မေဂျာလိဂ်ရဲ့ ရောင်းအားအကောင်းဆုံး အင်္ကျီပိုင်ရှင်စာရင်းကို မက်ဆီနှင့် ဆန်ဟောင်မင်းတို့ ဦးဆောင်
=====================

မေဂျာလိဂ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးဂျာစီပိုင်ရှင် ကစားသမား ၁၀ ဦးကို ကြေညာလာပါတယ်။
မေဂျာလိဂ်ရဲ့ ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင်စာရင်းကို အင်တာမိုင်ယာမီစူပါစတားလီယွန်နယ်မက်ဆီက အံ့ဩသင့်စရာမရှိ ထိပ်ဆုံးမှ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

မကြာသေးမီကမှ LAFC သို့ ရောက်လာတဲ့ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဆန်ဟောင်မင်းက ဒုတိယနေရာမှာ ရပ်တည်နေပြီး ဟာဗင်းချက်ကီလိုဇာနို၊ မားကိုရူးစ်တို့လည်း ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင် ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၃ ခုနှစ်တွင် အင်တာမိုင်ယာမီသို့ ပြောင်းလာပြီးနောက် မေဂျာလိဂ်အား လူစိတ်ဝင်စားလာအောင် လုပ်ဆောင်လာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

တဖက်တွင် ဆန်ဟောင်မင်းမှာလည်း စပါးစ်မှ LAFC သို့ ပြောင်းလာပြီး ၁၀ ပွဲတည်းသာ ကစားရသေးပေမယ့်လည်း ရောင်းအားအကောင်းဆုံးဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆန်ဟောင်မင်းဟာ ဩဂုတ်လတုန်းက LAFC သို့ ပြောင်းပြီးနောက် ၇၂ နာရီအတွင်းတွင် ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်.

မေဂျာလိဂ်ရဲ့ရောင်းအားအကောင်းဆုံးအင်္ကျီပိုင်ရှင် ၁၀ ဦးစာရင်းတွင် အင်တာမိုင်ယာမီမှ လူးဝစ်ဆွာရက်ဇ်၊ ရိုဒရီဂိုဒီပေါလ်၊ ပဲလေ့စ်အသင်းခေါင်းဆောင်ဟောင်း ဝီလ်ဖရိုင်းဇာဟာ၊ နယူးကာဆယ်စတားဟောင်းမီဂွယ်အယ်မီရွန်တို့လည်း ပါဝင်ခဲ့ပါတယ်။

image
image
image
image

လေဖိအားနည်းရပ်ဝန်းအခြေအနေ
====================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
--------------------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

image

Windows Update လုပ်သင့်တဲ့ အဓိက အကြောင်းရင်း (၅) ချက်။ ✋
1️⃣. လုံခြုံရေး (Security) - အရေးကြီးဆုံးအချက်
Windows OS မှာ ရှာတွေ့နေတဲ့ အားနည်းချက်တွေ (Vulnerabilities) ကို Hacker တွေက အခွင့်ကောင်းယူပြီး ကြိုးစားတိုက်ခိုကြပါတယ်။
Update တွေဟာ ဒီအားနည်းချက်တွေကို ဖာထေးပေးတဲ့ "လုံခြုံရေးပြင်ဆင်ချက်တွေ" ပါဝင်ပါတယ်။
Update မလုပ်ရင် ကိုယ့်ကွန်ပျူတာဟာ Virus, Malware, Ransomware တွေ ကူးစက်ခံရဖို့ ပိုပြီး အန္တရာယ်များပါတယ်။
2️⃣. စနစ်တည်ငြိမ်မှု (Stability)
Update တွေမှာ OS ရဲ့ အမှားတွေ (Bugs)၊ Crash ဖြစ်တတ်တဲ့ပြဿနာတွေကို ပြင်ဆင်ပေးပါတယ်။
ဒါကြောင့် Update လုပ်ပြီးတဲ့အခါ ကွန်ပျူတာက ပိုပြီး ချောမွေ့စွာ အလုပ်လုပ်နိုင်ပါတယ်။
3️⃣. အသစ်သော စွမ်းရည်များ (New Features)
အထူးသဖြင့် Windows 11 အတွက် Major Update (ဥပမာ 22H2, 23H2) တွေမှာ အသုံးပြုသူအတွက် အသစ်သော Feature တွေ၊ UI ပြောင်းလဲမှုတွေ ပါလာတတ်ပါတယ်။
Windows 10 မှာလည်း အလုပ်လုပ်ပုံပိုကောင်းတဲ့ Feature အသေးစားတွေ ထည့်ပေးတတ်ပါတယ်။
4️⃣. ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ သဟဇာတဖြစ်မှု (Compatibility)
ကွန်ပျူတ်မှာ တပ်ဆင်ထားတဲ့ ဆော့ဖ်ဝဲအသစ်တွေ၊ ပရင်တာ၊ ဂိမ်းကတ်တွေလို ဟာ့ဒ်ဝဲအသစ်တွေကို ပိုမိုအဆင်ပြေစွာ အလုပ်လုပ်စေဖို့ Driver Update တွေ ပါဝင်ပါတယ်။
5️⃣. အချိန်နှင့်တပြေးညီ ပံ့ပိုးမှု
Microsoft က Windows OS တစ်ခုအတွက် Support ပေးတဲ့ သက်တမ်းသတ်မှတ်ထားပါတယ်။
Windows 10 ရဲ့ လုံခြုံရေး Update တွေကို "October 14, 2025" အထိသာ ရရှိမှာဖြစ်ပါတယ်။
ဒီရက်ကျော်သွားရင် Update မရတော့တဲ့အတွက် လုံခြုံရေးအန္တရာယ် အလွန်များပါတယ်။
Windows 11 ကတော့ နောက်ထပ် နှစ်များစွာ Support ပေးဦးမှာဖြစ်ပါတယ်။
---------------------------------------
Update လုပ်ရမှာ စိုးရိမ်နေသူများအတွက် အကြံပြုချက်များ 🧠
လူအများစု Update လုပ်ရဲသွားအောင် စိုးရိမ်ရတဲ့ အကြောင်းရင်းကတော့ "Update လုပ်ပြီးရင် စက်ပျက်သွားမှာစိုးလို့" ပါပဲ။
ဒါဟာ မမှားပါဘူး။ တခါတရံမှာ Major Update အကြီးစားတွေက Bug အသစ်တွေ ယူဆောင်လာတတ်ပါတယ်။
ဒါပေမယ့် ဒီလိုမဖြစ်အောင် ကာကွယ်နည်းတွေ ရှိပါတယ် -
1. မဖြစ်မနေ Backup လုပ်ပါ။ Update မလုပ်ခင် ကိုယ့်ရဲ့ အရေးကြီး File တွေ၊ Photo တွေကို External Hard Drive ဒါမှမဟုတ် Cloud (OneDrive, Google Drive) မှာ သေချာ Backup ချန်ထားပါ။
2. အချိန်ရွေးပါ။ အလုပ်အရမ်းရှုပ်တဲ့အချိန်၊ Presentation လုပ်ရမယ့်အချိန်မှာ Update စမလုပ်ပါနဲ့။ ညဘက် ဒါမှမဟုတ် အားတဲ့အချိန်ကို ရွေးပါ။
3. မိမိစက်ရဲ့ စွမ်းဆောင်ရည်ကို သိပါ။ သင့်ကွန်ပျူတာက System Requirement အနည်းဆုံးအောက် နိမ့်နေရင် Update လုပ်ပြီးနောက် နှေးသွားတတ်ပါတယ်။
4. "Update ကို ရွေးချယ်ခွင့်" ရှိပါတယ်။ Microsoft က "လုံခြုံရေး Update" နဲ့ "Feature Update" ကို ခွဲခြားပေးထားပါတယ်။
လုံခြုံရေး Update - ဒါကိုတော့ မဖြစ်မနေ လုပ်သင့်ပါတယ်။
Feature Update (Major Update) - ဒီ Update အကြီးစားကို ချက်ချင်းမလုပ်ချင်ဘူးဆိုရင် လပိုင်းလောက် စောင့်ကြည့်ပြီးမှ လုပ်ဆောင်နိုင်ပါတယ်။ ဒါမှသာ အဲဒီ Update မှာ Bug တွေရှိလား သိရှိနိုင်မှာဖြစ်ပြီး Microsoft က Patch ထုတ်ပြင်ပေးနိုင်မှာဖြစ်ပါတယ်။
#update ဘယ်လိုလုပ်မလဲ? 🤔
1. Settings (Win + I) ကိုဖွင့်ပါ။
2. Windows Update ကိုနှိပ်ပါ။
3. Check for updates ခလုတ်ကိုနှိပ်ပါ။
4. ရရှိလာတဲ့ Update ကို Download and Install လုပ်ပါ။
5. စက်ကို Restart လုပ်ဖို့ တောင်းဆိုလာရင် သိမ်းဆည်းထားတဲ့ File အားလုံးကို Save လုပ်ပြီး Restart လုပ်ပါ။
#သတိထားရန် ⚠️
Update လုပ်နေစဉ် ကွန်ပျူတာကို ပိတ်ခြင်း၊ Power ဖြတ်ခြင်း မလုပ်ပါနဲ့။
Update လုပ်ပြီးတဲ့အခါ စက်က ပုံမှန်ထက် Restart ခဏကြာတတ်ပါတယ်၊ စိတ်ရှည်ရှည်ထားပါ။
#ကောက်ချက်
လုံခြုံရေးအတွက် Windows Update လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ စက်ပျက်သွားမှာကို စိုးရိမ်ရင် မလုပ်ခင် Backup သေချာလုပ်ပြီး Major Feature Update တွေကို ချက်ချင်းမလုပ်ဘဲ အနည်းငယ်စောင့်ကြည့်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။

