Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။
စိတ်ခံစားချက်က ဈေးကြီးတယ် ။
ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ် ။
#စာရယ်ကဗျာရယ်
ပြောင်းဖူး ရွှေချီ ဆနွင်းမကင်း မွှေးမွှေးလေး ရပြီနော်
ပါ၀င်ပစ္စည်း
သကြားပြောင်းဖူး ၄ ဖူး
ရွှေချီ ထမင်းပေါင်းအိုးပါခွက် ၂ခွက် ခွဲ
အုန်းနို့ ၄၀၀ml (ဗူးကြီး ၁ဗူး)
နွားနို့ ၅၀၀ml
ထောပတ် ထမင်းစားဇွန်း ၆ ဇွန်း
ဘဲဥ ၄ လုံး
သကြား ထမင်းပေါင်းအိုးပါ ခွက် ၁ ခွက်ခွဲ (အချိုလျှော့ ထားပါတယ်)
ဘိန်းစေ့ အနည်းငယ်
ဆား အနည်းငယ်
ပြောင်းဖူးကို အစေ့ခြွေ ပြီး
ဘဲဥ အုန်းနို့နွားနို့ သကြား ဆား တို့ကို ရောပြီး ဖျော်စက်နဲ့လုံးဝကြေညက်တဲ့ ထိ ဖျော်ပါ
မုန့်နှစ်ရည် မဗျစ် မကျဲလေးရပါမယ်
မုန့်နှစ်ရည်ထဲကို ရွှေချီ ထည့်မွှေပြီး ၁နာရီလောက်ထားပါမယ်
ပြီးလျင် မီးအေးအေးလေးဖြင့် မွှေထိုးပါမယ်
ထောပတ်ကို အရင်ဆုံး အပူပေးပါ
ပူလာပါက မုန့်နှစ်ရည်ထဲ့ကာ မွှေထိုးလေးထိုးပါ တဖြည်းဖြည်းဗျစ်ခဲလာပါလိမ့်မယ်
အဆက်မပျက် မွှေပါ မုန့်သားနပ်ပါက မီးပိတ်ကာ ဆီသုတ်ထားတဲ့ဗန်းထဲသို့ ထဲ့ကာ အပေါ်မျက်နှာပြင်ညီအောင်ညှိ ကာ အပေါ်ကနေ ဘိန်းစေ့ လေးတွေဖြူး ကာ
Oven နဲ့ဖုက်ပါမယ်
အပေါ်မီး ၁၈၀ ဒီဂရီ အောက်မီး နဲနဲ နဲ့ မိနစ် ၃၀ လောက်ဖုက်ပြီး အအေးခံပါ
အေးသွားပါက ကြိုက်နှစ်သက်သလိုလှီးဖြတ် သုံးဆောင်နိုင်ပါပြီ
Credit
#လိပ်ခေါ၊င်းရောဂါနဲ့ ဝမ်းချုပ်သူများအတွက်
ဆေ၊းနည်းကောင်း 🍀🍀🍀
ဝမ်းသွားရင်အမျှင်ဓာတ်မပါဘဲ ဝမ်းညစ်ပြီးအိမ်သာအကြာကြီးထိုင်းပြီးလိပ်ခေါင်းဖြစ်သူများ ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသူများ ကျွန်တော်ရဲ့ဗဟုသုတလေကို ဒါနအကြံပေးရပါစေ ။
ကိုယ့်လို အရမ်းဝမ်းချုပ်ပြီး စိတ်ညစ်နေသူများ ဘာဆေးသောက်သောက် ဝမ်းချုပ်မသက်သာသောသူ အများကြီးရှိတယ်ဆိုပြီး အကြံလေဒါနပြုပါရစေ🙏
- ရုံပတေသီး ပုံမှန်ဆိုဒ်နှစ်ခုကို လေးခြမ်းခွဲပြီး ရေနွေးထဲစိမ်းပြီးညအိပ်ခါနီးသောက်ပါ ။ ရုံပတေသီးအစေ့ကို သောက်တဲ့အချိန်ပါးစပ်နဲ့စစ်ထုတ်ပြစ်ပါ ။ အစေ့တွေအစာမကြေးတဲ့သဘောကြောင့်ပါ ။ နေတိုင်းလုပ်သောက်ပါ ။ နှစ်ခုမရရင် သုံးခုစိမ်သောက်ပါ ။ တတ်နိုင်ရင် ရုံပတေသီး နုနုလေရွေးယူပါ ။ ဝါးစားရတာလွယ်ကူအောင်လို့ပါ ။ မဝါးစားနိုင်ရင် ဆော့တစ်ခုခုလုပ်ပြီး တို့စားပါ ။ 🌿🌿🌿
