48 w - Translate

# ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။

# ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။

# ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။

# ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။

# ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ
သိခွင့်ရခဲ့တယ်။

# ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း
နားလည်ခဲ့ရတယ်။

# ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ်

#စိတ်ခွန်အား
#စာပေ

image

Me : အမေ့ကိုပြောစရာရှိတယ် ဘယ်သူမှမပြောနဲ့နော်
My mom the next day :

image
48 w - Translate

ကန္တာရနှင်းဆီ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
(Socotra Desert Rose) လို့ခေါ်တဲ့ ဆိုကိုထရာ ကန္တာရနှင်းဆီ ဟာ ယီမင်နိုင်ငံရဲ့ ဆိုကိုထရာကျွန်းမှာပဲ တွေ့ရတက်တဲ့ အလွန်ရှားပါးလှတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

image
48 w - Translate

(၁.၃.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၆၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၀၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၁၀ ကျပ်(ဝယ်)၊ ၄၄၆၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၃၀ ကျပ်
Octane 95 - ၃၂၈၀ ကျပ်
Premium Diesel - ၃၄၁၀ ကျပ်
Diesel - ၂၇၆၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#news
#mmdbn

image

" လူမှားပြီး ချစ်မိတာတဲ့ မှားပြီး အချစ်ခံရတာတဲ့ "

ရေတွင်းပျက်ကြီးနားက သိပ်လှပြီး တခြားအပင်တွေထက် စောပြီးပွင့်တဲ့ ကံ့ကော်ပင်ကြီးတစ်ပင် ။ ကံ့ကော်ပင်ကြီးနဲ့ယှဥ်တွဲပြီး ခံစားရမှာတော့ နုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ ခံစားချက်တွေ ။

အဆော့သန်တဲ့ ကောင်လေးကြောင့် သရဲရှိပါတယ်ဆိုပြီး နာမည်ကြီးခဲ့ရတဲ့ ကံ့ကော်ပင်ကြီး ။ ရပ်ကွက်ထဲက စကားဖွာကြတဲ့သူတွေကြောင့် ရေတွင်းထဲမှာ နဂါးရှိပါတယ်ဆိုပြီး သတင်းကြီးသွားခဲ့တဲ့ ရေတွင်းပျက်ကြီး ။

သူငယ်ချင်းခြောက်ယောက်ရဲ့ ငယ်ဘဝဇာတ်လမ်းကို ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ် ။ကျောင်းသားဘဝရဲ့ လွတ်လပ်မှုတွေ ပျော်ရွှင်မှုတွေ ဗရုတ်ကျမှုတွေကို ပြန်ခံစားရပြီး လွမ်းဆွတ်ခဲ့ရတယ် ။

ကိုယ်ကြိတ်ပြီးသဘောကျနေတဲ့သူအတွက်
ကျောင်းစာတွေ ဝိုင်းကူးပေးရတာဟာလည်း ဆယ်ကျော်သက်ဘဝမှာ ရင်ခုန်ပျော်ရွှင်ခဲ့ရတဲ့ အလုပ်တစ်ခုပဲမဟုတ်လား ။

ကဗျာတွေဝါသနာပါတဲ့ စိုးချစ်ဆိုတဲ့ ကောင်ကလေးကို ကြိတ်ပြီး ချစ်ခဲ့ရတဲ့ သိပ်မလှတဲ့ ကောင်မလေး ခင်မေတင့်

သူတို့နှစ်ဦးကြားထဲ အချစ်ဆိုတဲ့အရာ
ဝင်ရောက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်ကြမှာလဲ ။

ကံ့ကော်ဦးတစ်ပွင့်နဲ့ ရှုပ်ထွေးသွားခဲ့တဲ့ နုပျိုတဲ့
အချစ်တစ်ခု ။ ရင်ခုန်သံတစ်ပုဒ် ။

ရင်ခုန်စိတ်ကစားတတ်စအရွယ်မှာ လူတိုင်းကြုံခဲ့
ရတဲ့ အချစ်ဆိုတဲ့အရာအကြောင်းကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေပါအောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပေါ့ ။