image

အမေရိကန်ဒေါ်လာ ၂.၉၅၀ သန်း ဗဟိုဘဏ် ရောင်းပေး

အောက်တိုဘာ ၂၄

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၄၀၂ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာ ၅၄၇,၉၆၈ ကိုလည်း စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။
FX Trading မှာ ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၃၈ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

image

ယူနိုက်တက်သို့ မပြန်တော့ဘဲ ဘာစီလိုနာတွင် ကာလရှည်ကြာ ကစားလိုကြောင်း လူသိရှင်ကြားဖွင့်ဟလာတဲ့ မားကပ်စ်ရက်ဖို့ဒ်
========================

မားကပ်စ်ရက်ဖို့ဒ်က ဘာစီလိုနာသို့ အပြီးသတ် ပြောင်းရွှေ့လိုကြောင်း ပြောကြားကာ ယူနိုက်တက်သို့ မပြန်လိုကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ နွေရာသီတုန်းက ဘာစီလိုနာသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စာချုပ်အတွင်းတွင် ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
ရက်ဖို့ဒ်ဟာ ၂၀၂၂-၂၃ ရာသီတွင် ယူနိုက်တက်ကစားသမားဘဝ အကောင်းဆုံးရာသီအဖြစ် ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာတော့ ရက်ဖို့ဒ်ဟာ ကွင်းတွင်း/ကွင်းပြင်ပြဿနာရပ်များနှင့် ရင်ဆိုင်လာရပြီး နည်းပြအဲရစ်တန်ဟက်၊ နည်းပြရူဘင်အမိုရမ်တို့နှင့် အဆင်မပြေဖြစ်ကာ ယခုနှစ် အစောပိုင်းတုန်းက ဗီလာသို့ အငှားဖြင့် ပြောင်းကစားခဲ့ရပါတယ်။
သူဟာ ဘာစီလိုနာသို့ ရောက်လာချိန်မှာတော့ ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၆ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ သူဟာ ဘာစီလိုနာတွင် ခြေစွမ်းပြနိုင်မှုနှင့်အတူ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းတွင်လည်း ပါဝင်ခွင့်ရလာခဲ့ပါတယ်။