လုံဝထူးခြားလိမ့်မယ် လက်တွေ့လည်ဝမ်းချုပ်တာ သက်ရုံမက ခြေထောက် ဒူးတွေညောင်းကိုက်တာ ချဉ်ဆီအားနည်းတာလဒ လုံးဝသက်သာလာတယ် ။ တစ်ပတ်လောက်ဆို သိသိသာသာပဲ ။
ကျွန်တော်လည်း အရင်ကဝမ်းချုပ်တာ အရမ်းအခြေအနေဆိုးခဲ့တာ ဆေးတကာလိုက်စုံးစမ်းပြီးသောက်တာ ဘာနဲ့မှမသက်သာဘူး ။
အူမကွိီးကငျဆာ အစလက္ခဏာမျိုး ဝမ်းချုပ်ပြီး အချွဲတွေ လေတွေပဲသွားတာ လေးငါးနှစ်ရှိပြီး ။ အဲတော့ ကင်ဆာဖြစ်ပြီးဆို စိတ်ညစ်နေတာ အဲတော့ fiber ပါတဲ့ဆေးပဲ ဝယ်သောက်ရမလား၊ ဝယ်ပြီးမသက်ဘဲ ပိုက်ဆံကုန်မှာကြောက် ဆရာဝန်ဘဲ ပြရမလား အူးလမ်းကြောင်း မှန်ပြောင်းပဲစစ်ရမလား စိတ်ညစ်နေရင် ရုံပတေသီးကို မနက်အစာမစားခင် ရေနွေးစိမ်းသောက်တယ် ။ မသက်သာဘူး အဲတော့ညနေထမင်းစားပြီး အိပ်ခါနီးသောက်တယ် လုံဝထူးခြားစွာ ရွှေဆေးတွေ့သွားသလို့ပဲ ။
အရင်ကလိုချွဲတွေ လုံဝပြောကျသှားပွိီး ဝမ်းပျော့ပုံမှန်ပဲ သွားတော့တယ် ။ ခြေထောက် ချဉ်ဆီအားနည်းတာလည်း သက်သာလာတယ် ။ အရင်က မန့်ကျည်းသီးလည်း စိမ်းသောက်သေးတယ် ဝမ်းမမှန်ဘူး။
အားလုံကျန်းမာချမ်းသာကြပါစေ🙏🙏🙏
အရည်ကောအဖတ်ကော စားရပါတယ် ။
ရုံပတေသီးကို နှစ်နာရီ သုံးနာရီကြိုက်တဲ့ချိန် ကြိုပြီးစိမ်လို့ရပါတယ် ။ တစ်နေကုန်စိမ်လည်ရပါတယ် ။ အဓိကက အရည်ပျစ်ဖို့နဲ့ ရုံပတသေိီး ပျော့ရင်ရပါပြီး ။ ဝါးစားဖို့လွယ်ကူအောင်ပေါ့ ။
ရေလည်း များများ သောက်ပေးပါ ။
Part-1
*“ရှားရှားပါးပါး ဒေါသ”
ဆရာမိုး (ဦးတင်မိုး)သည် စိတ်ဆိုးခဲ၏။ အမြဲပြုံးနေတတ်၏။ ဒေါသဖြစ်ခဲ ၏။ စိတ်လိုက်မာန်ပါ ပြောဆိုခဲ၏။ သူတစ်ပါးကို အမြဲတမ်း ကူညီတတ်၏။ သူများအကျိုးကို စိတ်ရောကိုယ်ပါနှစ်၍ လိုက်ပါဆောင်ရွက်ပေးတတ်၏။ ဒါ့ကြောင့် ဆရာနိုး (ဆရာ ဦးသာနိုး)ကလည်း ချစ်၏။ ဆရာမိုးကလည်း ဆရာနိုးအား အစ်ကိုရင်းပမာ ချစ်ခင်လေးစားကြည်ညို၏။
