1 y - Translate

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၈၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
*******************
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပိုသည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မတ် ၁၀ ရက်မှ ၁၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၈၉၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

image

တစ်ခါခါ ဇာတိမြေက အိမ်ကလေးကိုပြန်ရတာလည်း
ဝမ်းနည်းစရာပါပဲ။
ဘယ်နားထားနေကျမှန်းမသိတော့တဲ့ ပစ္စည်းအချို့ရယ်။
အလည်လာတာလား ဘယ်နေ့ပြန်မလဲ မေးတဲ့လူတွေရယ်။
ဝမ်းနည်းစရာ။

image
1 y - Translate

X ပလက်ဖောင်း ဆိုက်ဘာတိုက်ခိုက်ခံရပြီး ပြတ်တောက်မှု ဖြစ်ပွား
မနေ့က အီလွန်မတ်စ်ပိုင် X လူမှုကွန်ရက် ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရပြီး တစ်ရက်တည်း ၃ ကြိမ် ပြတ်တောက်ခဲ့ပါတယ်။
DownDetector မှာတော့ X ဟာ အရှေ့တိုင်းစံတော်ချိန် မနက် ၆ နာရီ ၊ မနက် ၁၀ နာရီနဲ့ ညနေ ၂ နာရီတွေမှာ လိုင်းတွေ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ X လိုင်းကျသွားတာဟာ DDoS လို့ ခေါ်တဲ့ server ကျပြီး ဝင်မရအောင် လုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်လို့ အီလွန်မတ်စ်က ပြောပါတယ်။ ဝက်ဘ်ဆိုက်ရော app ပါ သုံးမရ ဖြစ်သွားခဲ့တာပါ။
အီလွန်မတ်စ်ကတော့ သူ့ X ပို့စ်မှာ အခုလို အကြီးအကျယ် hack တဲ့ ကိစ္စနောက်ကွယ်မှာ အဖွဲ့အစည်းကြီးကြီးတစ်ခုနဲ့အတူ နိုင်ငံတစ်နိုင်ငံလည်း ပါမယ်လို့ ပြောထားပါတယ်။
"ကျွန်တော်တို့ နေ့တိုင်း တိုက်ခိုက်ခံနေရတာပါ။ ဒါပေမယ့် ဒါကတော့ အရင်းအမြစ်အများကြီးနဲ့ လုပ်သွားတာပါ။" လို့ မတ်စ်က ဆိုပါတယ်။
X ကို လိုင်းကျအောင် DDoS Attack ဝင်ခဲ့တာ Dark Storm Team ဆိုတဲ့ ပါလက်စတိုင်းတက်ကြွ ဟက်ကာအဖွဲ့လို့ ဆိုပါတယ်။ ဒီအဖွဲ့က ဂါဇာကို အစ္စရေးတိုက်ခိုက်မှုအပေါ် ထောက်ခံအားပေးတဲ့ နိုင်ငံနဲ့ လူပုဂ္ဂိုလ်တွေကို အဓိကပစ်မှတ်ထားတဲ့ ဟက်ကာအဖွဲ့လို့ ပြောပါတယ်။
အီလွန်မတ်စ်ပြောပုံအရတော့ ဟက်ကာတွေဟာ ယူကရိန်းဧရိယာက လာတဲ့ IP address တွေ ရှိတယ်လို့ Fox News နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ Twitter ကို အီလွန်မတ်စ် ဝယ်ပြီးနောက်ပိုင်း ဝန်ထမ်းအများအပြား အလုပ်ဖြုတ်ခဲ့သလို ပလက်ဖောင်းလိုင်းကျတဲ့ကိစ္စက မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

