တောင်တန်းနဲ့ပင်လယ်
ဘယ်အရာကိုရွေးမလဲလို့မေးရင်

တောင်တန်းဘက်ကိုပဲရွေးမှာပါ

တောင်တန်းဘက်ကိုခရီးသွားရတာကြိုက်တဲ့သူတစ်ယောက္မို့

တောင်တန်းတွေက မလွမ်းတတ်ပေမဲ့ တောင်တန်းတွေ ကြည့်ပြီး လွမ်းတတ်နေမိတယ်ဗျာ

#credit Popular Paoh Stars

မြန်မာ့အလှ မြန်မာ့ဘ၀

image
image
image
image

တစ်ကောင်ထဲဒါပေမယ့်နွား

image
22 w - Translate

လုပ်စရာတွေ အများကြီးရှိနေပေမဲ့
ဘာမှမလုပ်ဘဲနေဖို့ကိုပဲ ရွေးချယ်လိုက်တယ် ..

22 w - Translate

💅

image
22 w - Translate

💅

image
22 w - Translate

💅

image
22 w - Translate

💅

image
image
image

ကော်ရည်ခေါက်ဆွဲ ချက်နည်း
━━━━━━━━━━━━

ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်း ၊ ကြက်သွန်ကြော်နဲ့ ငပိထောင်းလည်း လိုအပ်ပါသေးတယ် ။
ပထမဆုံး ဂျုံခေါက်ဆွဲခြောက်ကို ပျော့အိလာစေဖို့ ပွက်ပွက်ဆူနေတဲ့ ရေထဲ ခဏနှစ်ထားပေးရပါမယ် ။ ကိုယ်ကြိုက်တဲ့ အနေထား အပျော့မာကိုကြည့်ပြီး ခေါက်ဆွဲကို ပြန်ဆယ်ထားကာ …
ရေအေးထဲ နှစ်ပြီး ခဏ အအေးခံရပါမယ် ။

ကျွန်မကတော့ ရေအေးနဲ့ အအေးခံတဲ့အပြင် ၊ ရေအေးထဲက ဆယ်ပြီးသား ခေါက်ဆွဲကို စကာထဲထည့်ပြီး …ရေခဲတုံးတွေပါ ခေါက်ဆွဲပေါ်တင်ပြီး … အအေးခံထားလိုက်ပါတယ် …. ။အဲ့လိုမှ အအေးမခံလျှင် ၊ ခေါက်ဆွဲတွေလုံးထွေးပြီး ကပ်ကုန်နိုင်တာကြောင့်ပါ ။

ပြီးတာနဲ့ ဟင်းရည်အတွက် ကြက်သားကို …ပဲငံပြာရည် ၊ ဆား ၊ သကြားနယ်ပြီး … နူးနေအောင် ပြုတ်ပေးရပါမယ် ။ ကြက်သားနူးပြီဆိုလျှင် အသားတွေကို ဆယ်ပြီး အတုံးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးရပါမယ် ။

ပွက်ပွက်ဆူနေတဲ့ကြက်ပြုတ်ရည်ထဲကိုစင်းထားတဲ့အသားတုံးတွေပြန်ထည့် ပြီးလျှင်
ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး လိုသလောက်ထည့်ရပါမယ် ။
အဲ့ဒီနောက် မှိုခြောက် ၊ ပန်းခြောက်နဲ့ ၊ sausage တွေကိုလည်း လိုသလောက် ထည့်ပေးရပါမယ် …

၊ ပြီးတာနဲ့ ကြက်ဥ နှစ်လုံးကို အကာရော ၊ အနှစ်ပါရောမွှေထားတဲ့ အရည်ကို ….ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးထဲ ဇွန်း တစ်ဇွန်း နဲ့ .. ဖြည်းဖြည်း ချင်း လောင်းထည့်ပေးရပါမယ် ။ ဒါမှသာ ပွက်ပွက်ဆူနေတဲ့ အိုးထဲ ကျလာတဲ့ ဘဲဥအရည်က အမျှင်လေးတွေ ဖြစ်စေမှာပါ ။