ထိုအတူ ဆရာစွမ်း (မောင်စွမ်းရည်)ကလည်း ဆရာမိုးအား အစ်ကိုကြီး သဖွယ် ချစ်ခင်လေးစား၏။ ဆရာမိုးကလည်း ဆရာစွမ်းကို ညီလေးပမာ ချစ်ခင် လေးစား၏။ ဒါ့ကြောင့် ဆရာစွမ်းနှင့် စကားပြောလျှင် ဆရာမိုးက “ငဝက်”ဟု ဆရာစွမ်းအား ခေါ်လေ့ရှိ၏။ (ဘာ့ကြောင့်ခေါ်မှန်းတော့ မသိ)။ ဆရာမိုးကိုကား အားလုံးက ချစ်ကြပါ၏။
မိုးတွင်းကာလ သောကြာနေ့တစ်နေ့၊ ညနေ ရုံးဆင်းချိန် သောကြာဝိုင်းသို့ သွားရန် ထမင်းချိုင့်ကလေးဆွဲပြီး ဆရာမိုးအခန်းလာခဲ့တယ်။ ဆရာမိုးလည်း စာအုပ်တွေသိမ်းပြီး ထမင်းချိုင့်ဆွဲထွက်ရန်ပြင်ပြီးမှ ထီးကျန်နေလို့ ရှာနေတယ်။ သူထားတဲ့နေရာမှာမရှိ။ ဒီတော့ ထားတတ်တဲ့နေရာမှန်သမျှ လိုက်ရှာနေတယ်။ ကျွန်တော်ကလည်း ထမင်းချိုင့်လေးဆွဲပြီး စောင့်နေတယ်။ ဒေါင်းတောက်အောင် ရှာသော်လည်း ဘယ်မှာမှမတွေ့ ။ ဌာနအကြီးအကဲဖြစ်တဲ့ ဆရာ ဦးကျော်အောင် (စာရေးဆရာ ကျော်အောင်)က ဆရာမိုးကို တစ်ခါတစ်ရံ ချစ်စနိုးနဲ့ စလေ့ နောက်လေ့ ရှိတယ်။ ဒီတစ်ခါလည်း ဦးကျော်အောင် စနောက်ထားတာလို့ထင်ပြီး မေးတယ်။ ဦးကျော်အောင်က ပြုံးပြုံး၊ ပြုံးပြုံးနဲ့ မယူတဲ့အကြောင်း ခပ်တည်တည်ပြန်ပြော တော့ သောကြာဝိုင်းကလည်း အချိန်နောက်ကျနေတော့ စိတ်နည်းနည်းတိုလာတယ်။ ထီးက ဘယ်လိုမှ ရှာမရ၊ မေးမရတော့ စိတ်တိုပြီး ထိုင်နေတဲ့ ကုလားထိုင်ကြီးကို မတဲ့ပြီး စားပွဲကို ဝုန်းခနဲထုရိုက်လိုက်တယ်။ ဆရာမိုး ဒေါသအရှိန် ဘယ်လောက် ပြင်းတယ်တော့မသိ၊ ငါးထပ်သားစားပွဲ မျက်နှာပြင်ကြီး ကုလားထိုင်ခြေထောက်စာ မိပြီး အပေါက်ကြီးဖြစ်သွားတယ်။ ငါးထပ်သားကိုတောင် ပေါက်အောင် ဆောင် လိုက်တဲ့ဒဏ် ဘယ်လောက်ပြင်းထန်သလဲဆိုတာ ခန့်မှန်းကြည့်ကြပေတော့။ အဲဒီ ငါးထပ်သားစားပွဲပေါက်ကြီး တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှာ ရှိလေရဲ့။
ဝုန်း ဆိုတဲ့အသံကြားတော့ ဆရာဦးကျော်အောင်နဲ့ တကွ ရုံးသူ ရုံးသားတွေ ရော လာကြည့်ကြတယ်။ ဆရာမိုးဟာ ရှက်လည်းရှက်၊ ဒေါသအရှိန်မသေသေးဘဲ လက်သီးဆုပ်ပြီး ထမင်းချိုင့်ဆွဲကာ သောကြာဝိုင်းသို့ ကျွန်တော်တို့နှစ်ယောက်သား ချီတက်ခဲ့ကြပါတော့တယ်။ လမ်းမှာလည်း စကားတစ်ခွန်းမျှမပြောနိုင်၊ ကြိတ်မနိုင် ခဲမရ ရှက်လည်းရှက် ဒေါသလည်းထွက်နဲ့ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ ဦးနီ+ဒေါ်ကြည် တို့ဆိုင်ထဲ ဝင်ခဲ့ပါတော့တယ်။
#ဆက်ရန်ရှိ