1 y - Translate

📸 Pope Francis's coffin is transferred from Saint Martha's House to Saint Peter's Basilica, ahead of three days of public viewing before his funeral on Saturday.
Follow live updates: https://abcnews.visitlink.me/ltQQt9

image
image
image
image
1 y - Translate

Black Hole တွေဟာ စကြာဝဠာထဲက အရာအားလုံးကို ဆွဲယူဖမ်းဆုပ်နိုင်တဲ့ အဆုံးမဲ့တွင်းနက်ကြီးတွေလို့ ကျွန်တော်တို့ အများစု သိထားကြပါတယ်။ ဒါပေမဲ့
မကြာသေးခင်က (University of Sheffield) ရှက်ဖီးလ် တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုက ဒီအယူအဆကို လုံးဝပြောင်းလဲပစ်လိုက်ပါတယ်။

သူတို့ရဲ့ အဆိုအရ Black Hole တွေဟာ အာကာသနဲ့ အချိန်ရဲ့ အဆုံးသတ်မဟုတ်ဘဲ၊ တကယ်တော့ "White Hole" လို့ခေါ်တဲ့ စကြဝဠာဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီ White Hole တွေကတော့ Black Hole တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ စွမ်းအင်တွေ၊ ဒြပ်ဝတ္ထုတွေနဲ့ အချိန်တွေကိုတောင် စကြာဝဠာထဲကို ပြန် လည်ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။

ဒီတွေ့ရှိမှုကို ကွမ်တမ် မက္ကင်းနစ်ရဲ့ အခြေခံသဘော တရားတွေနဲ့ ချိတ်ဆက်ပြီး ရှင်းပြထားပါတယ်။ သုတေသီတွေက Black Hole ရဲ့ အလယ်ဗဟိုမှာရှိတဲ့ "singularity" လို့ခေါ်တဲ့ အရာအားလုံးဟာ တစ်စုတစ် စည်းတည်း ဖြစ်သွားတဲ့ အမှတ်ဟာ ဘာမှမရှိတော့တဲ့ အဆုံးသတ်နေရာမဟုတ်ဘဲ၊ တကယ်တော့ အရာတစ်ခုခုအသစ်ဆီကို သွားရောက်နိုင်တဲ့ တံခါးပေါက်တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလေ့လာမှုက စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆအသစ်တစ်ခုကိုလည်း ထုတ်ဖော်ပြသထားပါတယ်။ အဲဒါကတော့ စကြာဝဠာကြီးရဲ့ တဖြည်းဖြည်းနဲ့ ပိုမိုကျယ်ပြန့်လာမှုကို ဖြစ်စေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုဖြစ်တဲ့ Dark Energy ကို အသုံးပြုပြီး အချိန်ကို တိုင်းတာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

Physical Review Letters ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ သုတေသီတွေဟာ Black Hole ရဲ့ အူတိုင်မှာ ဖြစ်ပေါ်လာတဲ့ ကွမ်တမ်ရဲ့ အပြောင်းအလဲလေးတွေဟာ ရူပဗေဒရဲ့ နိယာမတွေ ပျက်စီးသွားနိုင်တဲ့ Classical Models တွေရဲ့ အားနည်းချက်ကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

သူတို့ဟာ planar black hole မော်ဒယ်ကို အသုံးပြုပြီး အာကာသနဲ့ အချိန်ဟာ ပြိုလဲပျက်စီးမသွားဘဲ ဘယ်လိုမျိုး ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သရုပ်ပြနိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကနေတဆင့် အချိန်ဟာ အသစ်တဖန် စတင်နိုင်တဲ့ White Hole ရဲ့ သီအိုရီအရ တည်ရှိနိုင် ခြေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အကယ်၍ ဒီလေ့လာမှုကို အမှန်တကယ် သက်သေပြနိုင်ခဲ့မယ်ဆိုရင်၊ ဒါဟာ ကာလရှည်ကြာစွာ ကွဲကွာနေခဲ့တဲ့ ကွမ်တမ် မက္ကင်းနစ်နဲ့ ဒြပ်ဆွဲအားတို့ရဲ့ ကြားက ကွာဟ ချက်တွေကို ပေါင်းကူးပေးနိုင်မယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။

image
1 y - Translate

Harmful bleaching of the world's coral has grown to include 84% of the ocean's reefs in the most intense event of its kind in recorded history, the International Coral Reef Initiative announced Wednesday.

