်သွားတာ"
-ဒါကြောင့်မို့ မဟာစည်ဆရာတော်ကြီးရဲ့ မှတ်ချက်က မှန်တယ်။ အချို့ရိပ်သာတွေမှာက သမာဓိတော့ ဖြစ်ကြပါတယ်၊ ပညာတော့ မဖြစ်ကြဘူးတဲ့။
"နောက်ပိုင်းကျတော့ ရွှေတောင်ကုန်းဆရာတော်ကြီးဟောတဲ့တရားတွေ၊ မဟာစည်ဆရာတော်ကြီး ဟောတဲ့တရားတွေ၊ အဲ့ဒါတွေကို နာရင်းနာရင်းနဲ့ သမထ၊ ဝိပဿနာ၊ စာထဲက ဆိုတာတွေနဲ့ ချိန်လိုက်တော့ သဘောပေါက်သွားတယ်”
“နောက်ပိုင်း ဘယ်လောက်သဘောပေါက်သွားသလဲဆိုရင် စာကြည့်ရင်းလည်း ကမ္မဋ္ဌာန်းနှလုံးသွင်းလို့ရတယ်။ အပြတ်အားထုတ်တာမျိုး သမာဓိထူထောင်တာမျိုး မဟုတ်တော့ဘူး။ စူးစိုက်တဲ့အလုပ်တော့ ပါတာပေါ့နော်။ သတိနဲ့သမာဓိနဲ့ ချိန်ခွင်လျှာ ညှိတတ်လာတာပေါ့။
မဟာစည်ဆရာတော်ကြီး မိန့်ကြားသွားတာ ပိုပြီးတော့ အဓိပ္ပာယ် ရှိတယ်။ ခုခေတ်ကမ္မဋ္ဌာန်းအားထုတ်ကြတာ သမာဓိတော့ရကြပါရဲ့။ ဉာဏ်မဖြစ်ဘူး ဆိုတာလေ။ အဲ့ဒါတကယ် ဟုတ်တယ်။ ဉာဏ်ဖြစ်တာက အဲဒီလို..ထိုင်ပြီး အားထုတ်နေတာချည်းပဲ မဟုတ်ဘူး။ စာဖတ်ရင်လည်း ဒီတရားသဘော ဆင်ခြင်ရင် ဉာဏ်ပွင့်သွားတာပဲ။ အဲ့ဒီလိုဉာဏ်ပွင့်လာတော့ တကယ်လည်း ကောင်းတယ်၊ တစ်ခါတလေ တရားဟောရင်း လည်း အသိဉာဏ်တက်တယ်။
တရားဟောပြီဆိုတဲ့အခါကျရင်လည်း တရားထဲမှာပါတဲ့ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားသွားပြီးဆိုရင် ကျန်တာတွေ မေ့သွားတယ်၊ ဉာဏ်ထဲမှာ ပေါ်လာတယ်။ ပေါ်လာတာကို ပြောလိုက်တာ။ ကြိုတင် စဉ်းစားထားတာ မဟုတ်ဘူး။ စလိုက်တာနဲ့ပဲ ဟောရင်းဟောရင်းနဲ့ ပေါ်ပေါ်လာတာ။ အဲ့ဒါက အလေ့ အကျင့်ဖြစ်သွားတယ်။
အာရုံနဲ့ တွေ့တဲ့အခါ ကိုယ့်စိတ်ထဲ ကောင်းတာဖြစ်သလား၊ မကောင်းတာဖြစ်သလား ဆိုတာကတော့ အကဲခတ်နေမိတာ အမြဲတမ်းလိုလိုပါပဲ။ စဉ်းစားလိုက်တာနဲ့ ရပ်ပြီးသား ဖြစ်သွားရော။
"သမာဓိထက် စဉ်းစားဉာဏ်ဖြစ်ဖို့က ပိုအရေးကြီးတယ်။ သမာဓိဆိုတာမျိုးက အတော့်ကိုအစွမ်းထက်မှ ခံနိုင်ရည်ရှိမှာလေ။ သမာဓိက အာရုံကိုပြောင်းပစ်တာလေ။ ဝိပဿနာက အရှိအတိုင်းကို ခံနိုင်တယ်။"
"-များသောအားဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သမာဓိပိုင်းကိုပဲ သွားကြတာများတယ်၊ နောက်ပိုင်းကျ ဘုန်းဘုန်းတို့က သဘောပေါက်လာတယ်။သမာဓိတွေပဲ နင်းကန်လုပ်နေခြင်းဖြင့် တိုးတက်မှု မရှိလာဘူး။ စဉ်းစားဉာဏ် ဘက်ကို အားမပေးသလိုမျိုး ဖြစ်နေတယ်။"
"ရိပ်သာအတော်များများမှာ အားထုတ် ထားတဲ့ ယောဂီတွေ အဲ့ဒီလိုဖြစ်ကြတာများတယ်။ ဘာဆက်လုပ်ရမှန်း မသိဘူ။ လမ်းပျောက်နေကြတယ်။ တရားသဘောတွေ ဆင်ခြင်တာ ပိုကောင်းတယ်လို့ထင်တယ်။“
"ဘုန်းဘုန်းအနေနဲ့က အဘိဓမ္မာသင်တော့လည်း တရားသဘော ဆင်ခြင်တယ်။ စာပေကြည့်တော့လည်း တရားသဘောဆင်ခြင်မိတယ်လေ။ ပိုပြီးတော့ စိတ်ထဲ ရှင်းလင်းတယ်။ -ဪ မြတ်စွာဘုရား တရားဟောနေတုန်း နားထောင်ရင်းနဲ့ သောတာပန်ဖြစ်တယ်ဆိုတာ ဖြစ်နိုင်တယ်လို့။ ဆင်ခြင်တာလေ။ အဲတော့ တရားနဲ့ပတ်သက်တဲ့ စာများများဖတ်ပြီးတော့ ဆင်ခြင်တာ ပိုထိရောက်တဲ့ သဘောဖြစ်တယ်။
#ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး