48 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ဂျာမနီ ဆက်လက်ပံ့ပိုးကူညီမည်

မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အတွက်ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ကြေညာထားသည်။

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဂျာမနီအနေဖြင့် ကုလသမဂ္ဂဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၉၄ သန်းကို ၂၀၂၅ ခုနှစ်အတွက် အပြည့်အဝ ထည့်ဝင်ခဲ့ပြီးဖြစ်ကာကုလသမဂ္ဂက ၎င်းတို့၏ လုပ်ငန်း လုပ်ငန်းများအား ပြည့်ဝစွာလုပ်ဆောင်ရန် ရည်ရွယ် ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ ရန်ပုံငွေများအတွက် ၂ဝ၂၄ ၄ ခုနှစ်တွင် ဂျာမနီနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တိုက်ရိုက်ထည့်ဝင်ခဲ့ပြီး ၎င်းတို့ အနက်မှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကို မြန် မြန်မာလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းကြောင့် ဂျာမနီသည် ဆွီဒင်နိုင်ငံနှင့်အတူ ၂ဝ၂၄ ခုနှစ်တွင် MHF အတွက် ပံ့ပိုးပေးသည့် ဒုတိယအကြီးဆုံးထည့်ဝင်သူ ဖြစ်လာခဲ့ပြီး ၂ဝ၂၅ ခုနှစ် တွင်လည်း ဂျာမနီသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

image
48 w - Translate

ဟိုတယ်လုပ်ငန်းသုံး စကားလုံး-(၁၀၀)