https://abcnews.go.com/Technol....ogy/wireStory/global

image
1 y - Translate

Faces in the Crowd ( 2023 )

CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့
Chen Wei Ting သရုပ်ဆောင်ထားတဲ့စုံထောက်ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ (၁၉၃၁) ခုနှစ်ရှန့်ထိုမြိုမှာ
ကူမန်တန်ပါတီနဲ့ကွန်မြူနစ်ပါတီတိုရဲ့
ပဋိပက္ခတွေကြောင့် နိုင်ငံမငြိမ်မသက်ဖြစ်နေတဲ့ကာလကို
ဇာတ်အိမ်တည်ထားကာ ဝမ်လိဝန်က
ကွန်မြူနစ်ပါတီဖွဲစည်းထားတဲ့ဆန်းကြယ်ရူပ်ထွေးတဲ့
ဆက်သွယ်ရေးစခန်းကိုပစ်မှတ်ထားစုံစမ်းနေခဲ့တယ်။

ဒီအချိန်မှာ မထင်မှတ်ပဲသူ့သွေးသောက်ညီအစ်ကို
ချန်ကျားတုန့်နဲ့လမ်းမှာပြန်လည်တွေ့ဆုံခဲ့ပြီး
နှစ်ဦးသားဒီစခန်းရဲ့ လျှိဝှက်ချက်ကိုဖော်ထုတ်ဖိုပူးပေါင်းနေခဲ့တယ်။
သိုပေမဲ့နှစ်ဦးသား နှစ်အတော်ကြာဝေးကွာပြီး
ပြန်တွေ့ခဲ့ကြတာကြောင့် စုံစမ်းဖော်ထုတ်ကြရင်း
တစ်ယောက်အပေါ်တစ်ယောက် သင်္ကာမကင်းစွာနဲ့
နှစ်ဦးသားအပြန်အလှန် နှစ်ယောက်လုံးရဲ့သရုပ်မှန်ကို
ပြန်လည်စုံစမ်းကြည့်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။
နိုင်ငံရေးအရူပ်အထွေးတွေကြား ဘယ်လိုတွေပတ်သက်နေကြမလဲ။
နှစ်ယောက်လုံးရဲ့ကိုယ်စီသရုပ်မှန်ကကောဘာတွေဖြစ်မလဲ။

စုံထောက်အက်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့်
လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

#crd
#storymode

image
1 y - Translate

မတူညီတဲ့ အာကာသနေရာတွေကနေ မြင်တွေ့ရတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေ..🌏

image
1 y - Translate

Natural Spinal (Mogok)💕💕💕

#gems

image
1 y - Translate

Natural Spinal (Mogok)💕💕💕

#gems

image
1 y - Translate

Natural Spinal (Mogok)💕💕💕

#gems

imageimage
1 y - Translate

Where’s the Dragon (2015)

တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့်
အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။
ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။
နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။
နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့..
အမှန်က ဇာမဏီပျောက်လိုနဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။
ပြီးတော့ နဂါးပျောက်လို ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။
အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..
အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ
ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး
နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ?
ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ?
ရယ်စရာဟာသလေးတွေအပြင် ပညာပေးဗဟုသုတလေးတွေပါထည့်ထားပြီး
အရမ်းချစ်ဖိုကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေမိုလို ကလေးကြီးတွေ အကြိုက်တွေ့ဦးမှာအမှန်ပါပဲဗျာ ။ ။

