14 w - Translate

Where Every Stitch is a Story

Love adorable Amigurumi but don’t have the time or patience to crochet them yourself? You’re in the right place! Our collection is packed with handcrafted treasures—from cuddly animals and charming dolls to stylish bags and blooming flowers. Each piece is made with care, ready to bring joy to your life or make the perfect gift.

Why wait? Browse our unique creations today and find your new favorite Amigurumi companion—no hooks or yarn required!
https://crochet-gift.com

Find Perfect Crochet Gift: Dolls, Animals, Bags, Flowers - CROCHET GIFT

# Regarding Discover the Magic of Amigurumi – Without the Hassle! Shop Now # Regarding Discover the Magic of Amigurumi […]
14 w - Translate

ပြည်တွင်းစားဆန် ရွှေဘိုပေါ်ဆန်း ဈေးပြန်တက်လာ
ရန်ကုန်၊ ဇွန် ၅
ပြည်တွင်းစားသုံးမှုများတဲ့ ရွှေဘိုပေါ်ဆန်း ဆန်ဈေးနှုန်းတွေကို အနည်းငယ်တိုးမြှင့် သတ်မှတ်ထားတာကို စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရဲ့ ဇွန်လအတွက် ဆန်ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေဘိုပေါ်ဆန်းအုပ်စုဝင် ၁၀၈ ပေါင် / (၂၄) ပြည် ပထမတန်း (အဆင့်မြင့်) (အဟောင်း) ဈေးဟာ မေလမှာ တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ဇွန်လမှာတော့ တစ်အိတ်ကို ၁၅၅,၀၀၀ ကျပ်ကို တိုးမြှင့်ထားပါတယ်။
ပထမတန်း (အဆင့်မြင့်) (အသစ်) ကိုလည်း ၁၃၅,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ ဒုတိယတန်း (အဟောင်း) ကိုလည်း ၁၄၅,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်၊ ဒုတိယတန်း (အသစ်) ကိုလည်း ၁၃၀,၀၀၀ ကျပ်မှ ၁၃၅,၀၀၀ ကျပ်ကို မြင့်တက်လာပါတယ်။
ဧရာဝတီပေါ်ဆန်းများက အမျိုးအစားအလိုက် တစ်အိတ်ကို ၁၀၇,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု (ခွံနီ/ပေါ်ကျွဲ) တစ်အိတ်ကို ၉၀,၀၀၀ ကျပ်မှ ၁၀၂,၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု (ဘေးကြား/ကြားပျံ) တစ်အိတ်ကို ၁၁၇,၀၀၀ ကျပ်မှ ၁၃၅,၀၀၀ ကျပ်ဈေး သတ်မှတ်ထားပါတယ်။
မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ နေပြည်တော်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းက ထွက်ရှိတဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်ဈေးတွေက ၁၃၃,၀၀၀ ကျပ် အမြင့်ဆုံးရှိပြီး ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ဧရာပဒေသာ/ ဧရာမင်း ဆန်တစ်အိတ်က ၉၉,၀၀၀ ကျပ် ဈေးရှိပါတယ်။
ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းက ထွက်ရှိတဲ့ ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ-၂ ၊ မှော်ဘီ-၃၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉၀၊ မိုး-မနောသုခ/ ဆင်းသုခ၊ ဗျော့ထွန်း ဆန်ဈေးတွေက ၇၅,၀၀၀ ကျပ်မှ ၉၂,၀၀၀ ကျပ်၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်းစတဲ့ ဆန်ဈေးတွေကို ၆၈,၀၀၀ ကျပ်မှ ၇၈,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ပြည်ပကို တင်ပို့တဲ့ ဆန်ကြမ်းအုပ်စုဝင် (ဧည့်မထ/ငစိန်) ဆန်ကြမ်းတွေက အမျိုးအစားအလိုက် တစ်အိတ်ကို ၆၀,၀၀၀ ကျပ်မှ ၇၂,၀၀၀ ကျပ်အကြား ဈေးသတ်မှတ်ထားပါတယ်။
ဈေးကွက်အတွင်း ရောင်းချရာမှာ အထက်ပါ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးနှုန်းတွေအပေါ် (၈) ရာခိုင်နှုန်းပိုပြီး ရောင်းချခြင်းမပြုကြဖို့ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။

image
14 w - Translate

မိုးကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့ မြစ်ကြီးနားမြိုမှာ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး မြစ်တွေ ရေကျသွားတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တစ်ချိုမှာ ပြန်လည်သွားလာနိုင်ပြီလို သိရပါတယ်။