ဆား ၊ သကြား လိုသလောက်ထည့်ပြီးတာနဲ့ … ငရုပ်ကောင်းလေးနည်းနည်း ဖြူးထည့်ပေးရပါမယ် ။

ငရုပ်ကောင်းနံ့လေးမွှေးလာတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပြီး ကန်စွန်းရွက်တွေကို အပေါ်က ဖြန့်ထည့် ၊ အဖုံး ပြန်အုပ်ထားရပါမယ် ။(တစ်ချို့က ငရုပ်ကောင်းကို ပန်းကန်ထဲရောက်မှ လိုသလိုလည်း ထည့်စားတတ်ကြတယ်) ။

ဟင်းအိုးမီးပိတ်ပြီးမှ ၊ ကန်စွန်းရွက်ကို နောက်ဆုံးမှ ထည့်တာ ၊ စိမ်းနေအောင်လို့ပါ ကန်စွန်းရွက် နွမ်းသွားလျှင် စားချင်စရာမကောင်းတော့လို့ပါ ။

သုံးမိနစ်လောက်ကြာတာနဲ့ ဟင်းရည်အိုး အပူရှိန်ကြောင့် ကန်စွန်းရွက်လည်း စားလို့ ရတဲ့ အနေထား ရောက်ပါပြီ ။
ဒါဆိုလျှင် ကော်ရည်ခေါက်ဆွဲ အတွက် ဟင်းရည်ချက်လို့ ပြီးပါပြီ ။

ကော်ရည်ခေါက်ဆွဲနဲ့တွဲဖက်စားရတဲ့ ငပိထောင်းလေးအကြောင်းလည်း နည်းနည်း ပွားပါဦးမယ် … ။ ငပိထောင်းလုပ်ဖို့ ၊ မျှင် ငပိ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ငရုပ်သီးမှုန့် နည်းနည်းနဲ့ … ၊ အသားမှုန့် နည်းနည်း လိုပါတယ် ။

ပထမဆုံး မျှင် ငပိကို ကင်ရပါမယ် ။ ကင်တဲ့ နေရာမှာ တူးနေအောင်မကင်ပဲ ၊ မျက်နှာပြင် နီရဲပြီး ၊ ငပိနံ့လေးထွက်လာလျှင်ရပါပြီ။ ပြီးတာနဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကို ကြေညက်နေအောင်
ထောင်းထားရပါမယ် ။ ငရုတ်သီးစိမ်းကိုတော့ မထောင်ခင် အရင်ဆုံး အညှောင့်ချွေပြီး ၊ ဒယ်အိုး အပူထဲ ထည့်လှော်ပေးရပါမယ် ။ လှော်နေတုန်း မီးအရှိန်နဲ့ ငရုတ်သီးက ထပေါက်ပြီး စင်တတ်တဲ့အတွက် မျက်စိထဲမ၀င်အောင် သတိတော့ထားလှော်ရမှာပါ ။ အဲ့ဒီငရုပ်သီးနဲ့ ကြက်သွန်ဖြူကို လိုသလောက်ရောပြီးထောင်းရပါမယ် ။ ကြေညက်လာတာနဲ့ငပိကိုပါ ထပ်ပေါင်းထည့်ထောင်းပေးရပါမယ် ( ငပိထောင်းပိုပြီးစားလို့ကောင်းဖို့ ပုစွန်ခြောက်လေး နည်းနည်းပါထည့်ထောင်းလျှင် ပိုကောင်းပါတယ် )

ငရုပ်သီးအကျက်မှုန် နဲ့ ၊ အသားမှုန့်တို့ကိုပါ ရောထောင်းပြီးပြီဆိုလျှင် ၊ ငပိထောင်းလည်း စားဖို့ အသင့်အနေထားရောက်ပါပြီ ။ သံပုရာသီးကိုတော့ စားခါနီးမှ ငပိထောင်း အပေါ်ကနေ အရည်ညှစ်ပြီး တွဲစားပေးရမှာပါ ။ အဲ့လိုမှ မဟုတ်လျှင် သံပုရာရည်က ချဉ်အရသာထက် ၊ ခါးဖန့်ဖန့် အရသာ ဘက်ကို ပြောင်း သွားနိုင်လို့ပါပဲ ။ လတ်ဆတ်တဲ့ သံပုရာနံ့လည်း မမွှေးတော့တာကြောင့်ပါ ။ အားလုံးလည်းပြင်ဆင်ပြီးလို့ စားဖို့ အသင့်အနေထားရောက်ပြီဆိုတော့ …. ၊ အအေးခံပြီးရေစစ်ထားတဲ့ ခေါက်ဆွဲကို အလျှင်ထည့်ရပါမယ် ၊ ပြီးတာနဲ့ ချက်ထားတဲ့ ကော်ရည်ကိုလောင်းထည့်ပြီး ၊ အပေါ်က ကြက်သွန်ဆီချက်လေး ဖြူးပေးလိုက်လျှင် အိုကေပြီပေါ့နော် ။

