Supernatural မှာ Sam Winchester က အဓိကဇာတ်ကောင်လား


ဒီကနေ့မှာတော့ Supernatural ဟာ Winchester ညီနောင်ထဲက Sam ကို အဓိကဦးတည်ထားတယ်ဆိုတာကိုပြသမယ့် အကြောင်းအရာတချို့ကို ကောက်နှုတ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
Supernatural ရဲ့ ပထမဆုံးအပိုင်းကနေ Season 5 အထိ ဇာတ်လမ်းတစ်ခုလုံးဟာ Sam Winchester ရဲ့ ရုန်းကန်ကြိုးစားရမှုတွေ၊ Sam ရဲ့ ရည်းစားအသတ်ခံရတာကနေ Sam ဟာ Yellow Eyes Demon ရဲ့ လက်ရွေးစင်အဖြစ်သတ်မှတ်ခံရပုံတွေ၊ Sam ရဲ့ ရှုထောင့်ကို ပိုမိုအသားပေးပြသမှုတွေကိုပဲတွေ့ခဲ့ရပါတယ်။ (သို့ပေမယ့် Season 4 နဲ့ Season 9 တွေမှာ Dean Winchester ကိုပဲ အဓိကဦးစားပေးကာ Sam ကို အရန်သဘောမျိုးအသုံးပြုထားတာကိုလည်း သတိထားဖို့လိုပါတယ်)
Sam နဲ့ Dean ကို လေ့လာကြည့်တဲ့အခါမှာ Sam တစ်ခုခုကြုံရတိုင်း Dean က Sam အတွက်ရှိနေပေးသလို Sam ကလည်း Dean အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့် ညီကောင်းတစ်ယောက်ဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာတစ်ခုလုံးရဲ့အရေးကိစ္စနဲ့ မိသားစုအရေးယှဥ်လာတဲ့အခါမှာ Dean က မိသားစုကိုပိုမိုဦးစားပေးထားတာကိုတွေ့ရပေမယ့် Sam ကတော့ ဟီးရိုးတစ်ယောက်ရှိသင့်တဲ့အချက်အလက်တွေနဲ့ ပိုမိုကိုက်ညီနေတာကိုတွေ့ရပါတယ်။ (သို့ပေမယ့် မတူညီတဲ့ရှုထောင့်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ Dean ဟာ Sam ထက် ပိုပြီးရင့်ကျက်သလို မိသားစုကိုတန်ဖိုးထားတဲ့အစ်ကိုကြီးအနေနဲ့တွေ့ရပါတယ်)
သိသာတဲ့အချက်တစ်ခုကတော့ Dean ရဲ့ ဇာတ်ကောင်စရိုက် ဟာ Supernatural တစ်လျှောက်လုံးမှာ ပုံစံမပျက် တွေ့ရပေမယ့် Sam ကတော့ Season ကြာလာလေလေ ပြောင်းလဲမှုတွေပိုမိုဖြစ်ပေါ်လာလေလေဖြစ်လာပြီး အတွေ့အကြုံရင့်ကျက်ထက်သန်လာတာကိုတွေ့ရပါတယ်။
Apocalypsed World က လူတွေကိုခေါ်လာပြီး hunter ကွန်ယက်တစ်ခု တည်ဆောက်တဲ့အခါမှာလည်း Sam ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ စီမံခန့်ခွဲနိုင်တာကိုပြခဲ့တာကလည်း Sam ဟာ အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
အဓိပ္ပါယ်မရှိတဲ့အမြင်ကနေကြည့်ရှုသုံးသပ်မယ်ဆိုရင် Final Season မှာ Sam ဟာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့တာကလည်း Sam ကို အဓိကဇာတ်ကောင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်နည်းနဲ့ပြသခဲ့တယ်လို့မှတ်ယူပါတယ်။
မည်သို့ပင်ဆိုစေကာမူ Supernatural ပရိသတ်တစ်ယောက်ရဲ့အမြင်မှာ Supernatural မှာ Sam ရော၊ Dean ဟာ အဓိကဇာတ်ကောင်တွေဖြစ်ကြပြီး ညီအစ်ကိုသံယောစဥ်ရဲ့စစ်မှန်မှုနဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ် အမြဲမှတ်ယူထားပါတယ်။