image

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ ရေကြီးမှုကြောင့် လူဦးရေငါးသိန်းကျော် ရေဘေးဒုက္ခသင့်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော ရေကြီးမှုအတွင်း လူဦးရေ ငါးသိန်းကျော် ရေဘေးသင့်လျက်ရှိကြောင်း တာဝန်ရှိသူများက ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်နယ်အတွင်းရှိ ခရိုင် ၂၂ ခု၌ ဖြစ်ပွားနေသော ရေကြီးမှုသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မေလ ၃၁ ရက်တွင် ရေကြီးမှုကြောင့် လူသုံးဦးသေဆုံးပြီး မိုးများသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှု ဖြစ်ပွားခြင်းကြောင့် လူငါးဦးသေဆုံးကြောင်း၊ ဇွန်လ ၁ ရက်တွင် လူ ၁၀ ဦးသေဆုံးကြောင်း၊ ထို့ကြောင့် ရေကြီးမှု ဖြစ်ပွားသည့် ကာလအတွင်း သေဆုံးသူ စုစုပေါင်း အယောက် ၄၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

အလားတူရေကြီးမှုကြောင့် ကျေးရွာပေါင်း ၁,၂၅၄ ရွာမှာ ရေလွှမ်းမိုးမှုကို ခံစားရကာ လယ်မြေဟတ်တာ ပေါင်း ၁၃,၀၀၀ နီးပါးမှာ ပျက်စီးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ကယ်ဆယ်ရေးစခန်း ၁၆၅ ခု၊ ကယ်ဆယ်ထောက်ပံ့ရေးစခန်း ၁၅၇ ခုတို့ကို ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အာသံပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် ဗြဟ္မပုတ္တရမြစ်၊ ဘာရတ်မြစ်နှင့် ၎င်းတို့၏မြစ်လက်တက်များရှိ မြစ်ရေမှာ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေကြောင်း မိုးလေဝသဌာက ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အယ်လ်ဟီလာ၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းကပ္ပတိန် ဘရူနိုဖာနန်ဒက်စ် အတည်ပြုပြောဆို
မန်ယူကပ္ပတိန် ဘရူနိုဖာနန်ဒက်စ်က အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက်ကစားလိုသည့်အတွက် အယ်လ်ဟီလာ၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုကာ ထွက်ပေါ်နေသည့် ကောလာဟလများကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။
အယ်လ်ဟီလာသည် ယခုနွေရာသီ၌ ဘရူနိုဖာနန်ဒက်စ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ကာချဉ်းကပ်ခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီ ကစားသမားအတွက် ပေါင်သန်း ၂ဝဝ တန် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နှင့်မန်ယူအတွက် ပေါင်သန်း ၁ဝဝ တန်ကမ်းလှမ်းမှုတစ်ရပ်ဖြင့်ပေါင်သန်း ၃ဝဝ အထိ အသုံးပြုရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဘရူနိုဖာနန်ဒက်စ်က အမြင့်ဆုံးအဆင့်ကို ဆက်လက်ကစားလိုသည့်အတွက် ထိုကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဖာနန်ဒက်စ်က“လွန်ခဲ့တဲ့တစ်လလောက်ကတည်းက အယ်လ်ဟီလာကဖုန်းဆက်ခဲ့တာပါ။ အနာဂတ်အတွက်ဆုံးဖြတ်ဖို့ စောင့်ဆိုင်းရတဲ့ ကာလတစ်ခုတော့ရှိခဲ့တယ်။ ကျွန်တော်အမြဲပြောသလိုပဲ မန်ယူက အဲဒါကိုရွေးချယ်ရင်ကျွန်တော်လုပ်မှာပါ။ ဒီကာလအတွင်းမှာ ရူဘင်အာမိုရင်နဲ့ စကားတွေပြောဖြစ်တယ်။ ကျွန်တော် မထွက်သွားချင်သ၍ မရောင်းဘူးလို့ကလပ်ကပြောခဲ့တယ်။ ကျွန်တော်လည်း ပြိုင်ပွဲကြီးတွေမှာကစားပြီး အမြင့်ဆုံးအဆင့်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်ထိန်းထားချင်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် အယ်လ်ဟီလာ၏ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ဘရူနိုဖာနန်ဒက်စ်က ရည်မှန်းချက်ကြီးလွန်းသောကမ်းလှမ်းမှုဖြစ်ပြီး ကန်ဆယ်လို ရှိနေသည့်အတွက်ပြောင်းရွှေ့မည်ဆိုပါက အလွန်လွယ်ကူနိုင်ကြောင်းပါ အခြေအနေကိုဆက်လက်ဖွင့်ဟပြောဆိုသွားခဲ့သည်။

