38 ပတ် - ဘာသာပြန်ပါ။

New Suzuki Ertiga Hybrid may impact Myanmar auto market

Suzuki’s newly introduced Ertiga Hybrid may affect the car market depending on the price it will be officially released in Myanmar, said U Kyaw Swa Tun Myint, general secretary of the Myanmar Automobile Manufacturers and Distributors Association (MAMDA).
Suzuki Myanmar has announced that the pre-tax and pre-license-fee price of the car is set at K 105 million, and details can be inquired at official showrooms.
“The Suzuki Ertiga was launched from the factory today (24 December). The price is affordable and reasonable, so I would like to thank and welcome Suzuki Myanmar. How it will affect the car market can only be determined after we know their sale price. It may have an impact on the car market,” he said.
If the Ertiga Hybrid model is sold at showrooms for more than K100 million, the high-trend domestic market may change to a lower one, but there won’t be any sharp rise or fall in car prices, he said.
In the current car market, transactions are normal, and cars, which are priced above their reasonable price, are being sold at a reduced price. — MT/ZN

image
38 ပတ် - ဘာသာပြန်ပါ။

ကားဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်ပြန်ကျ
------------------------------
အခုလပိုင်းအတွင်း ပြည်တွင်းကားဈေးကွက်မှာ အရောင်းအဝယ်အေးပြီး ဈေးနှုန်းတွေလည်း အနည်းငယ် ကျဆင်း လာတယ်လို့ ကားဈေးကွက် အသိုင်းအဝိုင်းက သိရပါတယ်။ လက်ရှိမှာ ခရီးသွား ရာသီချိန်ဖြစ်တာ၊ ဆူဇူကီး ကားအသစ်ထုတ်လုပ်တဲ့အပေါ်မှာ စိတ်ဝင်စားမှု မြင့်တက်နေ တာ၊ ငွေလဲနှုန်းတည်ငြိမ်နေတာနဲ့ တခြားသော SKD ဘရန်းသစ်တွေ ထပ်ပြီး မိတ်ဆက်လာဖို့ ရှိနေတာတွေ ကြောင့် ဈေးကွက်ထဲမှာ အရောင်းအဝယ်ရော ဈေးနှုန်းတွေပါ ငြိမ်နေတာ ဖြစ်တယ်လို့ ကားဈေးကွက် ကျွမ်းကျင်သူတချို့က ပြောပါတယ်။

ကားဈေးကွက်အခြေအနေက လာမယ့်နှစ် မတ်လအထိ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ပုံမှန်ဖြစ်နိုင်သလို ဈေးနှုန်းလည်း သိသိသာသာပြောင်းလဲမှုမရှိနိုင်ဘူးလို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင်က သုံးသပ်ပါတယ်။ ပြည်တွင်းကားဈေးကွက်ထဲမှာ ကားဈေးနှုန်းတွေဟာ ဇူလိုင်လနဲ့ ဩဂုတ်လထဲမှာ အမြင့်ဆုံးရောက်ခဲ့ရာကနေ နှစ်ကုန်ပိုင်းမှာ တချို့ကား အမျိုး အစားဈေးနှုန်းတွေက ပြန်ကျသွားပြီး တချို့ကားဈေးနှုန်းတွေကတော့ အမြင့်ဆုံးရောက်ခဲ့တဲ့ ပေါက်ဈေးနဲ့ပဲ တန့်နေတယ်လို့ သိရပါတယ်။

မနှစ်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ အခုနှစ်မှာ ကားဈေးနှုန်းတွေက ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ ကျပ်သိန်း ၁ ထောင်ဝန်းကျင် ဆီကားနဲ့ EV ကားအမျိုးအစားတွေ လူကြိုက်များနေ တယ်လို့ ကားဈေးကွက်ကနေ သိရပါတယ်။

image
38 ပတ် - ဘာသာပြန်ပါ။

ကြက်အသဲဆီပြန်ချက်နည်း

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ

ကြက်အသဲဆီပြန်

ကြက်အသဲများကိုဆားဆနွင်းငံပြာရည်နယ်ပြီး ရေအနည်းငယ်ဖြင့်ဆူအောင်တည်ထားပေးပါ။ ဆီသက်ရန် ကြက်သွန်ဖြူနီဂျင်းငရုတ်စိမ်းမှုန့်ဖြင့်အနံ့မွှေးလာသည်အထိဆီသက်ပါ။ ရပြီဆို ကြက်အသဲထည့် ခုနကပြုတ်ထားတဲ့အရည်ထည့် ငရုတ်သီးတွေညှပ်ထည့် ကြက်သားမှုန့် မဆလာ ထည့်ပါ ဆူရင်ပင်စိမ်းအုပ်ပါ။ စားလို့ရပါပြီ။

#creditorginanwriter

image
38 ပတ် - ဘာသာပြန်ပါ။

အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖိုက်တာ မိသားစု ကားလေး ❤️

The Incredibles ( 2004 ) 📱
====================

ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို ၊

သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။

ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လိုကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။

အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။

ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ် ။

မိသားစု အတူတူကြည့်ဖို ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။

#crd

image

post ပေးနည်းလေးတွေ

38 ပတ် - ဘာသာပြန်ပါ။

Liverpool got them rattled
လောလောဆယ်မှာတော့ လိပ်ပုက ဆရာပဲ

38 ပတ် - ဘာသာပြန်ပါ။

ဘဝကို ဒီလိုလွယ်လွယ်နဲ့ အဆုံးသတ်လို့ ဘယ်ဖြစ်ပါ့မလဲ

image

ဗဟန်းမြို့နယ်ရှိ AK Cosmetic စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကို လူတစ်ဦးက ဆွဲကြိုးဝင်လုယက်ရင်း ဓားဖြင့်ထိုးသတ်မှု ယနေ့နံနက် ဖြစ်ပွား

ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို အမည်မသိလူတစ်ဦးဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို ဓားဖြင့်ထိုးသတ်သွား‌သောကြောင့် ဆိုင်ရှင်သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ယနေ့ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်ခန့်အရွယ် အဆိုပါဆိုင်ရှင် ဒေါ်အေးအိခိုင် ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဝင်ရောက်လုယက်ခဲ့ရာ ဒေါ်အေးအိခိုင်က ပြန်လည်ခုခံသဖြင့် လုယက်သူက ချွန်ထက်သည့်အရာ(ဓားဟုယူဆရ)ဖြင့်ထိုးကာ ထွက်‌ပြေးသွားကြောင်းသိရသည်။

ဒေါ်အေးအိခိုင်မှာ ရရှိသော ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာ၌ပင် လဲကျသေဆုံးသွားကြောင်း၊ ယခုအခါ ကျူးလွန်သူမှာ ထွက်ပြေးသွားသောကြောင့် သက်ဆိုင်ရာကအပူတပြင်းရှာဖွေနေပြီး လတ်တလောတွင် ဗဟန်းမြို့မရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

“တရားခံကို မသိရသေးဘူး။ အခုတော့ ဖမ်းမိနိုင်ဖို့ လုပ်နေကြတယ်။ မကြာခင်ဖမ်းမိနိုင်မှာပါ”ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Credit - Myanmar Ttansparency News Agency

#သတင်းဟင်လေးအိုးကြီး

image
38 ပတ် - ဘာသာပြန်ပါ။

နှစ်သစ်ကူးကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလျံရရှိမယ်လို့ ထိုင်းနိုင်ငံ မျှော်လင့်ထား

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

အရှေ့တောင်အာရှမှာ ဒုတိယစီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ လာမယ့်နှစ်သစ်ကူးပွဲတော် တွေအ တွင်း ကမ္ဘာလှည့်ခရီးသွား ထပ်ကိန်းတိုးဝင်ရောက်လာပြီး တိုင်းပြည်အတွက် ဘတ်ငွေ ၆၂ ဘီလျံ (ဒေါ်လာ ၁.၈ ဘီလျံ) ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလမှာ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဦးရေ ၁.၅၆ သန်း ရောက်ရှိလာနိုင်ပြီး ဘတ်ငွေ ၄၅ ဘီလျံ ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း၊ ဒီပမာဏဟာ အရင်နှစ်တွေထက် ၁၆% ကနေ ၂၀% အထိ မြင့်တက်ဖွယ်ရှိ ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ TAT အုပ်ချုပ်ရေးမှူး ထာပနီးကီယတ်ဖိုင်ဘိုးလ်က ပြောပါတယ်။

ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတွင်းက ထိုင်းလူမျိုးခရီးသွား ၄.၄၁ သန်းလည်း ခရီးသွားလာဖို့ ခန့်မှန်းထားပြီး ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ထက် ၂၉% မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းခရီးသွားတွေဆီကလည်း ဘတ်ငွေ ၁၇ ဘီလျံရရှိနိုင်ပြီး အဲဒီပမာဏာဟာ ပြီးခဲ့တဲနှစ်ထက် ၃၀% မြင့်တက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအဆင်ပြေချော မွေ့အောင် ဆောင်ရွက်ပေးခြင်းအပါအဝင် “ခရီးသွားလာခွင့် ဖြေလျှော့မှုအစီအစဉ်” အရလည်း ကမ္ဘာလှည့် ခရီးသွားတွေ ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီး၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ စကင်န်ဒီနေဗီယာနိုင်ငံများနဲ့ ပြင်သစ်နိုင်ငံတို့လို အဓိက ဈေးကွက်တွေအတွက်လည်း လေကြောင်းလိုင်းအသစ် ၃၀ ထက်မနည်း တိုးချဲ့ပြေးဆွဲနေတဲ့အတွက် ကမ္ဘာလှည့်ခရီး သွားဝင်ရောက်မှုနှုန်း ထပ်မံတိုးမြင့်လာမယ်လို့ မျှော်လင့်ထားကြောင်း TAT အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နှစ်သစ်ကူးပွဲတော်ကာလအတွင်း သွားရောက်လည်ပတ်ဖို့ ထိုင်းနိုင်ငံရဲ့နာမည်ကျော်ကြားမှုကလည်း ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်က နှစ်သစ်ကူးကာလအတွင်း သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံ ၂၀ ထဲမှာပါဝင်ကြောင်း ခရီးသွားမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Condé Nast Traveler မဂ္ဂဇင်းလို နိုင်ငံတကာ မီဒီယာတွေမှာ အသိအမှတ် ပြုဖော်ပြထားပါတယ်။

ထိုင်းအစိုးရဟာ ခရီးသွားဖို့ အားပေးချီးမြှင့်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ အစိုးရ ရုံးပိတ်ရက် ငါးရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

နှစ်သစ်ကူးကာလအတွင်း လေယာဉ်ခနှုန်းထားမြင့်တက်မှာ စိုးရိမ်မှုတွေအတွက် ချင်းမိုင်၊ ချင်းရိုင်၊ ကရာဘီ၊ ဖူးခက်၊ ဆာမွိုင်၊ ဥဒါန်းဌာနီ၊ ဥူဘွန်ရတ်ချာဌာနီနဲ့ ခုန်ခီယန်တို့အပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေအ တွက် လေယာဉ်ခ ၃၀% လျှော့ချရေး လေကြောင်းလိုင်း ၆ ခုနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Ref: Southeast Asia's second largest economy expects to earn $1.8B New Year tourism revenues

#centralnewsnaypyitaw

image

အာဝုတို့ကတော့နော်