image
1 y - Translate

ပုံမှန်စိတ်လေး💚
''''''''''''''""""""""""""""""""""""""
ကိုယ့်အပေါ်မုန်းနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ မတုံပြန်ဘဲ
ပုံမှန်စိတ်လေးထားပြီး ဆက်ဆံလိုက်ပါ
တစ်နေ့ သူ့လမ်းသူသွားပါလိမ့်မယ်။
ကိုယ့်ရဲ့အတင်းအဖျင်းပြောနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
လိုက်ဖြေရှင်းမနေဘဲ
ပုံမှန်စိတ်လေး ထားပြီးနေထိုင်လိုက်ပါ
တစ်နေ့ သူ့ဗီဇ အမှန် ပေါ်လာပါလိမ့်မယ်။
ကိုယ့်ရဲ့သိက္ခာကိုထိပါးအောင်လုပ်နေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်ပြီးမတိုက်ခိုက်ဘဲ
ပုံမှန်စိတ်လေးထားပြီးရပ်တည်လိုက်ပါ
တစ်နေ့ အဖြေမှန် ပေါ်လာပါလိမ့်မယ်။
ကိုယ့်ကိုယ် တုပ
ပြိုင်ဆိုင်ပြီး ကျရှုံးအောင်
လုပ်နေသူ ဘယ်သူဘဲ ဖြစ်နေပါစေ
ပြန်လည် မပြိုင်ဆိုင်ဘဲ
ပုံမှန်စိတ်လေး ထားပြီးကြိုးစားလုပ်ကိုင်ပါ
တစ်နေ့ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးပါလိမ့်မယ်
ကိုယ့်ကို ထိကပါး ရိကပါး
စောင်းမြောင်း စော်ကားနေသူ
ဘယ်သူဘဲ ဖြစ်နေပါစေ မတုံပြန်ဘဲ
ပုံမှန်စိတ်လေး ထားပြီးဥပေက္ခာပြုလိုက်ပါ
တစ်နေ့ သူ့အတ္တက သူ့ကို ဒဏ်ခတ်ပါလိမ့်မယ်
ဘယ်သူတွေ
ဘာတွေပြောပြော ဘာတွေလုပ်လုပ်
ကိုယ်အတွက် ဘာမှဆုတ်ယုတ်မသွားပါဘူး
မနာလိုစိတ် ( မစ္စရိယ )
များနေတဲ့ လူတွေကိုသာ
ပတ်ဝန်းကျင်ကစက်ဆုပ်ရွံရှာကြတာ
သဘာဝပါဘဲ
ဒါ့ကြောင့်
အရေးမပါတဲ့ အကြောင်းအရာတွေအတွက်
လိုက်ဖြေရှင်းရင်းအချိန်ကုန်မခံပါနဲ့
တစ်နေ့
ဘယ်သူဘာလဲ ဆိုတာ
အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်
အဓိကကိုယ့်ဘက်က
ပုံမှန်စိတ်လေး ထားတတ်ဖို့ပါဘဲ။
#crd

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘလစ်စတစ်ဒုံးကျည်များ မြောက်ကိုရီးယားနိုင်ငံ စမ်းသပ်ပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် တောင် ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မတ် ၁ဝ ရက်တွင်ဝေဖန်ခဲ့ပြီးနောက် ဘလစ်စတစ်ဒုံးကျည်များစမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ ဖရီးဒမ်းရှီး အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အန္တရာယ်များသော ရန်လိုရန်စလုပ်ရပ်ဟု ဝေဖန်ခဲ့ပြီး နာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားနိုင်ငံက နိုင်ငံအနောက်ပိုင်းမှတစ်ဆင့် ပင်လယ်ဝါရေပြင်အတွင်းသို့ ဘလစ်စတစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
မတ် ၁ဝ ရက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများသည် အမေရိကန် သမ္မတရာထူးကို ဒေါ်နယ်ထရန့် ရယူခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးပြုလုပ်ခဲ့သော ဘလစ်စတစ်ဒုံးကျည်စမ်းသပ်မှုဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်တောင် ကိုရီးယားနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်စစ်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် မှတ် ယူထားပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများဖြင့် တုံ့ပြန်လေ့ရှိသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ဖရီးဒမ်းရှီးပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မတ် ၁ဝ ရက်တွင် စတင်ပြီး မတ် ၂ဝ တွင် ပြီးဆုံးမည်ဖြစ်သည်။
ရိုက်တာ

image

ဗော်လ်ဂါချိုင့်ဝှမ်းနှင့် ဒွန်မြစ်ဝှမ်းတလျှောက်ရှိ ကော့ဆက်လူမျိုးများ၏ လှုပ်ရှားမှုများဖြင့် ထုဆစ်ထားသော ၀တ္ထုကြီး ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ရုရှားတို့၏ ပြည်တွင်းစစ်နဲ့ တော်လှန်ရေးကာလများကို နောက်ခံထားကာ ဇာတ်ကောင် (၆၀)တို့ဖြင့် အံ့ဖွယ်လှုပ်ရှားမှုများကိုလည်း တွေ့မြင်ရမှာပါ ။

၂၀ ရာစုတွင် ကျော်ကြားထင်ရှားသော ၀တ္ထုကြီးကို မူရင်းစာရေးဆရာကြီး မစ်ခေးရှိုလိုခေါ့ဗ်က ရေးသားခဲ့ပြီး (၁၉၂၅)မှ (၁၉၃၂)အတွင်း Oktyabr မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံတွင် လူမျိုးပေါင်း ၇၃ စု၏ဘာသာဖြင့် ၆၇၈ ကြိမ်ပုံနှိပ်ကာ စောင်ရေ ၄၂ သန်း ထုတ်ဝေခဲ့တဲ့ ၀တ္ထုကြီးပါ။ နိုင်ငံတကာကလည်း ဘာသာပေါင်း ၄၀ ဖြင့် ၄၅၉ ကြိမ်အထိ ဘာသာပြန်ဆို ထုတ်ဝေခဲ့ကြပါသေးတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ အမြင့်မားဆုံးစာပေဆုဖြစ်တဲ့ လီနင်စာပေဆုရ ၀တ္ထုကြီးပါ။ ၁၉၆၅ မှာ ကမ္ဘာ့အကြီးဆုံးဆုဖြစ်တဲ့ နိုဗယ်ဆုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။

#တသိမ့်သိမ့်ဒွန်
#တက္ကသိုလ်နန္ဒမိတ်
#မြတ်ငြိမ်း
#တင်မောင်မြင့်

image
1 y - Translate

Former Philippine President Rodrigo Duterte arrested on an ICC warrant over drug killings, Philippine government says.

https://abcnews.go.com/Interna....tional/wireStory/for

image
1 y - Translate

ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရုပ်မြင်သံကြားကို နောက်အကျဆုံး မိတ်ဆက်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခုအပါ အဝင် ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ရောက်မှသာ တရားဝင် ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နှောင့်နှေးရခြင်းရဲ့ နောက်ကွယ်မှာ ရှုပ် ထွေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။
ဘူတန်နိုင်ငံရဲ့ ထူးခြားတဲ့ ပထဝီအနေအထားဟာ အဓိက အတားအဆီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟိမဝန္တာတောင်တန်းတွေကြားမှာ တည်ရှိတဲ့ ဘူတန်ဟာ သဘာဝအရ အလွန်တောင်တန်းထူထပ်လှပါတယ်။ ဒီအချက်ဟာ ရုပ်မြင်သံ ကြား ထုတ်လွှင့်မှုအတွက် လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေတည်ဆောက်ရေးကို များစွာခက်ခဲစေခဲ့တာပါ။
ဒါ့အပြင် ဘူတန်အစိုးရဟာ နိုင်ငံရဲ့ ထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းဖို့အလေး ထားခဲ့ပါတယ်။ ပြင်ပမှ မီဒီယာတွေ၊ အထူးသဖြင့်အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုတွေကို ကာကွယ်ဖို့ ရုပ်မြင်သံကြား အပါအဝင် အခြားသော မီဒီယာတွေကို ကာလရှည်ကြာစွာ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှု နည်းပါးခြင်းဟာလည်း နောက်ထပ်အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ရုပ်မြင်သံကြား နည်းပညာကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ငွေကြေးနဲ့ အရင်းအမြစ်တွေ မပြည့်စုံမှုဟာလည်း နှောင့် နှေးရခြင်းရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် ဇွန်လ ၂ရက်နေ့မှာတော့ ဘုရင် (Jigme Singye Wangchuck) ရဲ့ (၂၅ နှစ်မြောက် နန်းတက်ပွဲနေ့) ရွှေရတုသဘင် အထိမ်းအမှတ်အဖြစ် အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနှစ်မှာ Bhutan Broadcasting Service (BBS) ကို စတင်တည်ထောင်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေကို စတင်ခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ တစ်နေ့လျှင် နာရီအနည်းငယ်သာ ထုတ်လွှင့်နိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ထုတ်လွှင့်ချိန်တွေကို တိုးချဲ့လာနိုင်ခဲ့ပါတယ်။
ရုပ်မြင်သံကြား မိတ်ဆက်မှုဟာ ဘူတန်လူမှုအသိုင်း အဝိုင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ပြည်သူတွေဟာ ပြည်တွင်းပြည်ပ သတင်းအချက်အလက်တွေကို ပိုမိုလွယ်ကူစွာ ရရှိလာကြပြီး ကမ္ဘာ့အရေးအခင်းတွေကို သိရှိနားလည်လာကြတယ်။
ပညာရေးဆိုင်ရာ အစီအစဉ်တွေကို ထုတ်လွှင့်ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို အထောက်အကူပြုခဲ့ပြီး၊ ဖျော် ဖြေရေးကဏ္ဍမှာလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ သို့ပေမယ့်လည်း အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးမှုတွေ ဝင်ရောက်လာခြင်းနဲ့အတူ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တွေ ပေါ်ပေါက်လာခဲ့ရပါတယ်။
ရုပ်မြင်သံကြားဟာ ဘူတန်လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများစွာကို ယူဆောင်လာပေးခဲ့ပေမယ့်၊ တစ်ချိန်တည်းမှာပဲ ရိုးရာဓလေ့တွေ မပျောက်ပျက်စေဖို့ ထိန်းသိမ်းရမယ့် စိန်ခေါ်မှုတွေကိုလည်း တစ်ပါ တည်း ဖြစ်ပေါ်စေခဲ့တယ်ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပဲ ဖြစ်ပါတယ်။
#knowledge