image
14 w - Translate

“ဆန်၊ ဆန်ကွဲတင်ပိုခွင့်အတွက် မှတ်ပုံတင်လျှောက်ထားလိုသော ကုမ္ပဏီများအား EOI တင်ပြရန် ဖိတ်ခေါ်ထား”
ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့ခွင့်အတွက် မှတ်ပုံတင်လျှောက်ထားလိုသော ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်ပြရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားပြီး ဇွန်လ ၃ဝ ရက် နောက်ဆုံးထားတင်ပြရမည်ဖြစ် ကြောင်း MRF မှ သိရပါတယ်။သဘောတူစာချုပ်ပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပုံမှန်စိစစ်မှတ်ပုံတင်ခြင်းများကို နှစ်စဉ်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်ထားရာမှာ ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီအသစ်များအနေနဲ့ EOI တင်ပြလျှောက် ထားနိုင်ပြီး လျှောက်လွှာတွေကို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်နဲ့ စိုက်ပျိုးရေးဦးစီးဌာနမှရယူကာ ဇွန်လ ၃ဝ ရက်အထိ စိုက်ပျိုးရေးဦးစီးဌာနကို တင်ပြရမှာဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံတကာဆန်စပါးဈေးကွက်တွင် ဧည့်မထ၊ ငစိန် အုပ်စုဝင်များဖြစ်တဲ့ ဆင်းသုခ၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ စောရှုပ်၊ ၇၄၇ အစရှိသည့် ဆန်ကြမ်းအမျိုးအစားများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေ ကြောင်းမှ တင်ပို့မှုက ပိုမိုများပြားနေကြောင်း သိရပါတယ်။

image
14 w - Translate

လူဦးရေစာရင်းကောက်ခံနေတဲ့ မြဝတီက ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
June 5, 2025
အသက် ၁၇ နှစ်အထက်စာရင်းကောက်နေတဲ့ မြဝတီမြို့က အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။အုပ်ချုပ်ရေးမှူး ဦးလှဝင်းကိုဟာ ဇွန် ၄ ရက်နေ့ နေ့လည်ပိုင်းနေ့က မြဝတီမြို့၊ အမှတ် ၇ ရပ်ကွက်မှာ ၁၇ နှစ်အထက်စာရင်းဇယားကောက်ယူရေးလုပ်ငန်းလုပ်ဆောင်နေချိန်အကြမ်းသောင်းကျန်းသူတွေက ပစ်ခတ်သွားတာလို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဝင်းပကို ကော်ပရာစစ်ကြောင်းက ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဝန်ခံပြောဆိုထားပြီး ရပ်ကွက်အတွင်းကတစ်စီးနဲ့ စာရင်းဇယားလိုက်လံကောက်ယူနေချိန်မှာ ကားကိုတားပြီး ပစ်ခတ်လိုက်တာလို့ မြို့ခံတွေကပြောပါတယ်။

“သူနဲ့အသိလိုလိုဘာလိုလိုနဲ့ ကားတားပြီး နေကောင်းလား ဘာညာမေးပြီး ပစ်လိုက်တာပဲ၊ ဟုတ်တယ် သူက ဒီအသက် ၁၇ နှစ်အထက်စာရင်းလိုက်ကောက်နေတာ သူ့ရပ်ကွက်ကလည်း မငြိမ်တဲ့နေရာ။ ကုန်သွယ်ရေးဇုန်အနောက်ကျောဘက်ကျမယ်။ စစ်ပွဲဇုံလို့လည်းပြောလို့ရတယ်။ အဲ့ဒီမှာဖြစ်တာပါ” လို့ မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် မြဝတီမြို့မရဲစခန်းက လာရောက်စစ်ဆေးပြီး နာရေးကူညီမှုအသင်းယာဉ်နဲ့ ရုပ်အလောင်းကို မြဝတီ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြဝတီမြို့မှာ လက်ရှိအချိန်အထိ KNU/KNLA နဲ့ PDF သောင်းကျန်သူတွေက မြို့ခံ ၁၀ ဦး ထက်မနည်းကို ပစ်ခတ်သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။

