Part-3
*ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကျွန်တော့်သူငယ်ချင်းဟောင်းများကိုသတိတရ
၁၉၇၇ ခုနှစ် ဂျပန်ကပြန်ရောက်တော့ ကိုထွန်းမြင့်နဲ့ ကိုသာနိုးတို့ ရန်ဖြစ်တာ ကို ကိုယ်တိုင်တွေ့ ခဲ့ပါတယ်။ ဒီလို စကားများရန်ဖြစ်တာကို ဘယ်သူ အမှားလုပ်မှန်း မသိပါဘူး။ သူတို့အားလုံးဟာ ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေ ဖြစ်ပါတယ်။ ကျွန်တော် သူတို့စာတွေကိုတော့ မဖတ်ဖူးပါဘူး။ ကံကောင်းထောက်မလို့ နောက်ဆုံး မှာ သောက်ကျိုးနည်း အငြင်းပွားမှုတွေ ဆုံးခန်းတိုင်ခဲ့ပါတယ်။
၁၉၇၇ ခုနှစ် သူ့ကို ဆူးလေဘုရားလမ်းပေါ်က သူ့တိုက်ခန်းမှာ နောက်ဆုံး တွေ့ တော့ အပြီးအပိုင် နိုင်ငံခြားထွက်ဖို့ ကြိုးစားစည်းရုံးခဲ့ပါတယ်။ ထောင်ထွက် တက်ကြွလှုပ်ရှားသူဟောင်းတစ်ယောက်အနေနဲ့ ပတ်စ်ပို့မရနိုင်ဘူးလို့ သူကပြော ပါတယ်။ အဲဒီခေတ်က သူ ဟိုလူတွေကို မြန်မာစာကိုဦးဆောင်ဖို့ နိုင်ငံခြား တက္ကသိုလ်တချို့ က ခေါ်နေခဲ့ပါတယ်။ သူကတော့ သူ့ကျောင်းသားတွေနဲ့ ပျော်နေ လို့ တိုင်းပြည်က ထွက်မသွားနိုင်ပုံပါပဲ။
ကိုသာနိုးကို တကယ်လေးစားမိတာတစ်ခုကတော့ သူဟာ တခြားကျောင်းသား တက်ကြွလှုပ်ရှားသူတွေလို အစိုးရအတွက် လခစားအလုပ် မလုပ်ဘဲ သူ့ကိုယ်ပိုင် ခြေနှစ်ချောင်းပေါ် အမြဲရပ်တည်နေခဲ့တာပါပဲ။
ကျွန်တော်တို့ မျက်စိအောက်က ပျောက်ကွယ်သွားပေမဲ့ ကျွန်တော်တို့ရဲ့ အမှတ်တရများ ကျွန်တော်တို့နှလုံးသားထဲမှ ကိုသာနိုးကို အလွန်လွမ်းဆွတ်နေပါလိမ့်မယ်။
အောင်ခင်(လန်ဒန်)
ဇူလိုင်လ ၂၂၊ ၂ဝ၂၂
ဩဂုတ်လ ၁၃၊ ၂ဝ၂၂ မနက်ခင်း
ဆရာကြီး အောင်ခင်(လန်ဒန်)ကနေ အင်္ဂလိပ်လို အီးမေးက ပေးပို့လာတဲ့ ဆရာမောင်သာနိုး အမှတ်တရစာကို ကျွန်တော် ဘာသာပြန်ဖော်ပြလိုက်ပါတယ်။
ဆရာကြီးအောင်ခင် ကျန်းမာ အသက်ရှည်ပါစေ။
မြန်မာပြန် နေထက်နိုင်