Hotel - ဟိုတယ်
Reservation - ကြိုတင်စာရင်းသွင်းခြင်း
Check-in - ဝင်ရောက်ခြင်း
Check-out - ထွက်ခွာခြင်း
Room - အခန်း
Lobby - ဧည့်ခန်း
Reception - ဧည့်ကြိုကောင်တာ
Key card - သော့ကတ်ပြား
Bellboy - အထုပ်အပိုးသယ်ဝန်ထမ်း
Luggage - ခရီးဆောင်အိတ်
Concierge - ဟိုတယ်ဧည့်ဝန်ဆောင်မှုအရာရှိ
Room service - အခန်းဝန်ဆောင်မှု
Housekeeping - အခန်းရှင်းလင်းရေးဌာန
Bed - ကုတင်
Pillow - ခေါင်းအုံး
Blanket - စောင်
Towel - မျက်နှာသုတ်ပဝါ
Bathroom - ရေချိုးခန်း
Shower - ရေပန်း
Bathtub - ရေချိုးကန်
Toilet - အိမ်သာ
Soap - ဆပ်ပြာ
Shampoo - ခေါင်းလျှော်ရည်
Hairdryer - ဆံပင်အခြောက်ခံစက်
Mini-bar - သေးငယ်သောအရက်ဘား
Refrigerator - ရခေဲသတ်ေတာ
Television - တီဗီ
Remote control - အဝေးထိန်းခလုတ်
Air conditioner - လေအေးပေးစက်
Safe - သံသတျတော
Wi-Fi - ဝိုင်ဖိုင်
Password - စကားဝှက်
Restaurant - စားသောက်ဆိုင်
Breakfast - နံနက်စာ
Lunch - နေ့လည်စာ
Dinner - ညစာ
Menu - စားဖိုမီနူး
Swimming pool - ရေကူးကန်
Gym - အားကစားခန်းမ
Spa - စပါ
Massage - အနှိပ်ခန်း
Sauna - ရေနွေးငွေ့ခန်း
Conference room - အစည်းအဝေးခန်းမ
Business center - စီးပွားရေးစင်တာ
Elevator - ဓာတ်လှေကား
Stairs - လှေကားထစ်
Emergency exit - အရေးပေါ်ထွက်ပေါက်
Fire extinguisher - မီးသတ်ဘူး
Parking - ကားရပ်နားရန်နေရာ
Valet - ကားရပ်ပေးသော ဝန်ထမ်း
Shuttle - ပုံမှန်ဝန်ဆောင်မှုကား
Airport transfer - လေဆိပ်ပို့ဆောင်ရေး
City tour - မြို့လှည့်ခရီးစဉ်
Currency exchange - ငွေလဲလှယ်ရေး
Credit card - ခရက်ဒစ်ကတ်
Cash - ငွေသား
Bill - ငွေတောင်းခံလွှာ
Tip - ဆုငွေ
Single room - တစ်ဦးအိပ်အခန်း
Double room - နှစ်ဦးအိပ်အခန်း
Twin room - အိပ်ယာနှစ်လုံးပါအခန်း
Suite - ဆွတ်အခန်း
Balcony - ကူးတို့ပြတင်းပေါက်
View - မြင်ကွင်း
Ocean view - ပင်လယ်မြင်ကွင်း
City view - မြို့မြင်ကွင်း
Mountain view - တောင်တန်းမြင်ကွင်း
Do Not Disturb - အနှောင့်အယှက်မပေးပါနှင့်
Please Clean Room - အခန်းသန့်ရှင်းပေးပါ
Laundry service - အဝတ်လျှော်ဝန်ဆောင်မှု
Iron - မီးပူ
Ironing board - မီးပူတိုက်စင်
Wake-up call - နှိုးဆော်ခေါ်ဆိုမှု
Late check-out - နောက်ကျထွက်ခွာခြင်း
Early check-in - စောစောဝင်ရောက်ခြင်း
Deposit - စပေါ်ငွေ
Refund - ငွေပြန်အမ်းခြင်း
Complimentary - အခမဲ့
All-inclusive - အားလုံးပါဝင်သော
Buffet - ဗူဖေးထမင်းစားပွဲ
Room rate - အခန်းခ
Discount - လျှော့စျေး
Vacancy - အခန်းလွတ်
No vacancy - အခန်းမလွတ်
Fully booked - အခန်းအားလုံးစာရင်းသွင်းပြီး
Booking confirmation - အခန်းငှားအတည်ပြုချက်
Cancellation - ပယ်ဖျက်ခြင်း
Extension - သက်တမ်းတိုးခြင်း
Upgrade - အဆင့်မြှင့်တင်ခြင်း
Downgrade - အဆင့်လျှော့ချခြင်း
Adjoining rooms - ဆက်စပ်အခန်းများ
Non-smoking room - ဆေးလိပ်မသောက်ရအခန်း
Smoking room - ဆေးလိပ်သောက်ခွင့်ရှိအခန်း
Floor - အလွှာ
Room number - အခန်းနံပါတ်
Guest - ဧည့်သည်
VIP - အထူးဧည့်သည်
Loyalty program - သစ္စာရှိဖောက်သည်အစီအစဉ်
Complaint - တိုင်တန်းချက်
Feedback - အကြံပြုချက်

#englisheverywhere

48 w - Translate

ဗာဆိုင်းနန်းတော်ရောက်မြန်မာဘုရင့်သံအဖွဲ့ (1872)

#myanmarhistorical

image
48 w - Translate

အားကျရလောက်အောင် ချစ်ပြနေတဲ့ အကိုတွေရဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည်ကိုဆုတောင်းပေးခဲ့တဲ့ ဖွေးဖွေး 🥰

သူမရဲ့ အကိုအရင်းတွေလို ချစ်ခင်ကြရတဲ့သူတွေဖြစ်ပါတယ်။ ဒီဇိုင်နာ ငြိမ်းကိုနဲ့ ဒေါက်တာအောင်သီဟတို့ဟာ ချစ်သူသက်တမ်း ၁၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ချစ်ခင်ရတဲ့ ချစ်သူကို နှင်းဆီပန်း၊ ဘောလုံးပေါင်းမြောက်မြားစွာနဲ့ အားကျရလောက်အောင် Surprise လုပ်ခဲ့ပါသေးတယ်။