ရက်ဖို့ဒ်က "စပိန်မှာ နေရတာ အရမ်းပျော်တယ်။ ရာသီဥတုကတော့ အကောင်းဆုံးအစိတ်အပိုင်းတစ်ရပ်ပေါ့။ ဒါက တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲပါ။ နေ့တိုင်း သင်ယူနေတယ်။ အရမ်းပျော်တယ်။ ဒီမှာ အကြာကြီး ဆက်နေရဖို့ မျှော်လင့်တယ်။ ရွန်းနီ(ဘတ်ဂီ)၊ ဂျူးစ်(ခွန်ဒီ)၊ ဖရန်ကီ(ဒီယွန်)တို့နဲ့လည်း အရမ်းအဆင်ပြေတယ်။ အားလုံးရောယှက်စုစည်းထားတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့က စည်းလုံးတယ်။ ဒီအသင်းက အရမ်းကောင်းတယ်။ သင့်တော်တဲ့နေရာကို ရောက်လာတာပါ။ ဒီအတိုင်း ဆက်ကြိုးစားမယ်။ အကောင်းဆုံးဆက်ပြီး ကြိုးစားမယ်။ ဒီရာသီမှာ လုပ်စရာအများကြီးကျန်သေးတယ်"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ရက်ဖို့ဒ်က "ဒီဘောလုံးကလပ်မှာ ပျော်တယ်။ ဒီမှာ ရှိတဲ့လူတိုင်း ဘောလုံးကို ချစ်ကြတယ်။ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကလပ်ထဲက တစ်ခုဖြစ်တဲ့ ဘာစီလိုနာအတွက် ကစားခွင့်ရတာ ဂုဏ်ယူစရာပါ။ သူတို့ ဖြစ်ချင်တာ ဖြစ်နိုင်တယ်။ ဘာစီလိုနာရဲ့အလားအလာကို ပြောတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။အတိတ်တုန်းကလည်း ဒီအတိုင်းပဲ။ အခု ဖြစ်လာအောင် လုပ်ဖို့ ကျွန်တော့်မှာ အခွင့်အရေး ရနေပြီ။ အခု ပစ္စုပ္ပန်လို ကာလမရှိခဲ့ဘူးလို့တောင် ခံစားရတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မားကပ်စ်ရက်ဖို့ဒ်က ဘာစီလိုနာတွင် ကစားစဉ်အတွင်း ဘာသာစကား ပြဿနာ မကြုံရကြောင်းလည်း ဆိုသွားပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ လာမယ့်တနင်္ဂနွေနေ့တွင် ဘာစီလိုနာကစားသမားဘဝ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းသို့ သွားရောက်ကာ ရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

image
27 w - Translate

မိုးခေါင်ရေခြောက်သွေ့ကာ လေတိုက်ခိုက်မှုတွေနှင့်အတူ လောင်ကျွမ်းနေတဲ့တောမီးတွေဟာ ဆာဗားနားမြက်ခင်းပြင်ကို ဖြတ်သန်းလောင်မြိုက်တာကြောင်း လမ်းတစ်လျှောက် အပျက်အစီးများစွာနဲ့ ကျန်ရစ်သွားခဲ့ရပါတယ်
အားအင်တွေနှင့်ပြည့်စုံတယ်လိုထင်ရတဲ့ ဒီဆင်ကြီးတွေဟာ မီးလျှံများတွေကြား ပိတ်မိခဲ့ရပြီး ကိုယ်ခန္ဓာတခုလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြရပါတယ်
ခြောက်သွေ့ပြီးပြင်းထန်တဲ့ ပတ်ဝန်းကျင်တွေနှင့် လေပြင်းတိုက်ခိုက်မှုတွေကြောင်း တောမီးတွေဟာ ထိန်းချုပ်လိုမရအောင် ပြန့်နှံ့သွားခဲ့ပြီး တောရိုင်းတိရစ္ဆာန်များကို သူတိုရဲ့နေထိုင်ရနေရာမှာတင် ပိတ်မိနေစေခဲ့ပါတယ်
ဒီတောအရာရှိများစွာအနေဖြင့် ကြိုးပမ်းမှုများရှိခဲ့ပေမယ့် ဆင်ရဲ့ဒဏ်ရာတွေကို ကြည့်ခြင်းအားဖြင့် အလွန်ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေပါတယ်