image
Khine Su Zin shared a post  
1 y

1 y

နေ့စဉ်သုံးနေရတဲ့ 𝗯𝗿𝘂𝘀𝗵 အမျိုးမျိုးကို 𝗘𝗻𝗴𝗹𝗶𝘀𝗵 လိုလေ့လာကြပါစို့ 🪥🖌️🖌️🪥

1️⃣𝗧𝗼𝗼𝘁𝗵𝗽𝗮𝘀𝘁𝗲= သွားတိုက်ဆေး

2️⃣𝗧𝗼𝗼𝘁𝗵𝗯𝗿𝘂𝘀𝗵=သွားပွတ်တံ။သွားတိုက်တံ။

3️⃣𝗛𝗮𝗶𝗿𝗯𝗿𝘂𝘀𝗵= ခေါင်းဖြီးတဲ့ဘီး။ ဝက်မှင်ဘီး။ ဘီး။

4️⃣𝗦𝗵𝗼𝗲𝗯𝗿𝘂𝘀𝗵= ဖိနပ်တိုက်တဲ့𝗯𝗿𝘂𝘀𝗵၊ ဖိနပ်တိုက်တဲ့ဘီး။ဖိနပ်တိုက်တံ။

5️⃣𝗣𝗮𝗶𝗻𝘁𝗯𝗿𝘂𝘀𝗵=စုတ်တံ။

6️⃣𝗦𝗵𝗮𝘃𝗶𝗻𝗴 𝗯𝗿𝘂𝘀𝗵 =မုတ်ဆိတ်ရိတ်တဲ့အခါမှာသုံးတဲ့brush။
(မုတိဆိတ်မရိတ်ခင်မျက်နှာတွင်ဆပ်ပြာမြှုပ်သုတ်ရန်သုံးတဲ့ brush)

7️⃣𝗗𝘂𝘀𝘁𝗽𝗮𝗻 𝗮𝗻𝗱 𝗯𝗿𝘂𝘀𝗵 =ဂေါ်ပြားနဲ့ဖှုန်မှုန့်ခပ်တဲ့တံမြက်စည်း။

8️⃣𝗦𝗰𝗿𝘂𝗯𝗯𝗶𝗻𝗴 𝗯𝗿𝘂𝘀𝗵 /=ကြမ်းတိုက်တံ။အညစ်အကြေး
𝗦𝗰𝗿𝘂𝗯 𝗯𝗿𝘂𝘀𝗵 =တွေကိုပွတ်တိုက်ဆေးကြေးဖို့အတွက်သုံးတဲ့ brush အမျိုးအစားတစ်ခု။(👉 scrubbing brush နဲ့scrub brush ကအတူတူပါပဲ။ scrubbing brush က long form ဖြစ်ပြီး scrub brush ကshort form ပါ)👈

9️⃣𝗡𝗮𝗶𝗹 𝗯𝗿𝘂𝘀𝗵 =လက်သည်း၊ခြေသည်းတိုက်တံ။လက်သည်းခြေသည်းတိုက်တံ။

🔟𝗕𝗿𝗼𝗼𝗺 =တံမြက်စည်း။မတ်တပ်တံမြက်စည်း။

#dailyvocabulary
#typesofbrush
#crd

image

ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာရာမှာ ပိတ်မိနေပြီး ချောက်ထဲကျနေတယ်လို့ ခံစားရတဲ့ အခါတိုင်း ၊ ငါဘာလုပ်ရမလဲ မသိတော့ဘူး ဆိုတဲ့ အခါတိုင်း ဒီ ဇာတ်ကားကို ပြန်ကြည့် ဖြစ် တယ်။ ကြည့်ပြီး စိတ်မသက်သာ ဖြစ်တာက ကိုယ့်ကိုကိုယ်ထက် ဒီအထဲက ဇာတ်ကောင်အပေါ် ရောက်သွားရော။ ပျောက်သွားတာတော့မဟုတ်ဘူး။
(Spoiler Alert)
ဇာတ်ကားထဲက အဓိက ဇာတ်ကောင် ၂ ယောက်စလုံးက အရမ်းတော်ကြတယ်။ ဒါပေမယ့် တစ်ယောက်က တော်လို့၊ အရည်အချင်းရှိလို့ ချောက်ထဲ ကျရတယ်။ နောက်တယောက်ကကျတော့ အမြင့်ရောက်ရောက်သွားပြီး လုပ်ပိုင်ခွင့် ပိုကြီးသွားတာ။
ဒီဇာတ်ကားတစ်ခုလုံးမှာ Agent Yan ရဲ့ မွန်းကျပ်မှု တွေက သူ စကားပြောတိုင်း မြင်နေရသလို စကားမပြောရတဲ့ အခန်းတွေကလည်း တစ်ခါမှ ပေါ့ပေါ့ပါးပါး ရှိ မနေခဲ့ဘူး။ Tony Leung က သရုပ်ဆောင်သွားတာ ကောင်းလွန်းတာမှ Leonardo တောင် သူ့ ကို မမီဘူးလို့ ကိုယ်မြင်တယ်။ ဒါတောင် ကိုယ်က Departed ကြည့်ပြီး ၅ နှစ်လောက်ကြာမှ Infernal Affairs ကြည့်တာ။ Departed လောက် ကောင်းမယ် မထင်လို့ မကြည့် ဖြစ်ခဲ့တာ။
( Tony Leung ကို ဒီကားမကြည့်ခင်အထိ တစက်တောင်မကြိုက်တာ။ ဒီရုပ်ဒီရည် နဲ့ ဘယ်လို မင်းသား ဖြစ်လာပါလိမ့် လို့ကို ထင်တာ။ ရိုက်သမျှ ကားတိုင်း မင်းသမီးတွေနဲ့ 18+ ဆန်တဲ့ ဇာတ်ကွက်တွေက ပါသေးတာ။ ခုတော့ ကိုယ်လည်းနည်းနည်း ရုပ်ရှင်ကြည့်သက် ရ လာတော့ ဒီကောင်ဟာ အာရှရဲ့ လီယိုနာဒို၊ ဟောင်ကောင်ဒွေးလို့ ကိုယ့်ဘာသာ နာမည်ပေးထားတယ်)
နောက်ပြီး Agent Yan က သူ ရဲတစ်ယောက် ဆိုတာကို ဘယ်သူ့ကိုမှ ပြောလို့ မရတော့ သူ့ crush နေတဲ့ Psychologist လေးကို စနောက်သလိုလိုနဲ့ ဖွင်ပြောခဲ့တာတွေ၊ သူ့ဆရာကို သူအမြဲ ဒေါသနဲ့ ဆက်ဆံ နေတာတွေဟာ တကယ် ဟက်ထိတာပဲ။ ဒီလို ဘဝမျိုးရောက်ရင် ဘယ်သူဖြစ်ဖြစ် ဒီလိုမျိုးပဲ ဖြစ်နေမှာပဲ။
