Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မဲဆောက်မှာ ကွန်တိုင်နာ ကားအောက်ပိုင်းကနေ ခိုး၀င်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၈) ဦး ဖမ်းဆီးခံရ
နိုဝင်ဘာ ၁၇
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့အတွက် ကွန်တိုင်နာ ကားအောက်ပိုင်းကနေ ခိုးဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၈)ဦးကို မဲဆောက်မြို့နယ်အပိုင်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနက ပြောဆိုထားပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၂) ပါဝင်ပြီး ကွန်တိုင်နာ ကားကို ထိုင်းစစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေက နိုဝင်ဘာ ၁၆ ရက်နေ့ စစ်ဆေးတဲ့ အချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ကားရဲ့ ဖရိန်တန် နဲ့ ကွန်တိုင်နာ Box ကြားမှာ သစ်သားပြားတွေနဲ့ ကာပြီး လုပ်ထားတဲ့ အခန်း နေရာအတွင်း ကနေ ဖမ်းဆီးခံရသူတွေ လိုက်ပါလာကြာတာလို့ ဆိုပါတယ်။
ယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသားများဝင်ရောက်မှုကို ကူညီပေးမှုနဲ့ ဖုံးကွယ်မှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား (၈)ဦးကိုတော့ သက်ဆိုင်ရာ ဉပဒေနဲ့အညီတရားစွဲ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
"Baby Escalade' Vistiq သည် ၎င်း၏ EV အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်လိမ့်မည်ဟု Cadillac exec များက မျှော်လင့်ထားကြသည်။"
Vistiq သည် GM ၏ Ultium EV ပလပ်ဖောင်းမှ ပံ့ပိုးထားသော လျှပ်စစ်မော်တာနှစ်လုံးဖြင့် မောင်းနှင်သည့် အရွယ်အစားပြည့် SUV ဖြစ်သည်။ Cadillac ၏ ပြောကြားချက်အရ အဆိုပါ ဇိမ်ခံခရီးသည် ခုနစ်ဦးလိုက်ပါလာသည့် ကားသည် အားအပြည့်ဖြင့် မိုင် 300 အကွာအဝေးကို ရရှိနိုင်ပြီး စပီကာ 32-စပီကာ AKG အသံစနစ်၊ အနှိပ်ခန်းထိုင်ခုံများနှင့် အလိုအလျောက်ပြန်ဆုတ်နိုင်သော ဒုတိယတန်းထိုင်ခုံများကဲ့သို့သော အပိုပစ္စည်းများပါရှိသည်။
တရုတ်အရှေ့ပိုင်း စာသင်ကျောင်းမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် ရှစ်ယောက်သေပြီး ၁၇ ယောက် ဒဏ်ရာရ
နိုဝင်ဘာ ၁၇
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ စာသင်ကျောင်းတကျောင်းပြင်ပမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူရှစ်ယောက်သေပြီး ၁၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး Wuxi Yixing Arts and Crafts Vocational and Technical College မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး တိုက်ခိုက်မှုဟာ ညနေ ၆ နာရီ မိနစ် ၃၀ ဝန်းကျင်းမှာဖြစ်ပွားခဲ့တာပါ။
သူဟာ ၂၀၂၄ ခုနှစ်အတွင်း အဲဒီကျောင်းမှာ ကျောင်းပြီးခဲ့ပြီး စာမေးပွဲအမှတ်မကောင်းတာကြောင့် ဒီပလိုမာရယူခြင်းမရှိတာနဲ့ အလုပ်သင်လစာအပေါ် မကျေမနပ်ဖြစ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ တိုက်ခိုက်မှုကို တွေဝေခြင်းမရှိ မဆိုင်းမတွကျူးလွန်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တောင်ပိုင်း ရှူဟိုင်မြို့မှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ လူ ၃၅ ယောက်သေဆုံးခဲ့ပါသေးတယ်။
ယာဉ်မောင်းအမျိုးသားဟာ ကွာရှင်းပြတ်စဲမှုအပေါ် မကျေမနပ်ဖြစ်လို့ ဝင်တိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် မေးခွန်းထုတ်မှုတွေရှိနေပြီး လူတယောက်ရဲ့ ပုဂ္ဂိလိက မကျေနပ်ချက်ကို လူ့အဖွဲ့အစည်းကို လက်စားချေတယ်ဆိုတဲ့ အပြုအမူအပေါ် တရုတ်လူမှုကွန်ရက်တွေမှာ ဆွေးနွေးငြင်းခုန်နေပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw
ကွန်တိန်နာကား အောက်မှာ ခိုလိုက်လာတဲ့ မြန်မာ ၈ ဦး မဲဆောက်မှာ အဖမ်းခံရ
