“ရှုခင်းသာသည့် နံကိုင်းတောင်နှင့် ရှင်ပင်နံကိုင်းဘုရား”အပိုင်း (၂)
မင်းတုန်းမင်းလက်ထက်က မြန်မာနိုင်ငံသို့လာသည့် သံအဖွဲ့၌ အတွင်းရေမှူးအဖြစ် လိုက်ပါလာသူ ဟင်နရီယူးလ်က သူ၏ ‘Narrative of the Mission to THE COURT OF AVA IN 1855’စာအုပ်၌ ရှင်ပင်နံကိုင်းနှင့်ပတ်သက်၍ မှတ်တမ်းတင်ခဲ့သည်။ ဟင်နရီယူးလ်တို့အဖွဲ့သည် ရှင်ပင်နံကိုင်းတောင်ပေါ်သို့ ၁၈၅၅ ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် ရောက်ရှိခဲ့ပြီး တွေ့မြင်ခံစားရပုံကို ရေးသားထားခြင်းဖြစ်သည်။ ယင်းစာအုပ်ကို ဆရာတက္ကသိုလ်နေဝင်းက ‘အင်းဝရွှေနန်းရောက် ဗြိတိသျှသံအဖွဲ့မှတ်တမ်း(၁၈၅၅)’အမည်ဖြင့် မြန်မာဘာသာပြန်ထားရာ ဟင်နရီယူးလ် ရေးသားမှတ်တမ်းတင်ခဲ့ပုံကို ယခုလိုဖတ်ရှုရသည်။ (အနည်းငယ်မျှရှည်သော်လည်း စိတ်ဝင်စားစရာဖြစ်၍ ပြန်လည်ဖော်ပြလိုက်ပါသည်။)
“ကျွန်ုပ်တို့သည် မြို့(စစ်ကိုင်းကိုဆိုလိုသည်)အနီးအနားရှိ ဘုရားစေတီ အတော်များများကို သွားရောက်ကြည့်ရှုရာ ဘုရားအတော်များများမှာ ၁၈၃၉ ခုနှစ် မြေငလျင်ကြောင့် ပျက်စီးယိုယွင်းလျက် ရှိနေပါသည်။ စစ်ကိုင်းမှ ဘုရားများအနေဖြင့် စိတ်ဝင်စားဖွယ်ဆို၍ ပြောပလောက်အောင်မရှိပါ။ ကျွန်ုပ်တို့သည် ဆက်လက်လျှောက်သွားကြည့်ရာ ထုံးဖိုအမြောက်အမြားကို တွေ့ရပါသည်။ ယင်းဖိုများအတွက် ထုံးရိုင်းကိုမူ အနီးအနားရှိတောင်များမှ ရရှိသည်ဟု ဆိုပါသည်။ ဧရာဝတီမြစ်ကမ်းပေါ်သို့ စီး၍မိုးနေသော တောင်တန်း၏ တောင်ထိပ်တစ်ခု၌ ဘုရားတစ်ဆူရှိရာ မြန်မာဘုရင်တစ်ဦး၏ စစ်ပွဲအောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် တည်ထားခဲ့သောကြောင့် ‘အောင်တော်မူဘုရား’ဟု ခေါ်တွင်သည်ဟု သိရပါသည်။ ထိုတောင်ထိပ်ဘုရားသို့ တက်ရန်အတွက် လှေကားထစ် ၂၇၅ ခုရှိသော လှေကားဖြင့် တက်ရပါသည်။ လှေကားထိပ်မှစေတီကား ထူးခြား ချက်တစ်စုံတစ်ရာ မရှိလှပါ။ ကျောက်သားရုပ်တု၊ နတ်ရုပ်တုများသာ ရှိပါသည်။ ရုပ်တုတစ်ခုကား နတ်သမီးတစ်ဦးက သားငယ်ကို နို့တိုက်နေပုံဖြစ်ပါသည်။
“လှေကားထစ် ၂၇၅ ထစ် တက်ခဲ့ရ၍ အတော်မောပန်းနေသော ကျွန်ုပ်တို့မှာ ဤတောင်ကုန်းထိပ်ပေါ်မှ စီးကြည့်၍မြင်ရသော ရှုခင်းအလှကြောင့် ချက်ချင်းအမောပြေသွားသည်ဟု ထင်ရပါသည်။ ဤနေရာမှမြင်ရသော ရှုခင်း၏ သဘာဝအလှကား ကျွန်ုပ်တို့အဖို့ မေ့ပျောက်၍ မရနိုင်လောက်အောင်ပင် ရင်သပ်ရှုမော အံ့သြဖွယ်ရာ တင့်တယ်သာယာလှပါသည်။
“ဥရောပတိုက် ရိုင်း(Rhine)မှ သာယာလှပပါသည်ဆိုသော ရှုခင်းများသည်ပင်လျှင် ဤစစ်ကိုင်းတောင်ရိုးမှ ရှုခင်းကိုမမီနိုင်ပါ။ ကျွန်ုပ်တို့ရပ်နေသော ဘုရားရှိရာ တောင်ထိပ်မှနေကြည့်သော် ဧရာဝတီမြစ်သည် ဧရာမလူ၏ တံတောင်ဆစ်ကြီးသဖွယ် တစ်ဆစ်ချိုး အနောက်စူးစူးသို့ ကွေ့ကောက် စီးဆင်းလျက်ရှိပါသည်။ မြောက်ဘက်သို့ လှမ်းကြည့်လိုက်လျှင်ကား ကျောင်းကန်ဘုရား စေတီများဖြင့် တင့်တယ်စွာသော စစ်ကိုင်းတောင်ရိုးတောင်တန်းများ ရှိပါသည်။ ကျွန်ုပ်တို့၏ အနောက်တွင်ကား