11 w - Translate

ကြိုထုတ်ငွေ ၂၈ သိန်းယူထားတာကြောင့် နေမကောင်းပေမယ့် အိမ်မပြန်ရဲတဲ့ ဝန်ထမ်းလေးကို ပြန်လွှတ်ခဲ့တဲ့ မြတ်သူသူ
သရုပ်ဆောင် မြတ်သူသူက သူမရဲ့ ဝန်ထမ်းလေးကို ဂရုဏာသက်ပြီး ပြန်လွှတ်ပေးခဲ့တာပါ။ ဝန်ထမ်းမလေးဟာ နာမကျန်းဖြစ်ပေမယ့် ကြိုထုတ်ငွေ ၂၈ သိန်းကျော်နဲ့အတူ ဆေးကုသငွေ ၁၂ သိန်း စုစုပေါင်း သိန်း ၄၀ ကျော်တင်နေတာကြောင့် အလုပ်ကနေ နားပြီး အိမ်မပြန်ရဲခဲ့ပါဘူး။ ဒီဝန်ထမ်းမလေးကိုတော့ မြတ်သူသူက ဆေးကုသငွေ ၁၂ သိန်းကျော်ကို ပြန်မယူဘဲ ကြိုထုတ်ငွေ ၂၈ သိန်းကျော်ကိုတော့ နေကောင်းတဲ့အချိန်ကျမှ လုပ်အားဖြင့် ပြန်လည်ပေးဆပ်ဖို့ ဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူမကို ရွာပြန်ကာအနားယူခိုင်းလိုက်တာဖြစ်ပြီး တစ်ခုခုလိုအပ်ရင်လည်း ပြန်လည်ပြောဖို့ သူမက ဆိုခဲ့ပါတယ်။ သူမရဲ့ ကျေးဇူးတွေကိုတော့ ဝန်ထမ်းမလေးက မျက်ရည်နဲ့ ကျေးဇူးတင်စကားဆိုခဲ့တာပါ။

image