image

ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ပြောရမယ့် Lisa
ဖေဖော်ဝါရီ ၊ ၂၈၊ ၂၀၂၅
HBO Max ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်တဲ့ The White Lotus Season 3 ကတော့ ဇာတ်လမ်းအစမှာတင် စိတ်ဝင်စားဖို့ ကောင်းအောင်လုပ်ထားလို့ အားရနေတယ်လို့ပြောလို့ရပါတယ်။
The White Lotus က Newtopia လို Lisa ကိုပဲ ပြစားနေတဲ့ ဇာတ်လမ်းမဟုတ်ဘူးလို့တော့မြင်တယ်။ Lisa ကိုပြသင့်သလောက်ပြထားတယ် တစ်ခန်းနှစ်ခန်းလောက်ပေမယ့် သူပါတဲ့အခန်းတင်မဟုတ်ဘူး တခြား Cast တွေရဲ့ အလွဲတွေနဲ့တင်ကြည့်ရတာ ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်။ ပြောရရင် ဇာတ်လမ်းအစမှာတင်ပျင်းစရာကောင်းတယ်လို့ကို မခံစားရတာပါ။
ဒီဇာတ်လမ်းမှာ Lisa က တခြား သရုပ်ဆောင်လုပ်နေကြတဲ့ Blackpink Member Jennie Kim နဲ့ Jisoo ထက်ကို Character ရွေးချယ်မှုပိုင်းမှာ မှန်ကန်ခဲ့တယ်လို့ သတ်မှတ်ရပါမယ်။
The White Lotus Season 3 မှာ Lisa ကို Side Character သဘောမျိုးကိုမှ သူ့ကို Target သိပ်မလုပ်ပဲ Hotel လာတည်းတဲ့ မိသားစုတွေကို Target ဖြစ်အောင်လုပ်ထားပါတယ်။ အဓိကကတော့ Lisa ဆိုတဲ့ ပုံရိပ်ကို ချိုးထားပြီး ဟိုတယ်ဝန်ထမ်း Mook ဆိုတာကို ပေါ်အောင်လုပ်ထားတာတော့ သဘောကျပါတယ်။
ဒီလိုချိုးထားတာလည်း တစ်ခုကောင်းပါတယ်၊ Main Lead အနေနဲ့ပွဲထွက်လာမယ်ဆိုရင် သရုပ်ဆောင် Skill တွေကြောင့်ရော ဇာတ်လမ်းကြောင့်တွေပါ Jisoo လိုမျိုး ပြောစရာတွေဖြစ်လာမှာမို့လို့ Side Character နဲ့ ခြေလှမ်းအသစ်ကို စထားတာက ပိုပြီးကောင်းပါတယ်။
ပြီးတော့ Lisa က သူ့နေရာ၊ သူ့ဒေသဖြစ်တဲ့အတွက် သရုပ်ဆောင်မှုပိုင်းနဲ့ စကားပြောရာတွေမှာ သာမာန်ထက် ပိုလွတ်လပ်နေသလိုဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကလည်း အားသာချက်ပါပဲ။
တခြား Character တွေမှာဆိုရင်လည်း Lisa တာဝန်ယူရတဲ့ အတွဲတစ်တွဲကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Lisa တို့ ဟိုတယ်ပိုင်ရှင်နဲ့ ဒီ အတွဲ ဘယ်လိုတွေပတ်သက်လည်းဆိုတာကိုပါ Twist အနေနဲ့ထားခဲ့ပါသေးတယ်။
တစ်ခုသဘောကျတာက ထိုင်းတွေပါ။ ထိုင်းတွေက အခုဆိုရင် သူတို့ရဲ့ ဒေသနဲ့ ကျွန်းတွေကို ဇာတ်လမ်းတွေမှာ Promote လုပ်ပြီး ရိုးရာ၊ ယဥ်ကျေးမှုတွေကို နိုင်ငံတကာက ပိုသိအောင်လုပ်ထားတာကိုတော့ ချီးကျူးရမယ်။ ပြောရရင်တော့ ထိုင်းက မြန်မာနိုင်ငံထက် အများကြီးတိုးတက်သွားတာတော့ အမှန်ပါပဲ။
အခုဆို The White Lotus Season 3 မှာပါဝင်တဲ့ Koh Samui ကျွန်းကလည်း Phuket ပြီးရင် ဒုတိယ အကြီးဆုံး ကျွန်းလည်းဖြစ်သလို လှလည်း လှတော့ The White Lotus Season 3 ကြောင့် ခရီးသွားတွေ ပိုများလာတယ်လို့လည်း သိရပါတယ်။