သဘာဝတောတောင်ရေမြေ ရှုခင်းတို့သည် ဝင်လုဆဲနေရောင်တွင် အထူးပင် သာယာကြည်နူးဖွယ် ကောင်းနေပါတော့သည်။ မျက်နှာချင်းဆိုင်တည့်တည့် မြစ်တစ်ဖက်ကမ်းတွင်မူ အမရပူရမြို့တော်၏ အဆောက်အအုံပြာသာဒ် အချွန်အတက်များကို မှုန်ဝါးဝါးမြင်ရသည်မှာ လှပဆန်းကြယ်သည့် အီတလီမြို့တစ်မြို့နှင့် တူနေပါတော့သည်။ တင့်တယ်လှပသော ဗင်းနစ္စမြို့နှင့်ပင် ခပ်ဆင်ဆင်တူနေသည်ဟု ထင်ရပါသည်။ ကျွန်ုပ်တို့ရောက်ရှိနေသောနေရာနှင့် ဧရာဝတီမြစ်ကြားတွင် သာယာစိမ်းစိုသော သစ်ပင်တောအုပ်များအကြားမှ လူနေအိမ်များ၊ ကျောင်းကန်ဘုရားများကို မြင်နေရပါသည်။ စစ်ကိုင်းမြို့နှင့်တည့်တည့် အရှေ့ဘက်ကမ်းပါးက အတော်ပင် မြင့်မားမတ်စောက်နေပြီး ထိုကမ်းပါးအနီးတွင် သစ်ပင်များပေါက်နေသော ကျွန်းများရှိပါသည်။ တောင်ဘက်ယွန်းယွန်း မြစ်တစ်ဖက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းရှိရာ ယခုအခါ ခြုံနွယ်ပိတ်ပေါင်းများ ရှိနေသော်လည်း ကျောင်းကန်ဘုရား အဆောက်အအုံဟောင်းများ ကျန်ရှိနေသေးသည်ကို မြင်နေရပါသည်။ စစ်ကိုင်းမြို့ပတ် ဝန်းကျင်တစ်ခုလုံးတွင် မန်ကျည်းပင်ကြီးများ အလွန်ပေါများသည်ကိုလည်း သတိပြုမိပါသည်။
“ဤဘုရားကုန်းမြေပေါ်မှ မြင်ရသည့် ရှုခင်းများ သာယာလှပပုံကို ကျွန်ုပ်တို့က ထပ်တလဲလဲ ချီးကျူးပြောဆိုနေကြသောကြောင့်ပင်လျှင် နောက်တစ်နေ့တွင် သံအမတ်ကြီး မေဂျာအာသာဖယ်ရာကိုယ်တိုင် သွားရောက်လေ့လာ ကြည့်ရှုခဲ့ပါသေးသည်။”
ဤတွင်ပါရှိသည့် အောင်တော်မူဘုရားဆိုသည်မှာ ရှင်ပင်နံကိုင်းဘုရား၏ဘွဲ့တော် ‘ရန်အောင်မြင် ဘုရား’ကို ဆိုခြင်းသာဖြစ်သည်။ အဓိပ္ပာယ်များစွာတော့ မကွာခြားလှပေ။ နံကိုင်းတောင်ပေါ်တွင် တည်ရှိသောကြောင့် ရှင်ပင်နံကိုင်းဟုလည်း ခေါ်တွင်ကြခြင်းဖြစ်သည်။
နံကိုင်းတောင်သည် ဗျာဒိတ်ရတောင်ဟု အဆိုရှိပြီး မင်းတရားရွှေထီးဧချင်းတွင် “ဘုရားမြတ်စွာ၊ ကြက်ယက်လာသော်၊ မိန့်မှာသမိုင်း၊ ဗျာဒိတ်တိုင်းဖြင့်၊ နံကိုင်းတောင်အောက်၊ မင်းခြောက်ယောက်တို့၊ တင်မြှောက်ပြီးမှ၊ ပြည်ပင်းသဝယ်…” စသည်ဖြင့် စပ်ဆိုထားသည်။ နံကိုင်းဘုရား(နံကိုင်းမုဋ္ဌော)သည် အတွင်းမုဋ္ဌောကိုးဆူတွင်လည်းကောင်း၊ နံကိုင်းဌာနသည် သိကြားစောင့်ရာ ကိုးဌာနတွင်လည်းကောင်း၊ နံကိုင်းမော်သည် မော်ကိုးမော်တွင်လည်းကောင်း ပါဝင်သည်။ နံကိုင်းမော်ကို ရှေးက ကင်းမော်ဟု ခေါ်ဝေါ် ရေးသားခဲ့သည်။ ရှေးအခါက ကုန်တင်လှေများထံမှ အခွန်ကောက်ရာဌာနဖြစ်၍ နံကိုင်းမော်ကို ကင်းမော်ဟု ခေါ်ကြောင်း သိရသည်။ ထို့ပြင် မြို့တွင်းစောင့် နတ်ကြီးကိုးပါးတွင်လည်း နံကိုင်းကုမ္ဘဏ်နတ် ပါဝင်သည်ဟု ဆိုသေးသည်။
နံကိုင်းတောင်က မြင့်မားသလို ရှင်ပင်နံကိုင်းဘုရားကလည်း တောင်နှင့်လိုက်ဖက်အောင် ဉာဏ်တော် ၁၀၈ တောင် အမြင့်ဆောင်ပါသည်။ စေတီတော်ကြီးက ပစ္စယာသုံးဆင့်၊ နတ်မုခ် နတ်လမ်းများ၊ စေတီရံများဖြင့် တင့်တယ်မြိုင်ဆိုင်လှပြီး ကြည်ညိုဖွယ်ရာ ရှိပါသည်။
အပိုင်း(၃) ဆက်ရန်

