◾️ရုရှားကို‘စက္ကူကျား’ဟုထရန့်အမည်ပေး၊ ပိုက်နက်မြေအားလုံးကိုယူကရိန်း ပြန်လည်သိမ်းပိုက်နိုင်လိမ့်မည်ဟုဆို
ရုရှားက ‘စက္ကူကျား’ အခြေအနေရောက်ပြီး ဥရောပသမဂ္ဂနှင့်နေတိုးအဖွဲ့ ၏ပံ့ပိုးမှုတို့ဖြင့် ယူကရိန်းက ၎င်း၏ ပိုင်နက်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ကာ ရုရှားကို အနိုင်ရနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့တွင် ပြောကြားသည်။
“ယူကရိန်းကတိုက်ပွဲဆင်ပြီးပိုင်နက်အားလုံးကို မူလပုံစံအတိုင်း ပြန်လည်အ နိုင်ရနိုင်သည်။”ဟုမမျှော်လင့်သောရပ်တည်ချက်အလှည့်အပြောင်းအဖြစ်ထရန့်က ၎င်း၏လူမှုမီဒီယာ Truth Social တွင်ပို့စ်တင်ခဲ့ခြင်းဖြစ် သည်။
ယမန်နေ့တွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီးနှင့် အစည်းအဝေးပြင်ပတွင်ရင်းရင်းနှီး နှီး မတွေ့ဆုံမီ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံသို့သမ္မတထရန့် တက်ရောက်ခဲ့ပြီး မိန့်ခွန်း အလေးအနက် ပြောကြားခဲ့သည်။
ထို့နောက်ယူကရိန်းစစ်ပွဲကို သုံးနှစ်ခွဲကြာသည်အထိအဓိပ္ပာယ်မဲ့တိုက်ခိုက်နေသည့်ရုရှားကို ထရန့်က ဝေဖန်ခဲ့သည်။
“ဒါကရုရှားကိုနှိမ်တာတော့မဟုတ်ဘူး။ တကယ်တော့ စက္ကူကျားတစ်ကောင်လိုဖြစ်အောင် သူတို့ကကိုယ့်ဟာကိုယ် လုပ်လိုက်တာပါ။” ဟု အမေရိကန် သမ္မတကလူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ရုရှားစီးပွားရေး ဆိုးရွားစွာ ရင်ဆိုင်နေရခြင်းနှင့်ပတ်သက်၍ ယူကရိန်း၏ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားလောင်စာဆီထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုအကျပ်အတည်းကိုဥပမာအဖြစ်ကိုးကား၍ ထရန့်က ပြောကြားသည်။
“ယူကရိန်းမှာ ကြီးမားတဲ့ စိတ်ခွန်အားရှိသလို ပိုအားကောင်းလာရင် သူတို့နိုင်ငံကိုမူလပုံစံ အတိုင်းပြန်သိမ်းနိုင်မှာဖြစ်ပြီး အဲဒီထက်တောင်ပိုခရီးရောက်နိုင်တယ်ဆိုတာ ဘယ်သူကသိမလဲ။” ဟုထရန့်ကဖြည့်စွက်ပြောသည်။
ယင်းမှာရုရှားပိုင်နက်အချို့ကိုပင် ယူကရိန်း ကပြန်သိမ်းပိုက် နိုင် လိမ့် မည် ဟု ထရန့်က ထင်မြင် ချက်ပေးပုံရသည်။
ထို့နောက်နေတိုးအနေဖြင့်၎င်းတို့စိတ်တိုင်းကျလုပ်ဆောင်နိုင်ရန် အမေရိကန်ကအဖွဲ့အား လက် နက်များ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်းထရန့်ကကုလသမဂ္ဂအထွေထွေညီလာခံတွင် ကတိပြုကာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင်နေတိုးလေပိုင်နက်အားချိုးဖောက်သည့်ရုရှားလေယာဉ်များအားအဖွဲ့ဝင်နိုင်ငံများကပစ်ချသင့်ကြောင်းလည်းသမ္မတထရန့်က သတင်းထောက်များအား အင်္ဂါနေ့ အစော ပိုင်း တွင်ပြောကြားသည်။
သတင်း-လင်းခေတ်
ကိုးကား- Kyiv Post
#နိုင်ငံတကာသတင်း