#celenews

image
48 w - Translate

Aries ♈️, Pisces ♓️, Cancer ♋️, Libra ♎️, Leo ♌️, Capricorn ♑️,Virgo ♍️

ဒီ zodiac တွေကတော့ စိုးရိမ်စိတ်ကြီးမားတဲ့ရာသီခွင်တွေဖြစ်ပါတယ်ရှင့်။ဘလိုမျိုးလေးစိုးရိမ်လဲပြောပြမယ်နော်။သူတို့က လူတယောက်ကိုအတည်တကျနဲ့ချစ် အတည်တကျ တွဲပြီး ပြတ်သွားမှာတအားစိူးရိမ်ပါတယ်တဲ့။အဲ့ဒါကြောင့်သူတို့က တစုံတယောက်ကို ရည်းစားလဲမရသွားစေချင် ပြန်လဲ မတွဲနိုင် မပက်သက်ပြန်ဘူးလဲမဟုတ်တဲ့ ဝေခွဲမရတဲ့မြေပဲမတွေ မြေပဲထီးတွေဖြစ်ကြပါတယ်။🥲

သူတို့ရဲ့စိတ်မှာရည်းစားဆို ပြတ်သွားရင်ဘလိုလုပ်မလဲမတွဲချင်ဘူးဆိုပြီး မောင်နှမဇုန်မှာ၁၀ယောက်ဖရန့်ဇုန်မှာ၁၀ယောက်ဂျက်ဖရန့်မှာအယောက်၂၀နဲ့ ရည်းစားတော့မရှိပေမဲ့ အနဲဆုံး အခြွေရံ ၄၀နဲ့နေတတ်ကြပါတယ်။အရမ်းစိုးရိမ်တတ်လို့ပါ”)

#lunatarot

image

ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နစက ဥက္ကဌ မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ သွားရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်သည် ၁၀ ရက်ကြာမြင့်မည်ဖြစ်ပြီး
မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။


နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် ဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါ အဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
48 w - Translate

Capricorn ♑️, Virgo ♍️, Sagittarius ♐️ , Aries ♈️, Libra ♎️,Pisces ♓️, Cancer ♋️

ညဏ်ကြီးရှင် zodiac သူများတွေကို သူတို့ထက် ညဏ်ရည် တဆင့်နိမ့်တယ်ထင်နေတာမျိုးပေါ့🥹။

သူတို့ကိုယ်တိုင်လဲ အပြောခံရမှာစိုးလို့နောက်ကွယ်မှာကြိတ်ကြိုးစားတတ်တဲ့ signs တွေလေ။brain level မတူလို့အမြဲပဲခေါင်းကိုက်ရတယ်တို့ဘာတို့ တွေးနေတာမျိူးပေါ့🥲။ဆျာရီးလုပ်ချင်လို့စာဖတ်တယ်ဆိုတာဒီကောင်တွေပဲ”)

#lunatarot

image

MMQR စနစ်ဖြင့် ငွေပေးချေမည်၊ အွန်လိုင်းလိမ်လည်မှုမဖြစ်ဖို့ ကြီးကြပ်ရန် ပြော

ဖေဖော်ဝါရီ ၂၈

အွန်လိုင်ငွေပေးချေမှုကို မြန်မာကြူအာ(MMQR)စနစ်ဖြင့် ငွေပေးချေမည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင် အသုံးပြုခြင်း အခမ်းအနားသို့ တက်ရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကြူအာကုတ်စနစ်၊ မြန်မာကြူအာ(MMQR) ကို နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မိမိတို့နိုင်ငံတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့်အတွက် နိုင်ငံတကာနှင့်ချိတ်ဆက် ဆောင်ရွက်ရသည့် ငွေရေးကြေး ရေး ဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံ များနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် စီးပွားရေး အဆောက်အအုံ ဖွံ့ဖြိုးလာ ရန်အတွက် တွန်းအားပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည့်နှင့်အတူ တွန်းအား ပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာတိုးတက်လာသည့်နှင့်အတူ ယခုကဲ့သို့ စနစ်တကျ အဆင်ပြေ ချောမွေ့အောင် စီမံဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ တစ်ဘက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျ စောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန်လည်း လိုအပ်မည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကျားဖြန့်ဟု ခေါ်သည့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ အခြေစိုက်၍ နိုင်ငံတကာသို့ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။