သူ့ ex နဲ့ သူ့သမီး‌လေးကို ပြန်တွေ့ တော့လည်း သူ့သမီးမှန်းလည်း မသိ၊ ဇာတ်ကားကြည့်တဲ့ ကိုယ်လည်း မသိ၊ အဲ့ ဒီ့နေ့မှာပဲ သူ့အကြောင်းသိတဲ့ တစ်ယောက်တည်းသော သူ၊ သူ့အဖေလို ဖြစ် နေတဲ့ သူ့ဆရာ အသ -တ်ခံရ။ ခုဏလေးတင်ပဲ သူနဲ့ အတူတူ စကား‌ပြောနေခဲ့တဲ့ ဆရာရဲ့ ‌Dead Body ကို ကြည့်ပြီး လုံးဝ သတိ လက် လွတ်ဖြစ် ထူပူ နေတဲ့အခန်းက အလွင့်၊ အဲ့ဒီအချိန် သူ့သူငယ်ချင်းက သူ့အတွက် အသေခံပြီး အစစ အရာရာ အနစ်နာခံပေးသွားတာ။ သေသွားတဲ့ သူငယ်ချင်းကိုအပြစ်တွေ ထိုးချရတာတွေက သူ့အစား ကိုယ့်မှာ မွန်းကျပ်လို့ပဲ။
ဒါရိုက်တာဟာ ပြသချိန် တစ်နာရီခွဲ ဝန်းကျင်လေးမှာ အကုန်စုပြုံ ထည့်သွားတာတော့ ကြည့်ရတဲ့သူက ရင်တွေမောလို့။ ဇာတ်ကားတခုလုံးက ပြသချိန်တိုပြီး အပို ဇာတ်ကွက်၊ ဆွဲဆန့်ထားတဲ့ ဇာတ်ကွက် တစ်ခုမှကို မပါတာ။ ကိုယ်သတိထားမိတဲ့ Hollywood ရဲ့ အနံကြီးကွင်းကျယ် ဒါရိုက်တာ တွေနဲ့ ကွာတဲ့ အချက် ပဲ။
ဇာတ်သိမ်းသွားတာ လည်း လက်တွေ့ကျသလို နည်းနည်း ပက်စက်ပေမယ့် ဒီဇာတ်သိမ်းကပဲ ဒီ ဇာတ်ကားကို မှတ်မှတ်ရရပို ရှိစေတာပါပဲ။ ဒီကားရဲ့ မွန်းကျပ်မှုတွေကို နည်းနည်း ဖြေလျှော့ ချင်လာရင်တော့ Infernal affair 3 ကြည့် လိုက်တယ်။ Infernal Affair 3 က ကျတော့ ရုပ်ရှင်ပို ဆန်ပြီး Romantic လည်း နည်းနည်း ဖြစ်တယ်လို့ ခံစားရလို့။
ကိုယ့်အတွက် ဒီဇာတ်ကားက ရတဲ့ message ကတော့ လက် တွေ့ဆန်ဆန်ပဲ။ ဘဝမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုခုက Out of your scope ဖြစ်နေရင် မင်းဘာသာ ဘယ် လောက်တော်တော်၊ ဘယ်လောက်ကြိုးစား ကြိုးစား ထိန်းချုပ်လို့မရဘူး ဆိုတာပဲ။ ကိုယ် အားနည်းရင် ရှုံးဖို့က သေချာသလောက်ပဲ။
Agent Yan ဟာ လူတော်တယောက်ဆိုတော့ သူလွတ်မြောက်ဖို့ ဉာဏ်ရှိသလောက် ကြိုးစားခဲ့တယ်။ အောင်မြင် လုလည်း ဖြစ်ခဲ့တယ်။ လုပ်တာတွေလည်း အကွက်စေ့တယ်။ လူ၊ အခြေအနေ ၊ အချိန်အခါ အားလုံးက သူ့ဖက်မှာ တစ်ခုမှ ရှိ‌မနေခဲ့ဘူး။ သူတစ်ယောက်တည်း နဲ့ အကုန်လုံးကို မရရအောင် ရင်ဆိုင်ခဲ့ရတော့ မထင်ထားတဲ့ အရာတစ်ခု မထင်ထားတဲ့ အချိန် ပေါ်လာတဲ့အခါ သူဘာမှ တောင် လုပ်ခွင့်မရလိုက်ဘူး။

image