ဇာတ်ကားလင့်
https://t.me/c/2186686827/252

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

ကမ္ဘာ နဲ့ အလင်းနှစ်ပေါင်း ၁၂၀ ခန့် အကွာက K2 18b ဆိုတဲ့ ဂြိုလ်တစ်ခုမှာ သက်ရှိတွေရှိနေကြောင်း အထောက်အထားတစ်ခုလို့ဆိုရမယ့် DMS ( dimethyl sulfide) ဒြပ်ပေါင်းကို JWST telescope အသုံးပြုပြီး UK မှာရှိတဲ့ Cambridge တက္ကသိုလ်က အာကာသလေ့လာသူပညာရှင်အဖွဲ့တစ်ခုက တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
K2 18b ဟာ ၂၀၁၅ ခုနှစ်ကတည်းက လွှတ်တင်ခဲ့တဲ့ Kepler mission မှာ လေ့လာတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အပြင်ဘက် က Exoplanet တွေထဲက ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ ဒီmission ကရတဲ့ ဒေတာများအရ ကမ္ဘာထက် နှစ်ဆခန့်ကြီးမားပြီး ကမ္ဘာ့အလေးချိန်ထက် ၈ဆ များတဲ့ mini Neptune အမျိုးအစားဂြိုလ်တစ်ခုဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
K2- 18b ဟာ သူ့ရဲ့ မိခင်ကြယ်(နေ) ကို 33 ရက်ကိုတစ်ကြိမ်နှုန်းနဲ့ လှည့်ပတ်နေပါတယ်။ဒါပေမယ့် မိခင်ကြယ်ဟာ နေလောက်အပူချိန်မပြင်းထန်တဲ့ red giant M type အမျိုးအစားဖြစ်တာမို့ ကြယ်စင်အနားမှာ waterworld ဂြိုလ်အနေနဲ့ရပ်တည်နိုင်တာဖြစ်ပါတယ်။ ဒီဂြိုလ်မှာ water vapor ရှိနေကြောင်းအချက်အလက်တွေကိုတော့ ၂၀၂၃ ခုနှစ်က Hubble နဲ့ JWST telescope တွေက နေရတဲ့ အချက်အလက်တွေအရသိရပါတယ်။
သက်ရှိတွေဖြစ်ပေါ်ဖို့လိုအပ်တဲ့ DMS ( Dimethyl sulphide ) ဟာ ဇီဝလက္ခဏာလို့ဆိုရမယ့် ကမ္ဘာပေါ်က phytoplankton သက်ရှိတွေဆီမှာသာတွေ့ရတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ဒီဒြပ်ပေါင်းတည်ရှိကြောင်းအချက်အလက်ကိုတော့ ၂၀၂၅ ခုနစ်မှာထပ်ရလာတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဒြပ်ပေါင်းကို တွေ့ရှိရတဲ့အကြောင်းအရင်းတစ်ခုတည်းနဲ့ K2 18b ဂြိုလ်ပေါ်မှာ သက်ရှိတွေ တည်ရှိနေနိုင်မယ်လို့ ကောက်ချက်ချဖို့တော့ စောနေသေးပါတယ်။
ဒီနေရာမှာ သက်ရှိလို့ခေါ်တာဟာ လူသားတွေလို အသိဉာဏ်ရည်မြင့် နို့တိုက်သတ္တဝါတွေ ကုန်းနေသတ္တဝါတွေကို ဆိုလိုချင်တာမဟုတ်ပါဘူး။microbiological life လို့ခေါ်တဲ့ အနုဇီဝသတ္တဝါငယ်လေးများသာဖြစ်ပါတယ်။