credit မူရင်း

image
22 w - Translate

⭐English as a First Language သင်ကြားတဲ့ ကလေးတွေအနေနဲ့ Reading ကို စာအုပ်ကောင်းကောင်းလေးနဲ့ လေ့ကျင့်နိုင်ဖို့

Reading Starter New Edition

Beginner EFL ကျောင်းသားလေးတွေအတွက် ၃အုပ်လာတဲ့ book series လေးပါရှင့်။

➽Young learners လေးတွေဖြစ်တော့ ဒီအသက်အရွယ်မှာ စိတ်ဝင်စားမယ့် reading forms တွေနဲ့
Fictional stories, Letters, Diary entries, Newspapers စတဲ့ topic ပုံစံအမျိုးမျိုး ထည့်ပေးထားပါတယ်။

⇶Unit တိုင်းမှာ Comprehension, vocabulary questions တွေပါတဲ့အပြင်

⇶ကျန်တဲ့ skills ၃မျိုးအတွက်ပါ activities လေးတွေ ပါသေးတာဆိုတော့ သေချာလေ့ကျင့်သွားရင် တကယ်အကျိုးရှိမယ့် စာအုပ်လေးပါ။

image

ဓာတ်ပုံဘယ်နားရိုက်ရမှန်းမသိအောင်ဖြစ်သွားမယ့် ဒီနေ့မှအသစ်စဖွင့်တဲ့ မရမ်းကုန်းက NOAH by the Lake နေရာလှလှလေး နဲ့စားသောက်ဆိုင်🏖️💚🤍💚

ဆိုင်ကဒီနေ့မှ Soft Opening စဖွင့်တာပါ page မှာတွေ့တော့ ဓာတ်ပုံရိုက်ချင်စရာလေးတွေ မနက်အစော breakfast လည်းစားရင်းသွားမှပဲဆိုပြီး သွားလိုက်တာ 😍🫣

ဆိုင်မှာ Indoor နဲ့ Outdoor ကြိုက်တဲ့စီမှာ ထိုင်လို့ရတယ် ညနေပိုင်းဆိုရင်တော့အပြင်မှာထိုင်ဖို့လုရလောက်တယ် ကန်ရေပြင်ရဲ့နံဘေးက restaurant ဆိုတော့ သဘာဝလေကိုခံစားရင်း ထိုင်ချင်တာလေ 🫣❤️မနက်သွားတုန်းကတော့ အတွင်းထဲမှာပဲ aircon အေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါး breakfast စားခဲ့တယ်ရှင့် ☺️

ဆိုင်ရောက်တော့ breakfast menu ပဲရသေးတဲ့အချိန်လည်းမို့လို့ တခြား menu ရွေးပြီးခေါင်းရှုပ်စရာမလိုပဲ မနက်စာပဲစားဖြစ်ခဲ့တယ်ရှင် တစ်ချို့ဟာဆို 86 ဖြစ်နေသေးတယ် ☹️

ဆိုင်မှာ မင်မင်မှာစားဖြစ်ခဲ့တာလေးတွေဆိုရင်

Shrimp and Pork Garlic Dumpling 🥟🍤 - 4500Ks

- ပုစွန်နဲ့အသားကိုထုပ်ထားလေးကကျစ်ကျစ်သိပ်သိပ်လေး အရသာအတော်ရှိတယ် အချဉ်လေးနဲ့တိုးစား တစ််ပွဲမှာ ခုနစ်ခုလောက်ပါတယ် 🤤

Crispy Spring Rolls (Shrimp) 🍤🌯 - 2500Ks

- သူကကော်ပြန့်စိမ်းကြွပ်ကြွပ်လေးနဲ့ အထဲမှာပုစွန်ရယ် အစာပလာတွေရယ်နဲ့ကိုအချဉ်လေးနဲ့တို့စားတာ ဝါးလို့လည်းကောင်းပြီး သူ့အရသာလည်းပေါ်လွင်တယ်ရှင့် 😍

