ဒူးဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီးနောက် ၅ လကြာ အနားယူရတော့ ဘာစီလိုနာရဲ့ ဂါဗီ

စက်တင်ဘာ ၂၄

ဘာစီလိုနာက ကွင်းလယ်ကစားသမားဂါဗီမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် ၅ လအထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

အသက် ၂၁ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတုန်းကလည်း ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်နီးပါး နားခဲ့ရဖူးပါတယ်။

ယခုအခါ သူဟာ ဒူးဒဏ်ရာမှာ အစောပိုင်းတုန်းက ထင်မှတ်ထားသည်ထက် ဆိုးရွားနေမှုနှင့်အတူ ခွဲစိတ်ကုသမှု ပြုလုပ်ရပြီးနောက် ကာလရှည်ကြာ အနားယူလာရပါဦးမယ်။

ဂါဗီဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်တုန်းက ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ ကစားလာနိုင်ပြီးနောက် ကံဆိုးကာ နောက်ထပ် ကာလရှည်နားရပါဦးမယ်။

သူဟာ ဩဂုတ်လကတည်းက ဒူးဒဏ်ရာကြောင့် မကစားလာနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၆ ခုနှစ် အစောပိုင်းအထိ ပြန်ကစားနိုင်ဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်ဟာ ၂၀၂၁ ခုနှစ်တွင် ဘာစီလိုနာပထမအသင်းသို့ ထိုးဖောက်နိုင်ခဲ့ပြီးနောက် ကလပ်နှင့် နိုင်ငံတို့တွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့်ရလာသူ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှု ပြည့်ဝရေးနှင့် အကောင်းဆုံးပုံစံ ရရှိရေး ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ လာမယ့် ပွဲ ၃ ပွဲအဖြစ် ကြာသပတေးနေ့တွင် အိုဗီဒိုအား အဝေးကွင်းတွင် သွားရောက် ကစားပြီးနောက် ဆိုစီဒက်၊ ပီအက်စ်ဂျီတို့နှင့် ရင်ဆိုင်ကစားရပါမယ်။

#ဘောလုံးသတင်းစုံ

image