သက်ရှိများဖြစ်ပေါ်ဖို့လိုအပ်တဲ့ အခြားအကြောင်းအရင်းများစွာလည်းရှိပါတယ်။ဒီထဲက အဓိကကျတဲ့ အကြောင်းများကတော့
မီသိန်း methane / carbon dioxide CO²/ nitrogen N လိုမျိုး ဒြပ်ပေါင်းများရှိခြင်း၊
သက်ရှိများရှိနေကြောင်းခန့်မှန်းထားတဲ့ ဂြိုလ်မှာ-Parent star လို့ခေါ်တဲ့ နေကဲ့သို့ အဆိုပါဂြိုလ်ကို စွမ်းအင် အပူ ပေးမယ့် ကြယ်စင်ရှိခြင်း၊
အဆိုပါကြယ်နဲ့ သက်ရှိဂြိုလ်ဟာ မပူလွန်း မအေးလွန်း Habitability zone အတွင်းမှာ သာရောက်ရှိနေခြင်း၊
နေရဲ့ကြယ်စင်သက်တမ်း ဟာလည်း မကြီးလွန်း မငယ်လွန်းဖြစ်ဖို့ အဆိုပါ နေကထွက်လာမယ့် solar flare /cosmic rays တွေကို ကာကွယ်ပေးနိုင်မယ့် လေထုအမျိုးအစားဂြိုလ်ပေါ်မှာဖြစ်ပေါ်နေမှု-
ဂြိုလ်ရဲ့သက်တမ်း ပမာဏအသက်အရွယ်
စတဲ့ များပြားလှတဲ့ကျန်ရှိနေသေးတဲ့ အချက်အလက်တွေကိုလည်း ဆုံးဖြတ်သုံးသပ်ဖို့လိုပါသေးတယ်။
DMS လိုမျိုး ကမ္ဘာပေါ်မှာသာတွေ့ရတဲ့ ဇီဝဓာတ်ပေါင်းတစ်ခုကို ကမ္ဘာ့အပြင်ဘက် အလင်းနှစ် ၁၂၀ ခန့်အကွာကဂြိုလ်တစ်ခုပေါ်မှာတွေ့ရှိရတယ်ဆိုတဲ့ အချက်အလက်ဟာ အံအားသင့်စရာကောင်းပေမယ့် ဒီအချက်အလက်တစ်ခုတည်းနဲ့ သက်ရှိများရှိနေကြောင်းအဖြေထုတ်ကောက်ချက်ချဖို့ကတော့ စောလွန်းနေပါသေးတယ်။
Scientific research နည်းလမ်းတွေအရ လုံလောက်တဲ့ ဒေတာအချက်အလက်မရသေးရင် မှန်ကန်တဲ့အဖြေထုတ်ဖို့ လိုအပ်ချက်များရှိနိုင်ပါတယ်။ DMS ကိုရှာတွေ့ခဲ့တဲ့ ဒေတာများဟာ မှန်ကန်ကြောင်းအတည်ပြုနိုင်ဖို့ ၉၉.၉% မဟုတ်ပဲ ၉၉.၄% ခန့်သာရှိနေတာပါ။
ဒါကြောင့်မလို့ K2-18B ဂြိုလ်မှာ သက်ရှိရှိနေနိုင်ကြောင်းအထောက်အထားများကို ထပ်မံရှာဖွေပြီးမှသာ တကယ်သက်ရှိများရှိ/မရှိကောက်ချက်အဖြေချနိုင်မှာပဲဖြစ်ပါတယ်။
ဒီလို အချက်အလက်တွေရှာဖွေဖို့ ၂၀၂၁ က ထုတ်လွှင့်ထားခဲ့တဲ့ Jame Webb space telescope ကြီးဟာ သူ့သက်တမ်းကာလ အတွင်းမှာအရင် တယ်လီစကုတ်များထက်သာလွန်တဲ့ ဘယ်လိုသတင်းတွေကို အနာဂတ် လူသားထုအဖွဲ့အစည်းဆီ ယူဆောင်လာဦးမလည်းဆိုတာတော့ စိတ်လှုပ်ရှားဖွယ်ရာပဲဖြစ်ပါတယ်။

image