Nan Gyee Thote 🍝 - 4000Ks

- နန်းကြီးသုပ်ကတော့ အဲ့ရောက်ရင်စားကြည့်သင့်သောနော် စားကြည့်ပြီး အချင်းချင်းတော်တော်ကောင်းတယ်ပြောမိတဲ့အထိပဲ ပဲမှုန့်များသလိုပျစ်ပျစ်ကြီးလဲမဖြစ်ပဲ ရွှဲတဲတဲလည်းမဖြစ်ပဲ ထပ်ထပ်စားချင်အောင်အရသာရှိနေတာ🥰

Fresh Tomato Duck Noodle 🍝 - 4500Ks

- ခရမ်းချဉ်သီးဘဲသားခေါက်ဆွဲဆိုတော့ အဆန်းပြားလေးစားကြည့်တာ မဆိုးဘူး ရှမ်းခေါက်ဆွဲပုံစံမျိုးလေးပဲ ခရမ်းချဉ်သီးဘဲသားအနှစ်အရောပုံထားတာလေးကိုနယ်ပြီး ရှမ်းချဉ်လေးနဲ့စားကြည့်တာ ကြိုက်မှကြိုက်ပဲ 🤤❤️

Seasonal Fruit Smoothie 🧃- 6000Ks

- seasonal fruit ကဘာအသီးတွေနဲ့ဖျော်တာလဲတောင်မေးယူရတယ် အရသာကစတော်ဘယ်ရီလိုမျိုးကိုတစ်မျိုးလေးနဲ့ အတော်သောက်ကောင်းလို့ သူတို့ကတော့ အသီးသုံးမျိုးလောက်ရဲ့ syrup တွေနဲ့ရောစပ်ဖျော်ထားတာတဲ့ရှင့် အရမ်းသောက်ကောင်းပေမယ့်နည်းတယ် မဝဘူး 😭

တခြား Menu တွေလည်း ရရှိနိုင်ပြီးတော့
သူတို့ဆီမှာ Breakfast & Dimsum, Asian နှင့် European စတိုင် Lunch နှင့် Dinner Menu များ ဆိုပြီး ခွဲပြပေးထားပါတယ် page ဝင်ကြည့်တာနဲ့စျေးနှုန်းတွေလည်းတင်ပေးထားတာမို့လို့ အဆင်ပြေတယ်ရှင် 🥰

ပြီးတာ့လေ Service လည်းကောင်းတယ် Customer ကိုသေချာ Care ပေးတယ် 💯

ဆိုင်ကလေယူထားတဲ့စျေးတွေနဲ့တန်အောင် မတူညီတဲ့ခံစားချက် ပေါ့ပါးလန်းဆန်းစေတဲ့ခံစားချက် သဘာဝအလှကန်ရေအလှကိုလည်း ခံစားရှုစားရစေမယ် ပြီးတော့ ဓာတ်ပုံကောင်းတွေရှယ်ရစေမယ်ရှင့် 🤪🤍

ဓာတ်ပုံလေးတွေမှာလည်း တစ်ခုစီရေးပြထားပေးတာမို့လို့ အဆုံးထိကြည့်ပြီးလို့ အရမ်းသွားချင်လာရင် မင်မင်တာဝန်မယူပါနော် (စတာ) 😛

ဆိုင်လမ်းညွှန်အနေနဲ့ မရမ်းကုန်းမြို့နယ် မေခလမ်းထဲကိုသိပ်ဝင်စရာမလိုပဲ 3C/3F ဆိုတော့ဆိုင်းဘုတ်ထောင်ထားတာလေးရဲ့လမ်းထဲဆုံးအောင်ဝင်လိုက်ရင်ရပါပြီနော် 💕

📌 ဆိုင်ဖွင့်ချိန် - မနက် (၇)နာရီ မှ ည (၁၀)နာရီ။
📍 ဆိုင်လိပ်စာ - 3F မေခလမ်း၊ မရမ်းကုန်းမြို့နယ်။
☎️ ဆိုင်ဖုန်း - 095107558

#noah_by_the_lake #restaurant
#စားမယ်သွားမယ်
#honestreview

image