နိုဝင်ဘာ ၁၇
၁၈ ဘီးကားအောက်ပိုင်းမှာ ခိုလိုက်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲမှာ ဖမ်းမိတယ်လို့ တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနကပြောပါတယ်။
ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားတဲ့ ၁၈ ဘီးကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ စစ်ဆေးချိန် အခုလို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ယာဥ်အောက်ပိုင်းမှာ ကလန့်ထိုးထားတဲ့ သစ်သားပြားတွေကို တွေ့ခဲ့လို့ စစ်ဆေးရာကနေ အဲဒီပေါ်မှာ ခိုလိုက်တာတဲ့ မြန်မာ ၈ ဦးကို တွေ့ခဲ့တာလို့လည်း တာ့ခရိုင် လဝကက ပြောပါတယ်။
အခုတော့ ထရပ်ကားမောင်းတဲ့ ထိုင်းယာဥ်မောင်းကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး နိုင်ငံခြားသား တွေကို တရားမဝင်ပြည်တင်ခွင့်ရအောင် ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ထရပ်ကားကို ရဲက သိမ်းထားလိုက်ပြီဖြစ်ပြီး မြန်မာရွှေ့ပြောင်းအမျိုးသား ၈ ဦးကိုတော့ တရားရေးကိစ္စတွေဆက်ပြီးဆောင်ရွက်နိုင်အောင် မဲဆောက်ရဲစခန်းကို လွှဲထားတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
နိုဝင်ဘာ ၁၇
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၆၂ ဒေါ်လာ
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၂၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၀၃ ကျပ်
ဝယ်ဈေး - ၂၈.၂၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၀ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၀ ကျပ်
ဝယ်ဈေး - ၅၅၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - VOM
#သတင်းဟင်းလေးအိုးကြီး
အိန္ဒိယမြောက်ပိုင်း ဆေးရုံမီးလောင်မှု မွေးကင်းစ ၁၀ ယောက်သေပြီး ၁၆ ယောက် စိုးရိမ်ရ
နိုဝင်ဘာ ၁၇
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစကလေးငယ် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမီးလောင်မှုဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဂျဟန်ဆီမြို့ရှိ ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေဟာ ကလေးငယ် ၄၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် ၁၆ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။
မဟာရာနီလတ်စ်မီဘိုင် ဆေးပညာကောလိပ်ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်မှုဟာ ဝါယာရှော့ခ်ကနေ စတင်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲဝန်းကျင်လောက်မှာ မွေးဖွားဆောင်ရဲ့ အထူးကြပ်မတ်ကုသခန်းမှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဌာနက ပြောပါတယ်။
အဆောင်အတွင်းရှိ အောက်ဆီဂျင်ဖိအားမြှင့်ရာမှာအသုံးပြုတဲ့စက်မှာ ဝါယာရှေ့ခ်စတင်ခဲ့တာလို့ ဒေသန္တရတာဝန်ရှိသူတွေက ယုံကြည့်နေပြီး ဒီဖြစ်ရပ်အတွင်း စိတ်နှလုံးထိခိုက်နာကျင်ရကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
ကလေးငယ်အလောင်း သုံးလောင်းကတော့ ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ခြင်းမရှိသေးဘူးလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ဆေးရုံရဲ့ ဘေးကင်းလုံခြုံရေးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပြန်လည်စစ်ဆေးခဲ့ပြီး ဇွန်လအတွင်းက မီးသတ်လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့တယ်လို့ ပြည်နယ် ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။
ဒီမီးလောင်မှုဟာ အိန္ဒိယနိုင်ငံမှာ ခြောက်လအတွင်း မွေးကင်းစကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ဒုတိယမြောက် ဆေးရုံမီးလောင်မှုလည်းဖြစ်ပါတယ်။ မေလအတွင်းက ဒေလီရှိ ပုဂ္ဂိလိက မွေးကင်းစကလေး စောင့်ရှောက်ရေးဆေးရုံတခုမှာ မီးလောင်မှုကြောင့် ကလေးငယ်ခြောက်ယောက် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Reuters