image

ယူကရိန်းသမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပူတင်ပယ်ချ
မော်စကို၊ ဇွန်-၅-၂၀၂၅
ရတီ(VOM)
အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းရဲ့ အဆိုပြုချက်တွေကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး အကြမ်းဖက်မှုကိုအားကိုးတဲ့ သူတွေနဲ့ ဘယ်သူမှ မညှိနှိုင်းဘူးလို့ ပြောပါတယ်။
တူရကီမှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့တဲ့ ပူတင်ရဲ့လက်ထောက် မက်ဒင်စကီးက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ပူတင်နဲ့ ဇီလန်စကီး ထိပ်သီးဆွေးနွေးအတွက် ပြင်ဆင်ရေး ရက် ၃၀ သို့မဟုတ် ရက် ၆၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တယ်လို့ ပြောပါတယ်။
မကြာသေးခင်ရက်အတွင်း ရုရှားအနောက်ခြမ်း ဘရန့်စ်နဲ့ ကာ့စ်ဒေသတွေမှာ တံတားတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခို်ကမှုဖြစ်တယ်လုပ ပူတင်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ယာယီလုပ်လိုက်ရင် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံလက်နက်တွေကို ပြင်ဆင်ဖို့နဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြင်ဆင်နိုင်ခြေရှိတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ ယခင်ကလည်း ပူတင်ဟာ ဇီလန်စကီးကို သက်တမ်းကုန်နေတဲ့ ယူကရိန်းသမ္မတဆိုပြီး ဆွေးနွေးရေးကို ပယ်ချခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ မနေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် အဖြေမထွက်သေးပေမယ့် အပြုသဘောဆောင်ကြောင်း ထရန့်က ပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်း ယူကရိန်းဟာ ရုရှားစစ်အခြေစိုက်စခန်းလေးခုရှိ ဗုံးကြဲလေယာဉ်တွေကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီကိစ္စအပေါ် ပူတင်က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်နယ်ထရန့်က သတိပေးထားပါတယ်။
Ref:NHK

image

ချစ်ပေးနိုင်သလောက်တော့
အစွမ်းကုန် ချစ်ပေးလိုက်မှာပဲ...။

တစ်ချိန်ချိန် လမ်းခွဲရလိုဖြစ်ဖြစ် ....
ကျန်ခဲ့ရတာပဲ ဖြစ်ဖြစ် .....ချန်ခဲ့လိုက်ရတာပဲဖြစ်ဖြစ်....
နောင်တတွေမပိုက်ခဲ့ချင်လို
ဖြည့်ဆည်းပေးနိုင်သလောက်ဖြည့်ဆည်းပေးပြီး .....
ချစ်ပေးနိုင်တာတွေထက် ပိုပြီး အစွမ်းကုန်
ချစ်ပေးလိုက်မှာပဲ...။

ချစ်ရတဲ့သူကို တတ်နိုင်သလောက်အချိန်တွေအများကြီးပေးမယ်..ဂရုစိုက်မယ်..။
ကိုယ်ဟာလည်းတစ်ချိန်လုံး..
အားနေလိုတော့မဟုတ်ပေမဲ့.....
သူ့နေ့ရက်တွေအကြောင်းတတ်နိုင်သလောက်
စိတ်ဝင်တစားနဲ့ သတင်းမေးမယ်။

တစ်ချိန်ချိန်မှာပေါ့...
ကိုယ့်ဘဝနဲ့ကို သေချာသွားမယ်ဆိုရင်တောင်...
အရာအားလုံးအတွက်
တာဝန်ကျေခဲ့တဲ့သူဟာ ကိုယ်ပဲ ဖြစ်ချင်တယ်..။
လိပ်ပြာသန့်သန့်လေး ချစ်သွားခဲ့ချင်တယ် ။

image

တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ်

သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့်
သီချင်းလေးနားထောင်ရင်း
လွတ်လွတ်လပ်လပ် နေရတာ ပိုကြိုက်ကြတယ်

အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား
သူတစ်ယောက်တည်းမလား
ပြောကြ၊တွေးကြပေမယ့် Autophile တွေက
တကယ်ပျော်တတ်သူတွေပါ

အပြင်ထွက်ရတာမကြိုက်တာမဟုတ်ဖူး
လူရှုပ်တာသဘောမကျတာပါ

တစ်ယောက်တည်းလျှောက်သွားမယ်
စားချင်တဲ့မုန့်တွေ စားမယ်
တစ်နေရာကို ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင် ရင်ဖွင့်နေကြတာ
ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့

စကားလေးတစ်ခွန်းရှိတယ်..

I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး

Credit/
Photo- precious

image