ရေကူးကန် ၂ ကန်အပြင် ကားအစီး ၂၀ အတွက် ဂိုဒေါင်ပါဝင်တဲ့ စံအိမ်သစ်ကြီးတစ်လုံးအား ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ တည်ဆောက်နေ
===================
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ စံံအိမ်သစ်ကြီးတစ်လုံး တည်ဆောက်ကာ နေအိမ်ပိုင်ဆိုင်မှုကို တိုးချဲ့နေပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက တွဲလာတဲ့ စူပါစတားစုံတွဲဟာ မက်ဒရစ်ရှိ Gucci စတိုးတစ်ခုတွင် တွေ့ဆုံ ချစ်ကြိုက်လာကြတာပါ။
၎င်းတို့ဟာ ကမ္ဘာနေရာအနှံ့အပြားတွင် ပေါင်သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နေအိမ်များ၊ တိုက်ခန်းများ ပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်။
ယခု ၎င်းတို့ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မွေးရပ်မြေ ပေါ်တူဂီတွင် နောက်ထပ် စံအိမ်ကြီးတစ်ခုအား တည်ဆောက်နေကြပါတယ်။
စပိန်မဂ္ဂဇင်း Semana က ခရစ္စတီယာနိုရော်နယ်ဒိုတို့ စုံတွဲဟာ ပေါင် ၂၁.၆ သန်းတန်ဖိုးရှိ စံအိမ်ကြီးတစ်ခု တည်ဆောက်နေကြောင်း ဖော်ပြလာပါတယ်။
ယင်းစံအိမ်သစ်မှာ ကမ်းခြေမြို့ ကာစကိုင်းဆစ်တွင် တည်ရှိပြီး စတုရန်းမီတာ ၁၂၀၀၀ ကျင်ဝန်းတဲ့ မြေတွင် စတုရန်းမီတာ ၅၀၀၀ ကျယ်ဝန်းလာပါမယ်။
ယင်းစံအိမ်တွင် အိမ်တွင်းနှင့် အိမ်ပြင် ရေကူးကန် ၂ ကန် ပါဝင်လာမှာ ဖြစ်သလို ရုပ်ရှင်ရုံလည်း ပါဝင်လာပါမယ်။
ဒါ့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အဆင့်မြင့်အားကစားခန်းမလည်း ပါဝင်လာမှာ ဖြစ်သလို ဥယျာဉ်များလည်း ပါဝင်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒို ဝယ်ယူစုဆောင်ထားတဲ့ တန်ဖိုးကြီးကားများ ထားရန် ကားအစီး ၂၀ ဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်လာပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီ၊ စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ အင်္ဂလန်နှင့် ယူအေအီးတို့တွင်လည်း ဇိမ်ခံအိမ်များ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး တန်ဖိုးစုစုပေါင်း ပေါင် ၆၅ သန်းတန်ဖိုးရှိတယ်လို့ ယုံကြည်ရပါတယ်။

image