image
image
image
22 w - Translate

Mint green nail inspo😍💅🏽🍃

#nailsonfleek #nailart #nailartist #nailsnailsnails #nailinspo #nailsofinstagram #nails

image
22 w - Translate

Mint green nail inspo😍💅🏽🍃

#nailsonfleek #nailart #nailartist #nailsnailsnails #nailinspo #nailsofinstagram #nails

image
22 w - Translate

Mint green nail inspo😍💅🏽🍃

#nailsonfleek #nailart #nailartist #nailsnailsnails #nailinspo #nailsofinstagram #nails

image
22 w - Translate

Mint green nail inspo😍💅🏽🍃

#nailsonfleek #nailart #nailartist #nailsnailsnails #nailinspo #nailsofinstagram #nails

image
22 w - Translate

Mint green nail inspo😍💅🏽🍃

#nailsonfleek #nailart #nailartist #nailsnailsnails #nailinspo #nailsofinstagram #nails

image
image
image
image

၂၀၂၃ ကပုံရိပ်လေးတွေအမှတ်တရ အလွမ်းပြေ
ကလောမြို့ ပထမဆုရရှိသွားတဲ့မီး ရပ်ကွက်၃ကိုယ်စားပြု Sky Light မီးဖြစ်ပါတယ်.လှပချက်ကတော့ ရှယ်ဘဲ

credit

image

၂၀၂၃ ကပုံရိပ်လေးတွေအမှတ်တရ အလွမ်းပြေ
ကလောမြို့ ပထမဆုရရှိသွားတဲ့မီး ရပ်ကွက်၃ကိုယ်စားပြု Sky Light မီးဖြစ်ပါတယ်.လှပချက်ကတော့ ရှယ်ဘဲ

credit

image

၂၀၂၃ ကပုံရိပ်လေးတွေအမှတ်တရ အလွမ်းပြေ
ကလောမြို့ ပထမဆုရရှိသွားတဲ့မီး ရပ်ကွက်၃ကိုယ်စားပြု Sky Light မီးဖြစ်ပါတယ်.လှပချက်ကတော့ ရှယ်ဘဲ

credit

image

၂၀၂၃ ကပုံရိပ်လေးတွေအမှတ်တရ အလွမ်းပြေ
ကလောမြို့ ပထမဆုရရှိသွားတဲ့မီး ရပ်ကွက်၃ကိုယ်စားပြု Sky Light မီးဖြစ်ပါတယ်.လှပချက်ကတော့ ရှယ်ဘဲ

credit

image