ထို့နောက် နိုင်ငံတော်ကနေ အွန်လိုင်းငွေလိမ်လည်ဂိုဏ်း (ကျားဖြန့်)နှိမ်နင်းရေးကို တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံ ပူးပေါင်း၍ ဆောင်ရွက်နေရသည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကြား ဒစ်ဂျစ်တယ်ငွေကြေး လွှဲပြောင်းမှု ဝန်ဆောင်ခြင်း လုပ်ငန်းများအပေါ် စိုးရိမ် စိတ်များ ဖြစ်ပေါ်နေသည်။

ယခု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မိတ်ဆက်လာသည့် MMQR စနစ်ကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များအသီးသီး ဖြင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

MMQR စနစ် မိတ်ဆက်ခြင်း အခမ်းအနားသို့ AYA Bank သူဋ္ဌေး ဦးဇော်ဇော်၊ CB Bank သူဋ္ဌေး ဦးခင်မောင်အေး၊ A Bank သူဋ္ဌေး ဦးဇော်ဝင်းရှိန်တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

#သတင်းဟင်းလေးအိုးကြီး

image

ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

 ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်လာခဲ့သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံခြင်း၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆွေးနွေးခြင်းများအပါအဝင် ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဟု ဆိုထားသည်။

ထို့ပြင် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

#centralnewsnaypyitaw

image

မြီးရှည် (၉ ပွဲ)
မြို့အစွဲမရှိတဲ့ မြီးရှည်

လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်. 😀 ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ်ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ။ မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံးကြပါတယ်။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ

နန်းလတ်မုန့်တီဖတ် 1 cup (250 ml)ခန့်
ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရေနွေးဖျောထားသော ပဲပင်ပေါက် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ကော်ရည် ထမင်းစားဇွန်း ၂ ဇွန်းခန့်
နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
ဆီတိုဟူးကြော် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
ပဲငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ ချင့်ချိန်ထည့်ပေးပါ
ပဲငံပြာရည် အကျဲ (thin soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ထမင်းစားဇွန်း တစ်ဝက်ခန့် (ဆီ နှင့် နှမ်းများသာ ထည့်ရမည်)
ပါးပါးလှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း တစ်ဝက်ခန့်
ဝက်သားပြုတ်ရည် ထမင်းစားဇွန်း တစ်ဝက်ခန့်

လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်.

ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက ဒီ link ထဲက အတိုင်း ၅ ရက်ခန့် စောပြီး ကြိုတင်လုပ်ထားပါ။

ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ ((ကျွန်မ သုံးသည့် ဆီတိုဟူးဗူးမှာတော့ ရေအတော်လေးပါ၍ ကျွန်မက ရေထပ်မထည့်ပဲ ကြော်ပါတယ်။)

နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ 3/4 cup (180 ml) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) ၅ ပွင့်၊ နှမ်းဖြူ အစိမ်း ထမင်းစားဇွန်း ၅ ဇွန်း ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပါ။

နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။ (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)

ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သား ၅၀ ကျပ်သား (769 g ) ခန့် ကို ကြိုက်နှစ်သက်သလို လှီးထားပါ။ ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။

ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။

ငရုတ်သီးအကြမ်းမှုန့်ကြော် အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။
ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။
ကြက်သွန်ပင် ပါးပါးလှီးထားပါ။
နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။

ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။

အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd.

image