ကြက်ဆူပင် (ကြက်ဆူဆီ)
၁။ အသားအရေထိန်းသိမ်းမှု - အသားအရေခြောက်သွေ့တာကို သက်သာစေပြီး ရေဓာတ်ဖြည့်ပေးလို့ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။
၂။ ဆံပင်နှင့် မျက်ခုံးမွှေးအားဖြည့် - ဆံပင်တွေ၊ မျက်ခုံးမွှေးတွေနဲ့ မျက်တောင်မွှေးတွေကို အားဖြည့်ပေးပြီး ပိုထူထဲသန်စွမ်းလာအောင် ကူညီပေးပါတယ်။
၃။ လက်သည်းအားဖြည့် - လက်သည်းတွေကို သန်မာစေပြီး ကျိုးပဲ့တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၁။ ဆံပင်အတွက်
ဆံပင်သန်စွမ်းပြီး ပျော့ပြောင်းစေရန်-
၁။ ဆံပင်အနည်းငယ်တွင် အထူးသဖြင့် ဦးရေပြားပေါ်သို့ ကြက်ဆူဆီ အစက်အနည်းငယ် လိမ်ပေးပါ။
၂။ ဦးရေပြားမှ သွေးလည်ပတ်မှုကောင်းစေရန် ၅ မိနစ်မှ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။
၃။ မိနစ် ၃၀ မှ ၆၀ ခန့် (သို့မဟုတ် တစ်ညလုံး) ထားပြီးနောက်
၄။ အပျော့စား ခေါင်းလျှော်ရည်ဖြင့် လျှော်ချပါ။
သိကောင်းစရာ- အုန်းဆီကဲ့သို့ အခြားဆီများနှင့် ရောပြီးအသုံးပြုပါက ပိုမိုထိရောက်ပါသည်။
၂။ အသားအရေအတွက်
အသားအရေ နူးညံ့စေရန်နှင့် ခြောက်သွေ့သော အသားအရေအတွက်-
တံတောင်ဆစ် သို့မဟုတ် ဒူးခေါင်းကဲ့သို့သော ခြောက်သွေ့၍ အက်ကွဲနေသည့် အသားအရေပေါ်တွင် ပါးပါးလေး လိမ်းပေးပါ။
ဝက်ခြံ သို့မဟုတ် အမဲစက်များအတွက်-
အဆီပမာဏ အနည်းငယ်သာ လိမ်းသင့်ပါသည်။ အလွန်အကျွံလိမ်းပါက ချွေးပေါက်များကို ပိတ်ဆို့စေနိုင်ပါသည်။
၃။ မျက်ခုံးမွှေးနှင့် မျက်တောင်များအတွက်
မျက်ခုံးမွှေး သို့မဟုတ် မျက်တောင်များ သန်စွမ်းရှည်လျားစေရန် ကြက်ဆူဆီ အနည်းငယ်ကို ဂွမ်းစလေးဖြင့် လိမ်းပေးပါ။