မှားပြီး အချစ်ခံရတဲ့ ကောင်မလေး နဲ့
ဟန်ဆောင်ပြီး ချစ်လိုက်ရတဲ့ ကောင်ကလေးမှာ
ဘယ်သူ့ကို သနားကြမှာလဲ ။

" ကံ့ကော်ပွင့်တွေ မပွင့်နိုင်တော့တာနဲ့ပဲ အချစ်တွေ ပြန်လည် မရှင်သန်နိုင်တော့ဘူးလို့ ယူဆနေသလားဟင် "

#ကံ့ကော်နီ #မင်းလူ

image
48 w - Translate

▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."crd

image
48 w - Translate

Animal World တစ်ခုမွာ ဇာတ်အိမ်တည်ထားတဲ့ဂျာမနီထုတ်ကာတွန်းကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Rabbit SCHOOL (2017)

မက်စ်ဆိုတဲ့ သူခိုးတေလေ ယုန်ကလေးတစ်ကောင်ဟာအီစတာ ယုန်တို့ရဲ့ ကျောင်းကလေးထဲကို ရောက်သွားပါတယ်။

မက်စ်ဟာ ပဟေဋ္ဌိဆန်လွန်းတဲ့ မဒမ် ဟာမီအွန်းနဲ့ ယုန်မလေး အမ်မီတို့ရဲ့ အကူအညီနဲ့ အီစတာယုန်လေးတွေရဲ့ လျှို့ဝှက်ပညာတွေကို ဆည်းပူးခဲ့ပါတယ်။

ဒီနောက် အီစတာ ယုန်လေးတွေရဲ့ရန်သူ ညဏ်မ်ားတဲ့မြေခွေးမိသားစုနဲ့ မက်စ် ရင်ဆိုင်ရပြီး သူ့ စွမ်းရည်နဲ့ ဘယ်လ်ို ရင်ဆိုင်မလဲဆ်ိုတာနဲ့

Friendship ဆိုတာဘာလဲဆိုတာ..

သူ ဘယ်လို နားလည်ခဲ့လဲ မြင်ကြရမှာပါ။

ဒီဂျာမနီထုတ် အန်နီမေးရှင်းကားလေးရဲ့ဇာတ်ကောင်ယုန်ကလေးတွေဟာ ကာတွန်းကားတွေထဲ တွေ့ဖူးနေကြ ယုန်တွေနဲ့ကွဲထွက်ပါတယ်။

🐱🐶 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🐶🐱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1524

image
48 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာလုပ်သားများ တရားဝင်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုဖြင့် ဂျပန်ကုမ္ပဏီများကမ်းလှမ်းထား

မြန်မာလုပ်သားများအား တရားဝင်ခေါ်ယူရန် ဂျပန်ကုမ္ပဏီများမှ အလုပ်ကမ်းလှမ်းစာ ၃၆၉ ခုဖြင့်ကမ်းလှမ်းထားကြောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။

Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်အထိ လက်ခံရရှိပြီး စိစစ်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ဂျပန်ကုမ္ပဏီ ၃၂၅ ခုက မြန်မာလုပ်သား ၁၁ဝဝ ကျော် ခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာ ပေးပို့ခဲ့ပြီးတိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီး ဌာနမှပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့်စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်းရှိ မရှိ၊ စာရွက်စာတမ်းအထောက်အထားများအား စိစစ်ပြီးတွေ့ရှိရ သည့် စိစစ်တွေ့ရှိချက်၊ သဘောထား မှတ်ချက်တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့နေကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်ကလည်း ဂျပန်ကုမ္ပဏီ ၄၅ဝ ကျော်တို့က မြန်မာအလုပ်သမား အမျိုးသား ၃၁ဝ ကျော်၊ အမျိုးသမီး ၁၁ဝဝ ကျော် စုစုပေါင်း အလုပ်သမားဦးရေ ၁၅၀၀ ကျော်ခေါ်ယူရန် အလုပ်ကမ်းလှမ်းစာပေးပို့ခဲ့ကြောင်း သိရသည်။

image
48 w - Translate

The Soul Reaper (2023)

နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။

Review/Rating ပြောစရာမလိုအောင် ကောင်းကောင်းရရှိထားပြီး ကြည့်ရှုသူတွေအကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားမို့ လက်မလွှတ်ပဲ ကြည့်ရှုလိုက်ကြပါအုန်း။

image

"ပြောင်းပြန်ဖြစ်လို့နေတယ်"
_______________________________
ဗျသနတရား(၅)ပါးထဲမှာ…
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးနဲ့
ငရဲကျစေနိုင်တဲ့ ဗျသနတရား(၂)ပါးရှိတယ်။
ငရဲမကျစေနိုင်တဲ့ ဗျသနတရား(၃)ပါးက
- ဥာတိဗျသန (ဆွေမျိုး ပျက်စီးခြင်း)
- ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း)
- ရောဂဗျသန(ကျန်းမာရေး ပျက်စီးခြင်း)
အဲ့ဒီဗျသနတရား(၃)ပါးကတော့
ငရဲသို့ မကျရောက်စေနိုင်ပါဘူး။
ငရဲကျစေနိုင်တဲ့ဗျသနတရား(၂)ပါးက
- သီလဗျသန(ကိုယ်ကျင့်သီလ ပျက်စီးခြင်း)
- ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း)
ထိုဗျသနတရား(၂)ပါး ပျက်စီးပြီဆိုရင်တော့
ငရဲသို့ ကျရောက်စေနိုင်တယ်…။
စဉ်းစားကြည့်မယ်ဆိုရင်…
လောကကြီးက ပြောင်းပြန်ဖြစ်လို့နေတယ်။
ဘယ်လိုပြောင်းပြန်ဖြစ်နေလဲဆိုရင်
လောကမှာ အမေသေလို့၊ အဖေသေလို့၊
စီးပွားပျက်လို့၊ ရောဂါစွဲလို့ဆိုပြီး ငိုကြတယ်။
သီလပျက်လို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
အယူဝါဒပျက်ယွင်းလို့ဆိုပြီးတော့…
ငိုကြတဲ့ပုဂ္ဂိုလ် မရှိဘူး။
ဒီလိုဖြစ်နေတယ်နော်…။
အရေးကြီးတာ မကြီးဘဲ
အရေးမကြီးတာ သွားပြီးတော့
အရေးကြီးနေပုံပြောပါတယ်…။
ဒါကြောင့်မို့…
တရားနာပရိတ်သတ်များ မှတ်သားရမှာက
ဥာတိဗျသန - ဆွေမျိုးတွေပျက်စီးပြီးတော့
လောကကြီးထဲမှာ တစ်ကောင်ကြွက်
တစ်မျက်နှာနဲ့ နေရတာဟာ
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ အယူဝါဒပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာဖြစ်တယ်လို့
ဒီလိုသဘောပေါက်ရမယ်နာ်…။
ဘောဂဗျသန - စီးပွားပျက်တာဟာလည်း
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူးနော်။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာ။
ရောဂဗျသန - ရောဂါကြီးတွေစွဲတာက
ရှက်စရာ၊ အားငယ်စရာမဟုတ်ဘူး။
သီလပျက်တာ၊ ဒိဋ္ဌိပျက်တာကမှ
ရှက်စရာ၊ အားငယ်စရာနော်…။
ဒါကြောင့်…
ငရဲကိုကျရောက်စေနိုင်တဲ့
သီလဗျသနနဲ့ ဒိဋ္ဌိဗျသနတရား(၂)ပါး
မဖြစ်အောင် အထူးကြိုးစားရမယ်နော်…။
ဘဒ္ဒန္တ အဘိဇာတာလင်္ကာရာဘိဝံသ
(စစ်ကိုင်းတိပိဋကဆရာတော်)
( စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ ဟောကြားတော်မူခဲ့သော-
“ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း”တရားတော်မှ)
(တရားစာသား​အားမူလရေးသားတင်လှူပူ​ဇော်သူအား credit ​​ပေးပါသည်)
#photocrd
#ပျက်စီးခြင်းနှင့်ပြည့်စုံခြင်း
#ဘဒ္ဒန္တအဘိဇာတာလင်္ကာရာဘိဝံသ
#စစ်ကိုင်းတိပိဋကဆရာတော်

image