သံပုရာပင်ကို ပုံမှန် ပန်းပွင့်ပြီး အသီးများများသီးအောင် အရည်ဖျော်စပ်နည်းကို မျှဝေပေးလိုက်ပါတယ် 💛💛
ပါဝင်ပစ္စည်းများ
• ပုစွန်ငပိ - စားပွဲတင်ဇွန်း ၁ ဇွန်း
• အချိုမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
• အားဖြည့်အချိုရည် - ပုလင်းဖုံး ၁ ဖုံး
• ရေသန့် - ၁၀ လီတာ
• ပန်းကန်ဆေးဆပ်ပြာရည် - လက်ဖက်ရည်ဇွန်း ½ ဇွန်း💛💛
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောစပ်ပြီး ဖျော်စပ်ပါ။ ရရှိလာတဲ့ အရည်ကို တစ်ပတ်တစ်ကြိမ် သံပုရာပင်တစ်ပင်လုံးကို ပက်ဖျန်းပေးပါ။ ဒီနည်းလမ်းကို အသုံးပြုပေးခြင်းအားဖြင့် သံပုရာပင်ဟာ တစ်နှစ်ပတ်လုံး ပန်းပွင့်၊အသီးများများသီးနိုင်ပါတယ်။💛💛
အားလုံးအဆင်ပြေကြပါစေ…

image