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

image

The Universe ထဲက အဆိုးရွားဆုံး အလုပ်ခွင်တွေမှ ကြိုဆိုပါတယ်။ 😵😪
နောက်လထဲ ရုံစတင်ပြီ။ " Mickey 17 "

imageimage
+4
48 w - Translate

စစ္စလီကျွန်းရဲ့ သမိုင်းဝင် စပျစ်ခြံများ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရဲ့ အရှေ့တောင်ပိုင်း Noto မြို့အနီးမှာတော့ ထူးခြားလှတဲ့ သမိုင်းဝင် အဆောက်အအုံတွေနဲ့ ပြည့်နက်နေတဲ့ နေရာတစ်ခုတည်ရှိနေပါတယ်။

၎င်းကို "Palmenti of Noto" လို့ခေါ်ပြီး ရှေးခေတ်က စပျစ်သီးတွေကို ဝိုင်အဖြစ် ပြောင်းလဲဖို့အတွက် အသုံး ပြုခဲ့တဲ့ စပျစ်ခြံတွေပဲ ဖြစ်ပါတယ်။

Palmenti တွေရဲ့ ထူးခြားချက်ကတော့ မြေကြီးထဲကို တစ်စိတ်တစ်ပိုင်း တူးထားပြီး အပေါ်မှာ မြက်ခင်းတွေနဲ့ ဖုံးအုပ်ထားတဲ့ အဆောက်အအုံတွေပါ။

ဒီလို တည်ဆောက်ပုံက သဘာဝအတိုင်း အအေးခံတဲ့ စနစ်တစ်ခုလိုမျိုး အလုပ်လုပ်ပြီး စပျစ်ရည်ကို အရည် အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

ဒီ စပျစ်ခြံတွေကို ၁၇ ရာစုကနေ ၁၉ ရာစုအတွင်းမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က စစ္စလီကျွန်းဟာ ဝိုင်ထုတ်လုပ်မှုမှာ နာမည်ကြီးတဲ့ ဒေသတစ်ခုဖြစ်ပြီး Palmenti တွေကလည်း အဲဒီလုပ်ငန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

Palmenti of Noto ဟာ စစ္စလီကျွန်းရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ထင်ဟပ်ပြသတဲ့ အရေးပါတဲ့ အမွေ အနှစ်တစ်ခု ဖြစ်ပါတယ်။

ဒီနေရာဟာ စိုက်ပျိုးရေးနဲ့ ဝိုင်ထုတ်လုပ်မှုရဲ့ ဆက်စပ်မှုကို ပြသရုံသာမက ရှေးခေတ်လူတွေရဲ့ ဗိသုကာပညာနဲ့ လက်မှုပညာတွေကိုလည်း လေ့လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အရေးပါမှုကြောင့် Palmenti of Noto ကို ၂၀၀၂ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ Palmenti of Noto ဟာ စစ္စလီကျွန်းကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။

ဒီနေရာကို လာရောက်လည်ပတ်သူတွေဟာ ရှေးခေတ် စပျစ်ခြံတွေရဲ့ ထူးခြားတဲ့ ဗိသုကာလက်ရာကို ကြည့်ရှုနိုင်သလို ဒေသခံတွေရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

#knowledge

image