15 w - Translate

ခွေးလေးများကို ဘယ်ချိန် နို့ဖြတ်ပေးကြမလဲ❓

ဘယ်လိုဖြတ်ကြရမလဲ❓

➡️ ခွေးလေးတွေ ၆ပတ်မှ ၈ပတ်သားအတွင်း စတင်နို့ဖြတ်နိုင်ပါတယ်။

➡️ နို့စဖြတ်တဲ့အခါ ခွေးလေးတွေရဲ့ အစာခြောက်ကို ရေနွေး ဒါမှမဟုတ် မိခင်နို့/တိလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့နို့နဲ့စိမ်၍ အနှစ်ပျော့ပျော့လုပ်ကျွေးပါ။

➡️ တစ်နေ့ ၃-၄ ကြိမ် ကျွေးနိုင်ပါတယ်။ စစချင်းမှာ ကျွေးရခက်နိုင်ပါတယ်။ စိတ်ရှည်ပါ။

➡️ ရက်အနည်းငယ်ကြာလို့ ကျင့်သားရတဲ့အခါ အစာခြောက်နဲ့ ရေကိုသာ အဓိကထားကျွေးပေးပါ။

ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။

✅ ရေများများတိုက်ပါ။

✅ အစာဖြတ်ခါစ အစာမကြေတာတို့၊ ၀မ်းပျက်၀မ်းလျှောတာတို့ ဖြစ်လာပါက probiotics တို့ကို ဆရာ၀န်ညွှန်ကြားချက်နဲ့ သင့်တင့်စွာ အသုံးပြုပေးပါ။

✅ Puppy Formula နဲ့ အထူးထုတ်ထားသော သီးသန့် အစာများကိုသာ ရွေးချယ်ပါ။

📌 အသေးစိတ်အချက်အလက်များကို ပိုမိုသိလိုပါ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။

ထိုင်းစတိုင် ငပိထောင်း ငံပြာရည် လုပ်နည်း
(ရှေးဟောင်းနည်း) ‼️

ပါဝင်ပစ္စည်းများ.........

- ငရုတ်သီးခြောက် ၇၀ ဂရမ်
- ကြက်သွန်ဖြူ ၂၀၀ ဂရမ်
- ကြက်သွန်နီ ၂၂၀ ဂရမ်
- ငါးပိ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ထန်းလျက် လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့်
- အချဉ်ရည် (သံပုရာရည် သို့ ရှာလာကာရည်)

ပြုလုပ်နည်း.........

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာပြီး ရေဆေးကာ ကြော်လိုက်ပါ။

ကြော်ပြီးသွားရင် ထုတ်ယူပြီး ငရုတ်သီးခြောက်ကို ထပ်ကြော်ပါ။

ငရုတ်သီးကို ကျည်ပွေ့ထဲထည့်ပြီး ထောင်းပါ။ ပြီးရင် ကြော်ထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ထည့်ပြီး ထောင်းပါ။

ငါးပိ၊ ထန်းလျက်၊ အရသာမှုန့်တို့ကို ထည့်ပြီး ထောင်းပါ။

နောက်ဆုံးမှာ သံပုရာရည်ထည့်ပါ။ အရသာကို စိတ်ကြိုက်ချိန်ထည့်ပါ။ ဒါဆိုစားကောင်းတဲ့ ထိုင်းငပိထောင်း စားလို့ရပါပြီ။

ငံပြာရည်ကို စားတဲ့အခါမှ ထည့်ပါ။ ငံပြာရည်နဲ့ ရောစားနိုင်ပါတယ်။

image
15 w - Translate - Youtube

Masha and the Bear 🎉 NEW EPISODE 2025 😊 La-La-Lamb 🐑🥰

15 w - Translate - Youtube

Still Waters 8K - The Quiet Elegance of the Deep

လူပဲသေဒါပါ???🤣🤣

image
15 w - Translate - Youtube

Classic Popeye: County Fair

15 w - Translate - Youtube

Oscar Çöllerde | 3. Bölüm | Minika

15 w - Translate - Youtube

LARVA COMEDY 2025 | Rice Cake | Funny Larva's World LARVA CARTOON TOP 20 EPISODE

15 w - Translate

၂၀၂၅-၂၆ တွင် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေး တန်ချိန် ၃၂,၀၀၀ တင်သွင်းမည်

ရန်ကုန်၊ ဇူလှိုင် ၂၂

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဓာတ်မြေသြဇာ တန်ချိန် ၁.၆ သန်းနှင့် ပိုးသတ်ဆေး တန်ချိန် ၃၂,၀၀၀ တင်သွင်းရန် ရည်မှန်းထားကြောင်း ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ကိုးကား၍ အင်္ဂါနေ့က နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။

တနင်္လာနေ့က နေပြည်တော်တွင်ကျင်းပ ပြုလုပ်သည့် ကော်မတီအစည်းအဝေးတွင် ကော်မီတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူလယ်သမားများ လိုအပ်သော သွင်းအားစုများကို လက်လှမ်းမီ ရရှိစေရန် ထောက်ပံ့ဖြည့် တင်း‌ရေး နှင့် ဖြန့်ဖြူးရေးတွင် လျာထားချက်အတိုင်း အထွက်နှုန်းပြည့်မီစေရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ် ဇွန်လကုန်၌ ဓာတ်မြေသြဇာ ၄၃၈,၇၀၅ တန်နှင့် ပိုးသတ်ဆေး တန်ချိန် ၉,၈၄၀ ကျော်ကို တင်သွင်းခဲ့ ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး လုပ်ငန်းရှင်များအသင်းသည် ဒေသအသီးသီး၏ လိုအပ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးက ဒေသခံတောင်သူလယ်သမားများအတွက် မျှတသောဈေးနှုန်းဖြစ်စေရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များကို ကြီးကြပ်ရန် ကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။

Ref: ရှင်းဟွာ

image
15 w - Translate - Youtube

Barbecue Disaster | Tom & Jerry | ‪