#centralnewsnaypyitaw
အစ္စရေးနဲ့အပစ်ရပ်ရေး လက်ဘနွန်ဆုံးဖြတ်ချက်မှန်သမျှ ထောက်ခံတယ်လို့ အီရန်အချက်ပြ
နိုဝင်ဘာ ၁၇
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ လက်ဘနွန်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို ထောက်ခံကြောင်း အီရန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတယောက် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ အစ္စရေးနဲ့ပဋိပက္ခအတွင်း အီရန်မဟာမိတ် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ အပြင်းအထန် တိုက်ခိုက်ခံနေရချိန်မှာ ပဋိပက္ခကို အီရန်က အဆုံးသတ်လိုကြောင်း အချက်ပြလိုက်တာလို့ အကဲခတ်တွေက ဆိုပါတယ်။
အစ္စရေးဟာ ဟဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးတွေမှာ မကြာသေးမီက လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်ဦးဆောင်တဲ့ သံတမန်ရေးလှုပ်ရှားမှု အရိပ်အယောင်တွေရှိနေစဉ်မှာ ဟဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာဖြစ်ပါတယ်။
လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ်ဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်မူကြမ်းကို လက်ဘနွန်လွှတ်တော်ဥက္ကဌ နာဘစ်ဘာရီကို ပြီးခဲ့တဲ့နေ့က တင်ပြပေးအပ်ခဲ့တယ်လို့ လက်ဘနွန်အစိုးရ သတင်းရင်းမြစ်နှစ်ယောက်က ပြောပါတယ်။
စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမေရိကန်သံအမတ်ဟာ ဟဇ်ဘိုလာအဖွဲ့ကိုထောက်ခံတဲ့ အီရန်ထိပ်တန်းအရာရှိ အလီလာရီဂျာနီနဲ့လည်း မနေ့က တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့အနေနဲ့ ဘာမှဖျက်ဆီးဖို့ မစဉ်းစားကြောင်းနဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အဖြေရှာနေပါတယ်လို့ လာရီဂျာနီက သတင်းစာရှင်းလင်းပွဲတခုမှာ လက်ဘနွန်အရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။
Ref:Reuters
Photo:Reuters
Credit - VOA
#သတင်းဟင်းလေးအိုးကြီး
တောင်ကြီးတန်ဆောင်တိုင်က ပြန်လာတဲ့ကား ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ သုံးယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရ
နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေကာ ဆယ် ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
တောင်ကြီးကနေ ပင်ဖြစ်ရွာကို မောင်းနှင်လာတဲ့ ခြောက် ဘီးကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်ထားတဲ့ ၂၂ ဘီး ကုန်တင်ကားကိုဝင်တိုက်မိရာကနေ ကားပေါ်ပါသူတွေထဲမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
" မနက်အစော ၄ နာရီလောက်ကြီးဖြစ်တာ။ တောင်ကြီးတန်ဆောင်တိုင်ကပြန်လာတဲ့ကားလို့တော့သိရတယ်။ ကားကအရှိန်များပြီး မထိန်းနိုင်ဘဲ ကုန်ကားဝင်တိုက်မိတာပေါ့။တိုက်တဲ့ကားပေါ်ကပဲ ေသဆုံးနဲ့ဒဏ်ရာရတယ်။သေတာက အမျိုးသမီးသုံးယောက်ပါ။ဒဏ်ရာရတာက အမျိုးသားလေးယောက်နဲ့အမျိုးသမီးခြောက်ယောက်ပါ။ " လို့ ဒေသခံက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီးသုံးယောက်ရုပ်အလောင်းနဲ့အတူ ဒဏ်ရာရရှိခဲ့သူ ဆယ်ယောက်ကို တောင်ကြီးစဝ်စံထွန်းဆေးရုံကိုပို့ဆောင်ထားပြီး ဒဏ်ရာရသူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး လို့သိရပါတယ်။
တန်ဆောင်းမုန်းလပြည့်နေ့ နိုဝင်ဘာ ၁၅ရက် ညပိုင်း ၁၂ နာရီကျော်လောက်ကလည်းမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် - ရေး ကားလမ်းမှာ ခြောက်ဘီးကားနဲ့ ဆိုင်ကယ်တို့ တိုက်မိပြီး အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo:CJ
#centralnewsnaypyitaw