image

သွားတိုက်တဲ့အခါ လျှာတိုက်ဖို့လည်း မမေ့ပါနဲ့
--------------------------------------
ခံတွင်းအနံ့ဆိုးတာကို ပျောက်ချင်ပါသလား (ဒါမှမဟုတ်) ခံတွင်းအနံ့ဆိုးမှာကို စိုးရိမ်ပါသလား...
သွားတိုက်ဖို့က အရေးကြီးတယ် ဆိုပေမယ့် လျှာတိုက်ဖို့က ပိုအရေးကြီးပါတယ်။
လျှာက ခံတွင်းအနံ့ဆိုးကို ထွက်ပေါ်စေလို့ပါ...။
တစ်ယောက်ယောက်က သင့်ကို ကြည့်နေတယ်လို့ ခံစားရတဲ့အခါ သမ်းလိုက်ပါ။
တကယ်လို့ သူပါ လိုက်သမ်းတယ်ဆိုရင် သင့်ကိုကြည့်နေတာ ​ေ,သချာနေပါပြီ......။
ဘာဖြစ်လို့လဲဆိုတော့ သမ်းခြင်းဟာ အမြင်အားဖြင့် ကူးစက်တတ်လို့ပါပဲ။
အိပ်ယာမဝင်ခင် ငါးမိနစ်လောက် အကြောဆန့်ပေးပါ....။
ဒီလိုလုပ်ခြင်းက သင့်ရဲ့ကြွက်သားတွေ ပျော့ပျောင်းသွားပြီး အိပ်တဲ့အခါမှာလည်း သက်တောင့်သက်သာဖြစ်စေပါတယ်............။

image
27 w - Translate

◾️မေတ္တာညွန့်ရပ်ကွက်၌ အဆောင်နေလူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
ရန်ကုန်တိုင်း၊ တာ‌မွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၌ လူငယ်တစ်ဦးကြိုးဆွဲချသေဆုံးမှု ယနေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၃ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း မေတ္တာညွန့်လူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံးသူမှာအသက် (၂၂)နှစ် အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ကွမ်းခြံကုန်းဇာတိဖြစ်ကြောင်း၊ လက်ရှိတွင် မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ အဆောင်တွင်နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"သူတို့တွေက ကုမ္ပဏီဝန်ထမ်းလေးတွေဆိုတော့ အတူနေတဲ့ဝန်ထမ်းတစ်ယောက်က အပေါ့ထသွားရင်းတွေ့တာ။ သူကမြေညီထပ်အပြင်မှာပါပဲ။ ရဲကတော့သူ့ဖုန်းကိုယူသွားတယ်။ ဘာမှတ်ချက်မှတော့ထွက်မလာသေးဘူး'' ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာညွန့်လူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၈ ရက်တွင်လည်း မေတ္တာညွန့်ရပ်ကွက်၊ မြလေးရုံလမ်း၌ အသက် (၇၄) နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နေအိမ်ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မေတ္တာမျှဝေပရဟိတအဖွဲ့ထံမှသိရသည်။

image

ပင်းတယမြိုဝါးပြားရွာ

image

ပင်းတယမြိုဝါးပြားရွာ

image